အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆)
နတ်ဆိုးဘုရင်တွေ မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး
“ကောင်းကင်နတ်ဆိုးလား...”
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်မိသည်။
မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ မိမိထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည့် ကြီးမားသော ဝိညာဥ်ဖိအားတစ်ခုကို သူ အာရုံခံမိလိုက်သည်။
“အိပ်ချင်နေတုန်း ခေါင်းအုံးပေးသလိုပဲ...”
မုန့်ချန်ချင်း စိတ်ထဲမှာ ရေရွတ်လိုက်သည်။
“အစာက အိမ်ပေါက်ဝအထိ လာပို့တာပဲ... အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ မင်းကိုပဲ သုံးရတော့မှာပေါ့...”
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
....
“မသေချင်ရင် လစ်လိုက်တော့...”
ကြက်သွေးရောင်ကောင်းကင်ဓား သိပ်သည်းသည့်ဓားချီဖြင့် လေထဲတွင် စာတန်းတစ်ခုရေးကာ မောက်မာစွာ ပြောလိုက်သည်။
“အသိဉာဏ်ရှိတဲ့ ဓားတစ်လက်လား...”
အကန့်အသတ်မရှိသည့် နတ်ဆိုးချီများထဲမှ အရပ်ရှည်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းက သံချပ်ကာဝတ်ထားသည့် ကောင်းကင်နတ်ဆိုး ဖြစ်ပြီး သူ၏ သွေးနီရောင်မျက်လုံးများထဲတွင် ကြက်သွေးရောင်ကောင်းကင်ဓားကို ကြည့်ရင်း လောဘရိပ်များ ပြည့်နှက်နေခဲ့သည်။
ဤဓားကိုသာ ရရှိမည်ဆိုလျှင် သူ၏စွမ်းအားက သိသိသာသာ တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
“ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါ့ဆီမှာ အညံ့ခံလိုက်...”
ထိုကောင်းကင်နတ်ဆိုးက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... မင်းက ငါ့ရဲ့သခင် ဖြစ်နိုင်မယ် ထင်နေတာလား...”
ကြက်သွေးရောင်ကောင်းကင်ဓား အလွန်အမင်း ဒေါသထွက်သွားပြီး အတော်လေးစော်ကားခံရသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်နတ်ဆိုးထံသို့ ခုတ်ပိုင်းလိုက်သည်။
“ခေါင်းမာတဲ့ စောက်ရူးပဲ...”
ကောင်းကင်နတ်ဆိုးမျက်လုံးများ ကျက်းမြောင်းသွားပြီး ထိုဓားကို အတင်းအကျပ် အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိတွေ့မိသည့်အခါ ဓား၏ထက်ရှမှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။
၎င်းမှာ သူမျှော်လင့်ထားသည်ထက် ပိုသန်မာနေပြီး သူ့ကို ဒဏ်ရာရစေနိုင်စွမ်းရှိ၏။
ကြက်သွေးရောင်ကောင်းကင်ဓား ကောင်ကင်အပြည့် အပိုင်းအစထောင်ချီအဖြစ် ခွဲထွက်ပြီး ကောင်းကင်နတ်ဆိုးဆီသို့ ပြေးဝင်သွားခဲသည်။
နတ်ဆိုးနတ်ဘုရား ပရမ်းပတာဖြစ်ခြင်း...”
ကောင်းကင်နတ်ဆိုး ဟိန်းဟောက်လိုက်ပြီး ဓားအလင်းတန်းများကို ဆုပ်ကိုင်ရန် သူ၏နတ်ဆိုးချီများဖြင့် ဧရာမလက်ဝါးကြီးများကို ဖန်တီးလိုက်သည်။
သို့သော် ဓားအလင်းတန်းများက ပိုမိုထက်ရှလာပြီး ထိုဧရာမလက်ဝါးကြီးအားလုံးကို ချေမှုန်းပစ်လိုက်သည်။
“ဒီဓားက တစ်ခုခုတော့မှားနေပြီ...”
ကောင်းကင်နတ်ဆိုး၏ သွေးနီရောင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ အစပိုင်း၌ ဤဓားမှာ ဤမျှစွမ်းအားမကြီးဟု အာရုံခံမိခဲ့သော်လည်း တိုက်ပွဲအတွင်းတွင် ၎င်း၏ခွန်အားက ဆက်တိုက်တိုးတက်လာခဲ့ရာ ယခုအခါ သူ့ထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
“ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ...”
