အခန်း ၆၅၈
Vol. 44 Ch. 658
အခန်း (၆၅၈) အပြင်းအထန် တိုက်ခိုက်နေသော အစ်ကိုကြီး ခေါင်းပြား၊ လျှို့ဝှက်သော လမ်းညွှန်မှု
“ထူးဆန်းလိုက်တာ ... အနည်းဆုံး မူလနတ်ဘုရားအဆင့်လောက် ရှိတဲ့ တိုက်ပွဲလှိုင်းတွေကို ငါ ဘာလို့ ခံစားနေရတာလဲ ... ”
လင်ယွဲ့သည် မိုင်ပေါင်းများစွာ ဝေးကွာသော ပင်လယ်ပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာမှ တိုက်ပွဲလှိုင်းများ ထွက်ပေါ်လာနေခြင်း ဖြစ်၏။
အကယ်၍ ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူဆိုပါက ထိုအရာကို သေချာပေါက် သိရှိနိုင်မည် မဟုတ်။ သို့သော် သူမမှာ မူလဝိညာဉ်ကို စုစည်းထားပြီးဖြစ်သော မူလနတ်ဘုရားအဆင့် ပညာရှင် တစ်ဦး ဖြစ်သည်။ အာရုံခံနိုင်စွမ်းမှာ အလွန် မြင့်မားလှသည်။ ထို့ကြောင့် ထိုထူးခြားမှုကို သတိပြုမိသွားခြင်းပင်။
“တခြားသူတွေ အပြင်းအထန် တိုက်ခိုက်နေကြတာ ဖြစ်မယ် ... ”
လင်ယွဲ့ တီးတိုး ရေရွတ်လိုက်မိသည်။
ယခုအချိန်တွင် သူမသည် တိတ်ဆိတ်စွာ အပြင်းအထန် ကျင့်ကြံနေရမည် ဖြစ်၏။
တတိယအကြိမ် ခွဲထွက်မှု ပြီးစီးသွားသည်နှင့် လင်ယွဲ့ ရှစ်ဦးသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ အပြန်အလှန် ဆက်နွှယ်နေသော အရှိန်အဝါများဖြင့် ကျင့်ကြံနေကြ၏။ ဤသည်မှာ သူမတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းကို အံ့ဩဖွယ်ရာ နှစ်ဆမှ သုံးဆအထိ တိုးမြှင့်ပေးသည်။
သူမ၏ ပါရမီမှာ မူလကတည်းက မြင့်မားပြီးသားပင်။
‘ခန္ဓာကိုယ် ခွဲထွက်ခြင်း’ ကျင့်စဉ်မှ ရရှိသော ကျင့်ကြံခြင်း အမြန်နှုန်း တိုးတက်မှုတို့ ပေါင်းစပ်လိုက်လျှင် သူမ၏ တိုးတက်မှုမှာ ပို၍ပင် မြန်ဆန်လာတော့မည် ဖြစ်၏။
“မကြာခင် ငါ မူလနတ်ဘုရားအဆင့် နှစ် ကို တက်နိုင်တော့မယ်.. အဲဒီအချိန်ကျရင် ခွန်အား ရှစ်ခု ပေါင်းစပ်ပြီး တိုက်ခိုက်မယ်ဆိုရင် မူလနတ်ဘုရားအဆင့် ခုနစ် အောက်မှာတော့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ... ”
လင်ယွဲ့ တီးတိုး ပြောလိုက်သည်။
သူမသည် အဝေးမှ တိုက်ပွဲတွင် ဝင်မပါချင်ပါ.. သို့သော် သတိထားသည့်အနေဖြင့် သူမ၏ မူလဝိညာဉ်မှ အမျှင်တန်းလေး တစ်ခုကို ခွဲထုတ်လိုက်သည်။ ထိုအမျှင်တန်းလေးသည် ဘေးရှိ ခရမ်းရောင် ဝါးရွက်လေး တစ်ရွက်ပေါ်သို့ ကျဆင်းသွားသည်။ ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ ဝိညာဉ်အာရုံ ကိုယ်ပွား တစ်ခု ဖြစ်၏။
၎င်းသည် မူလကိုယ်ထည်၏ ခွန်အား ဆယ်ပုံတစ်ပုံသာ ရှိသည်။ သို့သော် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်ကို အလွယ်တကူ ခြေမှုန်းပစ်ရန်မှာ လုံလောက်လှသည်။
“ဝှစ် ..”
