အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁)
အချစ်မွန်နေသောဓား၊ ဒုတိယမျိုးဆက်ကြက်သွေးရောင်ကောင်းကင်
“ဟီ..ဟီ... မြန်မြန် သူ့ကို ရိုက်ပလိုက်စမ်းပါ...”
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မိုရှောင်ယု နာမည်ကျော်ဓား နောက်တစ်ကြိမ် လှုပ်ရှားတော့မည်ဟု သံသယမရှိ ထင်မှတ်နေခဲ့သည်။
ဝှီး ဝှီး...
နာမည်ကျော်ဓား ပြင်းထန်စွာ စတင်တုန်ခါလာရာ ၎င်းကို ချုပ်နှောင်ထားသည့် များပြားသော သံကြိုးတွေ တုန်ခါလာခဲ့သည်။
ထိုသံကြိုးများပေါ်တွင် နာမည်ကျော်ဓားကို နှိမ်နင်းရန်အတွက် အစီရင်စွမ်းအားများကို ထည့်သွင်းထားခဲ့သည်။
သို့သော် ယခုအခါတွင်မူ ထိုကျော်ကြားသော ဓားမှာ သူ၏ စွမ်းအားအားလုံးကို အသုံးပြု၍ ရုန်းကန်နေပုံရသည်။
ဘုန်း!
သံကြိုးများထဲမှ တစ်ချောင်း ကျိုးပျက်သွားခဲ့သည်။
နာမည်ကျော်ဓားမှာ နောက်ဆုံးတွင် မြေပြင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
၎င်းက အဝေးသို့ မသွားနိုင်သေးသော်လည်း အနည်းဆုံးတော့ မုန့်ချန်ချင်း ရှိရာသို့ ရောက်ရှိနိုင်ခဲ့သည်။
ဓားချီများက လေထဲတွင် တဝီဝီ မြည်ဟီးလာခဲ့သည်။
နာမည်ကျော်ဓား၏ အရှိန်က အလွန်တရာ မြန်ဆန်လှပြီး အလင်းတန်းတစ်ခုကဲ့သို့ မုန့်ချန်ချင်း၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။
ဤအခိုက်အတန့်တွင် မုန့်ချန်ချင်း ပင်ကိုယ်ဗီဇစိတ်အရ ခုခံရန် ပြင်ဆင်လိုက်မိသည်။
သို့သော်လည်း မိုရှောင်ယု၏ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်ရှုနေသည့် အကြည့်အောက်တွင် ထိုနာမည်ကျော်ဓားမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။
ထို့နောက် ကြောင်ကလေးတစ်ကောင်ကဲ့သို့ မုန့်ချန်ချင်း၏ ရင်ဘတ်ကို တိုးဝှေ့ပွတ်သပ်လာခဲ့သည်။
၎င်းထံမှ ညင်သာသော ဓားမြည်သံတစ်ခုပင် ထွက်ပေါ်နေခဲ့သေးသည်။
“???..”
မိုရှောင်ယု လုံးဝကို ကြောင်အသွားခဲ့သည်။
ဘာတွေ ဖြစ်ပျက်နေသနည်း။
ပုံမှန် မောက်မာမှုတွေ, အထင်သေးမှုတွေ ဘယ်ရောက်သွားတာလဲ...
ဒင်း အခု ဘာလုပ်နေသနည်း...
မုန့်ချန်ချင်းကိုယ်တိုင်လည်း အနည်းငယ် မှင်တက်သွားခဲ့သည်။
ဤမြင်ကွင်းက တကယ့်ကို မျှော်လင့်မထားသော အရာပင်။
ဝှစ်!
နာမည်ကျော်ဓား ရုတ်တရက် ဓားဖျားကို လှုပ်ရှားပြီး သူတို့ရှေ့ရှိ မြေပြင်ပေါ်တွင် စာလုံးများစွာကို ရေးပြလိုက်သည်။
“သခင်... သခင် နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ... သခင့်တည်ရှိမှုကို ငါ အစောကြီးကတည်းက အာရုံခံမိတယ်... ဒီလူယုတ်မာတွေက ငါ့ကို ဒီမှာ ပိတ်လှောင်ထားပြီး ငါတို့ကို ခွဲထားပြီး ဆုံတွေ့ခွင့်မရအောင် တားဆီးခဲ့ကြတယ်...”
