အခန်း ၄၉၅
Vol. 46 Ch. 495
အခန်း ၄၉၅ - ယောက္ခမကြီး... ဒီည ရေချိုးမှာလား
"ရှင်...ရှင်.. ဘာတွေ လျှောက်ပြောနေတာလဲ"
ကျိရွှန်းသည် ပုလဲကဲ့သို့သောသွားများကို ကျစ်ကျစ်ပါအောင် ကြိတ်ထားရင်း ကျိယွမ်ကို အရူးဂေဟာသို့ ချက်ချင်းပြန်ပို့ချင်စိတ်များပင် ပေါက်သွားရှာသည်။
"သခင်လေး... ကိုယ့်အဆင့်အတန်းကိုယ် သတိပြုပါဦး"
"ငါ့အဆင့်အတန်း ဟုတ်လား... ငါက အိမ်တော်ပါသားမက် မဟုတ်ဘူးလား"
ကျိယွမ်က မျက်မှောင်ကျုံ့၏။
"ဘာပဲဖြစ်ဖြစ် သားမက်တော်တစ်ယောက်ပဲလေ ၊ မင်းကို စီးလို့ မရဘူးလား"
"ဟုတ်တယ် ... သခင်က လူ့လောကကို ဆင်းသက်လာတဲ့ ကောင်းကင်ဘုံနတ်ဘုရားပဲ။ သူ စီးတာကို ခံရတာ နင့်အတွက် ဂုဏ်သိက္ခာတစ်ရပ်ပဲ"
ချန်ခန်းပေါင်ကလည်း တည်ကြည်သော အမူအရာဖြင့် ဖြတ်ပြောလိုက်သည်။
"တော်တော့...မပြောနဲ့တော့"
ကျိယွမ်က ဆက်ငြင်းခုံရန် ပျင်းသွားပုံဖြင့် ခေါင်းယမ်း၏။
"စကားအဖြစ်ပြောတာ ၊ သူက အဲဒီလောက်လည်း အထင်ကြီးစရာ မရှိပါဘူး... ငါ သူ့ကို စီးဖို့ သိပ်စိတ်မပါဘူး"
ပေါက်ကရများပြောနေသော အရူးဂေဟာပြန် နှစ်ယောက်ကို ကြည့်ကာ ကျိရွှန်းမှာ ဒေါသထွက်လွန်း၍ အသားများပင် တုန်လာတော့သည်။
"တော်ပြီ ရှင်တို့နဲ့မပြောတော့ဘူး"
...........
ကောင်းကင်အမြင့်ရှိ ငှက်မျက်စိမြင်ကွင်းမှ ကြည့်လျှင် ကျီနင်စီရင်စု၏ နယ်စပ်များသည် ကျဉ်းမြောင်းရှည်လျားစွာ ဆန့်ထွက်နေသော ညှပ်ကလစ်တစ်စုံနှင့် တူလှသည်။
ဖုန်းရှန်းနယ်မြေသည် ဘယ်ဘက် "လက်သည်း" ၏ အနီးတွင် တည်ရှိ၏။ အကယ်၍ ကျီနင်စီရင်စုသည် ပြည်နယ်တစ်ခု ဖြစ်ခဲ့လျှင် ဖုန်းရှန်းနယ်မြေသည် ဧကန်မုချ ယင်း၏ မြို့တော် ဖြစ်ပေလိမ့်မည်။
ထူမြို့ဟုလည်း လူသိများသော ဖုန်းရှန်းနယ်မြေသည် ထိုဒေသ၏ အထင်ရှားဆုံး အထက်တန်းလွှာမျိုးနွယ်စု ဖြစ်သည့် အင်အားကြီးသော ထူမိသားစု၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် ရှိ၏။
ထူမိသားစု၏ သြဇာအာဏာမှာ နှိုင်းယှဉ်ဖွယ်မရှိဘဲ ယင်းတို့၏ တတိယမြောက်သားသည် တောင်ပိုင်းဘုရင်၏ သမီးတော်နှင့်ပင် လက်ထပ်ထားနိုင်သည်။
ယခုအချိန်တွင် သခင်လေးထူစန်းသည် မိမိအိမ်တော်၏ လက်ရန်းကို ပျင်းရိစွာ မှီထား၏။ သူ၏ ခါးတွင် ကျောက်စိမ်းအဆင်အယင်တစ်ခု ချိတ်ဆွဲထားပြီး သူ၏ ဇိမ်ခံဝတ်ရုံတွင် ဆန်းကြယ်သော တိမ်တိုက်ပုံစံများဖြင့် တန်ဆာဆင်ထားသည်။
"ခိုင်ရွှမ်း... မင်း မကြာသေးခင်က နင်ဟဲခရိုင်ကို သွားခဲ့တယ်လို့ ငါကြားတယ်။ အဲဒီမှာ စိတ်ဝင်စားစရာ တစ်ခုခု ကြုံခဲ့သေးလား"
ထူစန်းက စပျစ်ရည်ခွက်ကို လက်တွင် ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်၏။
"မကြုံခဲ့ပါဘူး"
ဝမ်ခိုင်ရွှမ်းက ပြန်ဖြေသည်။ သူသည် သေးငယ်သော မျက်လုံးများနှင့် ကောက်ကျစ်ရက်စက်သော မျက်နှာထား ရှိသူ ဖြစ်၏။
