← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) ဝက်သားနီချက်နှင့် ထမင်းက ပညာတတ်လူငယ်မလေးကို သွားရည်ကျစေခဲ့သည်

"အစ်ကိုလီ ဘာတွေ ဒီလောက်တောင် ဝမ်းသာနေရတာလဲ..."

လီလန်သည် တံခါးပိတ်၍ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်နေစဉ် ကျစ်ဆံမြီးကျစ်ထားသော မိန်းမချောလေးတစ်ဦးက သူ၏ဆီသို့ လျှောက်လာလေသည်။

သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပြီး သူမ ဝတ်ဆင်ထားသော ထူထဲသည့် ဝါဂွမ်းအင်္ကျီကြီးကပင် သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်မထားနိုင်ချေ။

သူမတွင် သေးသွယ်လှပသော မျက်နှာသွင်ပြင်နှင့် ကြီးမားတောက်ပသော မျက်လုံးများရှိပြီး ပြုံးလိုက်၊ မျက်မှောင်ကြုတ်လိုက်တိုင်း သဘာဝဆန်သော ဆွဲဆောင်မှုတစ်ခု ရှိနေလေသည်။

သူမသည် မိတ်ကပ် သို့မဟုတ် အလှပြင်ပစ္စည်းများ လုံးဝမပါဘဲ အလွန်လှပသော မိန်းမတစ်ဦးဖြစ်ကာ တောင်ပေါ်မှ နတ်သမီးတစ်ပါး သို့မဟုတ် ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ပါးနှင့် တူနေလေသည်။

"ဆရာမလု ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ရောက်လာသူမှာ ပညာတတ်လူငယ်ရုံးမှ လုအန်းနာ ဖြစ်လေသည်။ သူမသည် လက်တစ်ဖက်စီတွင် မိန်းကလေးငယ်တစ်ဦးစီ၏ လက်ကို ဆွဲထားလေသည်။

သူတို့မှာ လီလန်၏ ညီမနှစ်ယောက်ဖြစ်သော လီထျန်းနှင့် လီရွှယ်တို့ပင် ဖြစ်ကြသည်။

"အစ်ကိုကြီး..."

"အစ်ကို..."

လီထျန်းနှင့် လီရွှယ်တို့သည် လီလန်ကို မြင်သည်နှင့် တပြိုင်နက် လုအန်းနာ၏ လက်ထဲမှ ရုန်းထွက်ကာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ပြေးလာကြလေသည်။

မိန်းကလေးငယ်နှစ်ဦး၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်ပြီး ပူပင်သောကကင်းမဲ့သော အမူအရာများ ရှိနေလေသည်။

"ရွှယ်လေး ဒီနေ့ ဆရာမစကားကို နားထောင်ရဲ့လား..."

လီလန်သည် သူတို့နှစ်ဦးကို လက်တစ်ဖက်စီဖြင့် ကိုင်ထားရင်း မျက်နှာပေါ်တွင် ချစ်ခင်မြတ်နိုးသည့် အပြုံးများ ပြည့်နှက်နေလေသည်။

"ဟုတ်ကဲ့ ရှောင်ရွှယ်က အရမ်းလိမ်မာတာ ဒီနေ့ ဆရာမလုက သမီးရဲ့ လက်ရေးလှတယ်ဆိုပြီးတော့တောင် ချီးကျူးသေးတယ်..."

"လိပ်သွားနေသလို လက်ရေးမျိုးနဲ့ နင့်ကို ချီးကျူးမယ်လို့ ထင်နေတာလား ဆရာမလုက နင့်ကို စိတ်ဓာတ်မကျစေချင်လို့ ပြောလိုက်တာနေမှာပါ..."

လီထျန်းက ဝင်ပြောကာ အရှက်ခွဲလိုက်လေသည်။

"ဒုတိယအစ်မ နင် လျှောက်ပြောနေတာပဲ အစ်ကို မယုံရင် ဆရာမကို မေးကြည့်လိုက်..."