ကောင်းကင်နတ်ဆိုး တုန်လှုပ်သွားခဲ့သည်။
သူ ဤအက်ကွဲကြောင်းအတွင်း ဝင်ရောက်လာသော လူသားအများအပြားနှင့် ကြုံတွေ့ဖူးသော်လည်း လက်နက်တစ်ခုတည်းဖြင့်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် လူသားမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
မိမိအနေဖြင့် အနိုင်မရနိုင်ကြောင်း သဘောပေါက်သွားသည့်အခါ ကောင်းကင်နတ်ဆိုး ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကြက်သွေးရောင်ကောင်းကင်ဓားက ဤအရာကို ကြိုတင်သိမြင်နေသည့်အလား ၎င်း၏ဓားအလင်းတန်းအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ကောင်းကင်နတ်ဆိုး၏ ရင်ဘတ်ကို ဖောက်ထွင်းကာ လေဟာနယ်တွင် ထိုးစိုက်ထားလိုက်သည်။
ကြက်သွေးရောင်ကောင်းကင်ဓား ကောင်းကင်နတ်ဆိုးကို လှောင်ပြောင်သည့်အလား ပတ်ပတ်လည်တွင် ဝဲပျံနေခဲ့သဖြင့် သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
သူ့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ချေ။
ထိုအချိန်၌ အဝေးမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု လေထဲမှာလမ်းလျှောက်ပြီး ချည်းကပ်လာခဲ့သည်။
ဤအရာကို မြင်သောအခါ ကြက်သွေးရောင်ကောင်းကင်ဓား မုန့်ချန်ချင်းထံသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး သူ၏ရင်ခွင်ထဲတွင် ပွတ်သီးပွတ်သပ် လုပ်နေခဲ့သည်။
ထို့နောက် ဓားချီများက စာသားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
“သခင်... အခုလေးတင် အလွန်အစွမ်းထက်တဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင် ရောက်လာတယ်... တော်သေးတာပေါ့ ငါက ကျွမ်းကျင်လို့, မဟုတ်ရင် ငါအရိုက်ခံရပြီး သေနေလောက်ပြီ...”
ထိုစာသားများက သနားစရာကောင်းသော လေသံကို ဖော်ပြနေပုံရသဖြင့် မုန့်ချန်ချင်းက လှမ်းကြည့်လိုက်မိသည်။
ထိုကောင်းကင်နတ်ဆိုးမှာ ဓားရာများဖြင့် ဗရပွဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ဓားချီများ၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် သနားစရာကောင်းလှပေသည်။
ကျွမ်းကျင်လို့ ဟုတ်လား။ လုံးဝ အပြတ်အသတ် သာလွန်နေခဲ့တာ ရှင်းနေတာပဲကို။
သို့သော် မုန့်ချန်ချင်း ဤအရာကို ထောက်ပြမနေတော့ဘဲ ကြက်သွေးရောင်ကောင်းကင်ဓားကို ပုတ်ပေးလိုက်ရာ ဓားက တုန်ခါသွားပြီး အနည်းငယ် ရှက်သွေးဖြာသွားခဲ့သည်။
ကောင်းကင်နတ်ဆိုးမှာ ထိုစာသားများကို မြင်ပြီး ဆံတွေးသီးမတတ် ဖြစ်သွားခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသပြီးနောက်တွင် ထိုဓားက အားနည်းချင်ယောင်ဆောင်နေသည်ကို သိရှိလိုက်ရသောကြောင့်ပင်။
“ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရှိတဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်ပဲ...”
မုန့်ချန်ချင်း မှတ်ချက်ပြုရင်း စစ်ဆေးရန် အရှေ့သို့ လျှောက်သွားခဲ့သည်။
“မင်း ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ကို လုယူထားတာလဲ...”
ကောင်းကင်နတ်ဆိုးများသည် များသောအားဖြင့် ပုံသဏ္ဌာန်မရှိသော ဝိညာဥ်များ ဖြစ်ကြသော်လည်း အခြားသော သက်ရှိများကို ပူးကပ်လုယူနိုင်စွမ်း ရှိကြသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နတ်ဆိုး၏ မျက်နှာဖုံးစွပ်သံဦးထုပ် ကွဲကြေသွားပြီး လူသားမျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းက ယခင် ဝင်ရောက်လာပြီး ပူးကပ်ခြင်းခံခဲ့ရသော စစ်သည်တစ်ဦး ဖြစ်ပုံရသည်။
“လူသား... ငါက လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုး ဒေါ့စ် ပဲ... ဒီနယ်မြေက ငါ့မိသားစုရဲ့ နယ်မြေ... မင်း ငါ့ကို ထိခိုက်အောင်လုပ်ရင် ဒီနေရာကနေ ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး...”
ဒေါ့စ် ခြိမ်းခြောက်လိုက်သည်။
“အဲလိုလား။ ငါလည်း ကြည့်ချင်ပါသေးတယ်...”
မုန့်ချန်ချင်း ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ နတ်ဆိုးချီတွေ ငါ့ကို ပေးလိုက်ဦး...”
“ဟားဟားဟား... မင်းက ငါ့ရဲ့နတ်ဆိုးချီတွေကို လိုချင်တာလား... လူသား, မင်း တကယ့်ကို အိပ်မက်ယဉ်နေတာပဲ... ငါ မပေးချင်ရင် မင်း လုယူနိုင်ပါ့မလား...”
