← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆)

မိုးကြိုးနတ်ဘုရားလှံတံနှင့် စစ်ပွဲကို စောင့်ကြိုနေသော နဂါးအစွယ်တပ်မတော်

“နျူအာ... မာပေါ်ကော့...”

ဖန်းဟန်သည် အမိန့်ပေးလိုက်ရာ သူ၏အသံမှာ ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်၏ ခန်းမကြီးထဲတွင် ပဲ့တင်ထပ် သွားခဲ့လေ၏။

ခဏအကြာတွင် နဂါးအစွယ်တပ်မတော်၏ ပထမတပ်ရင်းနှင့် ဒုတိယတပ်ရင်း တပ်မှူးများအဖြစ် ရာထူးတိုးမြှင့်ခံ ရသော နျူအာနှင့် မာပေါ်ကော့တို့သည် အပြေးအလွှား ဝင်ရောက်လာကြပြီး ဒူးတစ်ဖက်ထောက်ကာ ဟိန်းထွက် နေသော အသံဖြင့် ပြောလိုက်ကြလေသည်။

“အရှင်...”

“မြောက်ပိုင်းနယ်စပ်က ကျင်းပေမြို့စားကြီးဟာ ထိပ်တန်း မြင်းတပ်သား သုံးထောင်ကို စေလွှတ်လိုက် ပြီ... အခု ငါတို့ နယ်စပ်က တာ့ဝမ်ကျွမ်းဆီကို ဦးတည်လာနေကြတယ်...”

ဖန်းဟန်သည် သာမန်ကိစ္စရပ်တစ်ခုကို ပြောနေသည့်အလား တည်ငြိမ်သောအသံဖြင့် လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေ၏။

သို့သော် ထိုစကားများမှာ နျူအာနှင့် မာပေါ်ကော့တို့အတွက်မူ ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချ လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့ပေသည်။

“ထိပ်တန်း မြင်းတပ်သား သုံး... သုံးထောင် ဟုတ်လား...”

နျူအာ၏ ရိုးသားသော မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားခဲ့ပြီး ပြာနှမ်းသွားခဲ့လေ၏။ သူသည် ဓားရိုးကို ဆုပ်ကိုင်ထားရာမှ လက်ဆစ်များပင် ဖြူဖွေးလာခဲ့ပြီး သူ၏ မေးရိုးများမှာလည်း ထိန်းမရနိုင်အောင် တုန်ယင်နေ ခဲ့ပေသည်။

မာပေါ်ကော့မှာမူ ဒူးတစ်ဖက်ထောက်လျက်သားပင် အရုပ်ကြိုးပြတ် ကျသွားခဲ့လေ၏။ ဤသည်မှာ ရိုသေမှုပြသ ရန် မဟုတ်ဘဲ ထိုအရေအတွက်ကြောင့် တုန်လှုပ်သွားကာ ခြေထောက်များ အားပျော့သွားခြင်းပင် ဖြစ်ပေသည်။

“အရှင်... မြင်းတပ်သား သုံးထောင်က တစ်ချက်လောက် ဝင်တိုက်လိုက်ရုံနဲ့တင် ကျွန်တော်တို့အားလုံး... သေ ကုန်မှာပေါ့...”

သူ၏အသံတွင် မျှော်လင့်ချက်မဲ့နေသော ရှိုက်သံများ ရောနှောနေခဲ့လေသည်။

၎င်းတို့မှာ မြင်းတပ်သား သုံးထောင်ပင် ဖြစ်ပေသည်။ ထို့ပြင် စစ်ပွဲအတွေ့အကြုံ ရင့်ကျက်နေသော ထိပ်တန်း စစ်သည်များလည်း ဖြစ်ကြလေ၏။ တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ရုံဖြင့် သူတို့၏ ခြေလျင်တပ်ဖွဲ့ကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်နိုင်ပေသည်။ ဤသည်မှာ ဆင်းရဲနွမ်းပါးသော နောက်ခံမှလာသည့် ဤတောင်သူလယ်သမား များ အိပ်မက်ထဲတွင်ပင် မမက်ဖူးသည့် ကြောက်မက်ဖွယ်ကောင်းသော ရန်သူပင် ဖြစ်လေသည်။

“ဘာတွေ ပြာယာခတ်နေတာလဲ...”

