ထူးချွန်တဲ့ လုပ်ကြံသတ်ဖြတ်သူ ကောင်းရွှမ်တစ်ယောက် ကမ္ဘာပျက်ဆီးနိုင်လောက်သည့် ဆန်းကြယ်ပေါက်ကွဲမှုကြီးကြောင့် သေဆုံးပြီး အတိတ်က နှစ်၈၀၊ အတိအကျဆိုလျှင် ဆယ့်ရှစ်နှစ်သားဘ၀သို့ ပြန်၀င်စားလာသောအခါ...... ပြန်၀င်စားခြင်းမှာပဲ သူပထမဆုံး လုပ်ခဲ့သည့်အရာက သူ့ဆရာကို ပြန်သတ်ခဲ့ခြင်းပင်။ ........ သူ့ဆရာသူ ဘာလို့သတ်ခဲ့တာလဲ၊ ပြန်၀င်စားသူတို့ ထုံးစံအတိုင်း ပါလာတဲ့ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်လက်နက် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်လေးကရော ဘယ်လိုထူးဆန်းတဲ့ အကျိုးသတ်ရောက်မှတွေရှိလာမှာလဲ။ သွေးအေးရက်စက်တဲ့ လောကကြီးမှာ သတ်ဖြတ်ခြင်းမရဏလမ်းစဉ်အတိုင်း လျှောက်လှမ်းရင်း ကောင်းရွှမ်တစ်ယောက် လောကထိတ်ဆုံးအထိ ရောက်နိုင်မှာလား။ နှစ်တစ်ရာအကြာမှာ ဖြစ်ပေါ်လာမယ့် စွမ်းအင်နိုးထခြင်းကာလအတွင်းမှာကော ဘယ်လိုတွေ ထိတ်ဆုံးအထိ တက်လှမ်းသွားမလဲ။ သေချာသိချင်ရင်တော့ ဖတ်ကြည့်ရင်း ကောင်းရွှမ်နဲ့အတူ လောကကြီးရဲ့ ရက်စက်မှုတွေကို လိုက်ပါစီးမျော ခံစားလိုက်ကြရအောင်။