လင်ယွဲ့သည် နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းရင်း အဝေးသို့ ပျံသန်းသွား၏။
ပင်လယ်ပြင်ထက်တွင် အစ်ကိုကြီး ခေါင်းပြားသည် လမ်းလျှောက်နေသည်။
သူ၏ ကိုယ်လုံး ကြီးထွားလာကာ မီတာဆယ်ဂဏန်းခန့် မြင့်မားလာသည်။
ကျောပေါ်ရှိ ဆူးတောင်များမှ မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။
ပေါက်ကွဲထွက်လာသော အရှိန်အဝါများမှာ ပို၍ ကြောက်စရာ ကောင်းလာတော့သည်။
“သူကလည်း အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ် ပါလား ... ”
ခက်ရင်းခွကို ကိုင်ထားသော ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ မျက်နှာမှာ တည်ကြည်လေးနက်သွား၏။
နှစ်ဦးစလုံးမှာ အလယ်အလတ်အဆင့် နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသည်။
ပင်လယ်နတ်ဆိုး ခေါင်းဆောင်သည် မိမိ၏ ကြီးမားသော ခွန်အားကို ဂုဏ်ယူနေကာ အစ်ကိုကြီး ခေါင်းပြားကို ကြောက်ရွံ့ခြင်း မရှိပေ။
သို့သော် တာဝန်တစ်ခု ပါလာသည်။ သူ အချိန်ဆွဲ၍ မရပါ။
သူ၏ လက်အောက်ရှိ ပင်လယ်နတ်ဆိုးများ အသေအပျောက် များသွားမည်။
ဤရုတ်တရက် ပေါ်လာသော ဝိညာဉ်သားရဲများကြောင့် နန်ယန်မြို့ကို အလစ်အငိုက် တိုက်ခိုက်မည့် အစီအစဉ် ပျက်စီးသွားမည်။
“သုံးချက်ဆင့် ဖြိုခွဲခြင်း ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်သည် ခက်ရင်းခွကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ သုံးချက် ဆင့်ထိုးလိုက်၏။
အချက်တိုင်းတွင် ထူးခြားသော ခက်ရင်းခွ ပုံသဏ္ဌာန် ရေဓားများ ဖြစ်ပေါ်လာသည်။
၎င်းတို့ သုံးခု ပေါင်းစပ်သွားသည့်အခိုက်..
စွမ်းအားမှာ သုံးဆ တိုးသွားကာ
အစ်ကိုကြီး ခေါင်းပြားဆီသို့ ခုတ်ပိုင်းသွားတော့သည်။
“ဝါး ”
အစ်ကိုကြီး ခေါင်းပြားမှာ လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။
လက်သည်းများဖြင့် ဆုပ်ကိုင်လိုက်သည်။
ရေဓားများကို ဆွဲဖြဲပစ်လိုက်၏။
သူ၏ အမြီးကို ရေထဲတွင် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ကြီးမားသော တွန်းကန်အား ထွက်ပေါ်လာကာ အစ်ကိုကြီး ခေါင်းပြားက
ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
လက်သီးတစ်ချက် ထိုးချလိုက်ကာ
ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ရင်ဘတ်ကို တည့်တည့် ထိသွားလေ၏။
“အာ့”
ပင်လယ်နတ်ဆိုး ခေါင်းဆောင် သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ
မီတာ ရာချီ အဝေးသို့ လွင့်စင်သွားတော့၏။
“ဒီလောက်တောင် မာကျောတာလား ... ”
သူသည် ဒဏ်ရာ တစ်ချက်မျှ မရှိသော အစ်ကိုကြီး ခေါင်းပြား၏ လက်သည်းများကို ကြည့်လိုက်မိ၏။