"ငါ မိတ်ဆွေဟောင်းတစ်ယောက်ဆီကို သွားလည်ရုံသက်သက်ပါပဲ"
ထူစန်းက ဖျတ်ခနဲ ပြုံးလိုက်ပြီး သူ့အားကြည့်၏။
"မင်း ရှန်မိသားစုရဲ့ ရှန်ရှောင်ကျဲအပေါ်မှာ စိတ်စွဲလန်းနေတုန်းပဲလား"
"ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ... ရှန်ရှောင်ကျဲက အတုမရှိတဲ့ အလှပဂေးပဲဥစ္စာ"
ဝမ်ခိုင်ရွှမ်းက ပြန်ပြောလိုက်ရာ သူ၏ မျက်လုံးများထဲ၌ တဏှာလောဘရိပ်များ ဝင်းလက်သွားသည်။
"အာ... ဒါပေမဲ့ မင်းရဲ့ နည်းလမ်းတွေက ရိုင်းစိုင်းလွန်းတယ် မိတ်ဆွေ။ ရှန်မိသားစုရဲ့ သခင်မလေးက အသိဉာဏ်ရှိပြီး အကဲခတ် ကောင်းတယ်။ တကယ်လို့ သူမသာ ရဲရှန်းအိုင်ကနေ ပြန်လာရင် အမှန်တရားကို ဧကန်မုချ ဖော်ထုတ်နိုင်လိမ့်မယ်"
ထူစန်းက စပျစ်ရည်ကို လှုပ်ခါရင်း မှတ်ချက်ပြု၏။
"သူမ ပြန်လာတဲ့အချိန်ကျရင် အဲဒီ အသုံးမကျတဲ့ အိမ်ပါသားမက်က သေနေလောက်ပြီ"
ဝမ်ခိုင်ရွှမ်းက ဝမ်းသာအားရ ပြောလိုက်သည်။
ထူစန်းက ညင်သာစွာ ရယ်မောလိုက်ရင်း ဝမ်ခိုင်ရွှမ်းသည် မည်မျှအထိ ဦးနှောက်မရှိသူ ဖြစ်ကြောင်း စိတ်ထဲက တွေးနေ၏။
ရှန်ရှောင်ကျဲကဲ့သို့သော အမျိုးသမီးတစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် သိမ်မွေ့မှုနှင့် ကောက်ကျစ်မှုများစွာ ပိုမိုလိုအပ်သည်။ ထို့ပြင် ထူစန်းကဲ့သို့သော အဆင့်အတန်းမျိုး ရှိသူပင်လျှင် သူမကို လွယ်လွယ်ကူကူ မဆွဝံ့ချေ။ ဝမ်ခိုင်ရွှမ်းကဲ့သို့သော ငါးနုတ်ငါးမွှာများ ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။
အကယ်၍ အချို့သော အခြေအနေများသာ မရှိခဲ့လျှင် သခင်လေးထူစန်းသည် ဝမ်ခိုင်ရွှမ်းနှင့် ပတ်သက်ဆက်နွှယ်နေမည်ပင် မဟုတ်ချေ။
"ဒါနဲ့"
ထူစန်းက ဝမ်ခိုင်ရွှမ်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း စကားစလိုက်သည်။
"မကြာသေးခင်က နင်ဟဲခရိုင်မှာ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်လို့ ငါ ကြားတယ်"
"အင်"
"ဘာဖြစ်တာတဲ့လဲ "
ဝမ်ခိုင်ရွှမ်းက စိတ်မဝင်စားသလို မေးလိုက်သည်။
"တိမ်နီရွာမှာ ပြင်းထန်တဲ့ ဝိညာဉ်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်စွမ်းရှိတဲ့ အင်အားကြီး ဝိညာဉ်မှင်စာတစ်ကောင် ပေါ်လာခဲ့တယ်။ ရွှမ်အဆင့်လက်နက်သခင်တွေတောင် မယှဉ်နိုင်ခဲ့ဘူးတဲ့"
"ဒါဆို အဲဒီရွာတော့ ပျက်စီးသွားပြီပေါ့"
ဝမ်ခိုင်ရွှမ်းက ထိုရွာသားများ၏ အကျပ်အတည်းကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် မှတ်ချက်ချသည်။
"မဟုတ်ဘူး... လုံးဝဆန့်ကျင်ဘက်ပဲ။ အကျပ်အတည်းက အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာ ဆန်းကြယ်တဲ့ အဖိုးအိုတစ်ယောက်နဲ့ လူငယ်တစ်ယောက် ရွာကို ရောက်လာပြီး ဝိညာဉ်မှင်စာတွေကို သုတ်သင်ရှင်းလင်းသွားကြတယ်"
"ဟုတ်လား..."
