← Chapters

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း (၆၄၈) ဟင်းလင်းပြင်စွမ်းအား၊ မျိုးဆက်သစ်ပင်ကြီးအား သိမ်းသွင်းခြင်းနှင့် တပိုင်း အဆင့် သူတော်စင် ဆင်းသက်လာခြင်း

ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာလည်း အံ့အားသင့်လျက် ရှိသည်။

ယဲ့ဖုန်းသည် အဝေးမှနေ၍ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဘိုးဘေးများကို ခြေမှုန်းနိုင်ရုံသာမက အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကိုပါ သတ်နိုင်ခဲ့၍ အစွမ်းထက်လှသည်ကို ၎င်း သိရှိ၏။ သို့သော် ယဲ့ဖုန်းသည် ကောင်းကင်ဧကရာဇ်အဆင့်ရှိသော အကြီးအကဲ တစ်ဦးအပါအဝင် သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်မှ အကြီးအကဲ ငါးဦးစလုံးကို တစ်ကွက်တည်းနှင့် အမှုန့်လုပ်ပစ်လိုက်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ကောင်းကင်ဧကရာဇ် အဆင့်လေးလောက်နဲ့ ငါ့ကို ယှဉ်ချင်နေတာလား ”

ယဲ့ဖုန်းသည် နှာမှုတ်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

သာမန် ကောင်းကင်ဧကရာဇ်များကို သူ လုံးဝ အရေးမစိုက်ပေ။ ရုပ်ခန္ဓာခွန်အား တစ်မျိုးတည်းနှင့်ပင် ပြတ်ပြတ်သားသား ဖိနှိပ်နိုင်စွမ်း ရှိသည်။ ရှောင်ချန်းထျန်းကဲ့သို့ ထိပ်တန်း ကောင်းကင်ဧကရာဇ်နှင့် ရင်ဆိုင်ရမှသာ မူလချီ အခြေအနေကို ထုတ်သုံးရန် ထိုက်တန်မည် ဖြစ်၏။ အကယ်၍ တပိုင်း အဆင့် သူတော်စင်နှင့် တွေ့ကြုံရပါက မူလအနှစ်သာရကို ဆယ်ဆ တိုးမြှင့်သည့် အခြေအနေသို့ ဝင်ရောက်ရန်လည်း ဝန်လေးမည် မဟုတ်ပေ။

ဒါတောင်မှ မူလအနှစ်သာရ ဆယ်ဆ တိုးမြှင့်လိုက်လျှင် (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်၏ ခွန်အားကိုသာ ရရှိမည်ဟု သူ တွက်ဆထားသည်။ (၂) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဘယ်လောက်သန်မာလဲဆိုတာတော့ မသိသေးပေ။ တိုက်ကြည့်မှသာ သိမည် ဖြစ်၏။

“မင်းတို့လည်း သေကြတော့ ”

ယဲ့ဖုန်း ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သည့်အခါ

ရွှေရောင် သူရဲကောင်း ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

ဟာရီကိန်း မုန်တိုင်းကြီးပမာ တိုက်ခတ်သွားသည်။

မူလနတ်ဘုရားအဆင့် ဘီလူးများ ကိုယ်ခန္ဓာ ပြိုကွဲကုန်ကာ

မျက်လုံးများမှလွဲ၍ အရာအားလုံး အငွေ့ပျံသွားတော့သည်။

“စုစည်းမယ် ”

ယဲ့ဖုန်း လက်ဟန်များ ရေးဆွဲလိုက်သည်။

လေထဲရှိ စွမ်းအင်များကို စုစည်းလိုက်၏။

ဦးခေါင်းအရွယ်အစားရှိ မူလအနှစ်သာရ အမြုတေ ဖြစ်သွားသည်။

ဟင်းလင်းပြင် မျက်လုံးများကိုလည်း သိမ်းဆည်းလိုက်သည်။

ယခုအခါ ဝိညာဉ်တည်ငြိမ် နယ်မြေအတွင်း ကျန်ရှိနေသော သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူးမျိုးနွယ်ဝင် အားလုံး သေဆုံးသွားကြသွား၏။