နာမည်ကျော်ဓား စာလုံးများကို ရေးထွင်းရင်း ပိုမို ဒေါသထွက်လာပုံရသည်။
နောက်ဆုံးတွင် ၎င်းက ဝိညာဥ်တောင်ထိပ် ၏ ဘိုးဘေးများနှင့် လက်ရှိ မိုဆူကွမ်း တို့အပေါ် ၎င်း၏ ‘ရိုသေလေးစားမှု’ ကို စာလုံးများဖြင့် ဖော်ပြခဲ့သည်။
"ဒါပေမဲ့ ဒီနေ့ကစပြီး ငါတို့တွေ... ထာဝရ အတူတူ ရှိနေလို့ရပြီ... ကျေးဇူးပြုပြီး သခင့်ရဲ့ လက်ကြီးတွေနဲ့ ငါ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပေးပါဦး..."
"ပြီးတော့... သခင်က အရမ်း ချောတာပဲ..."
မုန့်ချန်ချင်း ဗီဇစိတ်အရ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိသည်။
ဤဓားတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။
အတိအကျ ပြောရလျှင် ၎င်း၏ ဝိညာဥ်အသိစိတ်က ပုံမှန်ဟုတ်ပုံမရချေ။
"နင်... နင်... နင်..."
မိုရှောင်ယု အသိပြန်ဝင်လာပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။
"နင်က ပုံမှန်ဆိုရင် အရမ်း မာနကြီးတာ မဟုတ်ဘူးလား... ခုနက ငါ့ကို ရိုက်ထုတ်လိုက်တဲ့ ခွန်အားတွေ ဘယ်ရောက်သွားလဲ..."
"ဘာလို့ သူ့ကို မရိုက်တာလဲ..."
"ကလေးမ... ဝေးဝေးသွားစမ်း... မင်းက မင်းဆရာ ရုပ်ဆိုးဆိုးအဖိုးကြီးနဲ့ အတူတူပဲ... ဘာဆွဲဆောင်မှုမှ မရှိဘူး..."
"အာ... ငါ့သခင်ကတော့ အရမ်းချောတာပဲ..."
စာလုံးများ ထုဆစ်ပြီးနောက် နာမည်ကျော်ဓားမှာ မုန့်ချန်ချင်း၏ ရင်ဘတ်ကို ထပ်မံ၍ တိုးဝှေ့ပြန်သည်။
ဓားတစ်လက်က ဤမျှလောက် နှာဘူးဆန်ပြီး ရှက်ကိုးရှက်ကန်းနိုင်သော အရှိန်အဝါမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု စိတ်ကူးရန် ခက်ခဲလှပေသည်။
“ဝိုး...”
မိုရှောင်ယုသည် နောက်ဆုံးတွင် နာမည်ကျော်ဓား၏ သဘာဝအမှန်ကို နားလည်သွားတော့သည်။
ဘာ မာနကြီးတာလဲ?...
အားလုံး အဓိပ္ပာယ်မရှိတာတွေချည်းပဲ...
ဤအရာက အချစ်မွန်နေသည့်ဓားဆိုတာ အသိသာကြီးပင်။
မုန့်ချန်ချင်းလည်း သတိပြန်ဝင်လာပြီး အမူအရာ ထူးဆန်းသွားခဲ့သည်။
ဘယ်လိုလုပ်ရမလဲ?...
ဤဓားက အနည်းငယ် ထူးဆန်းနေသော်လည်း ၎င်းက နာမည်ကျော်ဓားတစ်လက် ဖြစ်သည်။
သူတော်စင်လက်နက်တစ်ခု ဖြစ်လာနိုင်သည့် အလားအလာကို မပြောဘဲထားလျှင်ပင် ၎င်းက ဝိညာဥ်လက်နက်များထက် သာလွန်သော အဖိုးတန် သွေးအဆင့်လက်နက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဤအချက်ကို ဓားကိုယ်ထည်ပေါ်ရှိ သွေးရောင်ပုံစံများက သက်သေပြနေသည်။
(လက်နက်အဆင့်တွေကို မူရင်းမှာကို နောက်တစ်မျိုးသုံးထားတာတွေ့ရပါတယ်။ ဒါကြောင့် အောက်ကအဆင့်တွေကို မှတ်ထားပေးပါ။ သာမန်အဆင့်၊ သန့်စင်ခြင်းတစ်ရာအဆင့်၊ ဝိညာဥ်အဆင့်၊ သွေးအဆင့်၊ လေလံခြင်းအဆင့်၊ တာအိုအဆင့်၊ သန့်စင်(သူတော်စင်)အဆင့်)
၎င်းက ဓားရည်ရွယ်ချက် ၏ စွမ်းအားကို လွယ်ကူစွာ တောင့်ခံနိုင်ပြီး ဆန်းကြယ်သည့် စွမ်းအားအများအပြားကိုလည်း ပိုင်ဆိုင်ထားသည်။
“မင်း ငါ့နောက်ကိုလိုက်ချင်တာ သေချာလား...”
