← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉) - ရုပ်ဖျက်ခြင်း(၂)

သွေးနီရောင်နှလုံးသားက အလိုအလျောက် ပုံစံပြောင်းလဲနိုင်သော်လည်း မည်သည့်အရာအဖြစ် ပြောင်းလဲမည်ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ စွမ်းရည်အပေါ်တွင်သာ မူတည်သည်။

ကံကောင်းထောက်မစွာဖြင့် ယွမ်ချင်းရှန်သည် ရုပ်ဖျက်ခြင်းပညာကို လေ့လာထားပြီး ကျွမ်းကျင်အဆင့်ဟု ဆိုနိုင်သည်။ လူတစ်ယောက်၏ မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ် လက္ခဏာများကို လျင်မြန်စွာ မှတ်ယူကာ အတုခိုးနိုင်သည်။

စိတ်ကြိုက်ပြောင်းလဲနိုင်သော သွေးနီရောင်နှလုံးသား ရှိနေသဖြင့် ဤကဲ့သို့ အတုခိုးရခြင်းမှာ များစွာ ပိုမိုလွယ်ကူသွားလေသည်။

ယွမ်ချင်းရှန်က လင်းတနှင့် မျက်နှာချင်းဆိုင်ကာ သွေးနီရောင်နှလုံးသားကို အသုံးပြုပြီး သူမ၏ အပြင်ပန်းပုံစံကို စဉ်ဆက်မပြတ် ချိန်ညှိလိုက်သည်။

သေလုမျောပါး ဖြစ်နေသော လင်းတသည် ယွမ်ချင်းရှန်၏ မျက်နှာက သူ့မျက်နှာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို အကူအညီမဲ့စွာဖြင့် စိုက်ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။

“ငါက ဖိထားတာကို... ဒီသွေးတွေက ပန်းထွက်နေတုန်းပဲ...”

ကောင်းရွှမ်က လင်းတဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တက်တက်ကြွကြွဖြင့် မေးလိုက်သည်။

“မင်း အောက်ဆီဂျင် ပြတ်နေတုန်းပဲလား။ မင်းရဲ့ ရုပ်ဆိုးဆိုး မျက်နှာကြီးကိုလည်း ကြည့်ဦး၊ ခရမ်းရင့်ရောင်သန်းလာပြီး အဝါရောင်မျက်လုံးလေးတွေကလည်း ပြူးထွက်နေတယ်။ အရမ်း နေရခက်နေလား။

အစကတော့ ငါ မင်းကို မိနစ်အနည်းငယ်လောက် ပိုနေခိုင်းမလို့ပဲ၊ ဒါပေမဲ့ မင်းက သေလမ်းကို အတင်းရှာနေတာကိုး။ ငါလည်း တကယ်ကို အားကိုးရာမဲ့ဖြစ်နေရပါတယ်ကွာ...”

လင်းတ စကားမပြောနိုင်သော်လည်း ရှင်းလင်းစွာ ကြားနေရသည်။ အသက်ရှူကျပ်ခြင်း၏ နာကျင်မှုကြောင့် သူ ယခုချက်ချင်းပင် သေချင်စိတ် ပေါက်နေပြီဖြစ်ရာ ကောင်းရွှမ်၏ စကားများက သူ့ကို ပို၍ နာကြည်းသွားစေသည်။

“အသက်ရှူကျပ်တာက လူတစ်ယောက်ခံစားရနိုင်တဲ့ အကြီးမားဆုံးနာကျင်မှုတွေထဲက တစ်ခုပဲ။ ဒါက ရတောင့်ရခဲ အခွင့်အရေးတစ်ခုနော်။ မင်း တစ်ခါပဲ ခံစားခွင့်ရမှာဆိုတော့ အလဟဿမဖြစ်စေနဲ့”

ကောင်းရွှမ်က တတွတ်တွတ် ဆက်ပြောနေသော်လည်း လင်းတမှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ပေ။

