← Chapters

အခန်း ၄၉၃

Vol. 46 Ch. 493

အခန်း ၄၉၃

Vol. 46 Ch. 493

အခန်း ၄၉၃ - သတ္တိခဲမှင်စာ.. နင် လူမဟုတ်တာ ငါတစ်ချက်ကြည့်ရုံနဲ့ သိတယ်

နတ်ဘုရားကြေညာချက်သည် လေထုထဲ၌ ဟိန်းထွက်သွား၏။ ထိုအသံသည် ထူးကဲသာလွန်သော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားပြီး ခန့်ညားထည်ဝါကာ စိတ်ဝင်စားစရာကောင်းလှသည်။

တိမ်နီရွာမှ ရွာသားများမှာမူ ကြောက်ရွံ့ရိုသေမှုများကြောင့် တုန်ရင်နေကြပြီး မည်သူမှ မတ်တတ်မရပ်ရဲကြတော့ပါ။

လေထဲ၌ ပျံသန်းနေသော တဝီဝီမြည်သံပေးသည့် သံမဏိတည်ဆောက်ပုံများက သူတို့၏ ကမ္ဘာလောကအမြင်ကို ရိုက်ချိုးဖျက်ဆီးလိုက်သည်။ သာမန်လက်နက်သခင်များပင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မဖန်တီးနိုင်ကြပါ။

ပျံသန်းနိုင်စွမ်းတစ်ခုတည်းကပင် သူတို့၏ အသိဉာဏ်နယ်ပယ်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

လီရှောင်တန်သည်လည်း ထိုမြင်ကွင်းကြောင့် အလွန်အမင်းအံ့ဩမှင်သက်ကာ ဒူးထောက်၍ ဦးချလိုက်၏။

တာအိုသီလရှင်ကတော့ မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူမ၏ ဗာဒံစေ့ပုံသဏ္ဌာန်မျက်လုံးများတွင် သံသယစိတ်များ ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သူမသည် လေထဲမှ လူကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

"ပြဇာတ်က သိပ်ကောင်းတာပဲ"

သူမအနေဖြင့် ထိုလူ့ထံမှ ထွက်ပေါ်နေသော နတ်ဘုရားအရှိန်အဝါ အရိပ်အယောင်ကိုမျှ အာရုံမခံမိပါ။

နတ်ဘုရားအရှိန်အဝါမရှိဘဲနှင့် မိမိကိုယ်ကိုယ် နတ်ဘုရားဟု မည်သို့ ကြေညာနိုင်ပါမည်နည်း။

သူမစိတ်ထဲတွင် ဤလူသည် အရည်အချင်းရှိလျှင်ရှိမည်၊ သို့သော် လူလိမ်လူညာတစ်ယောက်သာ ဖြစ်သည်။

ထိုလူ၏ အကြည့်က သူမထံသို့ ကျရောက်လာကာ စူးရှနေသော်လည်း စကားတစ်ခွန်းမှ မဆိုပေ။

ချန်ခန်းပေါင်က ရှေ့သို့တစ်လှမ်းတက်လာ၏။

"ဒါတွေက ကောင်းကင်တမန်တွေပဲ"

သူက ဝင့်ကြွားစွာ ကြေညာလိုက်သည်။

အသိဉာဏ်ရှိသော သတ္တာဝါများနှင့်တူသည့် များပြားလှသော ပျံသန်းရေးတည်ဆောက်ပုံများသည် လေထဲတွင် ဝဲပျံကခုန်နေကြသည်။

ရွာသားအများစုသည် ထို "ကောင်းကင်တမန်များ" ကို တိုက်ရိုက်မကြည့်ရဲကြသော်လည်း သတ္တိရှိသူအချို့ကမူ ခိုးကြောင်ခိုးဝှက် ကြည့်ကြ၏။

"ဒါက ဘာအတတ်ပညာလဲ"

ဟတာအိုသီလရှင်က ထိုအရာများကို ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

နတ်ဘုရားအရှိန်အဝါမရှိဘဲ ဤလူက နတ်ဘုရားတစ်ပါး မည်သို့ဖြစ်နိုင်မည်နည်း။

သူမ၏ သံသယစိတ်က ပိုမိုနက်ရှိုင်းလာပြီး ရှေ့မှမြင်ကွင်းကို နားမလည်နိုင်ဖြစ်နေမိသည်။

