အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) - ယွမ်ရှင်းချန် အဆင့် ၅ သို့ တက်လှမ်းခြင်း(၁)
လူသားများ ကြယ်စင်စုခေတ်သို့ ဝင်ရောက်လာပြီးနောက် နာမ်ဝိညာဉ်မျိုးနွယ်စုနှင့် မလွဲမသွေ ထိတွေ့ဆက်ဆံလာခဲ့ကြရသည်။ နာမ်ဝိညာဉ်မျိုးနွယ်စုသည်လည်း လူ့အဖွဲ့အစည်းအတွင်းသို့ အောင်မြင်စွာ စိမ့်ဝင်လာပြီး မျိုးပွားကာ ရှင်သန်ကြီးထွားလာကြသည်။
နာမ်ဝိညာဉ်မျိုးနွယ်စု၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသော လူသားများသည် လူသားတို့၏ အသိပညာနှင့် မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်သော်လည်း သူတို့၏ အခြေခံ စဉ်းစားတွေးခေါ်မှုဖြစ်စဉ်များက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
နာမ်ဝိညာဉ်မျိုးနွယ်စု၏ တည်ရှိမှုက လူသားတို့၏ စည်းလုံးညီညွတ်မှုနှင့် လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို အခြေခံကျကျ ဖျက်ဆီးပစ်ခဲ့ပြီး နောက်ဆုံးတွင် ဂလက်ဆီစစ်ပွဲကြီးအတွင်း လူသားများ၏ရှုံးနိမ့်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို တိုက်ရိုက်ဦးတည်သွားစေခဲ့သည်။
ထို့ကြောင့် နာမ်ဝိညာဉ်မျိုးနွယ်စုသည် လူသားမျိုးနွယ်၏ ရန်သူတော်ကြီးဖြစ်ပြီး အတူယှဉ်တွဲနေထိုင်ရန် လုံးဝ မဖြစ်နိုင်ဟုပင် ဆိုနိုင်သည်။
အကြွင်းမဲ့ဝိညာဉ်စွမ်းအားကို ပေးစွမ်းနိုင်သော ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်ကို ပိုင်ဆိုင်ထားသည့် ကောင်းရွှမ်သည် နာမ်ဝိညာဉ်မျိုးနွယ်စု၏ အငွေ့အသက်ကို အလွန်အမင်း အာရုံခံစားလွယ်သည်။
အနီးကပ် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် နာမ်ဝိညာဉ်မျိုးနွယ်စုဝင်တစ်ဦးကို ချက်ချင်း ခွဲခြားသိမြင်နိုင်သည်။
သူ့အမြင်တွင်တော့ နာမ်ဝိညာဉ်မျိုးနွယ်စုကို အမြစ်ပြတ် ရှင်းလင်းပစ်ရမည်သာ။
ကောင်းရွှမ်က မူလက နောက်ထပ်နှစ်ရက်ခန့် စောင့်ဆိုင်းရန် စီစဉ်ထားသော်လည်း တစ်ဖက်လူများက စတင်လှုပ်ရှားလာပြီဖြစ်ရာ သူလည်း ထိန်းချုပ်နေမည်မဟုတ်တော့ပေ။
ကောင်းရွှမ်က တံခါးကို ပေါ့ပေါ့ပါးပါး ပိတ်လိုက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ကိုင်ဆောင်ကာ အပေါ်ထပ်သို့ တက်သွားသည်။