တစ်မိနစ်ပင် မပြည့်လိုက်ပေ။ လင်းတ၏ ခြေထောက်များ တွန့်လိမ်သွားပြီး အသက်ရှူရပ်သွားတော့သည်။

ကောင်းရွှမ်က နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်လုံး မင်း ငါ့အပေါ် ပြသခဲ့တဲ့ ဂရုစိုက်မှုတွေအတွက် ငါ ကျေးဇူးမဆပ်ရသေးဘူးလေ။ မင်းက ဒီလို လွယ်လွယ်လေးထွက်သွားတော့ ငါ ဘယ်လိုခံစားရမလဲ”

သူက စကားပြောနေရင်း ဓားအိမ်ဖြင့် လင်းတခေါင်းကို ထိုးဆွနေသည်။

“မင်းရဲ့ သေနေတဲ့မျက်နှာကြီးကိုလည်း ကြည့်ဦး၊ သေရတာကို အဲဒီလောက်တောင် မကျေမနပ် ဖြစ်နေတာလား။ ပြီးတော့ မင်းက သောက်ရမ်းရုပ်ဆိုးတာ၊ သေသွားရင်တောင် မျက်စိနောက်စရာကောင်းမှန်း သိဖို့ကောင်းတယ်...”

“မလုပ်နဲ့တော့”

ယွမ်ချင်းရှန်၏ မျက်နှာမှာ လုံးဝနီးပါး ပြောင်းလဲသွားပြီဖြစ်သည်။

ကောင်းရွှမ်က ထိုသို့ပြုမူနေသဖြင့် သူမ အနည်းငယ် ခေါင်းမူးသွားသည်။

“ငါက ရှုထောင့်ပေါင်းစုံကနေ မင်းမြင်ရအောင်လို့ လုပ်ပေးနေတာလေ”

ကောင်းရွှမ်က လင်းတ၏ တုတ်ခိုင်သောလည်ပင်းကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။

“ကြည့်... ဒီနေရာမှာ မင်း အတုမခိုးလိုက်ရတဲ့ ကြွက်နို့သေးသေးလေးတွေ တစ်တန်းကြီးရှိတယ်။ ပြီးတော့ ဒီပခုံး... သူက ဘယ်သန်ဆိုတော့ သူ့ရဲ့ ဘယ်ဘက်ပခုံးက ပိုပြီးတုတ်ခိုင်တယ်...”

ကောင်းရွှမ်က အချိန်အတော်ကြာအောင် အားနည်းချက်များကို ထောက်ပြနေပြီး၊ ယွမ်ချင်းရှန်ကလည်း သူ၏ အကြံပြုချက်များကို ပွင့်လင်းစွာ လက်ခံခဲ့သည်။

သူတို့နှစ်ဦး လင်းတ၏ အလောင်းကို ဆယ်မိနစ်ကျော်ခန့် လေ့လာပြီးနောက် နောက်ဆုံးတွင် ယွမ်ချင်းရှန်သည် အပြင်ပန်းသွင်ပြင်အားဖြင့် လင်းတနှင့် တစ်ထပ်တည်း တူညီသွားတော့သည်။

သို့သော် ယွမ်ချင်းရှန်က အသေးစိတ်အချက်အလက်များ မတူညီသေးသဖြင့် မကျေမနပ် ဖြစ်နေသေးသည်။

ကောင်းရွှမ်က ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်သည်။

“ကျိုးလန်က နှစ်ချီပြီးမှ စခန်းကို လာတတ်တာဆိုတော့ လင်းတနဲ့ သိပ်မရင်းနှီးဘူး။ အဲဒီလောက် အသေးစိတ်လေးတွေကို သူ သတိထားမိမှာ မဟုတ်ဘူး။

မင်းက လုံခြုံရေးကင်မရာတွေရဲ့ လမ်းလျှောက်ပုံမှတ်သားမှုနဲ့ မျက်နှာ စကန်ဖတ်စနစ်တွေကိုပဲ လှည့်စားနိုင်ရင် လုံလောက်ပါပြီ”