"ကောင်းကင်ဘုံစွမ်းအားတွေက သာမန်လူသားတွေ နားလည်နိုင်တဲ့အရာမဟုတ်ဘူး"

ချန်ခန်းပေါင်က ပဟေဋိအပြည့်ဖြင့်ပြောလိုက်သည်။ သူသည် ကျိယွမ်၏ ဘေးတွင်ရပ်ရင်း ရိုသေကိုင်းရှိုင်းသော နောက်လိုက်တစ်ဦးကဲ့သို့ ပြုမူနေ၏။

တာအိုသီလရှင်သည် မျက်မှောင်ကုတ်လိုက်ပြီး ကျိယွမ်နှင့် ချန်ခန်းပေါင်တို့၏ ပုံစံမှန်ကို ခွဲခြားသိမြင်နိုင်ရန် ကြိုးစားရင်း သူမ၏မျက်လုံးများ ရဲခနဲဖြစ်သွားသည်။

ကံဆိုးစွာပင် သူမ၏ အာရုံခံစားမှုစွမ်းရည်က မြင့်မားမနေသည့်အပြင် ဤအလုပ်အတွက် သီးသန့်ကိရိယာများလည်း မရှိသဖြင့် ထူးခြားမှုတစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ချေ။

အဆုံးမဲ့အသွင်ပြောင်းလဲခြင်းဖြင့် ဖန်တီးထားသော ခြင်နှင့် ငှက်သဏ္ဌာန်တည်ဆောက်ပုံ "ပလ္လင်" ပေါ်တွင် ခန့်ညားစွာ ထိုင်နေရင်း ကျိယွမ်သည် သူ၏တင်ဆက်မှုကို ပြန်လည်သုံးသပ်နေမိသည်။

"ဒါက လုံးဝတော့ မပြည့်စုံသေးဘူး။ ပွဲထွက်တေးဂီတ ဒါမှမဟုတ် ပြဇာတ်ဆန်တဲ့ နောက်ခံတေးဂီတတစ်ခုခု ထည့်ရမယ်"

သူက စဉ်းစားလိုက်၏။

နတ်ဘုရားတစ်ပါးအဖြစ် သရုပ်ဆောင်ရာတွင် သူ၏ "တိုးတက်မှုပြဘားတန်း" ကို မြှင့်တင်ရန်အတွက် စူးရှသောအထူးပြုလုပ်ချက်များနှင့် ခမ်းနားသော လှည့်စားမှုများဖြင့် ဤအခန်းကဏ္ဍကို အပြည့်အဝ ပုံဖော်ရမည်ဖြစ်ကြောင်း ကျိယွမ် သိသည်။

ရောင်စုံအလင်းတန်းများ၊ နတ်ဘုရားတေးဂီတစသည့် ပြဇာတ်ဆန်သောလုပ်ရပ်များသည် ဤကမ္ဘာလောက၏ နေထိုင်သူများကို အလွယ်တကူ လှည့်စားနိုင်လိမ့်မည်။

အကြောင်းမူကား ဤကမ္ဘာမှလူများသည် ရုပ်ပိုင်းဆိုင်ရာစွမ်းအားနှင့် ဆန်းကြယ်သောစွမ်းရည်များ ရှိကြသော်လည်း နတ်ဘုရားဆန်သောအံ့ဖွယ်များ မရှိကြခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် ဤကမ္ဘာ၏ နိယာမများမှာ ဆန်းကြယ်လှရာ ဤနေရာတွင် ပြုလုပ်ထားသော မန္တန်စာလိပ်များပင်လျှင် အသုံးမဝင်သော စာရွက်စုတ်များသာ ဖြစ်ကြ၏။

ဤကဲ့သို့ နားလည်မှုအားနည်းခြင်းက ကျိယွမ်အတွက် "နတ်ဘုရား" တစ်ပါးအဖြစ် အစွမ်းပြရန် အကောင်းဆုံးအခွင့်အရေး ဖြစ်လာခဲ့သည်။

"နတ်ဘုရားမှာ ကရုဏာတရားရှိတယ်။ လူသားတွေရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်လို့ ဝိညာဉ်မှင်စာတွေကို နှိမ်နင်းဖို့ ကမ္ဘာလောကကို နတ်ဘုရားခန္ဓာကိုယ်နဲ့ ဆင်းသက်လာတာပဲ"