ဤမှောင်ခိုသင်္ဘောက သိပ်မကြီးလှဘဲ သင်္ဘောသား ဆယ်ဂဏန်းခန့်နှင့် ကပ္ပတိန်တစ်ဦးသာ ရှိသည်။
သင်္ဘောက အဓိကအားဖြင့် မှောင်ခိုကုန်သွယ်ခြင်းနှင့် တားမြစ်ပစ္စည်းအမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားခြင်းတို့ကအား လုပ်ဆောင်သည်။ လူမှောင်ခိုကူးခြင်းက သူတို့၏ ဘေးပေါက်အလုပ်တစ်ခုသာ ဖြစ်သည်။
ပင်လယ်ပြင်က ကျယ်ပြောပြီး အဆုံးအစမရှိသလို သင်္ဘောပေါ်ရှိဘဝကလည်း ပျင်းရိစရာကောင်းလှသည်။ ကောင်းရွှမ်ကိုလည်း ရှင်းလင်းချင်နေကြသဖြင့် သင်္ဘောသားတစ်စုက ယာဉ်မောင်းခန်းထဲတွင် စိတ်လှုပ်ရှားစွာ စုရုံးကာ ကပ္ပတိန်နှင့်အတူ အတင်းအဖျင်းပြောနေကြသည်။
“အဲဒီကောင်လေးက တကယ်ကို ကြည့်ကောင်းတာပဲ။ သူ့အစ်မထက်တောင် ပိုပြီးကြည့်ကောင်းသေးတယ်လို့ ငါထင်တယ်”
“ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း သူက ယောကျ်ားလေးပဲလေ။ ငါကတော့ သူ့အစ်မနဲ့ပဲကစားချင်တယ်”
“မင်းက ဘာသိလို့လဲ... ယောကျ်ားလေးတွေကလည်း အရသာရှိတာပဲ...”
“ဟိုတစ်ခေါက်က သခင်မလေးက တကယ်ကို ရမ္မက်ကြွစရာပဲ။ သုံးချီလောက်ဆွဲလိုက်မှ သူ သေသွားတာ။ ပြီးတော့ အရပ်ရှည်ရှည်ကောင်က သူ့ကို လည်ပင်းညှစ်ပြီး သတ်လိုက်သေးတယ်။ အဲဒီကောင်က တကယ်ကို စောက်ရူးပဲ”
အညီအဟောက်အကြောင်း ပြောနေကြသည့် ညစ်ပတ်နံစော်နေသော သင်္ဘောသားအုပ်စုက မျက်နှာများ ပြုံးဖြီးနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ပိုပြီး နားလည်တတ်ကျွမ်းသော သူတစ်ဦးက မြှောက်ပင့်ပြောဆိုလိုက်သည်။
“မင်းတို့မှာ ယဉ်ကျေးမှုဆိုတာ မရှိဘူးလား။ ငါတို့ ကစားမယ်ဆိုရင်တောင် ဘော့စ် အရင်ဆုံး ဝအောင်ကစားရမှာပေါ့”
ကပ္ပတိန်က ခေါင်းတုံး၊ မျက်နှာနီနီနှင့် ကြမ်းကြုတ်သော လူမိုက်တစ်ဦးဖြစ်ပြီး ရင်ဘတ်ဟိုက်နေသော သားရေအင်္ကျီလက်ပြတ်တစ်ထည်ကို ဝတ်ဆင်ထားသည်။
ထိုနေရာတွင် ထိုင်နေသော သူ၏ပုံစံက ဧရာမသတ္တဝါကြီးတစ်ကောင်လို ကြီးမားခိုင်ခံ့လှသည်။
သူက မျက်နှာထားတင်းတင်းဖြင့် ဆိုလိုက်သည်။ အရှည်ကြီးတို့ ဘာလို့ ပြန်မလာကြသေးတာလဲ။ မင်းတို့ထဲက နောက်ထပ် နှစ်ယောက်သုံးယောက်လောက် သွားကြည့်စမ်း။ သောက်ပြဿနာတစ်ခုခုတော့ ဖြစ်မလာစေနဲ့...”