မျက်လုံးပြူးသွားကာ ဘာပြောရမှန်းပင် မသိတော့ပေ။
“ဒါကို ခံကြည့်စမ်း ... ဥက္ကာပျံ ဓားမိုး ... ”
ကမ်းခြေပေါ်ရှိ မြေခွေး တာ့ဟုန်က လက်ဟန်များ ရေးဆွဲလိုက်သည်။
စက္ကူစစ်သူကြီးက ထက်မြက်သော ဓားကို ဝှေ့ယမ်းလိုက်ကာ ပင်လယ်ပြင်ကို အရင်ဆုံး ထိလိုက်၏။
အပေါ်သို့ ဆွဲတင်လိုက်သည့်အခိုက် ရေပေါက်ပေါင်းများစွာ လေထဲသို့ မြင့်တက်သွားသည်။
ဆက်လက်၍ ထိုရေပေါက်များသည် ထက်မြက်သော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ဒေါသတကြီး ရွာကျလာ၏။
မျက်တောင်တစ်ခတ်အတွင်း ပင်လယ်နတ်ဆိုး ရာပေါင်းများစွာကို ထိုးဖောက်သွားတော့သည်။
“ဟားဟား ... အလုပ်ဖြစ်တယ်ကွ ... ”
“အစ်မကြီးက တကယ် တော်တာပဲ ... ”
ခွေး အားဟာ၊ ဝက် ဆန်းဖန်နှင့် အခြားသူများက မရပ်မနား ချီးကျူးနေကြသည်။
ပင်လယ်ပြင်ထက်တွင် ပင်လယ်နတ်ဆိုး ခေါင်းဆောင်သည် ဤဝိညာဉ်သားရဲ အုပ်စုကို အကဲခတ်လိုက်သည်။
သူတို့မှာ မရိုးရှင်းပေ။
သူ၏ ရင်ထဲတွင် ဆုတ်ခွာလိုစိတ်များ ပေါ်ပေါက်လာတော့သည်။
“မကောင်းတော့ဘူး ... ဒီအလစ်အငိုက် တိုက်ခိုက်မယ့် အစီအစဉ်က ဆက်လုပ်လို့ မရတော့ဘူး။ ငါ အမြန်ဆုံး ဆုတ်ခွာရမယ်.. ဒီကိစ္စကို ပင်လယ်ဧကရာဇ်ကြီးဆီ သတင်းပို့ရမယ် ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်သည် တိုက်ပွဲမှ ရှောင်ထွက်ရန် ပြင်လိုက်သည်။
သို့သော် အစ်ကိုကြီး ခေါင်းပြားသည် ပင်လယ်ပြင်ကို နင်းလိုက်သည်။
သူ့အနားသို့ ရောက်လာသွား၏။
“ထွက်သွားစမ်း ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်က ခက်ရင်းခွကို ဝှေ့ယမ်းလိုက်သည်။
အစ်ကိုကြီး ခေါင်းပြားကို ရိုက်ထုတ်လိုက်၏။
ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် “ဒေါင်” ဆိုသော အသံ ထွက်ပေါ်လာသည်။
အစ်ကိုကြီး ခေါင်းပြားက သူ၏ လက်သည်းများဖြင့် အဆင့်နိမ့် ဝိညာဉ်ရတနာ ခက်ရင်းခွကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်၏။
ပင်လယ်နတ်ဆိုး ခေါင်းဆောင် မည်မျှပင် ရုန်းကန်နေပါစေ ဆွဲထုတ်၍ မရတော့။
“ခွေးကောင် ... လွှတ်စမ်း ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်မှာ စိုးရိမ်သွားသည်။
ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤအရာမှာ အဆင့်နိမ့် ဝိညာဉ်ရတနာ ဖြစ်သည်။
သူ မစွန့်လွှတ်ချင်ပါ။
ပင်လယ်နတ်ဆိုး ခေါင်းဆောင် အားကုန်သုံး၍ ဆွဲလိုက်သည်။
လုံးဝ မလှုပ်။
“ဝါး ”
ရကိစက်သော အစ်ကိုကြီး ခေါင်းပြားက စကားများများ မပြောဘဲ
ပြင်းထန်စွာ ဆောင့်ဆွဲလိုက်၏။
ပင်လယ်နတ်ဆိုး ခေါင်းဆောင်မှာ သူ၏ အရှေ့သို့ ရောက်လာသည်။
၎င်းက ပါးစပ်ဟလိုက်ကာ ကိုက်ချလိုက်တော့သည်။
"ရွှစ်..."
ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ချပ်ဝတ်မှာ မာကျောသည်။
သို့သော် အစ်ကိုကြီး ခေါင်းပြား၏ ထက်မြက်သော သွားများကို မခံနိုင်။
အသားတုံးကြီး တစ်တုံး ပြတ်ထွက်သွားသည်။
အစ်ကိုကြီး ခေါင်းပြားသည် အချက်အနည်းငယ် ဝါးလိုက်သည်။
အသားကို မျိုချလိုက်၏။
အစ်ကိုကြီး ခေါင်းပြား၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။
သူ၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်၏။
ပင်လယ်နတ်ဆိုး ခေါင်းဆောင်မှာ ကျောရိုးတစ်လျှောက် အေးစက်သွားတော့သည်။
“အမေ့ ... ရက်စက်လွန်းတယ် ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်မှာ ကြောက်လွန်းသွားသည်။
လက်လွှတ်လိုက်၏။
အစ်ကိုကြီး ခေါင်းပြား၏ ထက်မြက်သော လက်သည်းများကြားတွင် အဆင့်နိမ့် ဝိညာဉ်ရတနာ ခက်ရင်းခွကြီး ကျန်ရစ်ခဲ့သည်။
“ဝှစ် …”
မျက်တောင်တစ်ခတ်အတွင်း ပင်လယ်နတ်ဆိုး ခေါင်းဆောင်မှာ မီတာ ရာချီ အဝေးသို့ ထွက်ပြေးသွား၏။
“ဆုတ် ဆုတ် ဆုတ် ... ”
သူသည် ပတ်ဝန်းကျင်ရှိ ပင်လယ်နတ်ဆိုးများကို သတိပေးရန် မမေ့ခဲ့ပေ။
တိုက်ပွဲမှာ အချိန်တိုလေးသာ ကြာခဲ့သည်။
သို့သော် ပင်လယ်နတ်ဆိုး တပ်ကြီး တစ်သိန်းအနက် ယခုအခါ ခုနစ်သောင်းသာ ကျန်တော့သည်။
ကြီးမားသော အထိနာမှု ဖြစ်၏။
“ဝါး ... ”
အစ်ကိုကြီး ခေါင်းပြားသည် ထွက်ပြေးသွားသော ပင်လယ်နတ်ဆိုး ခေါင်းဆောင်ကို ကြည့်လိုက်ကာ ခက်ရင်းခွကို လှည့်လိုက်၏။
အစ်ကိုကြီး ခေါင်းပြားသည် ခက်ရင်းခွကို အားကုန်သုံး၍ ပစ်လွှတ်လိုက်သည်။
"ရွှစ်..."
ခက်ရင်းခွက ဟင်းလင်းပြင်ကိုပင် ဆွဲဖြဲတော့မတတ် ဖြစ်သွားကာ
မျက်တောင်တစ်ခတ်အတွင်း ကီလိုမီတာချီ အကွာအဝေးကို ရောက်သွား၏။
ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ရင်ဘတ်ကို ဖောက်ထွင်းသွားသည်။
ပင်လယ်အောက်ကြမ်းပြင် မီတာဆယ်ဂဏန်းအထိ စိုက်ဝင်သွားတော့၏။
“ဖူး ... ”
ပင်လယ်နတ်ဆိုး ခေါင်းဆောင်သည် ရင်ဘတ်ရှိ ဧရာမ အပေါက်ကြီးကို ငုံ့ကြည့်လိုက်သည်။
သူ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ ပင်လယ်ထဲသို့ ငုပ်လျှိုးကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် အစ်ကိုကြီး ခေါင်းပြားက သူ၏ နောက်သို့ ရောက်သွား၏။
"ရွှစ်..."
အစ်ကိုကြီး ခေါင်းပြား၏ ထက်မြက်သော လက်သည်း နှစ်ခုစလုံးက ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ ခေါင်းကို တစ်ပြိုင်နက် ထိုးဖောက်သွားကာ ထက်ပိုင်း ဆွဲဖြဲပစ်လိုက်၏။
ကျန်ရှိနေသော ပင်လယ်နတ်ဆိုး ခုနစ်သောင်းရှေ့မှာတင် စတင် စားသောက်နေတော့သည်။
“ရက်စက်လွန်းတယ် ... ”
ပင်လယ်နတ်ဆိုး တပ်ကြီးမှာ ထိတ်လန့်မှုကြောင့် ဖြူလျော့သွားကြသည်။ အခွင့်အရေး ရသူများမှာ ပင်လယ်ထဲသို့ ငုပ်လျှိုးလိုက်ကြ၏။ အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ၍ ထွက်ပြေးကြတော့သည်။
"ဂျွတ် ..."
