← Chapters

အခန်း ၆၅၇

Vol. 44 Ch. 657

အခန်း ၆၅၇

Vol. 44 Ch. 657

အခန်း (၆၅၇) - ကုန်သွယ်ရေးလမ်းကြောင်းကြီး ဖွင့်လှစ်ခြင်း၊ နန်ယန်မြို့နှင့် ကျောဘက်မှ တိုက်ပွဲ

“မင်းက နဂါးမျိုးနွယ်စုရဲ့ တပိုင်း သူတော်စင် အဆင့်လား...”

ယဲ့ဖုန်းက အေးစက်နေသော ထိုမျက်လုံးများကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။

“ဟုတ်တယ်...”

အက်ကွဲကြောင်းတစ်ဖက်မှ တည်ရှိမှုက လေးနက်စွာ တုံ့ပြန်လာ၏။

“ကံမကောင်းစွာနဲ့ပဲ ဒီသူတော်စင်က အခု တချို့နေရာတွေကို တိုက်ခိုက်နေရလို့ အားမလပ်ဘူး... မဟုတ်ရင် မင်းကို အသေသတ်မိမှာ ကျိန်းသေတယ်...”

“မင်း သေမယ့်နေရာ လာဖို့ ငါ စောင့်နေမယ်...”

ယဲ့ဖုန်းက တည်ငြိမ်သော အပြုံးဖြင့် တုံ့ပြန်လိုက်ပါသည်။

“ဟွန့်... အပြောတော့ ကောင်းသားပဲ...”

နဂါးမျိုးနွယ်စု တပိုင်း သူတော်စင် အဆင့်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ပြန်လည်ကျက်သွားစေမည့် လက်ဝါးရိုက်ချက် တစ်ခုကို ရိုက်ချလိုက်တော့သည်။ ထိုအရာက တစ်ဖက်သို့ ကူးလာကာ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားလှပေ၏။

ရေပေါ်ဖြူ မြို့တော်အတွင်း၌..

ပြန်လည်ပိတ်သွားသော အက်ကွဲကြောင်းကို မြင်လိုက်ရမှ လူတိုင်း သက်ပြင်းချနိုင်သွားကြတော့သည်။

နဂါးမျိုးနွယ်စု တပိုင်း သူတော်စင် အဆင့် လာရောက်သတ်ဖြတ်မည်ကို သူတို့ အမှန်တကယ် ကြောက်ရွံ့နေခဲ့ကြ၏။ ယဲ့ဖုန်းအနေဖြင့် အမှန်တကယ် တားဆီးနိုင်မည်လား။

ထိပ်တန်း ကောင်းကင် ဧကရာဇ်တစ်ပါးနှင့် တပိုင်း သူတော်စင် အဆင့်ကြားရှိ ကွာဟချက်က အလွန် ကြီးမားကျယ်ပြန့်လှပေသည်။

သို့သော်ငြား ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင် ဧကရာဇ် ရွှေနဂါးအကြီးအကဲကို သတ်ဖြတ်ခဲ့ပုံကို ပြန်တွေးမိသောအခါ သူ၏စွမ်းအားက ထိပ်တန်း ကောင်းကင် ဧကရာဇ်များထက်ပင် သာလွန်နိုင်ကြောင်း နားလည်သွားကြ၏။

နဂါးမျိုးနွယ်စု တပိုင်း သူတော်စင် အဆင့်ကို ခုခံနိုင်စွမ်းမရှိဟု မဆိုနိုင်ကြောင်း သိလိုက်ရချိန်တွင်တော့ သူတို့ စိတ်သက်သာရာ ရသွားကြတော့သည်။

“ဂျုန်း ဂျုန်း ဂျုန်း...”

အော့ချွမ်း၏ ကောင်းကင်ကပ်ဘေးက အလယ်အလတ်မှ နောက်ဆုံးအဆင့်များဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက အစွမ်းကုန် ကြိုးစားထုတ်သုံးလိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းသွားသော်လည်း တောင့်ခံနိုင်ခဲ့ပါသေးသည်။

နေ့တစ်ဝက် ကြာပြီးနောက်။ တိမ်တိုက်များ ကွဲကွာသွားကာ မြူခိုးများ ရှင်းလင်းသွားတော့၏။

အော့ချွမ်းက သဘာဝတရား၏ ဝိဉာဉ်စွမ်းအား ဒီရေလှိုင်းများထဲတွင် ရေချိုးသန့်စင်နေ၏။ သူ၏ ကွဲကြေနေသော စိန်ပွင့်ပုံစံ နဂါးအကြေးခွံများက ပြန်လည်ထွက်ပေါ်လာကာ တောက်ပစွာ လင်းလက်လာတော့သည်။

“အူး...”

