← Chapters

အခန်း ၆၅၄

Vol. 44 Ch. 654

အခန်း ၆၅၄

Vol. 44 Ch. 654

အခန်း (၆၅၄) အချိန်နှင့် ဟင်းလင်းပြင်ကို ပေါင်းစပ်ထားသော သတ်ဖြတ်ခြင်းဓား၊ အော့ချွမ်း၏ ကိုယ်ပေါ်ရှိ ချိပ်ပိတ်မှု

ဤနတ်ဘုရားစွမ်းရည်မှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှပေသည်။

အပြည့်အဝ မဖန်တီးရသေးမီမှာပင် ဤစွမ်းရည်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ယဲ့ဖုန်း ကြိုတင် မြင်တွေ့နေရပြီ ဖြစ်၏။ ဟင်းလင်းပြင်စွမ်းအား ပါဝင်သဖြင့် ရန်သူကို အလစ်အငိုက် တိုက်ခိုက်နိုင်မည်။ အချိန်စွမ်းအား ပါဝင်သဖြင့် သက်တမ်းကို နုတ်ယူနိုင်မည်။ သတ်ဖြတ်ခြင်းဓား ပါဝင်သဖြင့် ပြင်းထန်သော အဟုန်ဖြင့် ဖျက်ဆီးနိုင်မည်။

ဤစွမ်းအားသုံးခုကို ပေါင်းစပ်လိုက်ပါက တပိုင်း အဆင့် သူတော်စင်များပင် ထိတ်လန့်သွားလောက်သော နတ်ဘုရားစွမ်းရည် ဖြစ်လာမည်မှာ သေချာလှပေသည်။ သို့သော် ဤသည်မှာ သီအိုရီအရသာ ဖြစ်၏။ လက်တွေ့ တိုက်ပွဲတွင် မည်မျှ အလုပ်ဖြစ်မည်ဆိုသည်ကို ယဲ့ဖုန်း မသိသေးပေ။ သူ ဆက်လက် တွက်ချက်ပြီး ပိုမို ပြည့်စုံအောင် ဖန်တီးနေသည်။

မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွား၏။ ယဲ့ဖုန်းအတွက်မူ အချိန်ဆယ်ဆ အမြန်နှုန်းအတွင်း တစ်လကျော် အချိန်ယူကာ အကြိမ်ပေါင်း သောင်းချီ တွက်ချက်ပြီးမှ ဤနတ်ဘုရားစွမ်းရည်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤစွမ်းရည်၏ အမည်မှာ သာမန်လေးသာ ဖြစ်၏။

"အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား"

ဤဓားသည် စွမ်းအားသုံးခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်။ အချိန်စွမ်းအားဖြင့် သက်တမ်းကို အဓိက နုတ်ယူပြီး၊ ဟင်းလင်းပြင်စွမ်းအားဖြင့် ထိုးဖောက်နိုင်စွမ်းကို မြှင့်တင်ကာ သတ်ဖြတ်ခြင်းဓားဖြင့် အဟုန်ကို ပိုမို ပြင်းထန်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

“အချိန်နဲ့ ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား ... ထွက်လာစမ်း ... ”

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအခိုက်.. အနက်နှင့် အဖြူ ရောယှက်နေသော ပုံစံများ ပါဝင်သည့် ဓားမြှောင်လေး တစ်လက် သူ၏ လက်ဝါးပေါ်တွင် ချက်ချင်း ပေါ်လာ၏။ ဓားမှာ ပိုးဟပ်တောင်ပံပမာ ပါးလွှာပြီး၊ လက်မခန့် ကျယ်ကာ၊ တူတစ်ချောင်းခန့် ရှည်လျားသည်။ ဓားလေးသည် ယဲ့ဖုန်း၏ လက်ဝါးပေါ်တွင် လှည့်ပတ်နေ၏။ သေချာ ကြည့်ပါက ဓား၏ မျက်နှာပြင်တွင် မှေးမှိန်နေသော အမည်းရောင် ဟင်းလင်းပြင် ပုံစံများကို တွေ့ရမည် ဖြစ်သည်။ ဓားမှာ ဤအချိန်နှင့် နေရာတွင် ရှိမနေသကဲ့သို့ ဖြစ်ပြီး၊ ပြင်ပမှ မြင်ရသမျှမှာ ဤလောကထဲသို့ ထင်ဟပ်နေသော အရိပ်အယောင်များ သက်သက်သာ ဖြစ်၏။

"ရွှစ်..."

နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်း၏ ကိုယ်ပေါ်သို့ ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ ခုတ်ပိုင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာ တစ်ချက်မျှ မရှိချေ။ သို့သော် သူ၏ သက်တမ်း နှစ်ပေါင်း (၁၃,၅၀၀) နှစ် တိတိ ဝါးမြိုခံလိုက်ရသည်ကို သူတစ်ယောက်တည်းသာ သိနိုင်သည်။

“သီအိုရီနဲ့ အများကြီး ကွာခြားနေတာပဲ ... ”

ယဲ့ဖုန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

ပုံမှန်အားဖြင့် အချိန်စွမ်းအားကို သုံး၍ ရန်သူ၏ သက်တမ်းကို နုတ်ယူပါက၊ ယဲ့ဖုန်းထက် အားနည်းသူဆိုလျှင် ချက်ချင်း နှစ်တစ်ထောင် နုတ်ယူခံရမည်။ ပိုသန်မာလျှင်မူ နုတ်ယူနိုင်စွမ်း လျော့ကျသွားမည် ဖြစ်၏။ ရန်သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အား မြင့်မားလေ၊ သက်တမ်း နုတ်ယူခံရမှုကို ခုခံနိုင်စွမ်း ပိုကောင်းလေ ဖြစ်ပြီး အာနိသင်လည်း ပိုလျော့ကျလေ ဖြစ်ပေသည်။

“ဟင်းလင်းပြင်ဖြိုခွဲအဆင့်တွေရဲ့ သက်တမ်းက နှစ်ပေါင်း (၈,၀၀၀) ကနေ (၁၀,၀၀၀) ကြား ရှိတယ်.. ဆိုလိုတာက ငါ့ဓားတစ်ချက်နဲ့ တစ်ခဏအတွင်း သက်တမ်းကို အကြိမ်ပေါင်းများစွာ ဝါးမြိုနိုင်ရင်၊ ကောင်းကင်ဧကရာဇ်အောက် အဆင့်ရှိတဲ့ ဘယ်သူမဆို တစ်ကွက်တည်းနဲ့ သေသွားနိုင်တယ်” ဟု ယဲ့ဖုန်းက တည်ကြည်စွာ ပြောလိုက်၏။

“ငါ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်တဲ့ (၁) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အတွက်ကျတော့ အာနိသင် နည်းနည်း လျော့သွားပြီး၊ တစ်ချက် ခုတ်ရင် သက်တမ်း နှစ် (၅၀၀) ပဲ နုတ်ယူနိုင်တော့မယ်.. ဓားတစ်ချက်တည်းနဲ့ တပိုင်း အဆင့် သူတော်စင်ကို မသတ်နိုင်ရင်တောင် အလျင်အမြန် အိုမင်းရင့်ရော်သွားအောင်တော့ လုပ်နိုင်တယ်” ဟု ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။

သို့သော် ဓားတစ်ချက်နှင့် မသေလျှင် နောက်ထပ် အချက်ပေါင်းများစွာ ထပ်ခုတ်လိုက်ရုံပင် ဖြစ်၏။ (၂) ဆင့်ပြောင်း၊ (၃) ဆင့်ပြောင်း၊ (၄) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်များ၊ သို့မဟုတ် ပိုအစွမ်းထက်သော အစစ်အမှန် သူတော်စင်များအတွက်မူ 'အချိန်နှင့် ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား' ၏ အာနိသင် မည်မျှအထိ လျော့ကျသွားမည်ကို ယဲ့ဖုန်း သေချာ မသိသေးပေ။