ဝမ်ခိုင်ရွှမ်းက စိတ်ဝင်စားဟန်ဆောင်ရင်း သမ်းဝေလိုက်၏။
"ခိုင်ရွှမ်း... မင်း မကြာသေးခင်က နင်ဟဲခရိုင်ကို သွားခဲ့တယ် မဟုတ်လား။ မင်း အဲဒီ ထူးခြားဆန်းပြားတဲ့ လူနှစ်ယောက်နဲ့ ဆုံခဲ့သေးလား"
ထူစန်းက မေးမြန်းလိုက်သည်။
ထိုသို့ မေးလိုက်သောအခါ သူ၏ မျက်လုံးများထဲ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သူစုံစမ်းရရှိထားသော သတင်းအချက်အလက်မှာ အံ့သြဖွယ်ကောင်းလှသည်။ လှံတစ်စင်းကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦးသည် ထိုရွာ ရှိ အဝါအဆင့် ဝိညာဉ်မှင်စာ ရှစ်ဆယ့်ခုနစ်ကောင်လုံးကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သော ဟူ၏။
ထို့ပြင် ထိုလူငယ်သည် သူ့ကိုယ်ကိုယ် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ကြေညာခဲ့သည်။
"တိမ်နီရွာက ရိုးရိုးနေရာတစ်ခု မဟုတ်ဘူး။ အဲဒါ ဆူးသွေးဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဝိညာဉ်မှင်စာတွေ သားဖောက်တဲ့နေရာပဲ။ တွေးကြည့်စမ်း... အဝါအဆင့် ဝိညာဉ်မှင်စာ ရှစ်ဆယ့်ခုနစ်ကောင်လုံး သုတ်သင်ခံလိုက်ရတယ်တဲ့လေ"
"ဘာ"
ဝမ်ခိုင်ရွှမ်း၏ အမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွား၏။
ထိုကဲ့သို့သော စွမ်းဆောင်ရည်မှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ယင်းကို လုပ်ဆောင်နိုင်စွမ်းရှိသူ မည်သူမဆို နင်နိုင်ငံ၏ ကောင်းကင်ပါရမီရှင်အဆင့်သတ်မှတ်ချက်များတွင် ပါဝင်နေမည်မှာ ဧကန်မုချ ဖြစ်၏။
ရှန်မိသားစု၏ ရှန်ရှောင်ကျဲကိုယ်တိုင်လည်း နင်နိုင်ငံ၏ ကောင်းကင်ပါရမီရှင်အဆင့်သတ်မှတ်ချက်များတွင် ထိပ်သီး ပါရမီရှင် ဆယ်ဦးအနက် တစ်ဦး အပါအဝင် ဖြစ်သည်။
ထိုစာရင်းတွင် ပါဝင်သူ မည်သူမဆို မြေကမ္ဘာအဆင့်သို့ ရောက်ရှိရန် ရေစက်ပါလာသူများ ဖြစ်ပြီး အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။
ထိုကဲ့သို့သော ကွာဟချက်ကြောင့်ပင် ဝမ်ခိုင်ရွှမ်းသည် ကျိယွမ်အပေါ် ခါးသီးမှုများ ရှိနေခြင်း ဖြစ်၏။ ကျိယွမ်ကဲ့သို့သော အသုံးမကျသူတစ်ဦးက ရှန်ရှောင်ကျဲနှင့် မည်သို့ လက်ထပ်နိုင်ခဲ့သည်ကို သူ လက်မခံနိုင် ဖြစ်နေသည်။
"သူတို့မှာ ဘယ်လို ထူးခြားတဲ့ လက္ခဏာတွေ ရှိလဲ"
ဝမ်ခိုင်ရွှမ်းက မေးလိုက်၏။
"အဲဒီလူငယ်က ထူးဆန်းတဲ့ လက်နက်တစ်ခုကို ကိုင်ထားတယ်... အလွန်ရှည်ပြီး ပုံမှန်ထက် ထူထဲတဲ့ လှံတစ်စင်းပဲ"
ထူစန်းက ပြန်ဖြေသည်။
ဝမ်ခိုင်ရွှမ်းက ခေါင်းခါယမ်းလိုက်၏။
"နင်ဟဲခရိုင်မှာ အဲဒီလိုလူမျိုး ငါမတွေ့ခဲ့ဘူး။ ပြီးတော့ အဲဒီဘက်ကလည်း လူသိပ်မရောက်တံ့နေရာပဲ"
"အဲဒီလူက သူ့ကိုယ်ကိုယ် လူ့လောကကို ဆင်းသက်လာတဲ့ ရှန်လင်နတ်ဘုရားလို့ ကြေညာခဲ့တယ်။ သူ ဘယ်ကလာလဲဆိုတာ ငါ သိချင်မိတယ်"