သူတို့၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ ဖန်းဟန်သည် မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

“မင်းတို့ရဲ့ သူရဲဘောကြောင်နေတဲ့ ပုံစံကိုလည်း ပြန်ကြည့်ကြဦး... မြင်းတပ်သား သုံးထောင်လောက်နဲ့တင် သေ မတတ် ကြောက်နေကြပြီလား... မင်းတို့လက်ထဲမှာ ကိုင်ထားတာတွေက ထင်းခုတ်တဲ့ဓားတွေ မဟုတ်တော့ ဘူး... မင်းတို့က ငါ့ရဲ့ နဂါးအစွယ်တပ်မတော်က တပ်မှူးတွေဖြစ်ပြီး ဖန်းဟန်ရဲ့ စစ်သည်တွေပဲ...”

ထိုပြတ်သားသော အော်ဟစ်သံမှာ သတိပေးခေါင်းလောင်းသံတစ်ခုကဲ့သို့ နျူအာနှင့် မာပေါ်ကော့တို့ကို လန့်နိုး သွားစေခဲ့လေသည်။ သူတို့၏ မျက်နှာများမှာ နီရဲသွားခဲ့ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြလေ၏။

“ငါ့နောက် လိုက်ခဲ့ကြ...”

ဖန်းဟန်သည် စကားများများမပြောတော့ဘဲ နောက်ဖေးဝင်းအတွင်းရှိ လက်နက်အလုပ်ရုံဆီသို့ လှည့်ထွက်သွား ခဲ့လေသည်။

ထိုသူနှစ်ဦးမှာလည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော စိတ်ဖြင့် အလျင်အမြန် လိုက်ပါသွားကြလေ၏။

ဖန်းဟန်သည် သူတို့ကို သာမန်လက်နက်တိုက်မှတစ်ဆင့် အစောင့်အကြပ် အထူထပ်ဆုံးဖြစ်သည့် လျှို့ဝှက် ဂိုဒေါင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

လေးလံသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်နှင့် အေးစက်သော သတ္တုနံ့တစ်ခုက အပြင်သို့ ပျံ့လွင့်လာခဲ့ပေ သည်။

ဂိုဒေါင်၏ အလယ်ဗဟိုတွင်မူ သတ္တုပြားများဖြင့် အခိုင်အမာ ပြုလုပ်ထားသော လေးလံသည့် သစ်သားသေတ္တာ ဆယ်လုံးကျော်မှာ သပ်ရပ်စွာ စီရီထားလျက် ရှိနေလေသည်။

“ဖွင့်လိုက်...”

ဖန်းဟန်က အမိန့်ပေးလိုက်လေ၏။

နျူအာနှင့် မာပေါ်ကော့တို့သည် အချိန်ဆွဲရန် မဝံ့ရဲကြဘဲ သစ်သားသေတ္တာတစ်လုံး၏ အဖုံးကို အတူတကွ ပူးပေါင်း၍ ဆွဲဖွင့်လိုက်ကြလေသည်။

သေတ္တာအဖုံး ပွင့်သွားသော အခိုက်အတန့်တွင် ထိုသူနှစ်ဦးမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားခဲ့ကြပြီး သူတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ထွက်ကျလာမတတ် ပြူးကျယ်သွားခဲ့ကြပေသည်။

အထူစား အိစက်သောအဝတ်စများ ခင်းကျင်းထားသည့် ထိုသေတ္တာထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် မည်းနက်နေသော လှံတံများမှာ အတန်းလိုက် ငြိမ်သက်စွာ ရှိနေကြလေသည်။