လီရွှယ်က နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်။

လီလန်သည် ပညာတတ်လူငယ်မလေး လုအန်းနာကို အမြန်ကြည့်လိုက်လေသည်။

လုအန်းနာက သူမ၏ ဆံပင်များကို သပ်တင်လိုက်လေသည်။

"ရှောင်ရွှယ်ရဲ့ လက်ရေးက တော်တော်လေး ကောင်းပါတယ် သူမက ကျွန်မဆီမှာ သင်နေတာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် ကိုယ်ပိုင်နာမည်ကို အပြည့်အစုံ ရေးနိုင်နေပြီလေ အဲဒါက အရမ်းတော်တာပေါ့..."

"အစ်ကို သမီးပြောသားပဲ ဆရာမလုက သမီးကို ချီးကျူးတာပါဆို..."

"ကောင်းပါပြီ ကောင်းပါပြီ အစ်ကိုလည်း ချီးကျူးပါတယ်ကွာ..."

လီလန်သည် ညီမဖြစ်သူ၏ ကျေနပ်ဂုဏ်ယူနေသော အမူအရာကြောင့် သဘောကျသွားလေသည်။

"အစ်ကိုလီ လီထျန်းနဲ့ လီရွှယ်တို့ကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးလိုက်ပြီနော် မနက်ဖြန်က စနေတနင်္ဂနွေဆိုတော့ ကျွန်မတို့ တစ်ရက် နားရမယ်..."

လုအန်းနာက စကားပြောပြီးနောက် ထွက်သွားရန် လှည့်လိုက်လေသည်။

သူမ လှည့်လိုက်စဉ်မှာပင် သူမ၏ ဗိုက်က သစ္စာဖောက်ကာ အသံအနည်းငယ် ထွက်ပေါ်လာလေသည်။

လုအန်းနာသည် အလွန်ရှက်ရွံ့သွားခဲ့ပြီး မူလက ဖြူဝင်းနေသော သူမ၏ မျက်နှာမှာ နီရဲသွားကာ အထိတ်တလန့်ဖြင့် ထွက်ပြေးရန် ပြင်လိုက်တော့သည်။

လီလန်က သူမကို လှမ်းခေါ်လိုက်လေသည်။

"ဆရာမလု ထမင်းမစားရသေးဘူး မဟုတ်လား..."

"ကျွန်တော်တို့နဲ့ ထမင်းစားပြီးမှ ပြန်ပါလား..."

"အစ်ကိုလီ…ဒါ... ဒါက အားနာစရာကြီးပါ..."

ပညာတတ်လူငယ်မလေး လုအန်းနာသည် သူမ၏ အင်္ကျီစွန်းကို ဆုပ်ကိုင်ထားရင်း ချီတုံချတုံနှင့် အနေခက်နေသော အမူအရာ ဖြစ်နေလေသည်။

"အားနာစရာ ဘာမှမရှိပါဘူး ခင်ဗျားက လီထျန်းနဲ့ လီရွှယ်တို့ရဲ့ ဆရာမလေ သူတို့ကို ပညာသင်ပေးတဲ့ ကျေးဇူးရှင်ပဲ ထမင်းတစ်နပ်က ဘာမှမဟုတ်ပါဘူး..."

လီလန်က ခေါင်းခါပြ၍ နွေးထွေးစွာ ဖိတ်ခေါ်လိုက်လေသည်။

"ဆရာမလု အစ်ကိုကပါ ပြောနေမှတော့ ညစာစားဖို့ နေခဲ့လိုက်ပါနော်..."

လီထျန်းက လုအန်းနာ၏ လက်ကို ဆွဲထားလိုက်လေသည်။

"ကောင်းပါပြီ ဒါဆိုလည်း အနှောင့်အယှက်ပေးပါရစေ..."