သူက ကောင်းကင်ဆီသို့ မော့ကာ အူလိုက်ပြီး ရင်ထဲမှ အားရကျေနပ်မှုများကို ထုတ်ဖော်လိုက်ပါတော့သည်။

“ငါ အော့ချွမ်း... နောက်ဆုံးတော့ ဟင်းလင်းပြင် ဖြိုခွဲအဆင့်ကို ရောက်ပြီကွ...”

ထိုသို့ ရေရွတ်လိုက်ချိန်တွင် သူ၏ မျက်လုံးများ၌ ပူနွေးသော မျက်ရည်များ ပြည့်လျှံနေခဲ့ပြီ ဖြစ်၏။

“ဟင်းလင်းပြင် ဖြိုခွဲအဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်..အော့ချွမ်း”

“အကြီးအကဲ အော့ချွမ်းကို ဂုဏ်ပြုပါတယ်...”

မြူခိုးဂိုဏ်းမှ အကြီးအကဲများ.. တပည့်များနှင့် စီမံခန့်ခွဲသူများအားလုံးက လက်အုပ်ချီကာ ဂုဏ်ပြုလိုက်ကြ၏။ ရှေးဟောင်းမျိုးနွယ်စု ဆယ့်ရှစ်ခုမှ သခင်များကလည်း တစ်ဦးစီ ပြုံးပြနှုတ်ဆက်ကြပြီး ရေပေါ်ဖြူ မြို့တော်အတွင်းရှိ ကျင့်ကြံသူများကလည်း အဝေးမှနေ၍ ဂုဏ်ပြုစကားများ လှမ်းပြောကြလေသည်။

ဟင်းလင်းပြင် ဖြိုခွဲအဆင့် အကြီးအကဲတစ်ဦး တိုးလာခြင်းနှင့်အတူ မြူခိုးဂိုဏ်းက အထက်သို့ ထိုးတက်သွားတော့မည်မှာ သေချာလှပေ၏။ ကြယ်လေးပွင့်အဆင့် အင်အားစုတစ်ခု ဖြစ်လာရန်မှာ လုံးဝ စိုးရိမ်စရာ မလိုတော့ပေ။

မြူခိုးတောင်ထွတ်ပေါ်တွင်..

ယဲ့ဖုန်းက တွေးတောခြင်းများထဲ နစ်မြုပ်သွား၏။

‘ဒီလောက်တောင် ကြာနေပြီကို... ဂိုဏ်းချုပ်ရဲ့ ဆဋ္ဌမအဆင့် တာဝန်က ဘာလို့ မရောက်လာသေးတာလဲ...’

သူ့အမြင်အရ နောက်ထပ်တာဝန်က သူ၏ဂိုဏ်းကို ကြယ်လေးပွင့်အဆင့် အင်အားစုများဆီသို့ တက်လှမ်းရန် ဦးဆောင်ရမည်မှာ ကျိန်းသေပေသည်။

သို့သော်ငြား တာဝန် မကျလာပါက သူ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

“ဂိုဏ်းချုပ်... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်သာ မရှိရင် ကျွန်တော် အော့ချွမ်းက ဒီတစ်သက် ဟင်းလင်းပြင် ဖြိုခွဲအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး... ဒီနေ့ကစပြီး ကျွန်တော့်အသက်က ဂိုဏ်းချုပ်အတွက်ပါပဲ...”

အော့ချွမ်းက လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီး ယဲ့ဖုန်းရှေ့တွင် ဒူးထောက်ကာ သစ္စာဆိုလိုက်၏။

“ထပါ...”

ယဲ့ဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။

“ဒီနေ့ကစပြီး ဂိုဏ်းကို သေချာအလုပ်အကျွေးပြုပါ... အချိန်ရရင် တပည့်တွေကိုလည်း လမ်းညွှန်မှုတွေ ပေးလို့ရတယ်နော်...”

