အခန်း ၆၄၇
Vol. 44 Ch. 647
အခန်း (၆၄၇) သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်နှင့် နယ်ပယ်ကျော် လက်ဝါးချက်ဖြင့် ချေမှုန်းခြင်း
ဂိုဏ်းဝင် တပည့်များသည် ယဲ့ဖုန်း၏ အင်အားအစစ်အမှန်များ ဖြစ်ကြသည်။ သူတို့ကို ထိခိုက်စေရန် ကြံစည်သူမှန်သမျှမှာ ယဲ့ဖုန်း၏ အမျက်ဒေါသကို ခံယူရမည် ဖြစ်သည်။ ယဲ့ဖုန်း၏ မျက်နှာမှာ အေးစက်သွားတော့သည်။
သူက ညာဘက်လက်ကို ဆန့်လိုက်သည်။
ယဲ့ဖုန်း၏ လက်မောင်းမှာ ရွှေရောင် ဟင်းလင်းပြင် ဝင်္ကပါများဖြင့် ဖုံးလွှမ်းသွား၏။
တဆက်တည်း၌ သူက ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သည်။
တစ်ချိန်တည်းမှာပင် သဲကန္တာရလွင်ပြင် လျှို့ဝှက်နယ်မြေအတွင်း၌၊
သုံးမျက်လုံး ဘီလူးများမှာ ရက်စက်သော အပြုံးများဖြင့် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ကြည့်နေကြလေ၏။
“ဒီလူတွေကို အရင်သတ်မယ် ... ပြီးရင် အပြင်ထွက်ပြီး ဒီကမ္ဘာက ဘယ်ကမ္ဘာနဲ့ ဆက်နေလဲဆိုတာ သွားကြည့်ကြမယ် ”
အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ်က လှောင်ပြောင်လိုက်သည်။
“နားလည်ပါပြီ ”
မူလနတ်ဘုရားအဆင့်ရှိ သုံးမျက်လုံး ဘီလူး ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။ သူတို့ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် အရှိန်အဝါများမှာ လျှို့ဝှက်နယ်မြေ၏ မြေပြင်ကို ဖျက်ဆီးပစ်တော့မည့်အလား ရှိနေတော့သည်။
“ငါတို့ အစွမ်းကုန် တိုက်ထုတ်ကြမယ် ”
ဟိုယွင်ကျဲသည် အသေခံရန် အဆင်သင့် ဖြစ်နေသည်။ သူသည် သူ၏ ခွန်အားအားလုံးကို ထုတ်သုံးလိုက်သည့်အခါ တောက်ပသော ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာ၏။
“အဆုံးမဲ့ ဓားရိပ်များ ”
မိုယင်သည်လည်း ရဲဝံ့စွာ ခုခံသည်။
“အစစ်အမှန်နဂါးအသွင် ”
လုံထျန်းရှင်းသည်လည်း ချက်ချင်းပင် အသွင်ပြောင်းလိုက်သည်။ ချောင်ကျားရှီး၊ ရှီလေ့၊ ရွှီတာလေ့၊ မူစီစီ၊ ယန်ရူယွီ၊ ကျီဇီလင်းနှင့် အခြားတပည့်များမှာလည်း အနောက်သို့ ဆုတ်မသွားကြပေ။
လူတိုင်းက အစွမ်းကုန် တိုက်ခိုက်ကြသည်။ ထိုသို့မဟုတ်ဘဲ တောင်မင်နိုင်ငံမှ တင်းချန်နှင့် အခြားမြို့စားများမှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့မှာ မလှုပ်နိုင်တော့ဘဲ ကြောက်ရွံ့စွာ ရပ်နေကြရရှာသည်။
“ကလေးကလား အကွက်တွေပါလား ”
အဆင့်မြင့် မူလနတ်ဘုရားအဆင့်ရှိ သုံးမျက်လုံး ဘီလူးတစ်ကောင်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ သူ၏ အသံနှင့်အတူ လူတိုင်း၏ မန္တန်လှိုင်းများမှာ ချက်ချင်းပင် ကြေမွသွားတော့၏။
“ကွာဟချက်က ကြီးမားလွန်းတယ် ”