လုအန်းနာက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

ထို့နောက် သူမသည် လီလန်၏နောက်မှ လိုက်၍ အိမ်ဝိုင်းအတွင်းသို့ ဝင်သွားလေသည်။

အိမ်ဝိုင်းအတွင်းသို့ ဝင်ဝင်ချင်းပင် လုအန်းနာသည် ခြံဝင်းအလယ်တွင် လဲလျောင်းနေသော အမဲလိုက်ခွေးနှစ်ကောင်ကို မြင်လိုက်ရလေသည်။

ထိုအမဲလိုက်ခွေးနှစ်ကောင်မှာ အရပ်မောင်းကောင်းမွန်ပြီး တောင့်တင်းသန်မာကာ အထူးရဲရင့်သည့် အသွင်အပြင် ရှိလေသည်။

"ဆရာမလု မကြောက်ပါနဲ့ ဟေးလုံနဲ့ ပိုင်လုံက လူမကိုက်ပါဘူး..."

လုအန်းနာ၏ မျက်လုံးထဲမှ စိုးရိမ်ကြောက်ရွံ့မှုများကို သတိထားမိဟန်ဖြင့် လီလန်က သတိပေးလိုက်လေသည်။

"အင်း..."

လုအန်းနာက အလေးအနက် ခေါင်းညိတ်ပြလိုက်လေသည်။

"ဟေးလုံ ပိုင်လုံ ဒီကိုလာခဲ့..."

မိန်းကလေးငယ်နှစ်ဦးမှာ အမဲလိုက်ခွေးနှစ်ကောင်နှင့် ရင်းနှီးနေပြီဖြစ်ရာ အကြောက်အလန့် မရှိကြချေ။ သူတို့က လက်ဝှေ့ယမ်းပြလိုက်သောအခါ ဟေးလုံနှင့် ပိုင်လုံတို့သည် နာခံမှုရှိစွာဖြင့် အနီးသို့ ရောက်လာကြလေသည်။

"အိုး ချစ်စရာကောင်းတဲ့ ကြောင်ကလေးပဲ..."

ထိုအခါမှသာ လုအန်းနာသည် အမဲလိုက်ခွေး၏ အနောက်တွင် လဲလျောင်းနေသော ကြောင်ကလေးကို သတိထားမိသွားလေသည်။

အမျိုးသမီးများဆိုသည်မှာ ချစ်စရာကောင်းပြီး အမွေးပွနေသော တိရစ္ဆာန်ငယ်လေးများရှေ့တွင် အမြဲတမ်း အားနည်းတတ်ကြစမြဲပင်။

"အစ်ကိုလီ ဒီကြောင်လေးက အစ်ကို့ဟာလား အရမ်းချစ်စရာကောင်းတာပဲ..."

ထိုစကားကို ကြားသောအခါ လီလန်၏ မျက်နှာမှာ အနည်းငယ် အနေခက်သွားသလို ဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်လို့ပဲ ဆိုရမှာပေါ့..."

၎င်း၏ မိဘများက ဤနေရာတွင် စွန့်ပစ်သွားကြပြီး သူ၏အိမ်ကို သားဖွားစောင့်ရှောက်ရေးဌာနတစ်ခုလို သဘောထားသွားကြလေသည်။ မွေးစားထားရသည်ကလည်း မွေးစားထားရသည်ပင် မဟုတ်ပါလော။

"ကျွန်မ သူ့ကို ဖက်ထားလို့ ရမလား..."

"ဒါက..."

လီလန်လည်း တုံ့ဆိုင်းသွားလေသည်။

တောကြောင်ရိုင်းလေးမှာ ၎င်း၏ မိခင်ကဲ့သို့ပင် မာနကြီးကာ အေးစက်စက်နိုင်ပြီး လီလန်မှလွဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ချေ။

အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို ပွေ့ချီရန် သို့မဟုတ် ခေါင်းကို ပွတ်သပ်ရန် ရဲဝံ့ပါက ဤအကောင်ပေါက်လေးက သူတို့ကို လက်သည်းများဖြင့် ကုတ်ခြစ်ပစ်မည် ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က ရှောင်ရွှယ်က ၎င်းကို စနောက်ခဲ့ရာ ၎င်းက လက်ဖဝါးဖြင့် ကုတ်ခြစ်လိုက်သောကြောင့် သွေးထွက်နေသော ဒဏ်ရာတစ်ခုပင် ကျန်ရစ်ခဲ့လေသည်။

"ရလားဟင်… ရလားဟင်..."