ရှေးစကားအတိုင်းပင် ... တိုက်ကြည့်မှ သိမည် လေ။

မကြာမီ ယဲ့ဖုန်းသည် တံခါးပိတ် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီးထဲမှ ထွက်လာခဲ့သည်။ ကောင်းကင်ယံထက်တွင် တပည့်များ၏ အမှတ်အဆင့်အတန်းစာရင်းမှ ကျင့်ကြံခြင်း ခွန်အားများ အမြောက်အမြား ထွက်ပေါ်လာပြီး ဤအပတ် စာရင်းဝင်သည့် တပည့် တစ်ထောင်၏ ကိုယ်တွင်းသို့ စီးဝင်နေ၏။ သန့်စင်သော ကျင့်ကြံခြင်း ခွန်အားများဖြင့် လွှမ်းခြုံခံရသောအခါ တပည့်များ၏ အရှိန်အဝါများ မြင့်တက်လာပြီး အများအပြားက အဆင့်တက်သွားကြသည်။

“ဂိုဏ်းချုပ် ... နောက်ဆုံးတော့ ထွက်လာပြီပေါ့ ... ”

ယဲ့ဖုန်းကို မြင်သည်နှင့် ကုန်းချင်းချိုးက အပြေးအလွှား ရောက်လာပြီး အင်အားစုကြီးများ၏ ခေါင်းဆောင်များ ဝိညာဉ်တည်ငြိမ်အသီးကို လာဝယ်ချင်သည့် ကိစ္စကို သတင်းပို့လိုက်သည်။ ယဲ့ဖုန်းက ဝိညာဉ်တည်ငြိမ်အသီးကို အပြင်သို့ ရောင်းရန် ချက်ချင်း သဘောတူလိုက်၏။

“မျိုးစေ့တွေ ပိုပွားနိုင်အောင် ဆေးဖက်ဝင် အပင်တွေ ပိုစိုက်လိုက်ပါ.. အထွက်နှုန်း တိုးအောင် လုပ်ရမယ်.. နောင်ဆိုရင် ဝိညာဉ်တည်ငြိမ်အသီး ရောင်းရုံနဲ့တင် ဂိုဏ်းအတွက် ဝင်ငွေ အများကြီး ရနိုင်တယ် ... ”

ကျင့်ကြံခြင်းတွင် 'စည်းစိမ်၊ အဖော်၊ မန္တန်၊ နေရာ' ဟူသည်မှာ လိုအပ်ချက်များ ဖြစ်၏။ စည်းစိမ် မရှိလျှင် မည်သို့မျှ မဖြစ်နိုင်ပေ။ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ 'ငွေပင်' ဖြစ်ရာ ၎င်းကို အသုံးချပြီး ဝင်ငွေ မရှာလျှင် နှမြောစရာ ကောင်းလိမ့်မည် ဖြစ်၏။

“ဟုတ်ကဲ့ပါ ရှင် ... ”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်ပြီး ယဲ့ဖုန်းကို အခြား မေးခွန်းအချို့ ထပ်မေးကာ ထွက်ခွာသွားသည်။ သူမ ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ဖုန်းက တီးတိုး ညည်းညူလိုက်၏။

“နတ်ဘုရားစွမ်းရည် ဖန်တီးတာလည်း ပြီးပြီဆိုတော့ ... အခု အားနေတုန်း တပည့်တွေကို မန္တန်တွေ နည်းနည်း သင်ပေးရမယ် ... ဒါနဲ့ အော့ချွမ်း ဂိုဏ်းထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ သူ ဘာလို့ အဆင့်မတက်သေးတာလဲ ... ”

သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ရွှစ်..."

