← Chapters

အခန်း ၁၁၁၇

Vol. 106 Ch. 1117

အခန်း ၁၁၁၇

Vol. 106 Ch. 1117

အခန်း ၁၁၁၇ ထူးဆန်းသော သတ္တဝါများ

"တွေ့ရတာ ဝမ်းသာပါတယ်။ လုံချန်းဆီကနေ မိန်းကလေးမြောင်အကြောင်း အများကြီး ကြားဖူးပါတယ်။ အခုလို လူကိုယ်တိုင် တွေ့ခွင့်ရလို့ တကယ်ပဲ ဝမ်းသာမိပါတယ်" မင်ယုက ချူမြောင်ကို ရိုရိုသေသေ နှုတ်ဆက်လိုက်၏။

​"ဟုတ်ပါ့... သူက မိန်းကလေးမြောင်ရဲ့ အလှအပအကြောင်းကို ခဏခဏ ချီးမွမ်းဖူးတာ။ အခု မြင်ရတော့ သူ လိမ်မပြောခဲ့ဘူးဆိုတာ သေချာသွားပြီပဲ။ မိန်းကလေးမြောင်က တကယ်ကို လှပလွန်းပါတယ်" ကျိချင်းကလည်း ထပ်ဆင့်၍ ချီးကျူးစကား ဆိုလိုက်သည်။

​"မပြောပါနဲ့... အစ်မတို့ရဲ့ အလှအပ ရှေ့မှာတော့ ကျွန်မက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီလူ့ရဲ့ ဇနီးဖြစ်ရတာ တကယ်ကို ကံကောင်းပါတယ်။ သူက တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပါ" ချူမြောင်က မိန်းကလေးများကို ပြန်လည် ဖြေကြားလိုက်သော်လည်း သူမ၏ ပြုံးနေသော မျက်နှာထက်တွင်မူ စိတ်မကောင်းဖြစ်နေသည့် ခံစားချက်များကို ဖုံးကွယ်ထားခဲ့ရ၏။

​"ချူမြောင်... ငါနဲ့ လိုက်ခဲ့ပါဦး။ ဂိုဏ်းကို တစ်ခေါက်လောက် ပြန်ကြည့်ပြီး အတိတ်က အမှတ်တရဟောင်းတွေကို ပြန်ဖော်ထုတ်ချင်လို့ပါ။ မင်းပဲ လမ်းပြပေးပါဦး" လုံချန်းက ချူမြောင်ကို လမ်းပြပေးရန် အကြံပြုလိုက်သည်။

​"ဒါပေါ့... ငါနဲ့ လိုက်ခဲ့ပါ" ချူမြောင်က ချက်ချင်းပင် သဘောတူလိုက်ပြီး လုံချန်းနှင့်အတူ စတင်လျှောက်လှမ်းသွားခဲ့၏။

​"လုံချန်း... မင်း ငါ့ကို လျစ်လျူရှုနေတာလား။ မင်း ဒီနေရာကနေ ထွက်သွားသင့်ပြီ။ မင်းက ဒီဂိုဏ်းက တပည့်လည်း မဟုတ်တော့ဘူး။ ပြီးတော့ ဒီနေရာက မင်း လည်ပတ်ရမယ့် ခရီးသွားနေရာလည်း မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ငါတို့ဆီကို ဒုက္ခတွေ ထပ်ပြီး ယူမလာပါနဲ့တော့" ဂိုဏ်းချုပ်က လုံချန်း မိမိအား လျစ်လျူရှုပြီး ထွက်မသွားသည်ကို မြင်သောအခါ နောက်တစ်ကြိမ် ထပ်မံပြောဆိုလိုက်ပြန်သည်။

​လုံချန်းကမူ သူမ၏ စကားကို နောက်တစ်ကြိမ် လျစ်လျူရှုလိုက်ပြီး မည်သည့် အာရုံမျှ မစိုက်ခဲ့သော်လည်း ပြန်လည် တုံ့ပြန်ရန်အတွက်မူ မမေ့လျော့ခဲ့ချေ။