ထူစန်းက လေးနက်စွာတွေးရင်း ရေရွတ်လိုက်သည်။
ထူစန်းနှင့် ဝမ်ခိုင်ရွှမ်းတို့ စကားပြောနေကြစဉ် ဝမ်ခိုင်ရွှမ်းသည် ရုတ်တရက် ဆွံ့အသွားပြီး သူ၏ အမူအရာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။
"ဘာဖြစ်လို့လဲ"
ထူစန်းက နားမလည်သလို မေးသည်။
"အဲဒီ အိမ်ပါသားမက်စုတ် ကျိယွမ်... သူ ဘာလို့ မသေသေးတာလဲ"
ဝမ်ခိုင်ရွှမ်းက ဒေါသတကြီးရေရွတ်ကာ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
ဖုန်းရှန်းနယ်မြေကို စီးမိုး၍မြင်တွေ့နေရသော နေရာမှနေ၍ ဝမ်ခိုင်ရွှမ်းသည် ရှန်မိသားစုအိမ်တော်၏ အပြင်ဘက်တွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည် မဟုတ်ပါလား။
ထိုသူမှာ သေချာပေါက် အသုံးမကျသော အိမ်ပါသမက်ကောင် ကျိယွမ်ပင်။
သူ၏ မျက်နှာမှာ ဒေါသနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကြောင့် ပျက်ယွင်းသွား၏။
"သခင်လေးထူစန်း... ငါနဲ့အတူ ရှန်မိသားစုအိမ်တော်ကို လိုက်ခဲ့ပေးမလား... ငါ မဖြစ်မနေ..."
"မလိုက်နိုင်ဘူး"
ထူစန်းက အားမနာဘဲ ပြတ်သားစွာ ငြင်းပယ်လိုက်၏။
"ငါ့မှာ လုပ်စရာ အခြားကိစ္စတွေ ရှိသေးတယ်"
သူသည် ဝမ်ခိုင်ရွှမ်းကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုလူသည် မိမိကိုယ်ကိုယ် မည်မျှအထိ အရာမဝင်ကြောင်း မသိရှိသေးချေ။
ဝမ်မိသားစုက သူ့ကို အလွန်အမင်း ကာကွယ်ပေးထားသဖြင့် သူသည် မိမိ၏ အရည်အချင်းကို မသိဘဲ ဖြစ်နေသည်။
ထူစန်းသည် လက်ရှိတွင် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံမှ နတ်ဘုရားဟု ကြေညာထားသော လူကိုသာ အလေးအနက် စိတ်ဝင်စားနေ၏။
ထိုသူသည် ဆူးသွေးဂိုဏ်း၏ ဝိညာဉ်မှင်စာများစွာကို သတ်ဖြတ်ခဲ့သည်။ အကယ်၍ သူနှင့် နီးကပ်စွာ ထိတွေ့ခွင့်ရလျှင် ဆူးသွေးဂိုဏ်းထံမှ ရရှိထားသော လက်နက်က တစ်ဖက်လူ၏ သွေးအရှိန်အဝါကို ခံစားမိနိုင်ပြီး ထိုသူ၏ မည်သူမဆိုဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။
သားမက် ကျိယွမ်နှင့် ပတ်သက်၍မူ သူသည် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံမှ နတ်ဘုရားဟု ကြေညာထားသော ဆန်းကြယ်သော လက်နက်သခင်အကြောင်း မေးမြန်းရန် တွေ့ဆုံလိုသော်လည်း ယခုအချိန်တွင် မဟုတ်သေးချေ။
မည်သို့ပင်ဆိုစေ နင်ဟဲခရိုင်တွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သောကြောင့် ရှန်မိသားစုသည် အိမ်ပါသမက်ကျိယွမ်ကို နေအိမ်အကျယ်ချုပ် ချထားမှာ အသေအချာပင်။
ရှန်မိသားစုအိမ်တော်သို့ ပြန်ရောက်သောအခါ ကျိရွှန်းသည် ကျိယွမ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် သူမစကားမဆိုနိုင်သေးခင်မှာပင် ကျိယွမ်က ပျင်းရိစွာပြော၏။