“ဟုတ်ကဲ့ပါ...”

အော့ချွမ်းက ခေါင်းညိတ်ပြလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်မ ထင်တာကတော့...”

ထိုအခိုက် ဟူဖေးဖေးက လျှောက်လာပြီး အဝေးရှိ ရွှေနဂါးအကြီးအကဲ၏ အလောင်းကို လက်ညှိုးထိုးပြလိုက်၏။

ထိုအရာ၏ နတ်ဆိုး အမြုတေကို သူမက အလွန် စိတ်ဝင်စားနေပုံရပေသည်။

“အိုး... အဆင့်မြှင့်တင်မှု စွမ်းအင်က (၈၅) ရာခိုင်နှုန်း ရောက်နေပြီပဲ... ရွှေနဂါးအကြီးအကဲရဲ့ နတ်ဆိုး အမြုတေကို မျိုချလိုက်တာနဲ့ မင်း အဆင့်ချိုးဖြတ်နိုင်တော့မယ် ထင်တယ်...”

ယဲ့ဖုန်းက ဟူဖေးဖေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တော့သည်။

“ဝှစ်...”

ဟူဖေးဖေးက ချက်ချင်းပင် ပျံသန်းသွားပြီး ရွှေနဂါးအကြီးအကဲ၏ နတ်ဆိုး အမြုတေကို ထုတ်ယူလိုက်၏။

ထို့နောက် ဂိုဏ်းချုပ်၏ ခန်းမကြီးဆီသို့ ပြန်သွားကာ စတင်သန့်စင်တော့သည်။

အခြားတစ်နေရာတွင်..

ယဲ့ဖုန်းက ရွှေနဂါးနှင့် အနီရောင် နဂါးတို့၏ အလောင်းများကို ဂိုဏ်း၏ ပင်မရင်ပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထိုအရာများက တောက်ပနေသော အထင်ကရ နေရာနှစ်ခု ဖြစ်လာတော့သည်။

မကြာမီပင် ဤကိစ္စက လျင်မြန်စွာ ကျော်ကြားသွားခဲ့လေသည်။

ကျောင်းယန် သန့်စင်သောမြို့တော် ဖြစ်စေ.. တားမြစ်နယ်မြေအသီးသီး ဖြစ်စေ အားလုံးက ယဲ့ဖုန်း၏ ဒေါသတကြီးဖြင့် ရွှေနဂါးအကြီးအကဲကို သတ်ဖြတ်လိုက်သည့် သတင်းကို ရရှိသွားကြ၏။

ချန်းချင် တားမြစ်နယ်မြေအတွင်း၊

“ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ပါးကို တကယ်ပဲ သတ်ဖြတ်ခဲ့တာလား... အဲဒါက ငါ သူ့ကို ရင်ဆိုင်ရရင်တောင် သေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...”

ရှောင်ချန်းထျန်း၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

ပိုင်ကျီက သူ၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်၏။

“သခင်ကြီး... စိတ်မပူပါနဲ့... အဲဒီ ယဲ့ဖုန်းက တပိုင်း သူတော်စင် အဆင့်ကို တိတ်တဆိတ် ဝင်ရောက်သွားတာ ဖြစ်ရမယ်... မဟုတ်ရင် ထိပ်တန်း ကောင်းကင်ဧကရာဇ်တစ်ပါးအနေနဲ့ ရွှေနဂါးအကြီးအကဲကို သတ်နိုင်တဲ့ စွမ်းအား ဘယ်လိုလုပ် ရှိနိုင်မှာလဲ...”

“အင်း... အဲဒါလည်း ဖြစ်နိုင်တာပဲ...”

ရှောင်ချန်းထျန်းက ခေါင်းညိတ်ပြလိုက်၏။

ရှန်ကျိုးတိုက်ကြီး၏ တောင်ပိုင်းပင်လယ်ရပ်ဝန်း၌..

“ငါတို့က ပျော်ရွှင်နေတဲ့ မိစ္ဆာလေးတွေ အုပ်စု... ဖိနပ်မပါဘဲ ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်နေကြတယ်...”