"တိမ်နီရွာက ဝိညာဉ်မှင်စာတွေရဲ့ အန္တရာယ်ကို ခံနေရပြီး လူတွေရဲ့ ဆုတောင်းသံတွေက နေ့ရောညပါ လွင့်ပျံနေခဲ့တယ်"

"ဒီနေ့မှာတော့ နတ်ဘုရားဆင်းသက်လာပြီး ကမ္ဘာလောကကို ကြည်လင်ပြတ်သားမှုနဲ့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးပြီ"

တည်ဆောက်ပုံများ၏ တဝီဝီမြည်သော နောက်ခံအသံများ ထွက်ပေါ်နေစဉ် ချန်ခန်းပေါင်၏ ကျယ်လောင်သောအသံက ယုံကြည်မှုအပြည့်ဖြင့် ဟိန်းထွက်လာ၏။

လီရှောင်တန်သည် အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေသော မျက်နှာဖြင့် မြေပြင်ပေါ်သို့ ပို၍နှိမ့်ချကာ ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။

အခြားရွာသားများ၏ နှလုံးသားထဲတွင်လည်း ကျေးဇူးသိတတ်မှုလှိုင်းလုံးများ ပြည့်နှက်သွားကြ၏။

ရက်အတော်ကြာအောင် ဝိညာဉ်မှင်စာသည် တိမ်နီရွာကို ခြောက်လှန့်ခဲ့ပြီး သေဆုံးခြင်းနှင့် အမှောင်ထုကိုသာ ချန်ထားခဲ့သည်။

ယခုမူ သူတို့ကို ကယ်တင်ရန် နတ်ဘုရားတစ်ပါးက တကယ်ပင် ဆင်းသက်လာခဲ့ပြီဖြစ်သည်။

သူတို့ မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။

"နတ်ဘုရားက ငါတို့ကို ကယ်ဖို့ ရောက်လာတာလား"

"အို... မြတ်သောနတ်ဘုရား... ကျွန်တော်တို့ ရိုသေစွာ ဆုတောင်းပါတယ်"

ရိုသေကိုင်းရှိုင်းမှုကြောင့် တုန်ရင်နေသော သူတို့၏အသံများက သူတို့၏ နှလုံးသားထဲမှလာသော ကျေးဇူးတင်ရှိမှုကို ဖော်ပြနေသည်။

သို့သော် ကျိယွမ်က ပိုမိုအသေအချာ နားစွင့်လိုက်သောအခါ သူ၏ စူပါအကြားစွမ်းအားကြောင့် ရှုပ်ထွေးလှသော စိတ်ထဲမှအတွေးများကို ကြားလိုက်ရ၏။

"ဒီနတ်ဘုရားဆီမှာ ဆုတောင်းလို့ရလား မသိဘူး "

"ကျွန်တော် မိန်းမသုံးယောက် ယူချင်ပါတယ်"

"ပြည့်တန်ဆာအိမ်က အလှဆုံး ပြည့်တန်ဆာမယ်နဲ့ အလကား တွေ့ခွင့်ရဖို့ မျှော်လင့်တယ်"

"ကျွန်တော့် မိဘတွေ ကျန်းမာရေးကောင်းပြီး တစ်သက်လုံး ကြီးပွားချမ်းသာပါစေ"

သူတို့က ငါ့ကို ဆုတောင်းပြည့်စက်များ မှတ်နေကြတာလားဟု ကျိယွမ်က တွေးကာ အနည်းငယ် ရယ်ချင်မိသွားသည်။

နတ်ဘုရားအဖြစ် သရုပ်ဆောင်ရာတွင် ယုံကြည်သူများ၏ ဆုတောင်းများကို ဖြည့်ဆည်းပေးရန် လိုအပ်သော်လည်း သူသည် နတ်ဘုရားဆင်းသတ်ခြင်း၏ ကိုယ်ပွားအဖြစ်သာ ရှိသေးသဖြင့် နတ်ဘုရားရုပ်ထုရှိသူများ၏ ဆုတောင်းချက်များကိုသာ ဖြေကြားနိုင်သည်။