"ငါတို့ အဘိုကြီးကျန့်နဲ့ ရင်ဆိုင်တွေ့ပြီးတာနဲ့ နင်ဟဲခရိုင်မှာ ဘာဖြစ်ခဲ့လဲဆိုတဲ့ အမှန်တရား ပေါ်လာလိမ့်မယ်"
"ငါ့ကို ဆန့်ကျင်ဖို့ ဘယ်သူက ပူးပေါင်းကြံစည်မှု ပြုလုပ်ခဲ့လဲဆိုတာ ငါလည်း ကြည့်ချင်ပါသေးတယ်"
ကျိယွမ်က ထိုသို့ပြောရင်း အေးအေးလူလူ အပျင်းကြောဆန့်၏။
ထိုအချိန်တွင် ချန်ခန်းပေါင်သည် ရှန်မိသားစု၏ ခမ်းနားသောအိမ်တော်ကြီးကို စိုက်ကြည့်ရင်း မျက်လုံးများ ဝင်းပလာသည်။
"သခင်... သခင့်နောက်ကို လိုက်ရတာ ဧကရာဇ်တစ်ပါးလို အသက်ရှင်ရသလိုပဲ... တစ်နပ်ကို ပေါက်စီ ဆယ်လုံးကြီးတောင် စားရတယ်"
"ဒါပေမဲ့ ငါ့ဇနီးက အသက် ရှစ်ဆယ် ကိုးဆယ်လောက် မရှိတာ နှမြောစရာပဲ"
ကျိယွမ်က ရှန်မိသားစုဆိုင်းပုဒ်ကို မော့ကြည့်ရင်းမှ မှတ်ချက်ပြုလိုက်၏။
ကျိရွှန်း၏ အမူအရာမှာ တင်းမာသွားသော်လည်း သူမ ဘာမှမပြောချေ။ သူမသည် ထိုအရူးနှစ်ရူး၏ ပုံမှန်မဟုတ်သော အပြုအမူများကို ကျင့်သားရနေပြီ ဖြစ်သည်။
ရုတ်တရက် အိမ်တော်အတွင်းမှ ကျယ်လောင်သော အသံတစ်သံ အော်ဟစ်ထွက်ပေါ်လာ၏။
"မင်းက ငါ့အစ်မကို အရှက်ခွဲပြီး ဦးထုပ်စိမ်း ဆောင်းပေးရဲတယ် ဟုတ်လား... မင်း သေချင်နေပြီပဲ"
ရုပ်ရည်ချောမောပြီး ပိန်ပိန်ပါးပါး လူငယ်တစ်ဦးသည် ကြီးမားသော သစ်သားတန်းတစ်ခုကို ထမ်းပိုးထားရင်း ဒေါသတကြီး ထွက်လာသည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေ၏။
"တော်ပါတော့ သခင်လေး... ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်ပါနဲ့"
အစေခံများနှင့် အစေခံမိန်းကလေးများက သူ့နောက်မှ လိုက်လံတားဆီးရင်း အော်ဟစ်နေကြသည်။
ထိုလူငယ်သည် အခြားသူမဟုတ်ဘဲ ကျိယွမ်၏ ယောက်ဖ ဖြစ်သူ ရှန်လင်းဖုန်း ဖြစ်၏။
"စိတ်အေးအေးထားပါ ယောက်ဖ"
ကျိယွမ်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းက ငြင်းချင်သေးတာလား... မင်း မုဆိုးမတစ်ယောက်ကို တပ်မက်နေတယ်လို့ ငါ ကြားတယ်ကွ"
ရှန်လင်းဖုန်းက ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်၏။
ကျိရွှန်းသည် သူမ၏ နဖူးကို လက်ဖြင့် အုပ်ထားမိတော့၏။
ကျိယွမ် နင်ဟဲခရိုင်တွင် လုပ်ဆောင်ခဲ့သော ကိစ္စသည် ရှန်မိသားစု၏ မျက်နှာကို ထိခိုက်စေခဲ့သော်လည်း ရှန်မိသားစု၏ အစိတ်အပိုင်းအချို့သာ ယင်းကို သိရှိကြသည်။
သို့သော်လည်း ရှန်လင်းဖုန်းသည် အော်ဟစ်သံကြီးက ယင်းကို တိုက်ရိုက် ဖွင့်ချလိုက်လေပြီ။
အစေခံများနှင့် အစေခံမိန်းကလေးများသည် ရှန်လင်းဖုန်းကို တားဆီးရန် ကြိုးပမ်းနေကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ ဖရဲသီး စားချင်စိတ် ပြင်းပြနေကြပြီ ဖြစ်သည်။
ဘာလဲ... သားမက်တော်က သခင်မကို သစ္စာဖောက်လိုက်တာလား။
သားမက်တော်က ဘယ်လိုလုပ်ပြီး ဒီလောက်ရဲဝံ့ရတာလဲ။