စကားပြောရင်း ကောင်းရွှမ်က လင်းတ၏လက်နက်များနှင့် ပစ္စည်းကိရိယာများကို ချွတ်ယူကာ ယွမ်ချင်းရှန်ကို တစ်ခုချင်းစီ ကူညီတပ်ဆင်ပေးလိုက်သည်။

ယွမ်ချင်းရှန်က အနည်းငယ် စိုးရိမ်နေသည်။

“ဗဟိုရုံးခန်းဧရိယာကို ငါ တစ်ခါမှ မသွားဖူးဘူး။ ခိုးဝင်ဖို့ခက်ခဲမှာကို စိုးရိမ်တယ်”

“စိတ်မပူပါနဲ့။ နေရာလျှို့ဝှက်ထားနိုင်ဖို့အတွက် စခန်းက ဉာဏ်ရည်တုစနစ် အရမ်းနိမ့်ကျတဲ့ အဆင့်နိမ့် ကွန်ပျူတာတွေကိုပဲ သုံးတာ။ ဝင်ခွင့်အဆင့်တွေ အားလုံးကို ချစ်ပ်ပြားတွေနဲ့ စကားဝှက်တွေကတစ်ဆင့်ပဲ အတည်ပြုတာ”

ကောင်းရွှမ်က ယွမ်ချင်းရှန်၏ လက်ကောက်ဝတ်ရှိ နာရီကို လက်ညှိုးထိုးပြလိုက်သည်။

“ဝင်ခွင့်ချစ်ပ်ပြားက ဒီအထဲမှာ ရှိတယ်။ သူက အလိုအလျောက်မှတ်မိလိမ့်မယ်။ ပြဿနာမရှိဘူး”

ပြန်လည်မွေးဖွားလာသူဖြစ်သဖြင့် စခန်း၏ အခြေအနေကို ကောင်းရွှမ် ကိုယ့်လက်ကိုယ့်‌ခြေပမာ ကောင်းကောင်းကြီး သိထားသည်။

ကောင်းရွှမ်က ဆက်ပြောလာသည်။

“ငါ အလောင်းတွေကို ရှင်းလိုက်အုံးမယ်။ ပြီးရင် ငါတို့ ကျိုးလန်ဆီ သွားကြမယ်”

သူက နတ်ဘုရားသတ်ဖြတ်ခြင်ဓားကို ဆွဲထုတ်ကာ ခဏတာမျှ ကိုယ်ယောင်ဖျောက်လိုက်သည်။ လင်းတနှင့် အစောင့်အချို့၏ ခန္ဓာကိုယ်များက ချက်ချင်းပင် သွေးရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားသတ်ဖြတ်ခြင်းဓားထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြမ်းတမ်းသော ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် သေနတ်ပုံတစ်ပုံသာ ကျန်ရစ်တော့သည်။ အလောင်းများနှင့် သွေးကွက်များ လုံးဝ ပျောက်ကွယ်သွားလေပြီ။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ရွှီဟွေး၏ အသားနှင့် သွေးကို စုပ်ယူထားပြီးဖြစ်သဖြင့် စွမ်းအား အနည်းငယ် ပြန်လည်ရရှိနေပြီဖြစ်သည်။

ထို့ကြောင့် အစောင့်အချို့၏ အသားနှင့် သွေးကို ထပ်မံစုပ်ယူရသည်မှာ အလွန်လွယ်ကူလှသည်။

အဝတ်အစားကဲ့သို့သော ပစ္စည်းများအတွက်မူ နတ်ဘုရားသတ်ဖြတ်ခြင်းဓားက မလိုအပ်ပေ။ ကောင်းရွှမ်က သက်သေအထောက်အထားများကို ဖျောက်ဖျက်ရန်အတွက် ဤပစ္စည်းများကိုပါ အရည်ပျော်ပစ်လိုက်ခြင်းသာဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းက စွမ်းအားများ ပိုမိုကုန်ဆုံးစေသော်လည်း ရေတွက်၍မရနိုင်သော ပြဿနာများကို လျှော့ချပေးနိုင်သည်။