“သွားကြည့်စရာ မလိုတော့ဘူး။ ပြဿနာ ဖြစ်သွားပြီ”
ကောင်းရွှမ်က တံခါးအပြင်ဘက်မှ ပြန်ဖြေလိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ ယာဉ်မောင်းခန်းထဲသို့ ဝင်လာခဲ့သည်။
ကောင်းရွှမ်က ခေါင်းကို အနည်းငယ်ငုံ့ထားရာ သူ၏ ရှည်လျားသော ဆံပင်အရှေ့ခြမ်းက နေကာမျက်မှန်ကို ဖုံးကွယ်ထားလေသည်။ သို့သော် သူ့လက်ထဲတွင်မူ ကျော့ရှင်းလှပသော သွေးရောင်ဓားရှည်တစ်လက် ရှိနေသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များကာ ဖော်ပြ၍မရနိုင်သော နတ်ဆိုးဆန်သည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။
သင်္ဘောသားအုပ်စုက လောကဓံကို ကျွမ်းကျင်စွာ ဖြတ်သန်းလာခဲ့သူများဖြစ်သော်လည်း ရုတ်တရက် ကောင်းရွှမ်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အနည်းငယ်မှင်တက်သွားကြသည်။
သင်္ဘောသားများ တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှသော သွေးရောင်ဓားအလင်းတန်းများက အလျားလိုက်ရော ဒေါင်လိုက်ပါ လက်ခနဲဖြစ်သွားပြီး သက်တန့်တစ်ခုအလား ယာဉ်မောင်းခန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားလေတော့သည်။
‘ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...’
ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှသော နတ်ဘုရားသတ်ဖြတ်ခြင်းဓားက လူ့ခန္ဓာကိုယ်များအား ထောပတ်ကို ဓားပူဖြင့် ဖြတ်သကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်သွားသည်။
ဓားဖြတ်သန်းသွားရာ နေရာတိုင်းတွင် ခြေလက်များ ပြတ်တောက်ကုန်သည်။
ကောင်းရွှမ်က သူ နှစ်တစ်ရာစာ ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရသော ခွန်အားများကို ပြန်လည်မသယ်ဆောင်လာနိုင်ခဲ့သော်လည်း သူ၏ နတ်ဘုရားစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေသော ဓားသိုင်းပညာများကိုတော့ မည်သည့်အခါမျှ မေ့ပျောက်သွားမည်မဟုတ်ပေ။
သူ၏ ၀င်ရိုးစွန်းအလင်းဓားသိုင်းက ရွှေအဆင့် အထွတ်အထိပ်အထိ ရောက်ရှိထားပြီးဖြစ်သည်။
သူ၏ လက်ရှိ ခန္ဓာကိုယ်အဆင့်က အလွန်နိမ့်ကျနေသော်လည်း အလွန်အမင်း အစွမ်းထက်လှသော ဓားသိုင်းပညာက သူ၏ခန္ဓာကိုယ်ခွန်အားကို ပြီးပြည့်စုံစွာ ထုတ်ဖော်ပေးနိုင်သည်။
ထို့အပြင် နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ အားသာချက်များကိုပါ အပြည့်အဝ အသုံးချနိုင်သည်။
ကပ္ပတိန်နှင့် အခြားသူများ၏ တုံ့ပြန်မှုနှင့် လှုပ်ရှားမှုတိုင်း၊ သူတို့၏ အတွေးများပါမကျန် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်၏ အာရုံခံနိုင်စွမ်းအောက်တွင် ကောင်းရွှမ်စိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေသည်။