အဲဒါ တိုင်းပြည်မှာ အတုမရှိတဲ့ အလှပဂေး သခင်မလေ။
"သခင်လေး... စကားကို ဆင်ခြင်ပါ"
ကျိရွှန်းက သက်ပြင်းချလိုက်၏။
သခင်မလေးက အလွန် ထက်မြက်သလောက် မောင်ဖြစ်သူက ဘာကြောင့် ဒီလောက်အထိ အူတူတူ ဖြစ်နေရတာလဲ။
ယခုတော့ ရှန်မိသားစုဝင်အားလုံးက အိမ်ပါသားမက်ကျိယွမ်သည် သခင်မလေးအပေါ် သစ္စာဖောက်ခဲ့ကြောင်း သိသွားကြပေတော့မည်။
အကယ်၍ ရှန်မိသားစုအားလုံး သိသွားပါက ဖုန်းရှန်းနယ်မြေလည်း သိရှိသွားပေလိမ့်မည်။
"ဘာလို့ စကားကို ဆင်ခြင်ရမှာလဲ... ငါ သူ့ကို ရိုက်သတ်မှာ"
ရှန်လင်းဖုန်းသည် ကြီးမားသော သစ်သားတန်းကို ပွေ့ပိုက်ထားရင်း ကျိယွမ်ထံသို့ ပြေးဝင်လာ၏။
ဒုန်း...။
"အား... သခင်လေး သတိထားပါ"
သို့သော် သူသည် ကျိယွမ်ကို မရိုက်မိဘဲ သူ့ဘာသာခလုတ်တိုက်ကာ လဲကျသွားပြီး သစ်ချောင်းကြီးက သူ့အပေါ်သို့ ဖိမိသွားသည်။
အစေခံများနှင့် အစေခံမိန်းကလေးများအားလုံး ထိတ်လန့်သွားကြပြီး ရှန်လင်းဖုန်းကို ဖိထားသော သစ်သားကြီးကို အလျင်အမြန် ဖယ်ရှားပေးကြ၏။
ရှန်လင်းဖုန်းသည် မောဟိုက်စွာ မတ်တပ်ရပ်လိုက်ပြီး ကျိယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ ကျန်ဆဲရန်ပြင်လိုက်သည်။
"ငါ..."
အခြေအနေများ ပိုမိုဆိုးရွားမလာမီ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာ၏။
"တော်လောက်ပြီ"
တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ပေါ်လာပြီး သူမ၏ အရှိန်အဝါကြောင့် လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူမသည် ရှန်မိသားစု၏ သခင်မကြီး ဖြစ်ပြီး ရှန်လင်းဖုန်း၏ မိခင်လည်း ဖြစ်၏။
သူမသည် အသက်သုံးဆယ်ကျော် အရွယ်ရှိပြီ ဖြစ်သော်လည်း သိသိသာသာ လှပနေဆဲ ဖြစ်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ရင့်ကျက်ကာ ဆွဲဆောင်မှုအပြည့် ရှိနေသည်။
ကျိယွမ်၏ အကြည့်မှာ သူမထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီး စိတ်ကူးတစ်ခု ရရှိသွား၏။
ငါ ဒီနေ့ည သူမအတွက် ချိုးရေ ပြင်ဆင်ပေးဖို့ ကမ်းလှမ်းသင့်သလား။
"သခင်မကြီး... ကျွန်မ သခင်လေးကို ပြန်ခေါ်လာပါပြီ။ နင်ဟဲခရိုင်မှာ ဖြစ်ခဲ့တဲ့ကိစ္စက ထောင်ချောက်ဆင်ခံရတာလို့ သူက အခိုင်အမာ ပြောနေပါတယ်။ ကျွန်မတို့ အဘိုကြီးကျန့်ကို ခေါ်ယူစစ်ဆေးရင် အမှန်တရား ပေါ်လာပါလိမ့်မယ်"
ကျိရွှန်းက သခင်မကြီးထံသို့ ရိုသေစွာ တင်ပြလိုက်၏။
"အဘိုကြီးကျန့် သေပြီ"
ရှန်မိသားစုသခင်မကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှင်.. သေပြီ ဟုတ်လား"
ကျိရွှန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ အဘိုကြီးကျန့် မရှိလျှင် ကျိယွမ်၏ နာမည်ကို ရှင်းလင်းရန် သက်သေ ရှိတော့မည် မဟုတ်ချေ။