ယဲ့ဖုန်းသည် မျိုးဆက်သစ်ပင်ကြီး၏ အထက်ရှိ ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းသွားသည်။ ထိုနေရာတွင် အဆောက်အအုံတချို့ ရှိသည်။ သို့သော် မည်သူမျှ မရှိတော့ပေ။ ရှေးဟောင်းသိုင်းကျမ်းများ၊ ဝိညာဉ်ရတနာများ၊ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်တည်ငြိမ်အသီးများကို တွေ့ရ၏။

“အကုန် ယူမယ် ”

ယဲ့ဖုန်းသည် အားလုံးကို စနစ်ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ကျွန်းပေါ်တွင် အလွန်ကြီးမားသော ဝင်္ကပါကြီးတစ်ခုကို သူ တွေ့လိုက်ရ၏။ ၎င်းမှာ ကြီးမားသော ခန်းမဆောင်ကြီး တစ်ခုဖြစ်သည်။

ခန်းမဆောင်ကြီး၏ အလယ်ဗဟို၌ ဦးခေါင်းအရွယ်အစားရှိသော မျက်လုံးဖြူကြီး တစ်လုံး ဝဲပျံနေသည်။ ၎င်းမှာ ကောင်းကင်ဧကရာဇ်အဆင့်ရှိသော ဘီလူးကြီး၏ ဟင်းလင်းပြင် မျက်လုံးဖြင့် သွန်းလုပ်ထားသည့် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။ ၎င်းသည် ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအားများကို ထုတ်လွှတ်ကာ မျိုးဆက်သစ်ပင်ကြီးကို ဖိနှိပ်ထားခြင်း ဖြစ်၏။

ယဲ့ဖုန်းသည် လက်ဝါးကို မျက်လုံးကြီးပေါ် တင်လိုက်သည်။ နံ့သာတိုင်တစ်ဝက်စာ အချိန်ကြာပြီးနောက်။

"ဂျွတ် ..."

မျက်လုံးကြီးမှာ အရောင်မှိန်သွားသည်။ အထဲရှိ ဟင်းလင်းပြင်စွမ်းအားများအားလုံးကို ယဲ့ဖုန်းက ဝါးမြိုလိုက်၏။ သူ၏ လက်ဝါးပေါ်တွင် ဖြူစင်သော လေစီးကြောင်းပမာ ဝဲပျံနေတော့သည်။

“တီ..တီ.. ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်..ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအားကို ရရှိလိုက်ပါပြီ။ ဒါကို 'ဟင်းလင်းပြင် သိုင်းကျမ်း' ရဲ့ ပထမအတွဲနဲ့ လဲလှယ်နိုင်ပါတယ် ”

စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

“ဟင် ... ဒါကို ဟင်းလင်းပြင် သိုင်းကျမ်းနဲ့ လဲလို့ ရတယ် လား ... ... ... ” ယဲ့ဖုန်း အံ့ဩသွားသည်။

“တီ..တီ.. ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁၀) ခု ရရင် ဟင်းလင်းပြင် သိုင်းကျမ်း ပထမအတွဲကို လဲလှယ်နိုင်မှာ ဖြစ်ပါတယ် ... ... ... ” စနစ်က ပြန်ဖြေသည်။

“ကောင်းပြီလေ ”

ယဲ့ဖုန်းသည် ထိုစွမ်းအားကို သိမ်းဆည်းလိုက်သည်။ အရေအတွက် ပြည့်မီပါက လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။

“လဲလှယ်တယ် ဆိုတော့ ... စနစ်မှာ စနစ်ဈေးကွက် မရှိဘူးလား ”

စနစ်က ပြန်မဖြေပေ။

'ဈေးကွက် မရှိဘူး ထင်တယ်.. ဒါဆိုရင် ငါကိုယ်တိုင် ဂိုဏ်းအတွက် ဈေးကွက်တစ်ခု ဖန်တီးရမယ်.. မဟုတ်ရင် တပည့်တွေ နေ့စဉ် ကျင့်ကြံဖို့ လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးမလဲ ... ... ... '