အမှန်တကယ်တော့ ဤသင်္ဘောသားများသည် လူမိုက်တစ်စုသာ ဖြစ်သည်။ ရုတ်တရက် အပြောင်းအလဲနှင့် ရင်ဆိုင်လိုက်ရသောအခါ သူတို့တွင် မည်သည့်အစီအစဉ်မျှ မရှိကြတော့ပေ။
အချို့က ပြန်လည်တိုက်ခိုက်ချင်ကြပြီး အချို့က ပုန်းအောင်းချင်ကြသဖြင့် ဖရိုဖရဲ ရှုပ်ထွေးသွားတော့သည်။
ကောင်းရွှမ်က သူတို့၏ လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာနေရန် မလိုအပ်ပေ။ သူက ဓားဆွဲထုတ်ပြီး လျင်မြန်စွာ ခုတ်ပိုင်းလိုက်ရုံသာ။
နတ်ဘုရားသတ်ဖြတ်ခြင်းဓားသည် တကယ့်ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဌာန် မရှိသလို လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းပစ္စည်းတစ်ခု၏ သဘာဝနှင့် ပေါင်းစပ်လိုက်သောအခါ မယုံနိုင်လောက်အောင် လျင်မြန်သွားလေ၏။
ဝင်ရိုးစွန်းအလင်းဓားသိုင်းကလည်း အမြန်ဆုံး ဓားသိုင်းဟုပင် ပြောစမှတ်ပြုကြသည်။ ကောင်းရွှမ်က သူ၏ မျက်လုံးများကို စတေးပြီး နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ထိုဓားက ၀င်ရိုးစွန်းအလင်းဓားသိုင်းနှင့် အသင့်တော်ဆုံး ဖြစ်နေသောကြောင့်ပင်။
ပြတ်တောက်နေသော ခြေလက်များနှင့် ခန္ဓာကိုယ်အပိုင်းအစများကြောင့် ယာဉ်မောင်းခန်းတစ်ခုလုံးတွင် ညှီစော်နံနေသော သွေးနံ့များ ဖုံးလွှမ်းသွားသည်။
သူက ၀.၁ စက္ကန့်အတွင်း ဆယ့်သုံးချက်တိတိ ခုတ်ပိုင်းလိုက်သည်။ သင်္ဘောသားများစွာမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းဓားဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းသတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ခန္ဓာကိုယ် အပိုင်းအစများအလယ်တွင် လဲကျနေသော ကပ္ပတိန်မှာမူ မသေသေးပေ။ သူ၏ နွားမျက်လုံးလောက်ရှိသော မျက်လုံးကြီးများက ကောင်းရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
သူတို့အုပ်စုတွင် သေနတ်များ ရှိကြသော်လည်း တွေ့တွေ့ချင်း ခုတ်ပိုင်းခံလိုက်ရသဖြင့် သေနတ်ထုတ်ရန် အခွင့်အရေးပင် မရခဲ့ကြပေ။
တစ်ဖက်လူ၏ ဓားသိုင်းက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပြီး ဂရုမစိုက်သည့်ဟန်ဖြင့် လူသတ်နေပုံက ကပ္ပတိန်ကို ပို၍ပင် ကြောက်ရွံ့သွားစေသည်။
‘ငါ ဘယ်လိုများ ဦးနှောက်ချွတ်ယွင်းသွားပြီး ဒီလူဆီကနေ ပိုက်ဆံရှာချင်မိရတာလဲ၊ ပြီးတော့ သူ့ကိုပါ သတ်ချင်နေသေးတယ်'
ကောင်းရွှမ်က သူ့ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်ပြီး ကပ္ပတိန်ဘက်သို့ ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်သည်။