ဒေါ့စ် လှောင်ပြောင်လိုက်ပြီး သူ၏အရှိန်အဝါက မတည်မငြိမ်ဖြစ်လာကာ အလိုအလျောက် ပေါက်ကွဲတော့မည့်အလား ဖြစ်သွားခဲ့သည်။
“ကြည့်ကြသေးတာပေါ့...”
မုန့်ချန်ချင်း ပြန်လည်ဖြေကြားရင်း သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။
ထိုအခါ အတိုင်းအဆမရှိသော နတ်ဆိုးချီများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏လက်ဖဝါးထဲမှ မည်းနက်သော သံကြိုးများ ထွက်ပေါ်လာကာ ဒေါ့စ်ကို ထိုးဖောက်ချိပ်ပိတ်ပြီး တုပ်နှောင်ထားလိုက်တော့သည်။
“ဘာဖြစ်တာလဲ...”
ဒေါ့စ် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
သူ၏ စွမ်းအားတွေကို မထိန်းချုပ်နိုင်တော့ဘဲ အလိုအလျောက် ပေါက်ကွဲရန်ပင် မတတ်နိုင်တော့ချေ။
သူ့ကို ပို၍တုန်လှုပ်သွားစေသည့်အရာမှာ ဤလူသားက သန့်စင်ပြီး မကောင်းသော စိတ်ခံစားချက်များ ကင်းစင်သည့် နတ်ဆိုးချီများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
“မင်း ဘယ်သူလဲ...”
ဒေါ့စ် အော်ဟစ်လိုက်သည်။
“သေတော့မယ့် နတ်ဆိုးတစ်ကောင်က ဒီလောက်အထိ သိဖို့မလိုဘူးလေ... ငါ့ရဲ့ အစာ ဖြစ်လာလိုက်...”
မုန့်ချန်ချင်း အကြည့်များ အေးစက်သွားပြီး လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။
သံကြိုးများထံမှ မည်းနက်သော မီးတောက်များ တောက်လောင်လာခဲ့ရာ အပူချိန်နိမ့်သော်လည်း အလွန်တရာ ပြင်းထန်လှသဖြင့် ဒေါ့စ်၏ အသားများကို ချက်ချင်းပင် အရည်ပျော်သွားစေခဲ့ပြီး ဝိညာဥ်သာ ကျန်ရှိတော့သည်။
“မဖြစ်နိုင်တာ...”
ဒေါ့စ် ရုန်းကန်သော်လည်း သံကြိုးများက သူ၏ဝိညာဥ်ကို ဆက်လက်လောင်ကျွမ်းနေခဲ့သည်။
“ဒါက... ဒါက နတ်ဆိုးနှိမ်နင်းရေး စွမ်းအားပဲ... မင်းက ရှေးဟောင်းနတ်ဆိုးဂိုဏ်းရဲ့ ပျောက်ဆုံးသွားတဲ့ နည်းစနစ်ကို သိနေတယ်...”
“အမြင်မဆိုးဘူး...”
မုန့်ချန်ချင်း ဆံပင်များ နတ်ဆိုးချီများထဲတွင် လွင့်ပျံနေခဲ့ပြီး သူ၏အမူအရာက အေးစက်လှရာ လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါများကို ထွက်ပေါ်နေခဲ့သည်။
“လူသား... မင်း သေရမယ်... နတ်ဆိုးဘုရင်တွေက မင်းကို ချန်ထားမှာ မဟုတ်ဘူး... အဆုံးမရှိတဲ့ လိုက်လံသတ်ဖြတ်မှုတွေက မင်းကို စောင့်ကြိုနေတယ်... မင်းရဲ့ အဆုံးသတ်က ငါ့ထက် အဆပေါင်းများစွာ ပိုပြီး ဆိုးရွားလိမ့်မယ်...”
ဒေါ့စ် အဆိပ်ပြင်းစွာ ကျိန်ဆဲလိုက်သည်။
“နားညီးလိုက်တာ...”
မုန့်ချန်ချင်း အေးစက်စွာ ပြောလိုက်သည်။
မီးတောက်များ တဟုန်ထိုး တောက်လောင်လာပြီး ဒေါ့စ်ကို အပြည့်အဝ ဝါမျိုသွားကာ အနက်ရောင်မြူတစ်မျှင်သာ ကျန်တော့၏။
ထိုအနက်ရောင်မြူမှာ အလွန်တောက်ပပြီး တစ်ချက်ကြည့်ရုံဖြင့် များပြားသည့်ဝိညာဥ်စွမ်းအားတွေကို ခံစားနိုင်တာပဲဖြစ်သည်။
“နတ်ဆိုးချီ...”
မုန့်ချန်ချင်း ၎င်းကိုလက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်သည်။