"ငါ ဒီမနက်တင် သူ့အလောင်းကို တွေ့ခဲ့တာ။ စစ်ဆေးကြည့်တော့ သူ သေဆုံးနေတာ လဝက်လောက် ရှိပြီလို့ သိရတယ်"
သခင်မကြီးက ထပ်ပြောသည်။
"လဝက်တောင် ရှိပြီ ဟုတ်လား"
ထိုသတင်းသည် ကျိရွှန်းကို မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားရစေသည်။
လဝက်ခန့်က ကျိယွမ်ရော အဘိုကြီးကျန့်ပါ နင်ဟဲခရိုင်သို့ မသွားရောက်ခဲ့ကြသေးချေ။ အကယ်၍ အဘိုကြီးကျန့်သည် ထိုအချိန်ကတည်းက သေဆုံးခဲ့လျှင် ကျိယွမ်နှင့်အတူ လိုက်ပါသွားသူမှာ အခြားတစ်ဦး ဖြစ်ရပေလိမ့်မည်။
ထိုအကျိုးဆက်များသည် သူမကို တုန်လှုပ်ချောက်ချားသွားစေသည်။ မမြင်ရသော လက်များက ခြေလှမ်းတိုင်းကို ကြိုးကိုင်ခြယ်လှယ်ထားပြီး ၎င်းတို့အားလုံးကို လှည့်စားမှုကွန်ရက်တစ်ခုအတွင်း ပိတ်မိအောင် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေ၏။
ယခုကိစ္စသည် ကျိယွမ်တစ်ဦးတည်းကိုသာ ဦးတည်သော ပူးပေါင်းကြံစည်မှု မဟုတ်ချေ။ မဟုတ်ဘူး... ယခုကိစ္စသည် ပိုမိုအရေးကြီးသော ပုဂ္ဂိုလ်ဖြစ်သည့် သူမ၏ သခင်မလေးကို ဦးတည်နေပုံရသည်။
သူမသည် ကျိယွမ်အပေါ် အမြဲတမ်း မှားယွင်းစွာ အကဲဖြတ်ခဲ့မိလေသလား။
"အဘိုကြီးကျန့် သေနေရင်တောင်မှ"
ရှန်လင်းဖုန်းက မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။
"ငါတို့ သက်သေမပြနိုင်ရင်တောင် ဒီဦးထုပ်စိမ်း ကိစ္စကို ငါ ဒီအတိုင်း လွှတ်မထားနိုင်ဘူး"
သို့သော် မည်သူကမျှ သူ့ကို ဂရုမစိုက်ကြချေ။
သခင်မကြီးသည် ကျိယွမ်ထံသို့ လှည့်လိုက်ပြီး သူမ၏ အမူအရာမှာ အေးစက်သော်လည်း ရန်လိုမုန်းတီးမှုတော့ မရှိချေ။
"ကျိယွမ်... နင်ဟဲခရိုင်မှာ ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာ ဖြစ်ပုံရတယ်။ လောလောဆယ် ရှန်အိမ်တော်မှာပဲ နေပါ။ အပြင်ကို အရမ်းမထွက်နဲ့"
"ဒီလို ကြံစည်မှုနောက်ကွယ်က လူကို ငါကိုယ်တိုင် ရှာဖွေဖော်ထုတ်မယ်"
ကျိရွှန်းသည် စကားထပ်ပြောလိုသော်လည်း တွန့်ဆုတ်သွားပြီး ပြန်လည်အောင့်အည်းထားလိုက်၏။
ရှန်လင်းဖုန်းမှာမူ ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူ၏ အသိဉာဏ်သည် ထိုကဲ့သို့သော အခြေအနေ၏ ရှုပ်ထွေးမှုများကို ကိုင်တွယ်ရန် မလုံလောက်ချေ။
"ယောက္ခမကြီး"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်။
သခင်ကြီးသည် သူ ခေါ်ဝေါ်လိုက်သော ထူးဆန်းသည့် ပုံစံကြောင့် သူမ၏ တင့်တယ်သော မျက်ခုံးများကို ပင့်တင်ကာ ကြည့်၏။
"ဘာကိစ္စလဲ"
"ဒီည ရေချိုးမလို့လား"
ကျိယွမ်က အလွန်တည်ကြည်သောအမူအရာဖြင့် မေးလိုက်သည်။
"..."
"ကျွန်တော် ဆိုလိုတာက ယောက္ခမကြီး ဒီည ရေချိုးမှာလားလို့ မေးတာပါ "
ကျိယွမ်က သူမက မိမိ၏မေးခွန်းကို နားမလည်မည် စိုးရိမ်သည့်အလား ထပ်ရှင်းပြသည်။
"..."