မုန့်ချန်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
အဆုံးမှာတော့ ဤအရာက နာမည်ကျော်ဓားတစ်လက်ဖြစ်သည်။
အင်း... အင်း...
နာမည်ကျော်ဓား၏ ဓားရိုးက ပြင်းထန်စွာ ခေါင်းညိတ်ပြလိုက်သည်။
“သခင်က ငါမြင်ဖူးသမျှ လူသားတွေထဲမှာ အချောဆုံး... ဆွဲဆောင်မှုအရှိဆုံးပဲ...”
“ပြီးတော့ ဒီအရွယ်လေးနဲ့... သခင်က အဆင့် ၃ ဓားရည်ရွယ်ချက် ကို ပိုင်ဆိုင်ထားတယ်...”
နာမည်ကျော်ဓား၏ စွမ်းအားများ မြင့်တက်လာပြီး စာလုံးများကို ထပ်မံ ရေးထွင်းလိုက်သည်။
ဤအရာကို မြင်သောအခါ မုန့်ချန်ချင်း၏ မျက်လုံးများက ဖျတ်ခနဲလက်သွားခဲ့သည်။
ဤဓားတွင် ချင့်ချိန်နိုင်စွမ်းအချို့ ရှိပုံရသည်။
၎င်းက ရုပ်ရည်ကိုသာ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ ဓားရည်ရွယ်ချက် အဆင့်ကိုပါ အာရုံခံနိုင်စွမ်း ရှိသည်။
“အဆင့် ၃ ဟုတ်လား...”
မိုရှောင်ယု အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူမ၏ ကြည်လင်သော မျက်ဝန်းအစုံမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယခင်က မုန့်ချန်ချင်းသည် သန္ဓေသားပုံစံ ဓားရည်ရွယ်ချက်ကို နားလည်ခဲ့ခြင်းကပင် အံ့ဩစရာကောင်းလှပြီ ဖြစ်သည်။
သို့သော် ယခုမူ ဤမျှ တိုတောင်းသော အချိန်အတွင်း သူက ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ရုံတင်မက၊ ကွာဟချက်ကလည်း အလွန်ကြီးမားလှပေသည်။
အဆင့် ၃?...
ဤအရာက တကယ့်ကို ယုတ္တိမဲ့လွန်း၏။
သိုင်းပညာ၏ စစ်မှန်သောရည်ရွယ်ချက်ကို မြှင့်တင်ရန်မှာ အလွန်တရာ ခက်ခဲလှပြီး အချိန်များစွာ ယူရကာ တရွေ့ရွေ့ချင်း လုပ်ဆောင်ရသော ဖြစ်စဥ်တစ်ခု ဖြစ်သည်ဟု သူမဆရာ ပြောဖူးသည်။
သို့သော် မုန့်ချန်ချင်းအတွက်မူ ထိုအရာက လုံးဝ ခြားနားနေပုံရသည်။
သူ့အတွက် ဓားရည်ရွယ်ချက် မြှင့်တင်ရခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းလွန်းနေသည် မဟုတ်ပါလား။
သူမဆရာ၏ ဓားရည်ရွယ်ချက်အဆင့်ပင်လျှင် ဤမျှအထိ မြင့်မားပုံမရချေ။
မိုရှောင်ယု၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ မုန့်ချန်ချင်း သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ၏ နှလုံးသွေးတစ်စက်ကို ထိုနာမည်ကျော်ပေါ်သို့ ချလိုက်သည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ နွေးထွေးတဲ့ ခံစားချက်တစ်ခု စီးဆင်းသွားပြီ...”
