← Chapters

အခန်း ၆၄၆

Vol. 44 Ch. 646

အခန်း ၆၄၆

Vol. 44 Ch. 646

အခန်း (၆၄၆) ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအား အဆင့်တက်ခြင်းနှင့် ကြီးမားသော လျှို့ဝှက်ချက်

ယဲ့ဖုန်း၏ အရှိန်အဝါသည် တစ်လောကလုံးကို တုန်လှုပ်စေ၏။ သူသည် တိုက်ပွဲနယ်မြေ (၇)၊ (၈) နှင့် (၉) တို့မှ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအားများကို

ဝါးမြိုလိုက်သည်။ သူ၏ စွမ်းအားသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

ယဲ့ဖုန်း စိတ်အာရုံ လွှတ်လိုက်သည်။

ရွှေရောင်လက်ဝါးကြီး ပေါ်လာ၏။

တံဆိပ်တုံးကို ရိုက်ချလိုက်သည်။

“ဂျွတ်”

တံဆိပ်တုံး ကြေမွသွားသည်။

၎င်းက ပိုင်ရှင်ထံ လွင့်စင်သွားတော့၏။

“ဟင် ... ”

ဟင်းလင်းပြင်ဖြိုခွဲအဆင့် အမြင့်ပိုင်း ပညာရှင်သည် အံ့ဩသွားသည်။ သူသည် အဆင့် (၇) တွင် ရှိနေသော်လည်း သူ၏ တိုက်ကွက်မှာ ဤလူငယ်ကို မယှဉ်နိုင်ပါလား။

“ခင်ဗျား တော်တော် သန်မာတာပဲ.. ခင်ဗျား ဘယ်သူလဲ”

ထိုသူက ကျယ်လောင်စွာ မေးမြန်းလိုက်၏။ ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲအတွင်းရှိ အရှိန်အဝါများ တိုးလာသည်ကိုသာ အာရုံစိုက်နေသည်။

ယဲ့ဖုန်းသည် မေးခွန်းများကို လျစ်လျူရှုကာ ဝိညာဉ်စွမ်းအားများကိုသာ အဆက်မပြတ် စုပ်ယူနေ၏။ ရှေးဦးစွာ ဤစွမ်းအားများကို ရယူထားမှသာ သူ..စိတ်အေးရမည် ဖြစ်သည်။ ဝိညာဉ်တည်ငြိမ်မျိုးဆက်သစ်ပင်ကြီးကိုမူ နောက်မှ ဖြေရှင်း၍ ရပေ၏။

“ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့.. သေလိုက်တော့”

အဆင့် (၇) ပညာရှင်သည် ဒေါသထွက်သွားသည်။ သူ ဟိန်းဟောက်လိုက်၏။ တဆက်တည်း၌ ကိုယ်ခန္ဓာသည် မီတာ ရာချီ ကြီးထွားလာကာ ကောင်းကင်ကို ထောက်ထားသော တိုင်လုံးကြီးပမာ ရှိသည်။ သူ၏ မျက်ခုံးကြားရှိ နေရာလွတ်တွင် ထူးဆန်းသော မျက်လုံးဖြူတစ်လုံး ပေါ်လာ၏။

“ဝါးမြိုခြင်းမျက်လုံး”

သူက ထိုသို့ မန္တန်ရွတ်လိုက်သည်။ ထိုအခိုက်အတန့်၌ ထိုမျက်လုံးသည် ဝဲဂယက်တစ်ခုပမာ ဖြစ်သွား၏။ ကြောက်မက်ဖွယ် ကောင်းသော ဝါးမြိုခြင်းစွမ်းအားများ ထွက်ပေါ်လာလေသည်။

ယဲ့ဖုန်းသည် မမြင်ရသော ဆွဲငင်အား တစ်ခုကြောင့် ထိုမျက်လုံးဖြူဆီသို့ လွင့်ပါသွားတော့၏။ သူသည် ထိုမျက်လုံးအတွင်း၌ ကြီးမားသော အန္တရာယ်ရှိနေကြောင်း အာရုံခံမိလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ”

ယဲ့ဖုန်း နောက်ဆုံးတွင် စကားဆိုလိုက်၏။

မူလက သူသည် ဤဘီလူးကြီးကို အဖက်မလုပ်လိုသော်လည်း တစ်ဖက်လူက သေတွင်းထဲသို့ အတင်းတိုးဝင်နေသဖြင့် သူ လက်တုံ့ပြန်ရတော့မည် ဖြစ်၏။

“ဝိညာဉ်အာရုံပင်လယ် ... အေးခဲစေ”

ယဲ့ဖုန်းသည် သူကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလိုက်သည်။ ဤသည်မှာ ကိုးထပ် ကောင်းကင် နတ်ဘုရား ကျင့်စဉ်ကို တွက်ချက်စဉ်က ဖန်တီးခဲ့ခြင်း ဖြစ်၏။ အားကောင်းသော ဝိညာဉ်အာရုံကို အချိန်ဝင်္ကပါနှင့် ပေါင်းစပ်ကာ လောကရှိ အရာအားလုံးကို ရပ်တန့်စေခြင်း ဖြစ်သည်။

သုံးမျက်လုံးဘီလူးကြီး ရုတ်တရက် မလှုပ်နိုင်တော့ပေ။

သုံးမျက်လုံးဘီလူးကြီး၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ

ဝါးမြိုခြင်းစွမ်းအားများ ပျက်ပြယ်ကုန်၏။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းက အခွင့်အရေးကို ယူလိုက်သည်။