ကျန်တဲ့လူတွေလား... ကံဆိုးတာပဲ။

"ငါ့ရဲ့ ခရမ်းရောင်နန်းတော် အဆင့်ကျော်ဖြတ်နိုင်စွမ်းက ဒီကမ္ဘာမှာ ဒီလောက်အသုံးဝင်မယ်လို့ မထင်ထားမိဘူး" ဟု သူက တွေးလိုက်၏။

ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိခဲ့စဉ်က ဆန်းကြယ်သောစွမ်းရည်တစ်ခု ရရှိခဲ့သည်။ သူပြောသမျှစကားလုံးများသည် သတ်မှတ်ထားသော လူများ၏နားထဲသို့ ကျပန်းရောက်ရှိသွားနိုင်ပြီး သူကြားရသော အသံများကို ပြန်လည်တုံ့ပြန်သည့်အခါ ထူးဆန်းသော အကျိုးသက်ရောက်မှုများကို ဖန်တီးနိုင်သည်။

ဥပမာအားဖြင့် ကန်းလန်းလောကတွင် ရှိစဉ်က သစ္စာရှိပြီး ချစ်တတ်သော အဖော်တစ်ဦးကို တောင့်တနေသည့် အိမ်တွင်းအောင်းကျင့်ကြံသူတစ်ဦး၏ အသံကို သူ ကြားခဲ့ဖူးသည်။

ကျိယွမ်က "ပြည့်စုံစေ" ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သောအခါ ထူးဆန်းသော ကစားစရာတစ်ခုက ထိုကျင့်ကြံသူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ယခုမူ ဂိမ်းကဲ့သို့သော ဤကမ္ဘာတွင် ထိုစွမ်းရည်၏ အသုံးဝင်မှုက အတုမဲ့ဖြစ်နေသည်။

"မင်းက တိမ်နီရွာကို နှောင့်ယှက်နေတဲ့ ဝိညာဉ်မှင်စာကို သတ်မလို့လား"

တာအိုသီလရှင်က အလန့်တကြားမေးလိုက်သည်။

သူမသည် ကျိယွမ်၏ ပြဇာတ်ဆန်သော လှည့်စားမှုများကို မခွဲခြားနိုင်သော်လည်း ဝိညာဉ်မှင်စာကို နှိမ်နင်းခြင်းသည် သာမန်ကိစ္စမဟုတ်ကြောင်း သိသည်။

အမှားတစ်ခုခုဖြစ်သွားပါက သေဆုံးနိုင်ရုံသာမက ရွာပျက်စီးခြင်းကိုပါ မြန်ဆန်စေနိုင်သည်။

"ဝိညာဉ်မှင်စာတွေက ဆိုးယုတ်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေကြပြီး ယုံကြည်သူတွေရဲ့ ဆုတောင်းသံက ကောင်းကင်ဘုံကို ရောက်သွားပြီ။ ဒါကြောင့် ဝိညာဉ်မှင်စာကို သုတ်သင်ဖို့ ငါတို့ နတ်ဘုရားက ဆင်းသက်လာတာ"

ချန်ခန်းပေါင်က ကျိယွမ်၏ ရှေ့ပြေးသံတမန်အဖြစ် လေးနက်စွာပြောကြားလိုက်၏။

တာအိုသီလရှင်သည် ကျိယွမ်၏ အနီးသို့ ပိုကပ်လာပြီး သူ့ကို စူးစိုက်ကြည့်သည်။

ထိုအချိန်တွင် သံသယနှင့် အံ့ဩမှုများ ရောပြွမ်းနေသည့် အမူအယာဖြင့် ကျိုးဟုလည်း ရောက်ရှိလာသည်။

ကျိုးဟုသည် ကျိယွမ်နှင့် တစ်ခါမျှ မဆုံဖူးသည့်အပြင် ကျိယွမ်၏မျက်နှာမှာလည်း တောက်ပသောအလင်းတန်းများဖြင့် ကွယ်ပျောက်နေသဖြင့် ၎င်းကို နာမည်ဆိုးဖြင့်ကျော်ကြားသော အိမ်ပါသားမက်ဟောင်းအဖြစ် မရိပ်မိချေ။

"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ​တော့ ငါမသိဘူး"

တာအိုသီလရှင်က တင်းမာစွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ တိမ်နီရွာက ဝိညာဉ်မှင်စာက သာမန်ရန်သူမဟုတ်ဘူး"