ယဲ့ဖုန်းသည် ဝိညာဉ်သားရဲဆောင်ထဲသို့ ဝင်သွားသော်လည်း အော့ချွမ်းကို မတွေ့ရပေ။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်ရာ အပြင်ဘက် ဝိညာဉ်သားရဲ စင်မြင့်ပေါ်တွင် လှဲနေသည်ကို တွေ့လိုက်ရ၏။ ထိုအချိန်တွင် အော့ချွမ်းမှာ အပြင်းအထန် ကျင့်ကြံနေသည်။

သူသည် 'နတ်ဆိုးဧကရာဇ် ကျင့်စဉ်' ကို ရကတည်းက ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ခြင်း ဖြစ်၏။ ယခုအခါ နတ်ဆိုးဧကရာဇ် ဖြစ်ရန် အရေးကြီးသော အချိန်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် သူ အဆင့်တက်၍ မရဖြစ်နေ၏။

“ဒီရက်ပိုင်း ကျင့်ကြံတာ အဆင်ပြေရဲ့လား ... ”

ယဲ့ဖုန်း ပေါ်လာပြီး တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းချုပ် ... ရောက်လာတာလား ဗျ ... ”

အော့ချွမ်း လန့်သွားပြီး အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လိုက်၏။

“အမှန်အတိုင်း ပြောရရင် ... ကျွန်တော် အတားအဆီး တစ်ခုနဲ့ ကြုံနေရတယ် ဗျ ... ”

“ဘယ်လို ဖြစ်ရတာလဲ ... ” ယဲ့ဖုန်း အံ့ဩသွားသည်။

“သွေးမျိုးဆက် သန့်စင်ဆေးလုံးနဲ့ 'နတ်ဆိုးဧကရာဇ် ကျင့်စဉ်' အကူအညီကြောင့် ကျွန်တော့် သွေးမျိုးဆက်က ဘိုးဘေးတွေရဲ့ အခြေအနေကို ပြန်ရောက်သွားပြီ။ ဧကရာဇ်အဆင့်ကို တက်နိုင်သင့်နေပြီ။ ဒါပေမဲ့ ဘာလို့မှန်းမသိဘူး ... ခဏခဏ အတားအဆီး ဖြစ်နေတယ် ... ”

အော့ချွမ်းက သူ ကြုံတွေ့နေရသော ပြဿနာကို ပြောပြလိုက်၏။

“ငါ ကြည့်ပေးမယ် ... ”

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်ကာ အော့ချွမ်း၏ ခေါင်းပေါ် တင်လိုက်သည်။ ထိုးထွင်းသိမြင်သော မျက်လုံးနှင့် ဝိညာဉ်သားရဲဆောင်၏ ထောက်လှမ်းရေး လုပ်ဆောင်ချက်ကို အသုံးပြုကာ အော့ချွမ်း၏ အားနည်းချက်ကို ရှာဖွေလိုက်၏။

ခဏအကြာတွင်

ယဲ့ဖုန်း လက်ကို ပြန်ရုပ်လိုက်သည်။

“မင်းရဲ့ ပြဿနာကို ငါ တွေ့ပြီ ... ”

“ဘာများလဲ ဗျ ... ” အော့ချွမ်း အလောတကြီး မေးလိုက်သည်။

“မင်းကိုယ်ထဲမှာ ကျိန်စာ တစ်ခု ရှိနေတယ်.. အစွမ်းထက်တဲ့ နဂါးမျိုးနွယ် တစ်ကောင်ဆီက ကျိန်စာပဲ.. အဆင့်မြင့် နတ်ဆိုးဧကရာဇ်လောက် ရှိမယ့်ပုံပဲ.. မင်းရဲ့ ခွန်အားနဲ့ဆိုရင် တစ်သက်လုံး ဒီအမှတ်အသားကို ဖျက်နိုင်မှာ မဟုတ်ဘူး ... ”

ယဲ့ဖုန်းက ရှင်းပြလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ”