ပညာတတ်လူငယ်မလေး လုအန်းနာက မျှော်လင့်ချက်များ တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်လေသည်။

ဤအမွေးပွပွ အကောင်ပေါက်လေးမှာ အလွန်ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလွန်းလှသဖြင့် လူတိုင်းကို အချစ်ပိုစေလေသည်။

"ခဏစောင့်ပါဦး..."

တောကြောင်ရိုင်းလေး စိတ်ဖိစီးသွားမည်ကို စိုးရိမ်သဖြင့် လီလန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ ၎င်းနှင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုရန် ကြိုးစားလိုက်လေသည်။

"ညစာအတွက် အသားတစ်ကျင်းဝက်လောက် ထပ်ထည့်ပေးမယ် သူမကို ဖက်ခွင့်ပေးလိုက်မလား..."

တောကြောင်ရိုင်းလေးသည် နားရွက်များ ချထားလျက် မျက်ခွံပင် မပင့်ဘဲ ပျင်းရိပျင်းတွဲ လဲလျောင်းနေလေသည်။

"တစ်ကျင်း..."

"မြောင်..."

"တစ်ကျင်းခွဲဟေ့ မင်းကတော့ ဈေးကိုင်ချင်နေပြီ..."

"အဲ့ဒီအသားတွေ အကုန်လုံး မင်း စားနိုင်လို့လား..."

"မြောင် မြောင်..."

"ကောင်းပြီ ကောင်းပြီ ပြီးရင် မင်းအတွက် လက်တစ်ဆုပ်စာ ယူလာပေးမယ်..."

ဝက်သားကြော်၏ မွှေးပျံ့သောအနံ့မှာ အလွန် ဆွဲဆောင်မှုရှိလှသဖြင့် တောကြောင်ရိုင်းလေးပင် စားချင်စိတ်ပေါက်သွားကာ မလိုလားသည့်ဟန်ဖြင့် သဘောတူလိုက်လေသည်။

"ကဲ ဆရာမလု လာပြီး ပွတ်ကြည့်လိုက်ပါ..."

လီလန်က လုအန်းနာကို လက်ဟန်ပြလိုက်လေသည်။

လုအန်းနာသည် နားမလည်နိုင်သည့် အမူအရာဖြင့်

“အစ်ကိုလီ ဘာတွေဖြစ်နေတာလဲ ကြောင်လေးကို ပွတ်သပ်ဖို့အတွက်တောင် သူ့ဆီက ခွင့်ပြုချက် အရင်တောင်းရသေးတာလား..."

ကြောင်ပေါက်လေးများဆိုသည်မှာ အလွယ်တကူ ပွတ်သပ်၍ရသည် မဟုတ်ပါလော။

သို့သော် မကြာမီမှာပင် လုအန်းနာသည် သူမ အလွန်အကျွံ တွေးတောနေမိကြောင်းကို သဘောပေါက်သွားလေသည်။

သူမသည် "းကြောင်လေးအနီးသို့ ချဉ်းကပ်သွားကာ ဆောင့်ကြောင့်ထိုင်၍ သူမ၏ လက်ဖြင့် ၎င်း၏ ခေါင်းကို ပွတ်သပ်ရန် ပြင်လိုက်လေသည်။

ထိုကြောင်လေးက ရုတ်တရက် မျက်လုံးများ ဖွင့်လာပြီး စူးရှစွာ မာန်ဖီလိုက်သောကြောင့် သူမကို လန့်ဖျပ်သွားစေသည်။

"အသားနော်..."