ဝိညာဉ်သားရဲအချို့က တန်းစီကာ ပင်လယ်နံဘေးရှိ နူးညံ့သော သဲပွင့်လေးများပေါ် နင်းလျှောက်နေကြ၏။ သူတို့က ရွှင်လန်းစွာ လမ်းလျှောက်ရင်း တေးသီချင်းတစ်ပုဒ်ကို သီဆိုသွားကြသည်။

မြေခွေး တာ့ဟုန်က ခေါင်းဆောင်အဖြစ် လေထုကို အသက်ဝင်စေရန် တာဝန်ယူထားလေသည်။

အစ်ကိုကြီး ခေါင်းပြား က နောက်ဆုံးမှ လိုက်ပါလာပြီး သူ၏မျက်လုံးများထဲတွင်တော့ တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေ၏။

“အစ်မကြီး... ငါတို့က ပင်လယ်ရေကြောင်းလမ်းတစ်ခုကို ဖောက်လုပ်ဖို့ ထွက်လာကြတာ မဟုတ်ဘူးလား... ဘာလို့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်နေရတာလဲ...”

ဝက် စန်းဖန်က နားမလည်စွာဖြင့် မေးလိုက်သည်။

ထိုအခါ.. မြေခွေး တာ့ဟုန်က ဘဲပေါင်တစ်ချောင်းကို ကိုက်စားရင်း တုံ့ပြန်လိုက်၏။

“ငါတို့က လုံခြုံတဲ့ သင်္ဘော တစ်ခု တည်ဆောက်နိုင်ဖို့ အမြဲတမ်း သင်္ဘောကျင်းအဖြစ် သတ်မှတ်လို့ရမယ့် သင့်တော်တဲ့ မြို့တစ်မြို့ကို ရှာဖို့ လိုတယ်လေ...”

“အော်... သဘောပေါက်ပြီ...”

ဝက် စန်းဖန်က နားလည်သွားတော့သည်။

“ဂတ်.. ဂတ်..ဂတ်.... ခေါင်းမော့ပြီး ကောင်းကင်ကြီးဆီ သီချင်းဆိုမယ်ဟေ့...”

ရွှေရောင် ငန်းဝကြီးက ဝက် စန်းဖန်နောက်မှ လိုက်ပါလာရင်း အထက်သို့မော့ကာ သီချင်းစဆိုတော့သည်။

“ရပ်လိုက်စမ်းပါကွာ... နားထောင်ရတာ တော်တော် ဆိုးရွားလွန်းတယ်...”

နောက်မှလိုက်လာသော ခွေး အားဟာက မခံနိုင်တော့ဘဲ ညည်းညူလိုက်ပါ၏။

“ငါ ဆိုချင်လို့ ဆိုတာကွ...”

ရွှေရောင် ငန်းဝကြီးက အသံကို မြှင့်ကာ အော်ဟစ်လိုက်သည်။

တောင်ပံတစ်ဖက်က ကျယ်ပြောလှသော ပင်လယ်ကြီးဆီသို့ လက်ညှိုးထိုးပြထား၏။

“ဟိုပင်လယ်ကြီးကို ကြည့်စမ်း... အရမ်းကျယ်ဝန်းပြီး ကြီးမားလိုက်တာ... ဟိုငါးတွေကိုလည်း ကြည့်ဦး... အရမ်း ဝဖြိုးပြီး စိုစွတ်နေတာပဲ...”

“ဝေါင်း...”

အုပ်စု၏ နောက်ဆုံးတွင် ရှိနေသော အစ်ကိုကြီး ခေါင်းပြားက သည်းမခံနိုင်တော့ပေ။ သူက အရှေ့သို့ တက်သွားသည်။ ခြေဖြင့် တစ်ချက် ကန်လိုက်၏။ ရွှေရောင်ကြယ်ပျံတစ်စင်း ပင်လယ်ပြင်ပေါ် ကျဆင်းသွားသကဲ့သို့ပင်။

ဆယ်မိုင်ကျော်ခန့် အထိ ငန်းဝကြီး လွင့်ထွက်သွားတော့သည်။

“ဒုန်း...”