နာမည်ကျော်ဓား စာလုံးများကို ထပ်မံ ရေးထွင်းလိုက်သည်။
“……”
မုန့်ချန်ချင်း မနေနိုင်ပဲ သူ့နဖူးကို ကိုင်လိုက်မိသည်။
ဤဓား၏ အသိဉာဏ်မှာ အမှန်တကယ်ပင် လူသားတစ်ဦးကဲ့သို့ပင် ဖြစ်သည်။
သို့ပေမဲ့ ၎င်းက ဘာလို့ စကားမပြောနိုင်ရသနည်း။
ဝူး...
နောက်တစ်ခဏတွင် သူတို့နှစ်ဦးအကြား၌ ချိတ်ဆက်မှုတစ်ခု တည်ဆောက်ပြီးသွားခဲ့သည်။
မင်းထဲမှာ ငါရှိပြီး၊ ငါ့ထဲမှာ မင်းရှိသည်ဟူသော - သခင်နှင့် အစေခံ ဆက်ဆံရေး ပုံစံတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
“နာမည်ကျော်ဓား...”
မုန့်ချန်ချင်း လက်မြှောက်ကာ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးမှာ တစ်သားတည်း ကျသွားခဲ့သလိုမျိုး ခံစားလိုက်ရသည်။
ဘုန်း!
ချက်ချင်းပင် ဓား၏ထက်ရှမှုက ပေါက်ကွဲထွက်လာခဲ့သည်။
ကမ္ဘာပေါ်သို့ ကမ္ဘာဦး နတ်ဘုရားဓားတစ်လက် မွေးဖွားလာခဲ့သလိုမျိုးပင်။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီများက ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ကာ ထူးခြားဆန်းပြားသော ဖြစ်ရပ်များစွာကို အဆင့်ဆင့် ဖြစ်ပေါ်စေခဲ့သည်။
“မဆိုးဘူး...”
မုန့်ချန်ချင်း၏ မျက်လုံးများက တောက်ပသွား၏။
နာမည်ကျော်ဓားတစ်လက်၏ မျှော်လင့်ထားသည့်အတိုင်းပင်။
၎င်းက သူ၏ ဓားရည်ရွယ်ချက်ကို အသာအယာ တောင့်ခံနိုင်ရုံသာမက၊ အတိုင်းအဆတစ်ခုအထိပင် ပိုမို အားကောင်းလာစေသည်။
မူလက အဆင့် ၃ မျှသာ ဖြစ်သော်လည်း ဤနာမည်ကျော်ဓားကို ဖြတ်သန်းစီးဆင်းလိုက်သည့်အခါ ၎င်းက အဆင့် ၄ သို့ ချဉ်းကပ်သွားခဲ့ပြီး စွမ်းအားမှာလည်း များစွာ မြင့်တက်သွားခဲ့သည်။
“ဓားကောင်းပဲ...”
မုန့်ချန်ချင်း စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် သခင်...”
နာမည်ကျော်ဓား အလွန်ပျော်ရွှင်သွားပြီး ၎င်း၏ ဓားဖျားမှာ ခွေးကလေးတစ်ကောင်၏ အမြီးကဲ့သို့ ဘယ်ပြန်ညာပြန် လှုပ်ယမ်းနေခဲ့သည်။
“မင်းမှာ နာမည်ရှိလား...”
မုန့်ချန်ချင်း မေးလိုက်သည်။
“မရှိပါဘူး... ငါက လုံးဝ အသစ်စက်စက်လေးပါ... ဘယ်သူမှ ငါ့ကို မကိုင်ဖူးသလို နာမည်လည်း မပေးဖူးကြဘူး...
“လုံးဝ အသစ်စက်စက်လေးပေါ့...”
နာမည်ကျော်ဓား စာလုံးများကို ထုဆစ်လိုက်သည်။
“ဒါဆိုရင် မင်းကို ကြက်သွေးရောင်ကောင်းကင် လို့ပဲ ခေါ်ကြစို့...”
မုန့်ချန်ချင်း အများကြီး မတွေးတော့ဘဲ ပြောလိုက်သည်။
သူ ဤနာမည်ကို နှစ်သက်သည်။
“နာမည်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်...”