နောက်ဆုံး ဝိညာဉ်စွမ်းအားများကို ဝါးမြိုလိုက်၏။

သူ အောင်မြင်စွာ အဆင့်တက်သွားသည်။

ဟင်းလင်းပြင်ဖြိုခွဲအဆင့် အဋ္ဌမအလွှာသို့ ရောက်ရှိသွား၏။

“ခင်ဗျား ... ကျုပ်နာမည်ကို ဘယ်လိုသိတာလဲ”

အော့တိုသည် ယဲ့ဖုန်း၏ တီးတိုးရေရွတ်သံကို ကြားကာ ထိတ်လန့်သွားသည်။

“ခင်ဗျား ဘယ်သူလဲ..နတ်လူသားလား၊ ဝိညာဉ်ဝါးမြိုမျိုးနွယ်လား”

သူသည် ယဲ့ဖုန်းကို ကြည့်ကာ တုန်လှုပ်နေ၏။

“ခင်ဗျား သိဖို့ မလိုပါဘူး”

စကား အဆုံး၌ ယဲ့ဖုန်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

အော့တို အပိုင်းပိုင်း ပြတ်သွားသည်။

ဝိညာဉ်ပုလဲက သူ့အား ဝါးမြိုပစ်လိုက်၏။

မူလအနှစ်သာရ အမြုတေ ဖြစ်သွားသည်။

မျက်လုံးဖြူတစ်လုံး ကျန်ရစ်၏။

ယဲ့ဖုန်း သိမ်းဆည်းလိုက်သည်။

ယဲ့ဖုန်းသည် ကောင်းကင်ယံကို မော့ကြည့်သည်။ ထိုနေရာတွင် အက်ကြောင်း တစ်ခု ရှိနေ၏။ သုံးမျက်လုံးဘီလူးများသည် ဟင်းလင်းပြင်စွမ်းရည်ကို အသုံးပြုကာ ထိုအက်ကြောင်းမှတစ်ဆင့် ဝိညာဉ်တည်ငြိမ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်တည်ငြိမ်မျိုးဆက်သစ်ပင်ကြီးကို ဖိနှိပ်ကာ ကမ္ဘာအသီးသီးသို့ မျိုးစေ့များကို ဖြန့်ကျက်ထားကြ၏။ ထိုမျိုးစေ့များမှာ ဟင်းလင်းပြင်

လမ်းညွှန်အမှတ်အသားများ ဖြစ်ကြသည်။

ယဲ့ဖုန်းသည် လေဓာတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ အနာဂတ်ကို တွက်ချက်ကြည့်လိုက်သည်။

ထိုအခါ.. သူ၏ မျက်နှာသည် တည်ကြည်လေးနက်သွား၏။

“အာ ... ”

“သဲကန္တာရလွင်ပြင်က မျိုးစေ့တွေက ဒီဘီလူးတွေ ချထားခဲ့တဲ့ အမှတ်အသားတွေပဲ.. အခုဆိုရင် အဲ့ဒီမှာ အမှတ်အသားတွေ ပြည့်စုံသွားပြီ။ နေရာရွှေ့ပြောင်းခြင်းတံခါး ပွင့်တော့မယ်”

“သဲကန္တာရလွင်ပြင်ကတော့ အန္တရာယ် ကြုံရတော့မှာပဲ”

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲမှတစ်ဆင့် သဲကန္တာရလွင်ပြင်၏ မြင်ကွင်းကို စစ်ဆေးကြည့်လိုက်သည်။

လျှို့ဝှက်နယ်မြေအတွင်း၌ ယန်ရူယွီသည် အသီးများကို ဆွတ်ခူးနေ၏။ ထိုအခိုက်အတန့်တွင် အသီးခွံများမှာ တစ်ခုပြီးတစ်ခု လင်းထိန်လာတော့သည်။ တပည့်များ အားလုံး ထိုထူးခြားမှုကို သတိပြုမိသွားကြ၏။

ထိုစဉ်.. အသီးခွံများ ကွဲအက်ကုန်သည်။

ဝိညာဉ်တည်ငြိမ်အသီးများ မြေပေါ်သို့ ကျသွား၏။

အသီးခွံများက ကောင်းကင်သို့ ပျံတက်နေကြသည်။

ကြယ်စင်များပမာ တောက်ပကုန်၏။

အလင်းတန်းများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည်။

ဧရာမ မျက်လုံးကြီးတစ်ခု ဖြစ်ပေါ်လာ၏။

နေရာရွှေ့ပြောင်းခြင်းတံခါး ပွင့်သွား၏။

ထိုတံခါးကြီးအတွင်းမှ မီတာ ရာချီ မြင့်သော သုံးမျက်လုံးဘီလူးကြီး

တစ်ကောင်နှင့် နောက်လိုက် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ရက်စက်သော အပြုံးများဖြင့် အောက်ဘက်ရှိ လူများကို ကြည့်နေကြ၏။

“ဟားဟား”

“နောက်ထပ် တံခါးတစ်ခု ပွင့်ပြီဟေ့..ညီအစ်ကိုတို့ ... အကုန်သတ်ပစ်ကြ.. တစ်ယောက်မှ အသက်မချန်နဲ့ ... သတ်”

သုံးမျက်လုံးဘီလူးများသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ၎င်းတို့၏ အရှိန်အဝါသည် တစ်နယ်မြေလုံးကို ဖိနှိပ်ထား၏။ ဦးဆောင်လာသူမှာ အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် ဖြစ်ပြီး ကျန်သူများမှာလည်း မူလနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် အခါ ယဲ့ဖုန်း၏ မျက်နှာသည် အလွန်အမင်း တည်ကြည်အေးစက်သွားလေ၏။

“ငါ့တပည့်တွေကို ရန်စရဲတယ်ပေါ့..

သေချင်နေကြတာပဲ”

--

All Chapters