← Chapters

အခန်း ၆၅၃

Vol. 44 Ch. 653

အခန်း ၆၅၃

Vol. 44 Ch. 653

အခန်း (၆၅၃) ဟင်းလင်းပြင်သိုင်းကျမ်းကို ကျင့်ကြံခြင်းနှင့် အင်အားစုကြီးများ၏ ရည်ရွယ်ချက်

ဤသည်မှာ ယဲ့ဖုန်းအနေဖြင့် 'ဟင်းလင်းပြင် သိုင်းကျမ်း' ၏ ပထမအတွဲကို ကျွမ်းကျင်တော့မည့် လက္ခဏာပင် ဖြစ်သည်။ ၎င်းသည် သူ၏ အသိစိတ်များ လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်လွတ်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏ ကျယ်ပြန့်မှုနှင့် အဆုံးမဲ့မှုကို ခံစားသိရှိရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်၏။

ယဲ့ဖုန်းသည် အဆက်မပြတ် ပြုတ်ကျနေသည်ကို ခံစားလိုက်ရသည်။

အဆုံးအစမရှိသော ပုံရိပ်ယောင် ဟင်းလင်းပြင်လွတ်အတွင်းသို့ သူ ပြုတ်ကျနေ၏။ သူ့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး အလင်းတန်းများပမာ ဝေဝါးသွား၏။

ဤအခြေအနေက ယဲ့ဖုန်းကို အချိန်နှင့် ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းအတွင်း ဖြတ်သန်းသွားလာနေရသကဲ့သို့ ခံစားရစေသည်။

“ငါ ဘယ်ကို သွားနေတာလဲ ”

ယဲ့ဖုန်း အံကို တင်းတင်းကြိတ်လိုက်သည်။ သူသည် ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်သော အဆုံးမဲ့ ဝဲဂယက်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားသလို ခံစားနေရ၏။

“အချိန်ဆယ်ဆ အမြန်နှုန်း ”

သူ လက်ဟန် ရေးဆွဲကာ အချိန်စီးဆင်းမှုကို အရှိန်မြှင့်လိုက်သည်။

"ရွှစ်..."

ယဲ့ဖုန်း၏ ပြုတ်ကျနေသော အရှိန်မှာ ဆယ်ဆ မြန်ဆန်သွားသော်လည်း သူသည် နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ကြာအောင် ပြုတ်ကျနေရဆဲဟု ခံစားနေရ၏။ နောက်ဆုံးတွင် သူသည် အဆုံးအစမရှိသော ဖြူစင်သည့် ဟင်းလင်းပြင်လွတ်တစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ အလွန် ဖြူစင်နေ၏။

သန့်စင် အပြစ်ကင်းသော နို့ရည်များပမာ။

သို့မဟုတ် နူးညံ့သော တိမ်ဖြူများပမာ။

ဤနေရာတွင် ဟင်းလင်းပြင်၏ တည်ရှိမှုကို သူ မခံစားရပေ။ သူ၏ လက်ကို ကိုယ်ခန္ဓာအတွင်းသို့ ဖောက်ထွင်းကာ ပြင်းထန်စွာ ခုန်ပေါက်နေသော နှလုံးသားကို ဆုပ်ကိုင်ကြည့်နိုင်သည်။ ပုံရိပ်ယောင်ဟု ထင်ရသော်လည်း အလွန် လက်တွေ့ကျလွန်းလှပေသည်။

“ဒါ ဘယ်နေရာလဲ ”ယဲ့ဖုန်း တီးတိုး မရေရွတ်ဘဲ မနေနိုင်တော့ချေ။

“တီ..တီ.. ဒီနေရာမှာ ဟင်းလင်းပြင်တံခါးရဲ့ အနောက်ဘက် နယ်မြေပါ၊ ဟင်းလင်းပြင်ရဲ စည်းမျဉ်းစည်းကမ်းများ အားလုံး စတင်ရာ နေရာပါ၊ ဟင်းလင်းပြင်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ နေရာလည်း ဖြစ်ပါတယ် ”

စနစ်က ရှင်းပြလိုက်၏။

ယဲ့ဖုန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ နားလည်သလိုလို ရှိသော်လည်း ချက်ချင်းပင် လုံးဝ မေ့ပျောက်သွားပြန်၏။

"ရွှစ်..."