အော့ချွမ်း ဒေါသထွက်သွားသည်။

“ဘယ်က သေမယ့် အဘိုးကြီးက ငါ့ကိုယ်ထဲမှာ ချိပ်ပိတ်ထားခဲ့တာလဲ။ ဂိုဏ်းချုပ်သာ မပြောပြရင် ငါ တစ်သက်လုံး သိမှာ မဟုတ်ဘူး ... ”

“မကြာခင် မင်း သိရမှာပါ ... ”

ယဲ့ဖုန်း လက်ဟန်များ ရေးဆွဲလိုက်သည်။ ရွှေရောင် ကြာပန်းတစ်ခု သူ၏ လက်ဝါးထဲမှ ထွက်ပေါ်လာပြီး အော့ချွမ်း၏ နဖူးထဲသို့ ဝင်သွား၏။

“ဂါး ”

ချက်ချင်းပင် နားစည်ကွဲမတတ် နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။ အနီရင့်ရောင် အစစ်အမှန်နဂါး ပုံရိပ်တစ်ခု အော့ချွမ်း၏ အနောက်တွင် ပေါ်လာပြီး ရွှေရောင် ကြာပန်း ပုံရိပ်က ၎င်းကို ရစ်ပတ်ထား၏။ ပုံရိပ်မှာ အပြင်းအထန် ရုန်းကန်နေသည်။

“သောက်ကျိုးနည်း ... မင်းက ဘယ်သူမို့လို့ ဒီကောင်လေး ကိုယ်ထဲမှာ ငါ ချန်ထားခဲ့တဲ့ ချိပ်တံဆိပ်ကို ဖျက်ရဲတာလဲ။ သေချင်နေတာလား ... ”

အနီရင့်ရောင် အစစ်အမှန်နဂါး ပုံရိပ်က ကျိန်ဆဲလိုက်သည်။

“ငါ့ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့ ... ”

ယဲ့ဖုန်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ရယ်လိုက်၏။

“မင်းရဲ့ နေရာကို ငါ ရှာတွေ့တာနဲ့ ... နယ်မြေတွေ ဖြတ်ကျော်ပြီး မင်းကို လာသတ်မယ်ကွ ... ”

“မင်းက တော်တော် မောက်မာတာပဲ ... ” အနီရင့်ရောင် အစစ်အမှန်နဂါးက ဟိန်းဟောက်လိုက်သည်။

ယဲ့ဖုန်း၏ အရှိန်အဝါ ဖုံးကွယ်သော နည်းစနစ်မှာ အရမ်း ကောင်းလွန်းသဖြင့် နဂါးက ယဲ့ဖုန်း၏ အစစ်အမှန် ခွန်အားကို မသိနိုင်ဘဲ သာမန် အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်ဟုသာ ထင်နေခြင်း ဖြစ်၏။

“ခင်ဗျား ... အကြီးအကဲ (၁၆) ပါလား ... ”

အော့ချွမ်းက အနီရင့်ရောင် အစစ်အမှန်နဂါး ပုံရိပ်ကို စိုက်ကြည့်ရင်း သူငယ်အိမ်များ ကျုံ့သွားတော့သည်။ ထို့နောက် စတင် ကျိန်ဆဲတော့၏။

နဂါးမျိုးနွယ်စုတွင် ရှိနေစဉ်က သူ၏ သွေးမျိုးဆက် မသန့်စင်မှုကြောင့် အကြီးအကဲ (၁၆) ၏ အနိုင်ကျင့်မှုကို မကြာခဏ ခံခဲ့ရသည်။ နဂါးမျိုးနွယ်စုမှ ထွက်လာပြီးသည်တိုင် အကြီးအကဲက သူ့ကို လိုက်နှောင့်ယှက်ပြီး အဆင့်မတက်နိုင်အောင် ကျိန်စာတိုက်ထားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။