“ငါတို့ သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး ”
“ငါ တော်တော် မကျေနပ်ဘူးကွာ ”
တပည့်များသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများအတွင်းဝယ် အားကိုးရာမဲ့သည့် ခံစားချက်များ ပြည့်နှက်နေတော့၏။
“ဟားဟား ... ပုရွက်ဆိတ်တစ်အုပ်ပဲ ... မင်းတို့ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ဘာထူးမှာလဲ ... အလကား အားစိုက်ထုတ်မှုပဲ ... တကယ့်ကို နုံအလွန်းတာဟ ”
နတ်ဆိုးဧကရာဇ်က လှောင်ပြောင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဖြစ်သည်။ ကောင်းကင်ယံကြီးသည် ဆွဲဖြဲခြင်း ခံလိုက်ရသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော ဧရာမ လက်ဝါးကြီးတစ်ခု ဆင်းသက်လာတော့သည်။ ၎င်းတွင် မှန်းဆ၍မရနိုင်သော ကြောက်မက်ဖွယ် အဟုန်များ ပါဝင်နေ၏။ ရုတ်တရက် လက်ဝါးကြီးသည် သုံးမျက်လုံး ဘီလူးအုပ်စုဆီသို့ ရိုက်ချလိုက်သည်။
ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်သွားသည်။
ကောင်းကင်တစ်ခုလုံး တောင့်တင်းသွား၏။
နတ်ဆိုးဧကရာဇ်သည်ပင် မလှုပ်နိုင်တော့ပေ။
လက်ဝါးကြီးက သူ့ကို အုပ်မိုးလိုက်သည်။
သုံးမျက်လုံး ဘီလူးများလည်း တစ်စစီ ပျောက်ကွယ်ကုန်သည်။
၎င်းတို့က ရွှေရောင် ရတနာပုလဲအဖြစ် ပြောင်းလဲသွားခြင်းပင်။
ခေတ္တအကြာတွင် ဟင်းလင်းပြင်အတွင်းမှ ယဲ့ဖုန်း၏ အာဏာပါသော အသံသည် ဟိန်းထွက်လာတော့၏။
“အဆင့်နိမ့် နတ်ဆိုးဧကရာဇ် တစ်ကောင်ကများ ငါ့ရှေ့မှာ လာရဲတင်းနေတယ်.. သေလိုက်တော့ ”
ဆရာ့အသံကို ကြားရသောအခါ တပည့်များအားလုံး
စိတ်လှုပ်ရှားသွားကြသည်။
ရုတ်တရက် နောက်ထပ် လက်ဝါးချက်တစ်ခု ထပ်မံ ကျဆင်းလာပြန်သည်။ ဟင်းလင်းပြင် တံခါးကြီးမှာ အပိုင်းပိုင်း ပြတ်သွား၏။ အက်ကြောင်းမှာ တဖြည်းဖြည်း ပြန်လည် ပိတ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
“မင်းတို့ ဆက်လုပ်ကြတော့ ”
ယဲ့ဖုန်း၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားသည်။
တပည့်များမှာမူ ကြည်ညိုလေးစားသော အကြည့်များဖြင့်သာ ကျန်ရစ်ခဲ့ကြသည်။
ဝိညာဉ်တည်ငြိမ် နယ်မြေ၏ ကိုးခုမြောက် တိုက်ပွဲနယ်မြေတွင် ဖြစ်၏။
ယဲ့ဖုန်းသည် သူ၏ လက်ကို ပြန်ရုပ်လိုက်သည်။ သူ၏ လက်ဝါးပေါ်တွင် နတ်ဆိုးဧကရာဇ်အဆင့် မူလအနှစ်သာရ အမြုတေ ရှိနေသည်။ အထဲတွင် သုံးမျက်လုံး ဘီလူးများ၏ ဟင်းလင်းပြင် မျက်လုံး ဒါဇင်ပေါင်းများစွာ ချိပ်ပိတ်၍ ပါရှိနေ၏။
၎င်းအား ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် တစ်ခု ပေါ်လာ၏။
“မဆိုးဘူးပဲ ”
သူသည် အမြုတေကို သိမ်းလိုက်သည်။ အဝေးမှ ပေပေါင်း သန်းချီ မြင့်မားသော ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။