သို့သော်ငြား တုံးတိတိအသံတစ်သံသာ ထွက်ပေါ်လာ၏။ ရွှေရောင် ငန်းဝကြီးက ပင်လယ်ထဲသို့ ငုပ်လျှိုးမသွားပေ။ ရေမျက်နှာပြင်ပေါ်တွင် ရပ်နေကာ သူ၏ ခြေထောက်များသာ ရေမြုပ်နေသည်။

ထိုအရာက ပင်လယ်ရေမှာ သုံးလက်မထက် မနက်ရှိုင်းသကဲ့သို့ ထင်မှတ်ရစေ၏။

နောက်တစ်ခဏချင်း၌.. ရွှေရောင် ငန်းဝကြီးက အလိုအလျောက် မြင့်တက်လာသည်။

သူက ခေါင်းငုံ့ကြည့်လိုက်၏။ အောက်ဘက်ရှိ ပင်လယ်မျက်နှာပြင်မှာ လေထဲသို့ ခုန်တက်လာကြသော မရေမတွက်နိုင်သည့် ရက်စက်ကြမ်းကြုတ်သော ပင်လယ်နတ်ဆိုးများနှင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရတော့သည်။

သူက ထက်မြက်သော လက်သည်းနှစ်ခုပါသည့် ဧရာမ ငါးရှဉ့်မိစ္ဆာကြီးတစ်ကောင်၏ ခေါင်းပေါ်တွင် ရပ်နေခြင်း ဖြစ်၏။ ထိုသတ္တဝါကြီး အထက်သို့ တက်လာသည်နှင့်အမျှ သူပါ လိုက်ပါလာခြင်းပင်။

“ဒါ ပင်လယ်နတ်ဆိုးတပ်ဖွဲ့ကြီးပဲ...”

“သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပုံရတယ်...”

မြေခွေး တာ့ဟုန်.. ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲများက အချင်းချင်း တီးတိုးရေရွတ်လိုက်ကြ၏။ သူတို့၏ မျက်နှာများထက်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေသည်။

“ဆွဲဖြဲပစ်လိုက်စမ်း...”

ထိုအခိုက် ဝန်းရံနေသော ပင်လယ်နတ်ဆိုးများက ဟိန်းဟောက်လိုက်ကြသည်။

သူတို့လက်ထဲမှ သံမဏိသုံးခွခက်ရင်းများအား ဝှေ့ယမ်းလိုက်၏။ ရွှေရောင် ငန်းဝကြီးဆီသို့ ထိုးစိုက်လာတော့သည်။

“အား... ကယ်ကြပါဦး...”

ရွှေရောင် ငန်းဝကြီးမှာ အလွန် ကြောက်လန့်သွား၏။ သူ၏ ခြေထောက်များကို အားပြုကာ အခြားပင်လယ်နတ်ဆိုးများ၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ ၎င်းက ထိုအရာများကို နင်းခုံများအဖြစ် အသုံးပြုလျက် သမုဒ္ဒရာတစ်ဖြတ် ဖြတ်ပြေးတော့သည်။

“သူတို့ကို ဖြတ်ကျော်ပြီး သတ်ပစ်လိုက်... မဟုတ်ရင် နန်ယန်မြို့ကို ကျောဘက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မယ့် ငါတို့ရဲ့ အစီအစဉ်က ပေါ်သွားလိမ့်မယ်...”

မူလ နတ်ဘုရား အဆင့်ရှိ ပင်လယ်နတ်ဆိုး ခေါင်းဆောင် တစ်ဦးက လေးနက်စွာ အမိန့်ပေးလိုက်၏။ သူက ပင်လယ်နတ်ဆိုးတစ်သိန်း ပါဝင်သော တပ်ကြီးကို ဦးဆောင်လာခြင်း ဖြစ်သည်။ နန်ယန်မြို့ကို ကျောဘက်မှနေ၍ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းပင်။

“ငါ့ကို ကယ်ကြပါ... သူတို့က ငါတို့ကို သတ်ချင်နေကြတယ်...”

ပင်လယ်နတ်ဆိုးခေါင်းဆောင်၏ အသံကို ကြားလိုက်ရချိန်တွင် ရွှေရောင် ငန်းဝကြီးက တင်ပါးကို ကျုံ့ကာ အမြင့်ဆုံးအမြန်နှုန်းဖြင့် ပြေးလေတော့သည်။ သူ၏ ကျယ်ပြန့်သော ခြေဖဝါးများက ပင်လယ်မျက်နှာပြင်ပေါ်သို့ ကျဆင်းသွား၏။ အလွန်မြန်ဆန်လှသဖြင့် လှိုင်းလုံးများကိုပင် နင်းလျှောက်နိုင်ကာ အစွန်းရောက်အမြန်နှုန်းဆီသို့ ရောက်ရှိသွားတော့သည်။

“ဝှစ်...”