"အဲဒါက နတ်ဘုရားဝိညာဉ်နယ်ပယ်ကို ထိတွေ့ထားတာ။ ရွှမ်အဆင့်လက်နက်သခင် မရှိရင် အဲဒါကို ခုခံနိုင်မယ့်နည်းလမ်းမရှိဘူး"

သူမက စွမ်းအားအဆင့်အတန်းများကို ရှင်းပြခဲ့သည်။

လူသားအဆင့်လက်နက်သခင်များသည် လူသားတို့၏ ကန့်သတ်ချက်အတွင်း၌သာ ရှိသေးသည်။

အဝါရောင်အဆင့်သခင်များကိုမူ ထူးကဲသာလွန်သူများဟု သတ်မှတ်ကြသည်။

သို့သော် ရွှမ်အဆင့်သခင်များသည် သူတို့၏ နတ်ဘုရားဝိညာဉ်များကို သန့်စင်ပြီးဖြစ်၍ ဝိညာဉ်မှင်စာများ၏ တိုက်ခိုက်မှုကို လုံးဝမမှုကြပေ။

တိမ်နီရွာ၏ ဝိညာဉ်မှင်စာသည် အဆင့်အတန်းအရ အဝါအဆင့်သာဖြစ်သော်လည်း နတ်ဘုရားဝိညာဉ်နယ်ပယ်သို့ အနည်းငယ် ချဉ်းကပ်ထားနိုင်သည်။ ၎င်း၏ ဝိညာဉ်တိုက်ခိုက်မှုများသည် ဖျက်ဆီးအားပြင်းလှသဖြင့် သာမန်လက်နက်သခင်များ ယှဉ်နိုင်မည်မဟုတ်ချေ။

ကျိယွမ်သည် ထိုသတိပေးချက်ကို ကြားကာ ပြုံးလိုက်၏။

"ဝိညာဉ်မှင်စာအဆင့်လေးကို နှိမ်နင်းဖို့ ဒီလောက်တောင် အသေအချာစဉ်းစားနေရတာလား။ အရှက်ရစရာပဲ။ နတ်ဘုရားဆိုတာ ငါ့လို စတိုင်ရှိရှိ လုပ်ရတယ်"

တာအိုသီလရှင်က မျက်လုံးပင့်လိုက်သည်။

နတ်ဘုရားဆန်သော သတ္တဝါများသည် ဆန်းကြယ်ပြီး ခမ်းနားနိုင်သော်လည်း မိမိကိုယ်ကိုယ် စတိုင်ရှိကြောင်း ကြွားဝါသည်ကတော့ မည်သို့မျှ နတ်ဘုရားမဆန်ပါ။

"နတ်ဘုရားတွေအတွက် လက်နက်မလိုဘူး။ နတ်ဘုရားမှာ သူ့ရဲ့ နတ်ဘုရားလှံကြီးရှိတယ်"

ချန်ခန်းပေါင်က အသံကျယ်ကြီးဖြင့် ကြေညာလိုက်၏။

ထို့နောက် သူသည် ကောင်းကင်ဘုံသို့ အော်ဟစ်လိုက်သည်။

"တိမ်နီရွာက ဝိညာဉ်မှင်စာ... ထွက်လာပြီး အသေခံစမ်း"

တာအိုသီလရှင်၏ မျက်နှာသည် ချက်ချင်း ပျက်သွား၏။

"မင်း ရူးနေတာလား"

ထိုအခိုက် ရွာထဲမှ အရောင်ဖျော့ဖျော့ ကြက်သွေးရောင်မြူခိုးများ ထွက်ပေါ်လာပြီး သူမ၏ စိုးရိမ်မှုများက အမှန်တကယ်ဖြစ်လာခဲ့သည်။

ရေတွင်းဟောင်းထဲမှ ခြောက်ခြားဖွယ် ငိုကြွေးမြည်တမ်းသံနှင့်အတူ တိုးညှင်းသော ရှိုက်ငိုသံများနှင့် ပင်ပန်းကြီးစွာ အသက်ရှူသံများ ထွက်ပေါ်လာ၏။