ယွမ်ချင်းရှန် မှင်သက်သွားသည်။ ကောင်းရွှမ်၏ လက်ထဲရှိ ဓားက မကောင်းဆိုးဝါးဓားတစ်ခုဟု သူမ အမြဲတမ်း ခံစားခဲ့ရသော်လည်း အသားနှင့် သွေးများကို အလင်းတန်းများအဖြစ် တိုက်ရိုက် အရည်ပျော်သွားစေခြင်းကတော့ အလွန်အမင်း ထူးဆန်းလွန်းလှသည်။

အဆင့်မြင့် လေ့ကျင့်မှုများ ခံယူထားသော လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ယွမ်ချင်းရှန်သည် ရူပဗေဒ၊ ဓာတုဗေဒနှင့် အခြား သိပ္ပံဆိုင်ရာ ဗဟုသုတများကို ကောင်းစွာ သင်ယူထားပြီးဖြစ်သည်။

သွေးနီရောင်နှလုံးသားက အလွန်ထူးဆန်းသော်လည်း သူမအနေဖြင့် ၎င်း၏ စွမ်းအား အလုပ်လုပ်ပုံကို အကြမ်းဖျင်း နားလည်နိုင်သေးသည်။

သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်းဓားကမူ သူမ၏ သိပ္ပံနည်းကျ ကမ္ဘာ့အမြင်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။

ကောင်းရွှမ် ဓားကို ပြန်သိမ်းလိုက်ချိန်တွင် နတ်ဆိုးတို့၏ တီးတိုးသံများမှ ထွက်ပေါ်လာသော စိတ်လှုပ်ရှားမှုများကို သူ ရှင်းလင်းစွာ ခံစားမိလိုက်သည်။ လင်းတနှင့် အခြားသူများကို စုပ်ယူပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ စွမ်းအင်များ အနည်းငယ် ထပ်မံမြင့်တက်လာပြန်သည်။

ရွှီဟွေးကို ယူနစ်တစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် လင်းတနှင့် အစောင့်ငါးဦး ပေါင်းထားခြင်းက ယူနစ်တစ်ဝက်ခန့်နှင့် ညီမျှသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားသည် အချိန်ကြာမြင့်စွာ ဆာလောင်နေခဲ့ပုံရပြီး၊ အသားနှင့် သွေး အနည်းငယ်ကို စုပ်ယူပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။

ယခုအချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းဓားမှ ကူးစက်လာသော လှုပ်ရှားနေသည့် ခံစားချက်များက ကောင်းရွှမ်ကို ဆက်လက်သတ်ဖြတ်ရန် တိုက်တွန်းနေကြောင်း ရှင်းလင်းနေသည်။

ကံဆိုးသည်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားမှ နတ်ဆိုးတို့၏ တီးတိုးသံက ကောင်းရွှမ်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခြင်းပင်။

ကောင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို သူ၏ ဘယ်ဘက်လက်ထဲသို့ သွင်းလိုက်ပြီး ယွမ်ချင်းရှန်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

“ငါ့ရဲ့ ဒီဓားက နတ်ဆိုးဓားပဲ။ ငါ့အတွက် လျှို့ဝှက်ထားပေးဖို့ မမေ့နဲ့နော်”

ယွမ်ချင်းရှန်က အလွန်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“သေရင်တောင် မပြောပါဘူး”

“အဲဒီလောက် အလေးအနက်ထားစရာ မလိုပါဘူး။ ဒီလိုကိစ္စမျိုးက အကြာကြီး လျှို့ဝှက်ထားလို့မရဘူး”

နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို အမြဲတမ်း အသုံးပြုရမည်ဖြစ်ပြီး အကြိမ်တိုင်းတွင် လူတိုင်းကိုသတ်ပစ်ရန် မဖြစ်နိုင်ပေ။ ကောင်းရွှမ်က ဓား၏ ကြီးထွားမှုကာလအတွင်း ရှင်သန်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားဖို့သာ မျှော်လင့်ထားသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ကောင်းရွှမ် ထပ်မပြောတော့ဘဲ စကားလွှဲလိုက်သည်။