ရုတ်တရက် ဖြူစင်သော ဟင်းလင်းပြင်လွတ်ကြီး တုန်ခါသွားပြီး သူ၏ အရှေ့တွင် တောက်ပသော ကြယ်တာရာ ဟင်းလင်းပြင်တစ်ခု ပေါ်ထွက်လာသည်။ ကြယ်တာရာ ဟင်းလင်းပြင်အတွင်း၌ သက်ရှိများ မှီတင်းနေထိုင်ရာ ကြယ်ပေါင်းများစွာ ပါဝင်နေ၏။ ထိုကြယ်များပေါ်ရှိ သက်ရှိအရေအတွက်မှာ ရေတွက်၍ပင် မရနိုင်ချေ။

ယဲ့ဖုန်းသည် ဂလက်ဆီပေါ်တွင် ရပ်နေရင်း ဤလောကရှိ အရာအားလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ ကျယ်လောင်သော အသံကြီးတစ်ခု ဟိန်းထွက်လာ၏။

“ရွယ်တူတွေထဲမှာ ဟင်းလင်းပြင်က အမြင့်မြတ်ဆုံးပဲ ”

ယဲ့ဖုန်း၏ စိတ်အာရုံ တုန်လှုပ်သွားပြီး ထိုစကားကို သဘောတူလိုက်မိသည်။

မှန်ပေသည်။ သုံးမျက်လုံး ဟင်းလင်းပြင် ဘီလူး တပိုင်း အဆင့် သူတော်စင်နှင့် တိုက်ခိုက်ခဲ့စဉ်က ဟင်းလင်းပြင်စွမ်းအား၏ ဒဏ်ကို သူ အလူးအလဲ ခံခဲ့ရပြီး ဟင်းလင်းပြင် မျက်လုံးအတွင်း၌ ပိတ်လှောင်ခံခဲ့ရသည် မဟုတ်ပါလား။

မိမိ၏ ခွန်အားက ဟင်းလင်းပြင်ကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိမှသာ ၎င်း၏ ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်မည် ဖြစ်၏။

“မှန်တယ် ... ဟင်းလင်းပြင်စွမ်းအားကို မြန်မြန် နားလည်အောင် လုပ်ရမယ် ”

ယဲ့ဖုန်းသည် ဉာဏ်အလင်းပွင့် နှလုံးသားကို အစွမ်းကုန် အသုံးပြုကာ ဤကြယ်တာရာ ဟင်းလင်းပြင်အတွင်း လှည့်လည်ရင်း အနက်အဓိပ္ပာယ်များကို နားလည်နိုင်ရန် ကြိုးစားလေတော့သည်။

ဤသည်မှာ ဟင်းလင်းပြင်စွမ်းအားကို ကျွမ်းကျင်ရန်အတွက် အခြေခံအကျဆုံး လမ်းစဉ် ဖြစ်၏။ မိမိကိုယ်ပိုင် နားလည်သဘောပေါက်မှု ရှိမှသာ ဟင်းလင်းပြင်စွမ်းအားကို အစစ်အမှန် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

ကိုယ်တိုင် ဖန်တီးထားသော ‘ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း’ နတ်ဘုရားစွမ်းရည်၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်ရာ ယဲ့ဖုန်း၏ တိုးတက်မှုမှာ အလွန် မြန်ဆန်လှပေသည်။ မကြာမီ သူ လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဝါးပေါ်တွင် ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအားတစ်ခု ပေါ်ထွက်လာတော့၏။

“ဂုဏ်ယူပါတယ် ... မင်း ဟင်းလင်းပြင် နယ်ပယ်ထဲကို ဝင်ရောက်လာနိုင်ပြီ ”ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် ...