“မိတ်ဆွေ ... ကျွန်တော့်ကို ... ကျွန်တော့်ကို ကယ်ပါဦး ”
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးက ယဲ့ဖုန်းထံသို့ အသနားခံလိုက်သည်။
၎င်းသည် ယဲ့ဖုန်း၏ ခွန်အားကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်၏။ အော့တိုကို တစ်ကွက်တည်းနှင့် ဖမ်းချုပ်ကာ အလွယ်တကူ သတ်ဖြတ်နိုင်သလို နယ်မြေများကို ဖြတ်ကျော်၍ နတ်ဆိုးဧကရာဇ်ကို ခြေမှုန်းနိုင်သည့် စွမ်းအားမှာ ကြောက်စရာ ကောင်းလှသည်။
“ငါက မင်းကို ဘာလို့ ကူညီရမှာလဲ ”
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေး မေးလိုက်၏။ သူသည် အနာဂတ်ကို တွက်ချက်ထားပြီး ဖြစ်သဖြင့် ဤသစ်ပင်ကြီးမှာ အန္တရာယ်မရှိကြောင်း သိရှိထားသည်။ သို့သော် သစ်ပင်ကြီးက သူ့ကို ဘာပေးနိုင်မလဲဆိုသည်ကို ယဲ့ဖုန်း သိလိုနေခြင်းပါပင်။
“ကျွန်တော့်ကို ကယ်ရင် တစ်သက်လုံး ခင်ဗျားဆီမှာ အမှုထမ်းပါ့မယ် ... ကျွန်တော်က ဒီကမ္ဘာရဲ့ ကမ္ဘာဦးသစ်ပင်ပါ.. ခင်ဗျား ကျွန်တော့်ကို ခေါ်သွားရင် ဝိညာဉ်တည်ငြိမ် အသီးတွေကို အမြဲ ထုတ်ပေးနိုင်ပါတယ်.. ဒါက ခင်ဗျားရဲ့ နောက်လိုက်တွေ အတွက် အကျိုးရှိစေမှာပါ ”
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးသည် မိမိကိုယ်မိမိ အစွမ်းကုန် ရောင်းချလိုက်တော့သည်။ သူသည် ဖိနှိပ်ခံထားရသော ဘဝကို ငြီးငွေ့နေပြီ ဖြစ်၏။
ယဲ့ဖုန်းမှာ ဤနယ်မြေကို စီမံနေသည့် နယ်မြေအရှင်သခင် ဖြစ်ကြောင်းလည်း သူ သိရှိပါသည်။
“ကောင်းပြီလေ”
ယဲ့ဖုန်း သဘောတူလိုက်သည်။ ဤသစ်ပင်ကြီးမှာ အဆင့်မြင့် နတ်ဆိုးဧကရာဇ် တစ်ဦး မဟုတ်ပါလော။
အကယ်၍ ၎င်းသာ မြူခိုးဂိုဏ်းသို့ ဝင်လာပါက ယဲ့ဖုန်း၏ ရုပ်ခန္ဓာခွန်အားမှာ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိ ပညာရှင် တစ်ဦးစာ ထပ်မံ တိုးတက်လာပေလိမ့်မည်။ ထို့ပြင် ဝိညာဉ်တည်ငြိမ်အသီးများမှာ တပည့်များ အဆင့်တက်ရန်အတွက် အလွန် အဖိုးတန်လှပေသည်။
“ဟွန်း ... မင်းကို ကယ်မယ် ဟုတ်လား ... ဒီနေ့ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး ”278476-34267278476-34267
သစ်ပင်ကြီး၏ ထိပ်ရှိ ကျွန်းပေါ်မှ အေးစက်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
တဆက်တည်း၌ ပုံရိပ်ပေါင်း ရာချီ ပြေးထွက်လာကြ၏။ ရှေ့ဆုံးမှ ငါးဦးမှာ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များ ဖြစ်ကြသည်။ အနောက်မှ ရာဂဏန်းရှိသော သူများမှာလည်း အနည်းဆုံး မူလနတ်ဘုရားအဆင့်များ ဖြစ်ကြ၏။ အားလုံးမှာ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်များ ဖြစ်ကြသည်။