ဤရှုထောင့်မှ ကြည့်လိုက်လျှင် ကပ္ပတိန်က ကောင်းရွှမ်၏ မှိတ်ထားသော မျက်လုံးများကို ပကတိ မြင်တွေ့နေရသည်။
ထိုသို့ဖြစ်လင့်ကစား ကောင်းရွှမ်၏ ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှသော မျက်နှာက အနည်းငယ်မျှပင် ကြည့်ရဆိုးမသွားဘဲ ဖော်ပြ၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲဆောင်မှုတစ်ခုကိုသာ ထပ်မံဖြည့်စွက်ပေးနေသည်။
ကောင်းရွှမ်က အလွန် သန့်ရှင်းသပ်ရပ်နေပြီး သွေးတစ်စက်မျှပင် စွန်းပေနေခြင်းမရှိပေ။
“မင်းကို ဓားတစ်ချက်တည်းနဲ့ ဘာလို့ အပြတ်မရှင်းလိုက်တာလဲဆိုတာ သိလား။ ပရိသတ်မရှိဘဲနဲ့က အရမ်းပျင်းစရာကောင်းလွန်းလို့ပဲ”
ကောင်းရွှမ်က ဆက်ပြောလာသည်။
“ပြီးတော့ စကားပြောစရာ လူမရှိတာ ဆယ်ရက်ကျော်နေပြီလေ။ ငါ ရူးတော့မလိုဖြစ်နေတာ”
ကပ္ပတိန်က အလျင်အမြန် အော်ဟစ်လိုက်သည်။
“ငါ့ကို မသတ်ပါနဲ့၊ ငါ့ကို မသတ်ပါနဲ့။ သင်္ဘောမောင်းဖို့ ငါ ကူညီပေးနိုင်ပါတယ်။ ပြီးတော့ မင်းအတွက် သရုပ်အသစ်တစ်ခု မှတ်ပုံတင်ဖို့လည်း ငါ ကူညီပေးနိုင်ပါတယ်”
ကောင်းရွှမ်က မြောက်ပိုင်းသမုဒ္ဒရာပြည်နယ်မှ အရှေ့ဘက် တိုက်ကြီးသို့ မှောင်ခိုခရီးဖြင့် လာခဲ့ခြင်းဖြစ်ရာ သူ့တွင် တရားဝင်သရုပ်တစ်ခု ရှိမည်မဟုတ်ပေ။
ကပ္ပတိန်က လူအတစ်ယောက် မဟုတ်ချေ။ အသုံးဝင်မှသာ အသက်ရှင်ရန် အခွင့်အရေးရှိမည်ဆိုသည်ကို သူ သိထားသည်။
“မင်းသင်္ဘောက စုတ်ပြတ်နေပေမယ့် အလိုအလျောက်မောင်းနှင်စနစ်တော့ ပါသေးတယ်။ သရုပ်သစ် မှတ်ပုံတင်ဖို့ကိစ္စကတော့ မင်းရဲ့ လမ်းကြောင်းတွေက အဆင့်နိမ့်လွန်းတယ်”
ကောင်းရွှမ်က ပီဂါဆပ်စ်ဂြိုဟ်ပေါ်တွင် ဆက်နေရခြင်းမှာ ထိုနေရာနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ပီဂါဆပ်စ်ဂြိုဟ်၏ ယေဘုယျ မူလစွမ်းအင်အဆင့်က အလွန်နိမ့်ကျသဖြင့် သူ၏ လက်ရှိအခြေအနေနှင့် အတော်လေးကိုက်ညီလှသည်။
သူ သိထားသော အရင်းအမြစ်အချို့ကလည်း လက်ရှိအခြေအနေနှင့် ကိုက်ညီနေသည်။ ထို့ကြောင့် ကောင်းရွှမ်က ပီဂါဆပ်စ်ဂြိုဟ်ပေါ်တွင် နှစ်အနည်းငယ်နေထိုင်ကာ တက္ကသိုလ်တစ်ခုသို့ အရင်ဆုံး တက်ရောက်ရန် စီစဉ်ထားသည်။
ဟုတ်ပေသည်။
အထူးအကြောင်းပြချက်အချို့ကြောင့် ကောင်းရွှမ်အနေဖြင့် တက္ကသိုလ်တက်ရန်လိုအပ်သည်။ ဤအဆင့်ကို ကျော်သွား၍မရနိုင်ပေ။
ကောင်းရွှမ်က ကပ္ပတိန်ကို ပြောလိုက်သည်။
“မူလကတော့ မင်းတို့အားလုံးကို မသတ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ မင်းတို့က သေလမ်းကို အတင်းရှာနေမှတော့ ကောင်းကင်ဘုံကိုယ်စား ငါကပဲ အားနာနာနဲ့ ရှင်းလိုက်ရတာပေါ့”