​"ကျုပ်တို့ ဂိုဏ်းချုပ်... အနာဂတ်အတွက် ဒုက္ခတွေကို စိုးရိမ်နေမယ့်အစား လက်ရှိရောက်နေတဲ့ ဒုက္ခကိုပဲ အရင်စိုးရိမ်လိုက်တာ ပိုကောင်းမယ်ဗျ။ ဘာလို့လဲဆိုတော့ ကျုပ် ခင်ဗျားကို သတိပေးပါရစေ။ ကောင်းကင်ပေါ်က ဟိုမြွေက တကယ့် နှာဘူးကောင်နော်။ အခုထိ ခင်ဗျား ကပြတာကို ကြည့်ချင်နေတုန်းပဲ။ ဒါကြောင့် ခင်ဗျားကိုယ်ခင်ဗျား ထိန်းထိန်းသိမ်းသိမ်းနေပါ။ မဟုတ်ရင် ကျုပ် သူ့ကို လွှတ်ပေးလိုက်မယ်။ အဲဒီလို အခြေအနေမျိုးကို ခင်ဗျား အဖြစ်ခံချင်မှာ မဟုတ်ဘူးလို့ ထင်တာပဲ"

​'ဒီမောက်မာတဲ့ ကောင်လေးကတော့။ သူ့မှာ သန်မာတဲ့ သားရဲတစ်ကောင် ရှိနေရုံနဲ့ပဲ။ ထားလိုက်ပါတော့... ငါ သည်းခံပြီး သူလုပ်ချင်တာကိုပဲ လွှတ်ထားလိုက်တော့မယ်။ အခုဆို တစ်ဂိုဏ်းလုံးက သူ့ရဲ့ ဓားစာခံ ဖြစ်နေပြီပဲ။ အရင်တုန်းက ငါ့သားအတွက် အဲဒီအဖိုးတန် ကြာပန်းကို မသုံးခဲ့မိရင် ကောင်းမှာပဲ။ အဲဒါသာ ဒီမှာရှိနေရင် ဂိုဏ်းရဲ့ ကာကွယ်ရေးအတွက် သုံးပြီး ဒီမြွေကို သတ်ပစ်လို့ရမှာ' ဂိုဏ်းချုပ်က မျက်မှောင်ကုတ်ရင်း စိတ်ထဲမှ တွေးတောနေမိသော်လည်း စကား ထပ်မပြောရဲတော့ချေ။

​...

​လုံချန်းသည် တစ်ချိန်က အချိန်အတော်ကြာ ကုန်ဆုံးခဲ့ဖူးသော ဂိုဏ်းအတွင်း၌ လှည့်ပတ်လျှောက်လှမ်းနေခဲ့သည်။ သူသည် နေရာအနှံ့အပြားကို သိရှိပြီးသားဖြစ်သဖြင့် လမ်းပြရန်ပင် အထူးတလည် မလိုအပ်ချေ။ နေရာအများစုမှာ ယခင်အတိုင်းပင် ဖြစ်ပြီး သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိပေ။

​ဤခရီးစဉ်မှာ သူ့အတွက်ထက် ဤဂိုဏ်းကို လာရောက် ကြည့်ရှုချင်နေကြသည့် မင်ယုနှင့် ကျိချင်းတို့အတွက် ပို၍ ဖြစ်နေခဲ့သည်။

​သူတို့သည် လုံချန်း ပထမဆုံးအဆင့်ကို ရယူကာ မိစ္ဆာအဆင့် တပည့် ဖြစ်လာခဲ့သည့် အဆင့်သတ်မှတ်ခြင်းခန်းမအား သွားရောက်ကြည့်ရှုခဲ့ကြ၏။ ထို့ပြင် ဆေးဝါးခန်းမနှင့် ရတနာခန်းမများဆီသို့လည်း သွားရောက်ခဲ့ကြသော်လည်း ထိုနေရာရှိ ရတနာများမှာ သူ့အတွက်မူ မည်သည့် တန်ဖိုးမျှ မရှိချေ။ သူ့တွင်ရှိသော အညံ့ဖျင်းဆုံး ရတနာများကပင် ဤနေရာရှိ အကောင်းဆုံး ရတနာများထက် ပိုမိုသာလွန်နေခဲ့သည်။