ရုတ်တရက် ကွဲအက်သံ တစ်သံ ထွက်ပေါ်လာသည်။
အစ်ကိုကြီး ခေါင်းပြား၏ မျက်လုံးများ ပြူးကျယ်သွား၏။ ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ နှလုံးသားထဲမှ ရေဘဝဲ လက်တံတစ်ခု ပေါက်ကွဲထွက်လာကာ ပင်လယ်ထဲသို့ လျင်မြန်စွာ လျှောဆင်းသွား၏။ မျက်တောင်တစ်ခတ်အတွင်း အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို သူ သတိပြုမိလိုက်သည်။
“မကောင်းဘူး ... သူ ထွက်ပြေးသွားပြီ ... ”
မြေခွေးဖြူလေးက အလန့်တကြား အော်လိုက်သည်။
“အဲ့ဒါ ဘာကြီးလဲ ... ” ရွှေရောင် ရှဥ့်လေးက မေးလိုက်၏။
“အဲ့ဒါ ပင်လယ်နတ်ဆိုးရဲ့ မူလဝိညာဉ်ပဲ.. အစ်ကိုကြီး ခေါင်းပြား အာရုံလွဲသွားတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာ ... ” မြေခွေး တာ့ဟုန်က ရှင်းပြလိုက်သည်။
“ဟိုမှာ ကြည့်စမ်း ... ပင်လယ်နတ်ဆိုးတွေ အကုန်လုံး ထွက်ပြေးသွားကြပြီ။ ငါတို့ လိုက်သွားရမလား ... ”
ခွေး အားဟာက မေးလိုက်သည်။
“မလိုပါဘူး။ အခု ငါတို့ရဲ့ အဓိက တာဝန်က နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ထားလို့ရမယ့် သင့်တော်တဲ့ ကမ်းခြေမြို့ တစ်မြို့ကို ရှာဖို့ပဲ.. အဲဒီမြို့ကို ရေကြောင်း လမ်းကြောင်းရဲ့ အစပြုရာ နေရာအဖြစ် သုံးရမယ် ... ” မြေခွေး တာ့ဟုန်က လက်ဝှေ့ယမ်းလိုက်သည်။
“ဝါး ... ”
အစ်ကိုကြီး ခေါင်းပြားသည် ပင်လယ်နတ်ဆိုး ခေါင်းဆောင်၏ အလောင်းကို အပိုင်းပိုင်း ဆွဲဖြဲလိုက်သည်။ သဲသောင်ပြင်ပေါ်သို့ မထီမဲ့မြင် ပစ်ချလိုက်၏။ ယနေ့ တိုက်ပွဲမှာ အားရစရာ မကောင်းဟု ခံစားနေရသည်။ နောက်ထပ် တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်နေသေး၏။
“ဂတ် ... ဂတ် ... ဂတ် ... နောက်ဆုံးတော့ ဘေးကင်းသွားပြီ ... ”
ကမ်းခြေတွင် ရွှေရောင် ငန်းဝကြီးသည် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ သဲပုံပေါ်တွင် ထိုင်လိုက်၏။ နဖူးမှ ချွေးများကို အတောင်ပံဖြင့် သုတ်နေသည်။ ခုနက အဖြစ်အပျက်ကြောင့် တုန်ယင်နေဆဲ ဖြစ်၏။
အကယ်၍ ခုနကသာ သူ အမြန် မပြေးခဲ့လျှင် ပင်လယ်နတ်ဆိုး တပ်ကြီး၏ ဝါးမြိုမှုကို ခံရမည်မှာ သေချာလှသည်။
ကောင်းကင်ယံထက်တွင်..