ဤလူက ... တကယ့်ကို ယုတ်မာလွန်းသည် ... ။

အော့ချွမ်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေတော့သည်။

“ဟက် ... အကောင်စုတ်လေး။ နဂါးမျိုးနွယ်စုကနေ ထွက်သွားရုံနဲ့ ဟင်းလင်းပြင်ဖြိုခွဲ ဧကရာဇ်အဆင့်ကို တက်နိုင်မယ်လို့ မထင်နဲ့။ ဝင်ပေါက် ဖွင့်ပြီးတာနဲ့ ငါ လာပြီး မင်းတို့ အားလုံးကို လက်ဝါးတစ်ချက်တည်းနဲ့ အမှုန့်ကြိတ်ပစ်မယ် ... ”

“နဂါးမျိုးနွယ် အမှတ်အသား ... ကောင်းကင်နဲ့ မြေကြီး ကွဲအက်စမ်း ... ”

အကြီးအကဲ (၁၆) ၏ ပုံရိပ် ရုတ်တရက် ပေါက်ကွဲသွားသည်။

သို့သော် ယဲ့ဖုန်း ချန်ထားခဲ့သော ရွှေရောင် ကြာပန်းက ဖုံးလွှမ်းထားဆဲ ဖြစ်၏။

ကြီးမားသော ပျက်စီးမှုကို တားဆီးနိုင်ခဲ့သည်။

သို့သော် ဟင်းလင်းပြင်မှာ ဆွဲဖြဲခံလိုက်ရ၏။

ဧရာမ နဂါးလက်သည်းကြီး တစ်စုံက အက်ကွဲကြောင်းကို ဆွဲဖြဲလိုက်သည့်အခါ

ပေထောင်ချီ ရှည်လျားသော အက်ကွဲကြောင်းကြီး ပွင့်သွား၏။

မြေပြင်အထက် ပေပေါင်း သောင်းချီ အမြင့်တွင် ဝဲပျံနေသည်။

နောက်တစ်စက္ကန့်တွင် ...

တောင်တန်းကြီးပမာ အနီရောင် နဂါးခေါင်းကြီး ထွက်ပေါ်လာကာ

ဖိနှိပ်မှု အရှိန်အဝါက မိုင်ရာချီကို ချက်ချင်း လွှမ်းမိုးသွားသည်။

၎င်းက ပူလောင်သော လေပူများကို မှုတ်ထုတ်လိုက်၏။

ဟင်းလင်းပြင်ပင် ပြိုကွဲတော့မတတ် ဖြစ်သွားသည်။

ကြည့်ရှုနေသူများ အားလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။

“ဒါ ... နဂါးမျိုးနွယ်လား ... ”

လူတိုင်း မော့ကြည့်လိုက်ကြသည်။ အကြီးအကဲ (၁၆) က နယ်မြေကို ဖြတ်ကျော်လာသည်ကို မြင်သောအခါ အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြ၏။

“ဪ ... လူသားတွေ အုပ်ချုပ်တဲ့ ရှန်ကျိုးတိုက်ကြီးပဲ.. အကောင်စုတ်လေး ... ဒီကို ပြေးလာရင် ဘေးကင်းမယ် ထင်နေတာလား.. ငါ့ရဲ့ လက်တစ်ချက်နဲ့ ... မိုင်ပေါင်း ဘီလီယံချီ ဝေးတဲ့ ဂလက်ဆီကို ဖြတ်ပြီး မင်းရဲ့ အသက်ကို လာယူမယ် ... ”

အကြီးအကဲ (၁၆) က ရက်စက်စွာ လှောင်ပြောင်လိုက်သည်။

သူ ခုန်ထွက်လိုက်သည်နှင့် အစစ်အမှန် ကိုယ်က နယ်မြေများကို ဖြတ်ကျော်လာပြီး ရှန်ကျိုးတိုက်ကြီး၏ ကောင်းကင်ယံသို့ ဆင်းသက်လာ၏။ အောက်ဘက်ရှိ ရေပေါ်ဖြူ မြို့လေးမြို့နှင့် မြူခိုးဂိုဏ်းကို ငုံ့ကြည့်နေသည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်မှုနှင့် အထင်သေးမှုများသာ ပြည့်နှက်နေတော့၏။

--

All Chapters