“အခု ငါတို့ ကျိုးလန်ကို သွားရှာကြမယ်။ မင်းက အရေးကြီးကိစ္စလေးတစ်ခု တင်ပြစရာရှိတယ်လို့ပဲ ပြောလိုက်။ အဲဒါဆို ကျိုးလန် ငါတို့ကို တွေ့လိမ့်မယ်...”

ကောင်းရွှမ်က ယွမ်ချင်းရှန် ဘာမှမသိဘဲ နေရာမှာတင် လူမိသွားမှာကို စိုးရိမ်သဖြင့် အချို့သော အသေးစိတ်အချက်အလက်များကိုလည်း ရှင်းပြလိုက်သည်။

ဗဟိုရုံးခန်းဧရိယာသည် တင်းကျပ်သော လုံခြုံရေးအစီအမံများရှိသည့် သီးသန့်ဇုန်တစ်ခုဖြစ်သည်။ ထို့ပြင် လွတ်မြောက်ရာ လျှို့ဝှက်လမ်းကြောင်းအချို့လည်း ရှိသေးသည်။

ကျိုးလန် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိပြီး ကြိုတင်ထွက်ပြေးသွားပါက သူ့ကို ထိုနေရာတွင် ဖမ်းထားနိုင်မည်ဟု ကောင်းရွှမ် ယုံကြည်ချက်မရှိပေ။

အမှန်တကယ်တော့ ကျိုးလန်သည် နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်ပြီး သူ ထွက်ပြေးသွားလျှင်လည်း ကိစ္စမရှိပေ။

အဓိကပြဿနာမှာ ကျိုးလန်က သူနှင့် ယွမ်ချင်းရှန်၏ သရုပ်မှန်များကို ပေါက်ကြားသွားစေမည်ကိုပင်။ သွေးနတ်ဘုရားဂိုဏ်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းရွှမ် နက်နက်ရှိုင်းရှိုင်း သိထားသည်။

သွေးနတ်ဘုရားဂိုဏ်းလို ဧရာမအဖွဲ့အစည်းကြီးနှင့် နှိုင်းယှဉ်လျှင် လက်ရှိ နတ်ဘုရားသတ်ဖြတ်ခြင်းဓားမှာ အရေးမပါလှပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ၎င်း၏ အမြင့်ဆုံး အခြေအနေအထိ ကြီးထွားလာမှသာ သွေးနတ်ဘုရားဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။

ကောင်းရွှမ်က ယွမ်ချင်းရှန်ကို အန္တရာယ်များအကြောင်း မရှင်းပြခဲ့ပေ။ ဤအရာများကို သူမ သိထားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ပိုဖြစ်စေရုံသာ ရှိမည်။

ဗဟိုရုံးခန်းဧရိယာထဲသို့ ခိုးဝင်ပြီး ကျိုးလန်ကို တွေ့ဆုံနိုင်သမျှကာလပတ်လုံး စခန်း၏ ရန်ငြိုးများကို နားလည်နိုင်ပြီး ဘဝသစ်တစ်ခု စတင်ရန် နေရာရှာကာ စွမ်းအားများကို ဖြည်းဖြည်းချင်းစုဆောင်းရင်း အခွင့်အရေးကို စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။

လင်းတအဖြစ် ရုပ်ဖျက်ထားသော ယွမ်ချင်းရှန်က နောက်မှ၊ ကောင်းရွှမ်က အရှေ့မှနေ၍ ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။

ယွမ်ချင်းရှန်က သူမ၏ စမတ်နာရီကို ပွတ်ဆွဲလိုက်ပြီးနောက် သူတို့နှစ်ဦး တတိယထပ်သို့ ဓာတ်လှေကားဖြင့် တက်လာခဲ့ကြသည်။

All Chapters