တစ်ခဏအတွင်းမှာပင် မီတာတစ်ရာအထိ ရောက်ရှိသွား၏။ ငန်းဝကြီးက ကမ်းခြေဆီသို့ ထွက်ပြေးနေခြင်းပင်။

“ဝေါင်း...”

ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည့် အလားအလာကြောင့် အစ်ကိုကြီး ခေါင်းပြားမှာ အလွန်အမင်း စိတ်လှုပ်ရှားသွား၏။ သူက သွေးကြောဆက်နွယ်မှုကို ချက်ချင်း သက်ဝင်စေလိုက်သည်။ ဂေါ်ဇီလာပုံစံသို့ ပြောင်းလဲသွား၏။ ရှေ့ဆုံးမှ ပြေးဝင်သွားတော့သည်။

“မြန်မြန်... အင်အားတွေ ပေါင်းကြ...”

“စက္ကူစစ်သည်တော်ဗိုလ်ချုပ်... ဖွဲ့စည်းစမ်း...”

မြေခွေး တာ့ဟုန်.. ခွေး အားဟာ.. ဝက် စန်းဖန်.. ဖားပြုတ် စစ်ချူနှင့် ရွှေဖရုံသီး ဝူကွားတို့က ဤပါရမီစွမ်းရည်ကို ဖော်ထုတ်ရန် လက်တွဲလိုက်ကြ၏။ ဆယ်မီတာ မြင့်မားသော စက္ကူစစ်သည်တော်ဗိုလ်ချုပ် တစ်ဦး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ထွက်ပေါ်လာသည်။ ပင်လယ်နတ်ဆိုးတပ်ဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့၏။

“ရွှီး...”

သံမဏိလက်သည်း နဂါးလင်းယုန်က ကောင်းကင်ဆီသို့ ပျံတက်သွား၏။

သူက တောင်ပံများကို ခတ်လိုက်သည်။ မုန်တိုင်းချုပ်နှောင်ခြင်း ဟု အမည်ရသော မိစ္ဆာမျိုးနွယ်စု မှော်ပညာတစ်ရပ်ကို ဖော်ထုတ်လိုက်၏။ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော မုန်တိုင်းများ စုစည်းလာသည်။ လေဆင်နှာမောင်းများစွာ ဖြစ်တည်လာ၏။ ရေပြင်ပေါ်ရှိ ပင်လယ်နတ်ဆိုးများဆီသို့ တိုက်ခတ်သွားတော့သည်။

“ရွှေရောင် နတ်ဘုရားလက်သီး...”

ရွှေရောင် ရှဉ့်ကလည်း အရှုံးမပေးချေ။ ပင်လယ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ရွှေရောင်အလင်းတန်းများ လင်းလက်နေသော လက်သီးများကို ဝှေ့ယမ်းလိုက်သည်။ လက်သီးတစ်ချက် ပစ်သွင်းလိုက်တိုင်း အဆင့်နိမ့် ပင်လယ်နတ်ဆိုးတစ်ကောင်စီ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားတော့၏။

“အမြီးသုံးချောင်း နတ်ဆိုး မြေခွေး အသွင်ပြောင်းခြင်း... မိုင်တစ်ထောင် ရေခဲချုပ်နှောင်ခြင်း...”

မြေခွေးဖြူလေးက လေထဲသို့ ခုန်တက်လိုက်၏။ သူမ၏ အစွမ်းရှိသမျှကို စုစည်းလိုက်သည်။

သူမက အရပ် တစ်မီတာ သုံးဆယ်ခန့်ရှိသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာတွင် နတ်ဆိုး ပုံစံများစွာ အလှဆင်ထား၏။

သူမ၏နောက်ကျောတွင်တော့ မြေခွေးအမြီး သုံးချောင်း ထွက်ပေါ်လာတော့သည်။

သူမက လက်ဖြင့် မန္တန်အက္ခရာများကို ဖော်ဆောင်လိုက်၏။ ပင်လယ်မျက်နှာပြင်က လျင်မြန်စွာ ရေခဲသွားသည်။ ရန်သူအုပ်စုကြီးကို အောင်မြင်စွာ တားဆီးထားနိုင်လိုက်တော့၏။