ယဲ့ဖုန်း စဉ်းစားနေမိသည်။

ဟင်းလင်းပြင် ဝင်္ကပါများ ပျက်စီးသွားသည်နှင့် မျိုးဆက်သစ်ပင်ကြီးမှာ ဖိနှိပ်ခံထားရသည့် ဒဏ်မှ လွတ်မြောက်သွား၏။ ၎င်းသည် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး အဆင့်မြင့် နတ်ဆိုးဧကရာဇ် တစ်ဦး၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်လာသည်။ သို့သော် ယဲ့ဖုန်း၏ ရှေ့တွင်မူ အလွန် ရိုသေကျိုးနွံလျက် ရှိသည်။

“ဟို ... ကျေးဇူးရှင်.. ဂျူနီယာက ခင်ဗျားရဲ့ နာမည်ကို မသိသေးလို့ပါ.. မေးခွင့်ပြုပါဦး ”

မျိုးဆက်သစ်ပင်ကြီးက တုံ့ဆိုင်းစွာ မေးမြန်းလိုက်၏။

“ကျွန်တော်က ရှန်ကျိုးတိုက်ကြီး တောင်ဘက်ပိုင်း၊ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်က မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းပဲ.. ကျွန်တော့်ကို ဂိုဏ်းချုပ်လို့ပဲ ခေါ်ပါ ... ... ... ” ယဲ့ဖုန်းက မိတ်ဆက်လိုက်သည်။

“ရှန်ကျိုးတိုက်ကြီးက စီနီယာကြီးကိုး.. ကျွန်တော် မသိနားမလည်တာကို ခွင့်လွှတ်ပါဗျာ။ စီနီယာ ... ကျွန်တော် ခင်ဗျားနောက်ကို တစ်သက်လုံး လိုက်ပါခွင့်ပြုပါ.. အခွင့်အရေး ပေးပါဦး ”

“စီနီယာတွေ ဂျူနီယာတွေ လုပ်မနေပါနဲ့။ ကျွန်တော့်ကို ဂိုဏ်းချုပ်လို့ပဲ ခေါ်စမ်းပါ ... ... ... ”

ယဲ့ဖုန်း အနည်းငယ် စကားဆွံ့အသွားသည်။ သောင်းနှင့်ချီသော နှစ်များစွာ ရှင်သန်ခဲ့သည့် သစ်ပင်ကြီးက အသက်နှစ်ဆယ်ကျော်အရွယ် သူ့ကို စီနီယာဟု ခေါ်နေသည်မှာ အနေရခက်လှပေသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ... ... ... ” မျိုးဆက်သစ်ပင်ကြီးက ချက်ချင်း ပြင်ခေါ်လိုက်၏။

“စနစ် ... ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို ဂိုဏ်းထဲ ခေါ်လို့ ရတယ် မဟုတ်လား ... ... ... ” ယဲ့ဖုန်းက စိတ်ထဲမှ မေးလိုက်သည်။

“တီ..တီ.. ရပါတယ်.. ရှေးဟောင်း ထင်းရှူးပင်လိုပဲ တောင်စောင့်ဝိညာဉ်သားရဲအဖြစ် လက်ခံဖို့ အကြံပြုပါတယ် ”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ သူသည် ဝိညာဉ်သားရဲဆောင်၏ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ သစ်ပင်ကြီးကို တောင်စောင့်ဝိညာဉ်သားရဲအဖြစ် လက်ခံလိုက်သည်။ ထို့နောက် ၎င်းကို ဂိုဏ်းစောင့်အကြီးအကဲ တစ်ဦးအဖြစ် ခန့်အပ်လိုက်ပါ၏။

“ကျွန်တော်တို့ မြူခိုးဂိုဏ်းမှာ ဂိုဏ်းစောင့်အကြီးအကဲ တစ်ယောက် ရှိနှင့်ပြီးသားပဲ.. ခင်ဗျားကတော့ ဒုတိယမြောက်ပေါ့ ... ... ... ”

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်ဗျာ ... ... ... ”