လီလန်က တောကြောင်ရိုင်းလေးကို စိုက်ကြည့်လိုက်လေသည်။

အကောင်ပေါက်လေးသည် မလိုလားသည့်ဟန်ဖြင့် မျက်လုံးများကို ပြန်မှိတ်ကာ ပျင်းရိပျင်းတွဲ ဆက်၍ လဲလျောင်းနေလေသည်။

တခြားတစ်ယောက်၏ အမိုးအောက်တွင် မှီခိုနေရသောအခါ တောကြောင်ရိုင်းတစ်ကောင် ဖြစ်နေလျှင်တောင်မှ ခေါင်းငုံ့ရုံမှလွဲ၍ ရွေးချယ်စရာ မရှိချေ။

အသားထပ်ထည့်ပေးဖို့သာ လိုအပ်သည်။

"ဆရာမလု ထပ်စမ်းကြည့်ပါဦး..."

လီလန်က သူမကို သတိပေးလိုက်လေသည်။

ထိုအခါမှသာ လုအန်းနာသည် သတ္တိမွေးကာ လှမ်း၍ ပွတ်သပ်ကြည့်လိုက်လေသည်။

ဤတစ်ကြိမ်တွင်တော့ အဆင်ပြေသွားလေပြီ။

"အရမ်းကြမ်းတမ်းတဲ့ ကြောင်လေးပဲ..."

တောကြောင်ရိုင်းလေး သွားဖြဲပြနေသည်ကို မြင်သောအခါ လုအန်းနာသည် ချက်ချင်းပင် သူမ၏ လက်ကို ပြန်ရုပ်လိုက်လေသည်။

"အစ်ကိုလီ ဒီကြောင်လေးက ဘာအမျိုးအစားလဲ ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ..."

လုအန်းနာက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

"အမျိုးအစား..."

"တောကြောင်တစ်မျိုးပါပဲ တောထဲမှာ တွေ့ခဲ့တာလေ..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ လုအန်းနာ လန့်သွားမည်စိုးသဖြင့် တောကြောင်ရိုင်းဖြစ်ကြောင်းကို သူ မပြောခဲ့ချေ။

"သား ရေချိုးလို့ပြီးပြီလား ညစာ စားလို့ရပြီ..."

သူတို့နှစ်ဦး စကားပြောနေစဉ် အိမ်ထဲမှ ဖခင်ဖြစ်သူ လီတာ့ဟိုင်၏ အသံ ထွက်ပေါ်လာလေသည်။

"ဆရာမလု အရင်စားနှင့်ပါ ကျွန်တော် ရေသွားချိုးလိုက်ဦးမယ် ခဏပဲ ကြာမှာပါ..."

"လီထျန်း ဆရာမလုကို သေချာ ဧည့်ခံလိုက်ဦးနော်..."

လီလန်က ရေချိုးရန် ထွက်သွားလေသည်။

လုအန်းနာသည် လီထျန်း၏ နောက်မှ လိုက်၍ ဧည့်ခန်းမဆီသို့ လျှောက်သွားလေသည်။

အိမ်ဝိုင်းအတွင်း ဖြတ်လျှောက်သွားစဉ် လုအန်းနာသည် ထိုနေရာတွင် လဲလျောင်းနေသော သွေးသံရဲရဲနှင့် ခေါင်းပြတ်နေသည့် သတ္တဝါတစ်ကောင်ကြောင့် လန့်ဖျပ်သွားလေသည်။

"ဘာ... ဒီဟာက ဘာကြီးလဲ..."

လုအန်းနာ၏ မျက်နှာမှာ အရောင်ပြောင်းသွားလေသည်။

"ဒီနေ့ အစ်ကို တောင်ပေါ်သွားပြီး အမဲလိုက်ပြန်ပြီ ထင်တယ် ဒက သူ ဖမ်းလာတဲ့ သားကောင် ဖြစ်ရမယ်..."