ရေတွင်းထဲမှ ရေများလျှံကျလာပြီး နတ်ဘုရားဆန်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဆံပင်အနက်များကို ဖားလျားချထားပြီး ဖြူဖျော့သောမျက်နှာတွင် ဆွဲဆောင်မှုရှိသော မကောင်းဆိုးဝါးအမူအယာ ရှိနေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ၏ စုတ်ပြတ်နေသော ဝတ်ရုံသည် ခန္ဓာကိုယ်ပေါ်တွင် ကပ်ရုံမျှသာရှိပြီး အသားစိုင်ပေါ်၌ ကြာပွတ်ဒဏ်ရာများ ယှက်သန်းနေသည်ကို တွေ့ရသည်။ သူမ၏ သွေးစွန်းနေသော ကျောပြင်မှ ရက်စက်မှုနှင့် ဆွဲဆောင်မှုတို့ တစ်ပြိုင်နက် ထွက်ပေါ်နေ၏။

တာအိုသီလရှင်သည် သူမအားဖိနှိပ်လာသောအရှိန်အဝါကြောင့် တုန်ရင်သွားသည်။

သူမ၏ စိတ်ထဲတွင် အတွေးများ စွာ ဖြတ်သန်းနေ၏။ ဤဝိညာဉ်မှင်စာသည် ဆိုးယုတ်လှသော လုပ်ရပ်များ၏ ဒုက္ခသည်ဖြစ်ခဲ့ရပြီး အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးကာ ရေတွင်းထဲသို့ အလောင်းပစ်ချခြင်း ခံခဲ့ရသည်မှာ သေချာသည်။

ထိုအချိန်တွင် ချန်ခန်းပေါင်၏ မျက်လုံးများ တောက်ပသွားသည်။

"သခင်... ကျွန်တော့်ကို ကောင်းချီးပေးပါ။ ဒီမှင်စာမကို အပိုင်ဖက်ထားရမယ်"

ကျိယွမ်သည် ချန်ခန်းပေါင်၏ အမူအရာများကို ဂရုမစိုက်ဘဲ သူ၏လှံကို တင်းတင်းဆုပ်ကိုင်လိုက်၏။

"သတ္တိခဲမှင်စာမ... နင်က လူမဟုတ်တာကို ငါတစ်ချက်ကြည့်ရုံနဲ့ သိတယ်"

သူသည် လှံကိုကိုင်ကာ ရှေ့သို့ ပြေးထွက်လိုက်ပြီး ပျံသန်းရေးတည်ဆောက်ပုံများကို နင်းကာ အရှိန်ယူလိုက်သည်။

တာအိုသီလရှင်က သတိပေးချက်တစ်ခု အော်ပြောလိုက်သည်။

"သတိထား... သူ့ရဲ့ တိုက်ခိုက်မှုက ဝိညာဉ်ကို ပစ်မှတ်ထားတာ"

ဝိညာဉ်မှင်စာ၏ ရယ်သံက လေထုထဲ၌ ပြည့်နှက်သွားပြီး ကမ္ဘာလောကကြီးမှာ လိမ်ဖယ်ကာ ပုံပျက်သွားသကဲ့သို့ ခံစားရသည်။ သူမ၏ ဝိညာဉ်တိုက်ခိုက်မှုများသည် သူမကို တိုက်ခိုက်ဝံ့သူအားလုံးကို အဆုံးမဲ့အိမ်မက်ဆိုးထဲသို့ နှစ်မြှုပ်ပစ်လိုက်၏။

သို့သော် ကျိယွမ်သည် တစ်ချက်မျှ မတုန်လှုပ်ဘဲ ရှေ့သို့ ဆက်တိုးသွားခဲ့သည်။

"ဒါပဲလား"

သူက သူမ၏ လှည့်စားမှုများကို ဖျက်ဆီးရင်း လှောင်ပြောင်လိုက်၏။

ဝိညာဉ်မှင်စာသည် နောက်ဆုတ်သွားပြီး သူမ၏ တစ္ဆေမျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများ ဖြတ်ပြေးသွားသည်။

သူမ၏ အကောင်းဆုံးလက်နက်က ရှုံးနိမ့်သွားခဲ့လေပြီ။

"သူက ဘာလို့ သူမရဲ့ တိုက်ခိုက်မှုကို မမှုတာလဲ"