ယဲ့ဖုန်းသည် ကျယ်ပြန့်သော ဟင်းလင်းပြင်ကြီးထဲမှ သူ့ကို တွန်းထုတ်နေသည့် ကြီးမားသော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်လိုက်၏။

သူသည် ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီး အတွင်း၌သာ ရှိနေသေး၏။

“ငါ ပြန်ရောက်လာပြီလား ”

ယဲ့ဖုန်းသည် သူ၏ လက်ဝါးပေါ်တွင် ဝဲပျံနေသော ကောင်းကင်ဧကရာဇ်အဆင့် ဟင်းလင်းပြင်စွမ်းအားကို ငုံ့ကြည့်လိုက်သည်။ ဤအရာမှာ လျှို့ဝှက်ဆန်းကြယ်သော ဖြူစင်သည့် ဟင်းလင်းပြင်လွတ်ထဲမှ သူ ရယူလာခဲ့ခြင်း ဖြစ်၏။ ၎င်းသည် လက်ရှိတွင် သူ ထိန်းချုပ်နိုင်သော တစ်ခုတည်းသော ဟင်းလင်းပြင်စွမ်းအားလည်း ဖြစ်ပြီး စနစ်ဟင်းလင်းပြင်ထဲတွင် သိမ်းဆည်းထားသော အရာများနှင့် မတူညီပေ။

"ရွှစ်..."

ဤဟင်းလင်းပြင်စွမ်းအားသည် ဟင်းလင်းပြင်ကို ရုတ်တရက် ဖြတ်သန်းသွားရာ ၎င်း ဖြတ်သွားသော ဟင်းလင်းပြင်များမှာ ကွဲအက်သွားပြီး အမည်းရောင် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။ ၎င်းသည် ကျောက်တိုင်တစ်ခုကို လှည့်ပတ်ပြီးနောက် ယဲ့ဖုန်း၏ အနားသို့ ပြန်ရောက်လာ၏။

“တော်တော် အစွမ်းထက်တဲ့ ခွန်အားပဲ.. ‘ဟင်းလင်းပြင် သိုင်းကျမ်း’ ကို ဆက်ကျင့်လေ ... ငါ ထိန်းချုပ်နိုင်တဲ့ ဟင်းလင်းပြင်စွမ်းအား ပိုများလာလေ၊ ပိုသန်မာလာလေ၊ ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာလေ ဖြစ်မှာပဲ ”ယဲ့ဖုန်း တီးတိုး ပြောလိုက်သည်။

ဟင်းလင်းပြင် မျက်လုံး အတွင်း၌ ‘ခြေလှမ်းခုနစ်လှမ်း’ နတ်ဘုရားစွမ်းရည် အသုံးမဝင်တော့သည့် အဖြစ်အပျက်ကို ပြန်လည် သတိရမိသောအခါ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

“ပေဟယ်ဧကရာဇ်ရဲ့ နတ်ဘုရားစွမ်းရည်က တော်တော် သန်မာပေမဲ့ ... တစ်ခါတလေကျရင် အလုပ်မဖြစ်ဘူး။ ဒီစွမ်းရည်ကိုပဲ အမြဲ အားကိုးနေလို့ မရဘူး။ ရန်သူတွေကို အကုန် သုတ်သင်နိုင်မယ့် ပိုအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို ငါ ကိုယ်တိုင် ဖန်တီးရမယ် ”ယဲ့ဖုန်းက တည်ကြည်လေးနက်စွာ တကိုယ်တည်း ပြောလိုက်သည်။

ပေဟယ်ဧကရာဇ်က ‘ခြေလှမ်းခုနစ်လှမ်း’ ကို ဖန်တီးနိုင်လျှင် သူသည်လည်း ကန့်သတ်ချက်မရှိသော နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးနိုင်ရမည် ဖြစ်၏။

“လောလောဆယ်တော့ ငါ့ရဲ့ အစွမ်းအထက်ဆုံး ခွန်အားတွေက အချိန်စွမ်းအားနဲ့ ဟင်းလင်းပြင်စွမ်းအားပဲ.. ဒီကနေ စရမယ် ”ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။