လီထျန်းသည် ကလေးဘဝကတည်းက ဖခင်ဖြစ်သူ ခြံဝင်းထဲတွင် သားကောင်များကို ခုတ်ထစ်ရှင်းလင်းနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် အသားကျနေပြီဖြစ်ကာ ကြောက်ရွံ့ခြင်း မရှိချေ။ သူမက ဆရာမလုကို ရှင်းပြလိုက်လေသည်။

"အိုး ဆရာမလုပါလား..."

ထိုအချိန်တွင် ပူလောင်နေသော ဟင်းပွဲတစ်ခုကို ကိုင်ဆောင်ထားသည့် လီတာ့ဟိုင်သည် လိုက်ကာကို ဆွဲဖယ်၍ မီးဖိုချောင်ထဲမှ ထွက်လာလေသည်။

"မင်္ဂလာပါ ဦးလေးလီ..."

လုအန်းနာက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

"အော် မကြောက်ပါနဲ့ အဲ့ဒါ ဝံပုလွေတစ်ကောင်ပါ ဒီနေ့ ရှောင်လန် ရလာတဲ့ သားကောင်လေ..."

လီတာ့ဟိုင်က ခြံဝင်းအလယ်ရှိ ဝံပုလွေအသေကောင်ကို တစ်ချက်ကြည့်ရင်း လုအန်းနာအား ပြောလိုက်လေသည်။

လီတာ့ဟိုင် ရှင်းမပြလျှင် ပိုကောင်းမည် ဖြစ်သည်။ သူ ရှင်းပြလေလေ လုအန်းနာ ပို၍ ကြောက်လာလေလေပင်။

"ဝံပုလွေ..."

"အဲ့ဒါက ဝံပုလွေကြီးလား..."

"ဒီနေ့ အစ်ကိုလီ တောင်ပေါ်တက်ပြီး ဝံပုလွေ သွားပစ်တာလား..."

ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်သောအခါ လုအန်းနာသည် ရေနွေးငွေ့များကြားတွင် ကျောကို ပွတ်တိုက်နေသည့် သန်မာသော လူရိပ်တစ်ခုကို မြင်လိုက်ရလေသည်။

အစ်ကိုလီက ဤမျှလောက်ပင် စွမ်းဆောင်နိုင်သလော။ တောင်ပေါ်ရှိ ဝံပုလွေများကိုပင် သူ သတ်နိုင်သည်တဲ့လော။

[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀…]

[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀…]

"အစ်ကိုလီက တကယ့်ကို အံ့မခန်းပါပဲလား..."

ဝံပုလွေအသေကောင်ကိုကြည့်ရင်း လုအန်းနာက လေးစားအားကျစွာဖြင့် ရေရွတ်လိုက်လေသည်။

"လီထျန်း အပြင်မှာ အေးတယ် ဆရာမလုကို အိမ်ထဲ မြန်မြန်ခေါ်လာခဲ့လေ..."

လီတာ့ဟိုင်က အော်ပြောလိုက်လေသည်။

"ဆရာမလု မြန်မြန်အိမ်ထဲ ဝင်ရအောင် အပြင်မှာ သေလောက်အောင် အေးနေပြီ..."

ထို့နောက် လုအန်းနာသည် လီထျန်း၏ နောက်မှ လိုက်၍ အတွင်းခန်းသို့ ဝင်သွားလေသည်။

အိမ်ထဲသို့ ဝင်ဝင်ချင်းပင် သူမသည် အသား၏ မွှေးပျံ့လှသော ရနံ့ကြောင့် အကြီးအကျယ် ဆွဲဆောင်ခံလိုက်ရလေသည်။

ကန်းပေါ်ရှိ ထမင်းစားပွဲကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားတော့သည်။

"ဝက်သားနီချက်..."

"လီထျန်း နင့်မိသားစုက ဒီနေ့ညစာကို ဝက်သားနီချက် စားကြတာလား..."

All Chapters