​မကြာမီမှာပင် သူသည် ယခင်က သူ နေထိုင်ခဲ့ဖူးသော ခြံဝင်းဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့၏။

​"အဲဒီခြံဝင်းက အခုထိ အလွတ်ပဲလား၊ ဒါမှမဟုတ် တခြားတပည့် တစ်ယောက်ယောက်ကို ပေးလိုက်ပြီလား" လုံချန်းက ချူမြောင်ကို လှမ်းမေးလိုက်သည်။

​"စိတ်မပူပါနဲ့... အခုထိ အလွတ်အတိုင်းပါပဲ" ချူမြောင်က ပြုံးရင်း ပြန်လည်ဖြေကြားခဲ့၏။

​"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါနဲ့... ငါ ထွက်သွားပြီးတဲ့နောက် ဘာတွေဖြစ်ပျက်ခဲ့လဲ။ ဂိုဏ်းကြီးတွေက ငါ့ကို ဆက်ပြီး လိုက်ရှာနေကြတုန်းပဲလား။ ဒါမှမဟုတ် ရပ်သွားကြပြီလား။ လမ်းခရီးတစ်လျှောက်မှာ ငါ ဒါကို သိပ်မမေးဖြစ်ခဲ့ပေမဲ့ အခုထိတော့ စိတ်ဝင်စားနေတုန်းပဲ" လုံချန်းက မိန်းကလေးများ၏ အလယ်တွင် လျှောက်လှမ်းရင်း မေးမြန်းလိုက်သည်။

​"သူတို့က အချိန်အတော်ကြာအောင် လိုက်ရှာနေခဲ့ကြတာ။ ဖြည်းဖြည်းချင်းနဲ့ တစ်တိုက်လုံးကို ရှာဖွေခဲ့ကြတာပဲ။ ဒါပေမဲ့ နင့်ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ကြဘူး" ချူမြောင်က ပြန်ဖြေ၏။

​"နောက်ဆုံးတော့... နင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ပေးနိုင်တဲ့သူကို မြေကမ္ဘာအဆင့် ရတနာ တစ်ခု ပေးမယ်လို့ ကြေညာပြီး ရှာဖွေတာကို ရပ်ဆိုင်းလိုက်ကြတော့တယ်။ သူတို့ကိုယ်တိုင် ရှာမတွေ့တော့တဲ့အတွက် အများပြည်သူရဲ့ သတင်းပေးမှု အပေါ်မှာပဲ အားကိုးလိုက်ကြတော့တဲ့ သဘောပေါ့" သူမက ဆက်လက်ရှင်းပြခဲ့သည်။

​"ဟက်... ငါ့ကို သတင်းပေးရင် မြေကမ္ဘာအဆင့် ရတနာတစ်ခုပဲ ပေးမယ်ဟုတ်လား။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ ငါ ပြောရတော့မယ်" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။

​မကြာမီမှာပင် သူသည် ဤဂိုဏ်း၌ ရှိနေစဉ်က နေထိုင်ခဲ့သော ခြံဝင်းဆီသို့ ရောက်ရှိလာခဲ့သည်။ အရာအားလုံးမှာ သူ ထားခဲ့သည့် အတိုင်းပင် အများစုက မပြောင်းမလဲ ရှိနေခဲ့ပေသည်။

​"နောက်ထပ် ဘယ်ကို သွားချင်သေးလဲ" ခြံဝင်းသို့ သွားရောက် လည်ပတ်ပြီးနောက် ချူမြောင်က လုံချန်းကို မေးလိုက်၏။