သူသည် ဤစွမ်းအား နှစ်ခုနှင့် ဆက်နွှယ်သော နတ်ဘုရားစွမ်းရည်များကို ဖန်တီးလိုနေခြင်း ဖြစ်၏။ ထိုသို့ တွေးမိသည်နှင့် ရင်ထဲတွင် ခံစားချက်တစ်ခု ပေါ်လာပြီး လေဝိညာဉ်ပုလဲကို ထုတ်ယူကာ မှန်တစ်ချပ်ပမာ အသုံးပြု၍ မျက်ခုံးကြားရှိ နေရာကို ကြည့်လိုက်သည်။

မူလ ‘~’ ပုံသဏ္ဌာန် အချိန်အမှတ်အသား၏ အလယ်ဗဟိုတွင် ဖြူစင်သော ကြယ်ပုံသဏ္ဌာန် အမှတ်အသားတစ်ခု ထပ်တိုးသွား၏။

ထိုအရာမှာ ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ ပင် ဖြစ်သည်။

အမှတ်အသားများမှာ လောလောဆယ်တွင် အသုံးဝင်မှု သိပ်မရှိလှပေ။ ၎င်းတို့မှာ လတ်တလော အဆင့်အတန်း၏ သင်္ကေတများမျှသာ ဖြစ်၏။

ယဲ့ဖုန်းသည် အမှတ်အသားများကို ဂရုမစိုက်တော့ဘဲ အချိန်ဆယ်ဆ အမြန်နှုန်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် ဉာဏ်အလင်းပွင့် နှလုံးသားကို အားကိုးကာ အချိန်နှင့် ဟင်းလင်းပြင်စွမ်းအားများကို ပေါင်းစပ်ထားသည့် နတ်ဘုရားစွမ်းရည်သစ်တစ်ခုကို တွက်ချက်ဖန်တီးရန် စတင်လေတော့သည်။

မြူခိုးတောင်ထိပ်တွင်..

ကုန်းချင်းချိုးသည် ယဲ့ဖုန်းကို ရှာမတွေ့သဖြင့် ဟူဖေးဖေးထံသို့သာ သတင်းပို့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် တပည့်များ၏ အမှတ်အဆင့်အတန်းစာရင်းမှာ သဲကန္တာရ လျှို့ဝှက်နယ်မြေမှ သူတို့၏ ရရှိမှုများအပေါ် မူတည်၍ အမှတ်များ စုဆောင်းကာ အဆင့်မြှင့်တင်သွား၏။

“တစ်ပတ်စာ အဆင့်မှာ မိုယင်က ပထမပဲ.. အမှတ် (၃၇၀၀) တဲ့ ... ဒါက ဝိညာဉ်တည်ငြိမ်အသီး (၃၇) လုံး ရှာတွေ့တာနဲ့ ညီမျှတယ်.. တကယ် မိုက်တာပဲ ”“ဒုတိယက ယန်ရူယွီပဲ.. အမှတ် (၁၅၀၀) တဲ့။ သူက (၁၅) လုံး ရှာတွေ့ခဲ့တာ ထင်တယ် ”

တပည့်များသည် အမှတ်စာရင်းကို ကြည့်ကာ ဆွေးနွေးနေကြသည်။

ယခုအခါ အပတ်စဉ် ကျင့်ကြံခြင်းအဆင့် မြှင့်တင်မှု ရရှိရန် အချိန်အနည်းငယ် ကျန်သေးသဖြင့် တပည့်များသည် တာဝန်သစ်များကို ယူကာ နေရာအသီးသီးသို့ ထွက်ခွာသွားကြသွား၏။

ကုန်းချင်းချိုးသည် သတင်းစကားတစ်ခု လက်ခံရရှိသဖြင့် ရေပေါ်ဖြူ မြို့လေးမြို့၏ မြို့စားအိမ်တော်သို့ သွားရောက်ကာ အင်အားစုကြီးများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံလိုက်သည်။