မျိုးဆက်သစ်ပင်ကြီးမှာ အလွန် ဝမ်းသာသွားသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ရသည့်အပြင် ဂိုဏ်းစောင့်အကြီးအကဲပါ ဖြစ်လာသဖြင့် သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေတော့သည်။

“ခင်ဗျားက ဒီနယ်မြေနဲ့ တစ်သားတည်း ဖြစ်နေတာဆိုတော့ ကျွန်တော်

နဲ့အတူ မြူခိုးဂိုဏ်းကို လိုက်နိုင်ပါ့မလား ”

“ရပါတယ်.. အချိန်နည်းနည်းတော့ ယူရပါမယ် ... ... ... ”

သစ်ပင်ကြီးက ခေါင်းညိတ်ပြသည်။ ပေပေါင်း သန်းချီ မြင့်မားနေသဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်နှင့် လေပြင်းများ တိုက်ခတ်သွား၏။

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ကြီးလွန်းလှသည်။ မြူခိုးဂိုဏ်းတွင် နေရာဆံ့မည် မဟုတ်ပေ။

“ဂိုဏ်းချုပ် စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ အစစ်အမှန် ကိုယ်က ပေတစ်သောင်းပဲ မြင့်တာပါ.. အခုက ဒီနယ်မြေရဲ့ စွမ်းအားကို ငှားသုံးပြီး ပုံရိပ်ယောင်ကို ဖော်ထားလို့ အဆတစ်ရာလောက် ပိုကြီးနေတာပါ ... ... ... ”

သစ်ပင်ကြီးက အမြန် ရှင်းပြသည်။ ထို့နောက် မြေအောက်သို့ ထိုးဝင်နေသော အမြစ်များကို ဖြတ်တောက်လိုက်သည်။ ၎င်း၏ အရွယ်အစားမှာ ကျွန်းကလေးနှင့်အတူ တဖြည်းဖြည်း သေးငယ်သွား၏။

ယဲ့ဖုန်းသည် သစ်ပင်ကြီးကို လက်ခံလိုက်သည့်အတွက် သူ၏ ရုပ်ခန္ဓာခွန်အားမှာလည်း တိုးတက်လာသည်ကို သတိပြုမိလိုက်သည်။

“ဟင် ”

“စနစ် ... ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ်အဆင့် ရောက်သွားရင် ဆက်ပြီး မတက်နိုင်တော့ဘူး ဆိုတာ ဟုတ်လား။ တပိုင်း အဆင့် သူတော်စင် ဖြစ်ဖို့ မူလချီ (၅) မျိုးကို ပေါင်းစပ်ဖို့ လိုတယ် မဟုတ်လား ”

“တီ..တီ.. ဂိုဏ်းချုပ်ရဲ့ ရုပ်ခန္ဓာခွန်အားမှာ အကန့်အသတ် မရှိပါဘူး။ တခြား စွမ်းအားတွေသာ ကောင်းကင်ဧကရာဇ်အဆင့် ရောက်သွားရင် 'ချီငါးပါး ပေါင်းစပ်ခြင်း' ကို သုံးပြီး သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ပါတယ် ... ... ... ” စနစ်က ပြန်ဖြေလာသည်။

ယဲ့ဖုန်း၏ အကြည့်များ စူးရှသွား၏။

ဆိုလိုသည်မှာ ရုပ်ခန္ဓာခွန်အား အကန့်အသတ်မရှိ တိုးတက်နိုင်သလို၊ မန္တန်စွမ်းအားများကိုလည်း သီးသန့် ပေါင်းစပ်ပြီး သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ပေသည်။ ပထမဆုံး 'ရုပ်ခန္ဓာ သူတော်စင်' ဖြစ်လာမည်။ ထို့နောက် သတ်ဖြတ်ခြင်းစွမ်းအား၊ သူရဲကောင်း ဝိညာဉ်စွမ်းအား၊ ဝိညာဉ်အာရုံ စွမ်းအား၊ ယုံကြည်မှု စွမ်းအားနှင့် အသစ်ရထားသော ဟင်းလင်းပြင် စွမ်းအားတို့ကို ပေါင်းစပ်ကာ 'မန္တန် သူတော်စင်' ဖြစ်လာမည်။ ထိုအခါမှသာ အစစ်အမှန် 'ရုပ်ခန္ဓာနှင့် မန္တန် နှစ်မျိုးစလုံး သူတော်စင်အဆင့်' သို့ ရောက်ရှိမည် ဖြစ်သည်။