​"ဘယ်ကို သွားရမလဲ... အကျဉ်းထောင်ကလွဲရင် ဂိုဏ်းရဲ့ နေရာ အတော်များများကို ကြည့်ပြီးပြီပဲ။ အဲဒီထောင်ကို သွားလို့လည်း ဘာမှ ထူးခြားလာမှာ မဟုတ်တော့... ပြန်ကြစို့" လုံချန်းက ပြန်လည်ဖြေကြားခဲ့သည်။

​"အကျဉ်းထောင် ဟုတ်လား..." ချူမြောင်က တစ်ခုခုကို သတိရသွားဟန်ဖြင့် ရေရွတ်လိုက်မိ၏။

​"ဟုတ်သားပဲ၊ အကျဉ်းထောင်ပဲ။ နင် ပြောတာ မှန်တယ်။ တကယ့် အရေးအကြီးဆုံး နေရာကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။ ငါနဲ့ လိုက်ခဲ့ပါဦး" သူမက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

​"အဲဒီနေရာမှာ ဘာတွေ ထူးခြားလို့လဲ။ မင်းက ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာ" လုံချန်းက သူမ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်စွာ မေးလိုက်၏။

​"နင် မသိသေးလို့ပါ။ ငါတို့တွေ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို ဖမ်းဆီးရမိထားတယ်" ချူမြောင်က လုံချန်းကို ပြောပြလိုက်သည်။

​"ထူးဆန်းတဲ့ သတ္တဝါ ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ" လုံချန်းက ထပ်မံမေးမြန်းလိုက်၏။

​"မင်း ထွက်သွားပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်က ဂိုဏ်းထဲကို အတင်းဝင်ရောက်လာလို့ အစောင့်တွေက ဖမ်းဆီးလိုက်တာ။ အဲဒီအချိန်ကျမှပဲ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကလည်း အခုလိုမျိုး ဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာ ငါ သိခဲ့ရတာ။ အဲဒီတုန်းကလည်း အဲဒီမျိုးနွယ်စုဝင်တစ်ကောင်ကို ငါတို့ ဖမ်းမိထားခဲ့ဖူးသေးတယ်။ အခုဆို ငါတို့ အကျဉ်းထောင်ထဲမှာ အဲဒီသတ္တဝါ နှစ်ကောင် ရှိနေပြီပေါ့" ချူမြောင်က ဆိုသည်။

​"စိတ်ဝင်စားစရာပဲ။ အဲဒီသတ္တဝါတွေက ဘယ်လိုပုံစံမျိုး ရှိကြလဲ" လုံချန်းက စိတ်ဝင်တစား မေးလိုက်၏။

​"သူတို့က တော်တော်လေး အရပ်ရှည်ကြတယ်။ ဒါပေမဲ့ အဲဒါက ထူးခြားတဲ့ အချက်မဟုတ်သေးဘူး။ သူတို့ရဲ့ အထင်ရှားဆုံး အင်္ဂါရပ်ကတော့ သူတို့ရဲ့ နဖူးအလယ်မှာ တတိယမျက်လုံးတစ်လုံး ရှိနေတာပဲ။ ဒါပေမဲ့ အဲဒီမျက်လုံး ပွင့်လာတာကိုတော့ ငါ တစ်ခါမှ မမြင်ဖူးသေးဘူး။ ပြီးတော့ သူတို့က အပင်တွေကို ထိန်းချုပ်နိုင်ပြီး မြေကြီးထဲကနေ အပင်တွေကို ထွက်လာစေပြီး တိုက်ခိုက်ခိုင်းလို့ရတယ်။ အခုတော့ အကျဉ်းချခံထားရတာဆိုတော့ အဲဒါက အသုံးမဝင်တော့ပါဘူး" ချူမြောင်က ရှင်းပြလိုက်သည်။