ကြက်သွေးရောင်ကောင်းကင် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးနောက် ၎င်းက နောက်ဆုံးတွင် နေ့အလင်းရောင်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ထို့ပြင် ဤမျှ ချောမောပြီး အရည်အချင်းရှိသော သခင်တစ်ဦးနောက်သို့ လိုက်ခွင့်ရခဲ့သည် မဟုတ်ပါလား။
၎င်း၏ အနာဂတ်က ထိုအဖိုးကြီးများနောက် လိုက်ရသည်ထက် များစွာ ပိုမို တောက်ပလိမ့်မည် ဖြစ်သည်။
ခရက်..
သွေးချိတ်ဆိတ်မှု တည်ဆောက်ပြီးနောက်တွင် ကြက်သွေးရောင်ကောင်းကင် ကို ချည်နှောင်ထားသည့် သံကြိုးများမှာ တစ်ခုပြီးတစ်ခု ကျိုးပျက်သွားခဲ့သည်။
ဝှစ်!
ကြက်သွေးရောင်ကောင်းကင် ပြန်လည်မွေးဖွားလာသကဲ့သို့ အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ နတ်ဘုရားရောင်ခြည်ခန်းမထဲမှ ပျံသန်းထွက်ခွာသွားခဲ့သည်။
၎င်းက ထိုက်ရွမ်ဂိုဏ်းအတွင်းနှင့် ကောင်းကင်ယံထက်တွင် လွတ်လပ်စွာ ပျံသန်းနေခဲ့ပြီး တည်ရှိမှုကို လုံးဝဖုံးကွယ်မထားခဲ့ပေ။
မရေမတွက်နိုင်သော ဓားချီများက အပြန်အလှန် ဖြတ်သန်းစီးဆင်းနေခဲ့သဖြင့် များစွာသော တပည့်များနှင့် အကြီးအကဲများ အပြင်သို့ ထွက်လာကြည့်ကြသည်။
“အဲဒါ ဝိညာဥ်တောင်ထိပ် ရဲ့ နာမည်ကျော်ဓားပဲ...”
“သူ လွတ်မြောက်လာတာလား...”
“သေချာပေါက် မဟုတ်ဘူးပေါ့... သူ အညံ့ခံသွားတာ...”
“အာ... ဘယ်သူက ဒီဓားကို အညံ့ခံအောင် လုပ်နိုင်တာလဲ... အတိတ်က ဝိညာဥ်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်တွေတောင် မလုပ်နိုင်ခဲ့ကြဘူးလေ...”
“မင်းရဲ့ ဉာဏ်ကို သုံးပြီး စဥ်းစားကြည့်စမ်း... အခု ဂိုဏ်းထဲမှာ ဘယ်သူက သူ့ကို အညံ့ခံခိုင်းနိုင်မှာလဲ...”
“မင်း ပြောချင်တာ... ဂိုဏ်းချုပ်ငယ် လား...”
“ကျိန်းသေတာပေါ့... ဂိုဏ်းချုပ်ငယ်က အသက်နှစ်ဆယ်နဲ့တင် ဓားရည်ရွယ်ချက်ကို နားလည်ခဲ့တာ... အကယ်၍ အဲ့လိုကောင်းကင်ဆန့်ကျင်တဲ့ ပါရမီရှင်မျိုးတောင် အညံ့ခံအောင် မပြုလုပ်နိုင်ရင် ဒီဓားက မျက်စိကန်းနေလို့ပဲ ဖြစ်ရမယ်...”
လူများ အပြန်အလှန် ဆွေးနွေးနေခဲ့ကြသည်။
နတ်ဘုရားရောင်ခြည်ခန်းမ ထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မမြင်တွေ့ခဲ့ရသော်လည်း ဓားကို မည်သူ အညံ့ခံခိုင်းလိုက်သည်ကိုမူ ခန့်မှန်းနိုင်ကြသည်။
ဝိညာဥ်ခန်းမအတွင်းမှ မိုဆူကွမ်း လမ်းလျှောက်ထွက်လာခဲ့သည်။
သူက ကောင်းကင်ယံတွင် ပျံဝဲနေသည့် ကြက်သွေးရောင်ကောင်းကင် ကို ကြည့်ရင်း ကျေနပ်သော အမူအရာ ပြသလိုက်သည်။
ဤဓားရှိနေသဖြင့် ဤဂျူနီယာညီလေးမှာ အနာဂတ်တွင် လက်နက်များနှင့်ပတ်သက်၍ ထပ်မံ စိုးရိမ်ပူပန်နေရန် လိုအပ်တော့မည် မဟုတ်ချေ။