၎င်းတို့ကို လှံတံဟု ခေါ်ဆိုသော်လည်း ထိပ်ဖျားများမှာ ရိုးရိုးချွန်ထက်သည့် သံထိပ်ဖျားများ မဟုတ်တော့ဘဲ လက်သီးဆုပ်ခန့်ရှိကာ အလွန်တိကျသေချာသော ကတော့ပုံသဏ္ဌာန် သတ္တုခဲများဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းသော အလှတရားများ ရောယှက်နေပေသည်။

“အခုကော... မင်းတို့မှာ ယုံကြည်မှု ရှိသေးရဲ့လား...”

ဖန်းဟန်၏အသံက လွင့်ပျံလာခဲ့လေ၏။

“ရှိပါတယ်...”

နျူအာနှင့် မာပေါ်ကော့တို့သည် သူတို့၏ ကျောပြင်များကို ရုတ်တရက် မတ်မတ်ထားလိုက်ကြပြီးနောက် ရူးသွပ် မတတ် အသံဖြင့် ပြန်လည်ဖြေကြားလိုက်ကြလေရာ သူတို့၏ ကြောက်ရွံ့မှုများနေရာတွင် အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်များနှင့် မယိမ်းယိုင်သော အောင်ပွဲခံလိုစိတ်များက အစားထိုး ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပေ သည်။

ဖန်းဟန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စစ်ဆင်ရေး အမိန့်များ စတင်ထုတ်ပြန်လိုက်လေ၏။

“နျူအာ... မင်းက ပထမတပ်ရင်းကို အခုချက်ချင်း ဦးဆောင်ပြီး သုံးရက်စာ ရိက္ခာခြောက်တွေ သယ်ဆောင်သွား ပြီး တာ့ဝမ်ကျွမ်းဆီကို အမြန်ဆုံး ချီတက်ရမယ်... ရွာကို အကာအကွယ်ယူပြီး ခံတပ်တွေ တည်ဆောက်ပြီးတော့ သုံးမီတာနက်တဲ့ မြောင်းတွေ တူးထားရမယ်... ရွာဝင်ပေါက် တစ်ခုလုံးကို သစ်သားချွန်တွေ၊ အတားအဆီးတွေနဲ့ ကာကွယ်ထားရမယ်... ဘယ်မြင်းတပ်မှ ခြေချလို့မရတဲ့ သံဖြူကောင်ကြီးတစ်ကောင်လို ဖြစ်သွားအောင် မင်း ပြောင်းလဲပစ်ရမယ်...”

“ဟုတ်ကဲ့ပါ အရှင်...”

“မာပေါ်ကော့... မင်းက ဒုတိယတပ်ရင်းကို ဦးဆောင်ပြီး မိုးကြိုးနတ်ဘုရားလှံတံတွေ အားလုံးကို သယ်သွားပြီး တာ့ဝမ်ကျွမ်းရဲ့ အနောက်ဘက်က အနက်ရောင်ထင်းရှူးတောထဲမှာ လျှို့ဝှက်ကင်းပုန်းဝပ်နေရမယ်... ရန်သူ့ မြင်းတပ်တွေ တာ့ဝမ်ကျွမ်း ရှေ့မှာ အခက်တွေ့ပြီး သူတို့ရဲ့ တပ်ဖြန့်မှုတွေ ရှုပ်ထွေးသွားတဲ့အခါ ငါ့ရဲ့ အချက်ပြ သံကို နားထောင်ပြီး ဘေးဘက်ကနေ သေစေလောက်တဲ့ တိုက်ခိုက်မှုတွေ စတင်ရမယ်...”

“အဲဒီ မြင်းတပ်သားတွေကို မိုးကြိုးပစ်ခံရတဲ့ အရသာက ဘယ်လိုမျိုးလဲဆိုတာ မြည်းစမ်းခိုင်းရမယ်...”

“ဟုတ်ကဲ့ပါ အရှင်...”

All Chapters