ဝိညာဉ်သားရဲများ၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသော ချပ်ဝတ်အစောင့်အရှောက်ကတော့ လှုပ်ရှားခြင်း မရှိပေ။ သူက ပင်လယ်မျက်နှာပြင်ထက်တွင် ဝဲပျံနေ၏။ ဘယ်ဘက်လက်တွင် ဒိုင်းလွှားတစ်ခုကို ကိုင်ဆောင်ထားသည်။ ညာဘက်လက်တွင်တော့ ဓားတစ်လက်ကို ကိုင်ထား၏။ တစ်ခုလုံးကို အေးစက်စွာ အပေါ်စီးမှ ကြည့်နေတော့သည်။

ဝိညာဉ်သားရဲများ အသက်အန္တရာယ်ကြုံတွေ့ရမှသာ သူက လှုပ်ရှားမည် ဖြစ်၏။ သို့မဟုတ်ပါက သာမန်တိုက်ပွဲများက အသက်စွမ်းအင်များကို အလွန်အမင်း ကုန်ခမ်းစေပြီး လျင်မြန်စွာ ပျောက်ကွယ်သွားစေမည်သာ ဖြစ်ပေသည်။

“ဘယ်လောက်တောင် အားကောင်းတဲ့ ဝိညာဉ်သားရဲတွေလဲ... သူတို့က နန်ယန်မြို့က စစ်ကူတွေများလား... ဒီနေရာမှာ တမင် ချောင်းမြောင်းနေကြတာလား...”

ပင်လယ်နတ်ဆိုးခေါင်းဆောင်က သုံးခွခက်ရင်းကို ကိုင်ဆောင်ထား၏။

သူသည် နီးကပ်လာသော အစ်ကိုကြီး ခေါင်းပြားကို စိုက်ကြည့်နေရင်း ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရတော့သည်။

မိုင်ပေါင်းများစွာ ဝေးကွာသော နန်ယန်မြို့တွင်..

ခရမ်းရောင်ဝါးအိမ်၏

နတ်ဘုရားပျိုးထောင်ခြင်း

ကျောက်စိမ်းစင်မြင့်ပေါ်၌..

လင်ယွဲ့နှစ်ဦးက သူမတို့ ခွဲထွက်နေစဉ် ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံစားနေကြ၏။ ယခင်က နှစ်ကြိမ်ခွဲထွက်ပြီးနောက် သူမ၏ ခံနိုင်ရည်က များစွာ တိုးတက်လာခဲ့သည်။ သူမ၏ အော်ဟစ်သံများကလည်း များစွာ သက်သာသွား၏။

သို့သော်ငြား နဖူးပေါ်တွင်တော့ ချွေးစေးများ ပေါက်နေဆဲပင် ဖြစ်လေသည်။

မကြာမီမှာပင် လင်ယွဲ့နှစ်ဦးမှ လေးဦးဖြစ်လာ၏။

နတ်ဘုရားပျိုးထောင်ခြင်း ကျောက်စိမ်းစင်မြင့် ပတ်ပတ်လည်ရှိ တရားထိုင်ခုံများပေါ်တွင်တော့ လင်ယွဲ့လေးဦးက တည်ငြိမ်အေးချမ်းစွာ တရားထိုင်နေကြပြီ ဖြစ်သည်။

“နောက်ဆုံးတော့ တတိယအကြိမ် ခွဲထွက်တာ ပြီးသွားပြီပဲ... နောက်ထပ်ကတော့ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရမယ့် အချိန်ပဲ...”

လင်ယွဲ့ရှစ်ဦးထံမှ တစ်ပြိုင်နက်တည်း အသံထွက်ပေါ်လာကြ၏။

ရုတ်တရက် လင်ယွဲ့က ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက် သူမသည် ဖြစ်ပွားနေသော အဝေးမှ တိုက်ပွဲဆီသို့ အကြည့် ရောက်ရှိသွား၏။ မြေပြင်တုန်ခါလောက်သော ပဋိပက္ခတစ်ခုကို လင်ယွဲ့ ခံစားမိလိုက်တော့သည်။

--

All Chapters