“တကယ့်ကို လန်းတာပဲ ... ... ... ” ယဲ့ဖုန်း အားရပါးရ ပြုံးလိုက်သည်။ သူသည် အနာဂတ်အတွက် လမ်းစဉ် ရှင်းလင်းသွား၏။

*

နှစ်ရက် ကြာသောအခါ။

မျိုးဆက်သစ်ပင်ကြီးသည် နယ်မြေနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ပြီး ပေပေါင်း တစ်သောင်းမြင့်သည့် နွယ်ပင်များ ဖုံးလွှမ်းနေသော သစ်ပင်ဘီလူးကြီး အသွင်သို့ ပြောင်းလဲသွားသည်။ ဦးခေါင်းပေါ်တွင် ပေတစ်ထောင်ကျယ်သော ကျွန်းကလေး ဝဲပျံနေသည်။

“ဂိုဏ်းချုပ် ... ဒီတပည့် ထွက်ခွာဖို့ အသင့်ဖြစ်ပါပြီ ”

“အင်း ... ... ... ” ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ဟင်းလင်းပြင်စွမ်းအားကို စုပ်ယူရန် ကြိုးစားသော်လည်း 'ဟင်းလင်းပြင် သိုင်းကျမ်း' မရှိဘဲ မရနိုင်ကြောင်း သိလိုက်ရသည်။

“ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအား (၁၀) ခု ရဖို့ဆိုတာ မလွယ်ဘူးပဲ ... ... ... ”

ယဲ့ဖုန်း သက်ပြင်းချလိုက်သည်။ ဟင်းလင်းပြင် ဘီလူး ကောင်းကင်ဧကရာဇ် (၁၀) ကောင် လိုအပ်မည် ဖြစ်၏။ ကြယ်တာရာ ဟင်းလင်းပြင်က ကျယ်ပြောလွန်းလှရာ လမ်းကြောင်း မသိဘဲ ဘယ်သွားရှာရမည်နည်း။

"ဝုန်း ..."

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ အက်ကြောင်းမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ဟင်းလင်းပြင်စွမ်းအားများမှာ တစ်နယ်မြေလုံးကို ဖိနှိပ်လိုက်၏။ သက်ရှိအားလုံးမှာ ကြောက်ရွံ့လွန်း၍ တိတ်ဆိတ်ကုန်သည်။

ယဲ့ဖုန်းပင်လျှင် ထိုဖိအားကြောင့် မြေပြင်ပေါ်သို့ အဖိနှိပ်ခံလိုက်ရ၏။

“ဘယ်သူက ငါချန်ထားတဲ့ ဝင်္ကပါကို ဖျက်ဆီးလိုက်တာလဲ။ ဘယ်သူက ငါ့မျိုးနွယ်ရဲ့ ထိပ်တန်းပညာရှင်တွေကို သတ်ပစ်တာလဲ။ ဘယ်သူက ဒီလောက် ရဲတင်းနေရတာလဲ။ ပြော”

ကောင်းကင်ပြင်မှ ဒေါသတကြီး ဟိန်းထွက်လာသော အသံကြောင့် လောကကြီးတစ်ခုလုံး တုန်ခါသွားသည်။ ကောင်းကင်ယံမှာပင် ပြိုကွဲတော့မည့်အလား ညည်းတွားသံများ ထွက်ပေါ်နေတော့သည်။

“ဒါ ... တပိုင်း အဆင့် သူတော်စင်လား ... ... ... ” ယဲ့ဖုန်း အသက်ရှူမှားသွားသည်။

သို့သော် သူသည် ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ မျက်ဝန်းများအတွင်း၌ ပြင်းပြသော စိတ်လှုပ်ရှားမှုများကသာ ပြည့်နှက်နေတော့၏။

--

All Chapters