တာအိုသီလရှင်မှာလည်း ပါးစပ်အဟောင်းသားဖြင့် တိုးတိုးရေရွတ်လိုက်သည်။

ရေတွင်းထဲမှ ရေစီးသံများ ထွက်ပေါ်လာပြီးနောက် နောက်ထပ် တစ္ဆေပုံရိပ်များစွာ ထွက်ပေါ်လာပြန်သည်။

ဆံပင်နက်များ ဖားလျားချထားပြီး ကြာပွတ်ဒဏ်ရာများ ရှိနေသည့် ဖြူဖျော့သောအမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက် ရေတွင်းထဲမှ ကုန်းပေါ်သို့ တက်လာကြ၏။ သူတို့၏ ခွက်ဝင်နေသောမျက်လုံးများတွင် မုန်းတီးမှုများ လောင်မြိုက်နေသည်။

စုစုပေါင်း ရှစ်ဆယ့်ခုနစ်ယောက် ...။

တာအိုသီလရှင်၏ မျက်နှာ ဖြူလျော်သွားသည်။

"ဒါက ဝိညာဉ်မှင်စာတစ်ကောင်တည်း မဟုတ်ဘူး။ ဒါက မှင်စာတွေရဲ့ သားဖောက်စခန်းပဲ"

သို့သော် ကျိယွမ်ကတော့ ပြုံးဖြဲဖြဲကြီး ဖြစ်သွားလေသည်။

"ကံကောင်းလိုက်တာ... မျှော်လင့်ခြင်းလမင်းတွေ တစ်နေရာတည်းမှာ ဒီလောက်တောင် များနေတာပဲ"

သူက ပြောရင်းမ​ှလက်တစ်ချက်ဝေ့ယမ်းလိုက်ရာ ကြက်သွေးရောင်ချပ်ဝတ်တန်ဆာက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး စစ်မြေပြင်တွင် သူ၏ပုံရိပ်က ထင်ရှားကြီးမားလာ၏။

"ဒီနေ့... နတ်ဘုရားဆိုတာ ဘာလဲဆိုတာ နင်တို့ကို ငါ အလကားပြပေးလ်ုက်မယ်"

နတ်ဘုရားဆန်သော ကြက်သွေးရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကျိယွမ်သည် ပြင်းထန်သော ဖျက်ဆီးခြင်းကို စတင်လိုက်သည်။

သူ၏ လှံရှည်ကြီးသည် ဝိညာဉ်မှင်စာများကို တစ်ကောင်ပြီးတစ်ကောင် ထိုးနှက်ဖျက်ဆီးလိုက်ပြီး ထိုးနှက်ချက်တိုင်းက တိကျကာ သေစေလောက်၏။

ရွာသားများသည် ဒူးထောက်နေရင်းမှ အံ့ဩမှင်သက်စွာဖြင့် ချီးမွမ်းစကားများကို ရွတ်ဆိုနေကြ၏။

" နတ်ဘုရားအရှင်ရဲ့ ဘုန်းတန်းခိုးက အစွမ်းထက်လှပါတယ်ဘုရား"

.."နတ်ဘုရားအရှင်ကို ပူဇော်ပါတယ်"

တာအိုသီလရှင်ပင်လျှင် ဆွံ့အသွားခဲ့ရသည်။

"ဒါ... ဒါက ဘယ်လိုစွမ်းအားလဲ"

၁၅ မိနစ်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်တွင်တော့ ကျိယွမ်၏ရှေ့တွင် ဝိညာဉ်မှင်စာ တစ်ကောင်တည်းသာ ကျန်ရှိတော့သည်။

ကျိယွမ်က မှင်စာမအား ကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်၏။

"နောက်ဘဝကျရင်လည်း... ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းအဖြစ် အသုံးတော်ခံဖို့ မှတ်ထားပါ"

ပြင်းထန်သော ထိုးနှက်ချက်တစ်ခုနှင့်အတူ နောက်ဆုံးဝိညာဉ်မှင်စာသည် လဲပြိုသွားခဲ့သည်။

ကျိယွမ်သည် သူ၏လှံရှည်ကြီးကို ပြန်ရုပ်သိမ်းလိုက်ရင်းမှ မှင်စာမအား နောက်ဆုံးမှာကြားလိုက်​၏။

"ပြီးတော့ နောက်တစ်ခါကျရင်... နင်တို့ရဲ့ ညီမတွေအားလုံးကို ခေါ်ခဲ့"

------------

All Chapters