သူတို့ထဲတွင် အစွမ်းအထက်ဆုံးသူမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသူသည် ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်တို့နှင့် တန်းတူ ခွန်အား ရှိသော ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်၏။
“မင်းက အော့တိုကို တစ်ချက်တည်းနဲ့ သတ်နိုင်တာဆိုတော့ လူသားမျိုးနွယ်က ကောင်းကင်ဧကရာဇ် အဆင့်ရှိတဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ရမယ် ... ခွန်အားကတော့ ချီးကျူးစရာပဲ ... ဒါပေမဲ့ ငါ့ရှေ့မှာတော့ မင်း ရုန်းကန်နိုင်မှာ မဟုတ်ဘူး ”
သုံးမျက်လုံး ဘီလူး ကောင်းကင်ဧကရာဇ်က လှောင်ပြောင်လိုက်သည်။
“အဲဒီလိုလား ”
ယဲ့ဖုန်း ခပ်ရေးရေးသာ ပြုံးလိုက်၏။
ကောင်းကင်ဧကရာဇ် တစ်ဦးက သူ့ရှေ့မှာ လာပြီး မောက်မာနေခြင်းမှာ တကယ့်ကို ရယ်စရာ ကောင်းလှပေသည်။
“သူနဲ့ စကားအများကြီး ပြောမနေနဲ့ ... အရင်ဆုံး ဖမ်းဆုပ်ပြီး သူ့နောက်ခံကို သေချာ စစ်မေးရမယ် ”
“ငါတို့ မျိုးနွယ်ရဲ့ အစီအစဉ်က အမှားခံလို့ မရဘူး ... ဒီလူ ဘယ်ကလာတာပဲ ဖြစ်ဖြစ် အသက်ရှင်လျက် ပြန်မလွှတ်နိုင်ဘူး ”
“ဟင်းလင်းပြင် မျက်လုံး ... ဝါးမြိုစမ်း”
“ဝါးမြိုခြင်းမျက်လုံး ”
အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိ အကြီးအကဲ ငါးဦးစလုံး တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။
သူတို့သည် ဧရာမ ဘီလူးအသွင်များသို့ ပြောင်းလဲလိုက်ကြ၏။ သူတို့၏ မျက်ခုံး နှစ်ခု ကြားရှိ တတိယ မျက်လုံးများမှာ ဝင်းလက်လာသည်။ ၎င်းက ဝဲဂယက်ကြီး ငါးခုပမာ ဖြစ်သွားပြီး ယဲ့ဖုန်းကို ဝါးမြိုရန် ကြိုးစားတော့သည်။
“ခင်ဗျားတို့ ငါးယောက်ပေါင်းရင် ကျုပ်ကို ဖိနှိပ်နိုင်မယ်လို့ တကယ် ထင်နေတာလား”
ယဲ့ဖုန်း အသာ ရယ်လိုက်၏။
ထို့နောက် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ့အနောက်တွင် ရှေးဟောင်း နတ်ဘုရားပုံရိပ်ကြီး ပေါ်လာ၏။
ပေပေါင်း သောင်းချီ မြင့်မားလှသည်။
ယဲ့ဖုန်း လက်သီးအားလှိုင်း တစ်ခု ပစ်သွင်းလိုက်သည်။
ပြင်းထန်သော ဆွဲငင်အား လှိုင်းများ ထွက်ပေါ်လာ၏။
ဘီလူးကြီးများ၏ ဟင်းလင်းပြင်စွမ်းအားများ တွန့်လိမ်ကုန်သည်။
ဝင်္ကပါများ တစ်စစီ ပျက်စီးကုန်၏။
ယဲ့ဖုန်း လက်သီးများ ဆက်တိုက် ရောက်လာသည်။
ထိုအခါ၊ အကြီးအကဲ ငါးဦး တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။ ရွှေရောင် ဝိညာဉ်အာရုံ စွမ်းအားများနှင့် သတ်ဖြတ်ခြင်းဓားတို့ ပေါင်းစပ်သွားကာ သူတို့၏ မူလဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ငါးဦးစလုံး သေဆုံးကုန်တော့သည်။ ကျန်ရှိနေသော သုံးမျက်လုံး ဘီလူးများမှာမူ ထိုနေရာ၌ပင် ကျောက်ရုပ်များပမာ မှင်တက်ကာ ကျန်ရစ်ခဲ့ကြလေတော့၏။
--