“အကြီးအကဲကုန်းကို ဂါရဝပြုပါတယ် ”

အင်အားစုကြီးများ၏ ခေါင်းဆောင်များမှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်နှင့် လေ့ဝူမင်းဆက်တို့မှ ဖြစ်ကြပြီး မှတ်သားလောက်သော ခွန်အားများ ပိုင်ဆိုင်ထားကြ၏။

သို့သော် ကုန်းချင်းချိုး၏ အရှေ့တွင်မူ သူတို့ ရမ်းကားခြင်း မပြုဝံ့ကြချေ။

“လူကြီးမင်းတို့ အားလုံးက ဝိညာဉ်တည်ငြိမ်အသီးတွေကို ဝယ်ချင်ကြတာလား ”ယဉ်ကျေးဖွယ်ရာ စကားအချို့ ပြောဆိုပြီးနောက် ကုန်းချင်းချိုးသည် အင်အားစု ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး မေးလိုက်သည်။

“ဟုတ်ပါတယ် ”အင်အားစု ခေါင်းဆောင်များက ခေါင်းညိတ် သဘောတူကြသည်။

ခေါင်းဆောင်တစ်ဦးက “အကြီးအကဲကုန်း ... ဝိညာဉ်တည်ငြိမ်အသီး တစ်လုံးအတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးပါ့မယ် ... ... ... ” ဟု ကမ်းလှမ်းလိုက်၏

။

“ကျွန်တော်တို့က (၁၁) တုံး ပေးနိုင်ပါတယ် ”နောက်တစ်ဦးက ဈေးပိုပေးလိုက်သည်။

ကုန်းချင်းချိုး ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် “ကျွန်မတို့ မြူခိုးဂိုဏ်းမှာ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး ရှိတယ်ဆိုပေမဲ့ ... အသီး အရေအတွက်က ကန့်သတ်ချက် ရှိပါတယ်.. အပြင်ကို ရောင်းလို့ ရ၊ မရဆိုတာရယ် ... ဘယ်လောက် ရောင်းနိုင်မလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး ... ... ... ” ဟု ပြန်ဖြေလိုက်သည်။

“နည်းနည်းလောက် ဝယ်လို့ရရင်ကို အဆင်ပြေပါတယ် ”အင်အားစု ခေါင်းဆောင်များက အလုအယက် ပြောကြသည်။

“ဒီကိစ္စကို ရေရှည် စဉ်းစားဖို့ လိုပါတယ်.. ဂိုဏ်းချုပ်ဆီ သတင်းပို့ပြီးမှ လူကြီးမင်းတို့ကို အဖြေ ပြန်ပေးပါ့မယ် ”

“အကြီးအကဲကုန်း ပင်ပန်းသွားပါပြီ ... ကျေးဇူးတင်ပါတယ် ”

ထိုအခါမှသာ အင်အားစုကြီးများ၏ ခေါင်းဆောင်များမှာ လူစုခွဲသွားကြ၏။

ကုန်းချင်းချိုးသည် ပြန်လည် ထွက်ခွာသွားသော ပုံရိပ်များကို မျက်နှာသေဖြင့် ကြည့်နေ၏။

ဘေးရှိ ဒုတိယမြို့စားမှာမူ ချွေးများကို သုတ်ကာ သက်ပြင်းချလိုက်မိသည်။ ဒီလူတွေ နောက်ဆုံးတော့ ပြန်သွားကြပြီဟု သူ စိတ်ထဲမှ တွေးလိုက်မိ၏။ သူတို့သာ ဆက်နေပါက မြို့စားအိမ်တော်အနေဖြင့် သူတို့၏ စားစရိတ်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။