တိမ်ဖြူလေး တစ်ခုပေါ်တွင် မှေးမှိန်သော ပုံရိပ်တစ်ခု ရပ်နေသည်။ ၎င်းက သွေးများဖြင့် နီရဲနေသော ပင်လယ်ပြင်နှင့် အောက်ဘက်ရှိ အစ်ကိုကြီး ခေါင်းပြား၊ မြေခွေး တာ့ဟုန်တို့ အပါအဝင် ဝိညာဉ်သားရဲများကို အံ့ဩစွာ ငုံ့ကြည့်နေ၏။
“သူတို့ပဲ ဖြစ်နေတာကိုး ... ”
လင်ယွဲ့၏ ဝိညာဉ်အာရုံ ကိုယ်ပွားက တီးတိုး ရေရွတ်လိုက်မိသည်။
ယခင်က စကားပြောဖူးသဖြင့် မြေခွေး တာ့ဟုန်ကို သူမ သေချာပေါက် မှတ်မိနေခြင်း ဖြစ်သည်။
မကြာမီ မြေခွေး တာ့ဟုန်နှင့် အခြားသူများ ကမ်းခြေသို့ ပြန်ရောက်လာကြသည်။ တန်းစီကာ သီချင်းဆိုရင်း ကမ်းစပ်တစ်လျှောက် လမ်းလျှောက်သွားကြ၏။
တိုက်ပွဲအပြီးတွင် သူတို့သည် နန်ယန်မြို့နှင့် ဝေးရာသို့ ဦးတည်သွားနေကြောင်း သတိမထားမိကြ။
“ခုနက မြေခွေး တာ့ဟုန် ပြောတာ ကြားလိုက်ရတယ်.. သူတို့က လမ်းကြောင်းရဲ့ အစပြုရာ နေရာအဖြစ် သုံးဖို့ သင့်တော်တဲ့ မြို့တစ်မြို့ကို ရှာနေတာတဲ့။ ဒီဒေသမှာဆိုရင် နန်ယန်မြို့ကလွဲလို့ တခြား သင့်တော်တဲ့ နေရာ မရှိဘူး ... ဒါပေမဲ့ သူတို့ သွားနေတဲ့ လမ်းကြောင်းက မှားနေတယ် ... ”
လင်ယွဲ့ စိုးရိမ်သွားသည်။
နန်ယန်မြို့တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု တည်ဆောက်ပြီး သင်္ဘောဆိပ် တစ်ခု တည်ဆောက်နိုင်ပါက နန်ယန်မြို့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေမည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်နှင့် အဆက်အသွယ် ပြုလုပ်ရာတွင်လည်း ပိုမို လွယ်ကူစေမည် ဖြစ်၏။
ထို့ကြောင့် ဤကိစ္စကို သူမ အပြည့်အဝ ထောက်ခံသည်။
“သူတို့ကို နန်ယန်မြို့ဆီ တိတ်တဆိတ် လမ်းညွှန်ပေးမှ ရမယ် ... ”
လင်ယွဲ့သည် မန္တန်တစ်ခုကို အသုံးပြုလိုက်၏။ တိမ်တိုက်များကို အသုံးချပြီး နန်ယန်မြို့ အထက်တွင် မြို့ကြီးတစ်မြို့၏ ပုံရိပ်ယောင်ကို ဖန်တီးလိုက်သည်။ ထိုပုံရိပ်ယောင်မှာ မိုင်တစ်ထောင် အကွာမှပင် ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိ၏။
“ဟိုမှာ ကြည့်စမ်း ... ”
“ဟိုမှာ ကြည့်စမ်း ... ကြီးမားပြီး မြင့်မားတဲ့ မြို့ကြီးတစ်မြို့ ရှိနေသလိုပဲ.. အဲဒီနေရာက သယ်ယူပို့ဆောင်ရေး အမှတ်အသား တည်ဆောက်ဖို့ သင့်တော်၊ မသင့်တော် သွားကြည့်ရအောင် ... ”
မြေခွေး တာ့ဟုန်သည် အနောက်ဘက်မှ တောက်ပနေသော အလင်းရောင်ကို သတိပြုမိသွားသည်။ လှည့်ကြည့်လိုက်ရာ နန်ယန်မြို့ အထက်ရှိ ဧရာမ ပုံရိပ်ယောင်ကြီးကို မြင်တွေ့လိုက်ရသည်။
သူမသည် သူမ၏ အဖွဲ့နှင့်အတူ ထိုနေရာသို့ ခုန်ဆွခုန်ဆွဖြင့် သွားကြလေတော့၏။
နေ့တစ်ဝက် ကြာသောအခါ လင်ယွဲ့၏ လျှို့ဝှက် လမ်းညွှန်မှုဖြင့် ဝိညာဉ်သားရဲ အုပ်စုမှာ နန်ယန်မြို့ အနီးသို့ အောင်မြင်စွာ ရောက်ရှိလာကြသည်။
“မကောင်းတော့ဘူး ... နတ်ဆိုးသားရဲတွေ လာတိုက်နေပြီ ... ”
သို့သော် နန်ယန်မြို့ အစောင့်များက မြေခွေး တာ့ဟုန်နှင့် သူမ၏ အဖွဲ့ကို နတ်ဆိုးသားရဲများဟု ထင်မှတ်သွားကြသည်။ အချက်ပေး ခေါင်းလောင်းများ ထိုးကာ မြို့တစ်ခုလုံး ထိတ်လန့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
--