​'အရပ်ရှည်တယ်၊ မျက်လုံးသုံးလုံး၊ အပင်တွေကို ထိန်းချုပ်နိုင်တယ်။ ဒါက ငါ့ရဲ့ ပထမဆုံး သွေးမျိုးဆက် စမ်းသပ်ချက်တုန်းက လူတွေရဲ့ ပုံစံနဲ့ အတော်လေး တူနေပါလား။ အဲဒီတုန်းက ငါ တာရာနဲ့ တွေ့ခဲ့ပြီး သူက ငါ့ကို သူ့ရဲ့ ရွာဆီ ခေါ်သွားခဲ့လို့ အဲဒီကမ္ဘာအကြောင်း အကုန်သိခဲ့ရတာ။ သူ ပြောပြပုံအရဆိုရင် အဲဒီလူတွေ ဖြစ်နေဖို့ များတယ်' လုံချန်းက စိတ်ထဲမှ တွေးတောလိုက်မိ၏။

​'ဒါပေမဲ့ အဲဒီကမ္ဘာက အစစ်အမှန် မဟုတ်ဘူးလေ။ သူတို့တွေ ဒီမှာ ရှိနေနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အဲဒီကမ္ဘာက တကယ်ပဲ အစစ်အမှန် ဖြစ်နေခဲ့ရင်ကော...' သူသည် ဤသို့ ရေရွတ်ရင်း အရှိန်အဟုန်ဖြင့် ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းလိုက်တော့သည်။

​"ချူမြောင်... ငါ အဲဒီသတ္တဝါတွေကို အခုချက်ချင်း သွားကြည့်ချင်တယ်"

​လုံချန်းသည် ပိုမိုမြန်ဆန်စွာ သွားလာနိုင်ရန်အတွက် နေဝါးမျို လင်းယုန်ကို ထုတ်လိုက်သည်။ သူကိုယ်တိုင် ပျံသန်းနိုင်သော်လည်း ချူမြောင်မှာမူ မပျံသန်းနိုင်ချေ။ သူသည် သူမကို ပစ်မထားခဲ့ချင်သဖြင့် သူနှင့် မိန်းကလေးများသည် နေဝါးမျို လင်းယုန်ပေါ်သို့ တက်ရောက်လိုက်ကြပြီးနောက် အကျဉ်းထောင်ရှိရာသို့ တည့်တည့်ပျံသန်းကာ ဝင်ပေါက် အရှေ့တည့်တည့်၌ သက်ဆင်းလိုက်တော့သည်။

​"ခဏစောင့်ဦး။ မင်းတို့က ဘယ်သူတွေလဲ။ အထဲကို ဝင်ခွင့်မရှိဘူး"

​လုံချန်း အကျဉ်းထောင်နားသို့ ချဉ်းကပ်လာသောအခါ အစောင့်များက သူ့ကို တားဆီးလိုက်ကြသည်။ သူတို့သည် ကောင်းကင်ပေါ်က ဧရာမမြွေကြီးကို မမြင်တွေ့ခဲ့ကြရသလို လုံချန်း၏ ယဉ်ပါးသားရဲအား မြင်တွေ့ပြီးနောက် ၎င်းကို တားဆီးရန် သူတို့၏ ဂိုဏ်းချုပ် ကိုယ်တိုင်ပင် မဝံ့ရဲခဲ့ကြောင်းလည်း မသိရှိကြချေ။

​"ဖယ်ကြစမ်း။ သူ့ကို အထဲဝင်ခွင့်ပေးလိုက်" ချူမြောင်က အစောင့်များကို လှမ်း၍ အမိန့်ပေးလိုက်၏။

​"မိန်းကလေးချူ... မိန်းကလေးက ဒီဂိုဏ်းရဲ့ ထိပ်သီးတပည့် ခေါင်းဆောင် ဖြစ်နေပေမဲ့လည်း အကြီးအကဲ တစ်ယောက်ယောက်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့တော့ ဘယ်သူ့ကိုမှ အထဲဝင်ခွင့် မပေးနိုင်ပါဘူး" အစောင့်များက ပြန်လည်ခြေပလိုက်လေတော့သည်။

All Chapters