“ဒုတိယမြို့စား ... မြို့ကို ဆက်ပြီး အုပ်ချုပ်ထားပေးပါ.. ကျွန်မ ဂိုဏ်းကို ပြန်ပြီး ဂိုဏ်းချုပ် တံခါးပိတ် ကျင့်ကြံတာ ပြီးတဲ့အထိ စောင့်လိုက်ဦးမယ်.. အဖြေရပြီဆိုရင် အင်အားစု ခေါင်းဆောင်တွေကို ပြန်ဆက်သွယ်လိုက်ပါ ”ကုန်းချင်းချိုး ညွှန်ကြားလိုက်သည်။

“စိတ်ချပါ ... ... ... ” ဒုတိယမြို့စားက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီး အတွင်း၌ ဖြစ်သည်။

ယဲ့ဖုန်းသည် တွက်ချက်မှုများကို ဆက်လုပ်နေဆဲ ဖြစ်၏။

“ငါ့ဆီမှာ ပြိုင်ဘက်ရဲ့ သက်တမ်းကို တစ်ခါသုံးတိုင်း အနှစ်တစ်ထောင်စီ နုတ်ယူနိုင်တဲ့ အချိန်အမှတ်အသား ရှိတယ်”

“ဟင်းလင်းပြင်စွမ်းအားတွေရဲ့ ဖမ်းချုပ်မှုကို မခံရတဲ့ ဟင်းလင်းပြင် အဆောင်လက်ဖွဲ့လည်း ရှိတယ်.. ပြိုင်ဘက်ရဲ့ ဟင်းလင်းပြင်စွမ်းအားက ငါ့ထက် သန်မာနေရင်တောင် ငါ့ကို မဖမ်းချုပ်နိုင်ဘူး။ ငါ့ရဲ့ စွမ်းအားတွေက ဘယ်သူမှ မရှိတဲ့ နယ်မြေထဲ ဝင်သွားသလိုပဲ အလွယ်တကူ ဖြတ်သန်းသွားနိုင်တယ် ”

“ဒီနှစ်ခုကို သတ်ဖြတ်ခြင်းဓားနဲ့ ပေါင်းစပ်လိုက်ရင် သေချာပေါက် ကြောက်စရာကောင်းတဲ့ အာနိသင် ရမှာပဲ ”

ယဲ့ဖုန်းသည် လက်ဟန်များကို ရေးဆွဲရင်း ဆက်လက် တွက်ချက်နေ၏။ ဟင်းလင်းပြင်၊ အချိန်နှင့် သတ်ဖြတ်ခြင်းဓား စွမ်းအားများသည် သူ၏ ပတ်လည်တွင် ဝဲပျံနေပြီး တဖြည်းဖြည်း ပေါင်းစပ်မည့် လက္ခဏာများ ပြသလာသည်။

"ဝုန်း ..."

ထိုစဉ်၊ စွမ်းအားသုံးခု ထိပ်တိုက် ဆုံတွေ့သွားသည်။

အလင်းနှင့် အရိပ် ဝဲဂယက်ကြီး ပေါက်ကွဲထွက်လာကာ ယဲ့ဖုန်းအား အထဲသို့ ဝါးမြိုသွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်း

ဓားပေါင်းများစွာက သူ၏ ကိုယ်ခန္ဓာကို ထိုးဖောက်သွားသလို ယဲ့ဖုန်း ခံစားလိုက်ရသည်။

ဓားတစ်ချက် အထိုးခံရတိုင်း သက်တမ်း အနှစ်တစ်ထောင်စီ ဆုံးရှုံးသွား၏။

ခဏလေးအတွင်းမှာပင် ယဲ့ဖုန်း၏ သက်တမ်း နှစ်တစ်သိန်း ဆုံးရှုံးသွားလေပြီ။

အကယ်၍သာ သူ့တွင် အဆုံးမဲ့ သက်တမ်းကို ပေးစွမ်းနိုင်သော အချိန်ကျိန်စာ မရှိပါက သာမန်လူ မဆိုထားနှင့်၊ တပိုင်း အဆင့် သူတော်စင်ပင်လျှင် သက်တမ်း ကုန်ဆုံးကာ သေဆုံးသွားပေလိမ့်မည်။

“တကယ် ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်ပဲ ”ယဲ့ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိတော့၏။

--

All Chapters