"အိမ်ထောင်စုရဲ့ သားမက်တစ်ယောက်အနေနဲ့ ကူညီပေးဖို့က ကျွန်တော့တာဝန်ပါ။ ယောက္ခမကြီးအတွက် ချိုးရေ ပြင်ဆင်ပေးရမယ့် တာဝန်ကို ကျွန်တော် မပျက်ကွက်နိုင်ပါဘူး"
ကျိယွမ်က စိတ်ရင်းမှန်ဖြင့် ဆက်ပြောနေသည်။
"ဒါကြောင့် အဆင်သင့်ဖြစ်တဲ့အခါ ကျွန်တော့်ကို ပြောလိုက်ပါ။ ကျွန်တော်ကိုယ်တိုင် ရေပြင်ဆင်ပေးပါ့မယ်"
သူ၏ စကားများကြောင့် စုဝေးနေကြသော အစေခံများနှင့် အစေခံမိန်းကလေးများသည် မျက်လုံးအဝိုင်းသားဖြင့် အပြန်အလှန် ကြည့်လိုက်ကြ၏။
သူတို့၏ မျက်နှာများတွင် အံ့သြတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ ရေးခြယ်ထားသည်။
သူက ...သခင်မ ကြီးအတွက် ချိုးရေ ပြင်ဆင်ပေးဖို့ တကယ်ကြီး ကမ်းလှမ်းနေတာလား။
ဒါဟာ ငါတို့မသိခဲ့အောင် ဖုံးကွယ်ထားတဲ့ အရှုပ်တော်ပုံများ ဖြစ်နိုင်မလား။
ဖြစ်နိုင်တယ် ၊ သခင်မကြီးက သမက်တော်ဆိုရင် စိတ်ရှည်တယ်။
သခင်မကြီး၏ ဗာဒံစေ့ပုံစံမျက်လုံးများမှာ ဒေါသကို အောင့်အည်းသည်းခံထားသည့်အလား ကျဉ်းမြောင်းသွား၏။ သူမသည် စကားတစ်လုံးမျှ မဆိုဘဲ ချာကနဲ လှည့်ထွက်သွားပြီး ရင်ပြင်ပြင်ပသို့ ထွက်ခွာသွားတော့သည်။
သူမ၏ အမူအရာမှာ အေးစက်သောအမျက်ဒေါသများဖြင့် ဖုံးလွှမ်းလျက် ရှိ၏။
ကျိရွှန်းသည် ကျိယွမ်၏ အရူးထသောအပြုအမူများကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို စိုးရိမ်သဖြင့် သူမနောက်သို့ အလျင်အမြန် လိုက်သွားရတော့သည်။
"သခင်မကြီး... သခင်လေးက နင်ဟဲခရိုင်မှာ ရှိတုန်းက အရူးဂေဟာကို ပို့ခံခဲ့ရတာပါ။ သူ ဝိညာဉ်ပျက်စီးမှု အချို့ ကြုံတွေ့ခဲ့ရပုံရပြီး အဲဒါကြောင့် အခုလို ပြုမူနေတာ ဖြစ်နိုင်ပါတယ်။ သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ကျိရွှန်းက မိခင်ကြီးအား ရိုသေစွာ တောင်းပန်တိုးလျှိုးလိုက်၏။
သခင်မကြီးက သက်ပြင်းချလိုက်ရင်း သူမ၏ နားထင်ကို နှိပ်နယ်ကာ ညည်းတွားရှာသည်။
"ဒါတွေက တကယ့်ကို ရှုပ်ထွေးတဲ့ အချိန်တွေပဲ"
ကျိရွှန်းက တွန့်ဆုတ်နေသော်လည်း မရဲတရဲ ဆက်ပြော၏။
"သခင်လေးက ဝမ်ခိုင်ရွှမ်းဟာ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေနိုင်ကြောင်း သံသယရှိတယ်လို့လည်း ပြောပါတယ်"
ထိုစကားကို ကြားရသောအခါ သခင်ကြီး၏ မျက်လုံးများမှာ အေးစက်သွားပြီး ယင်းတို့အတွင်း၌ သတ်ဖြတ်လိုသောအရှိန်အဝါ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
"အဲဒီလူမိုက်က အခြားသူတွေရဲ့ အသုံးချခံရတဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်ဖို့များတယ်"
သူမက ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ အဲဒီ ဝမ်မိသားစုက သူ့ကို လွှဲမပေးဘူးဆိုရင် ငါကိုယ်တိုင် သူတို့ဆီ သွားလည်မယ်လို့ ပြောလိုက်ပါ"
ဝမ်မိသားစုသည် ထင်ရှားသော မိသားစုတစ်စု ဖြစ်သော်လည်း ရှန်မိသားစုနှင့် နှိုင်းယှဉ်လျှင်မူ အာဏာချင်း အလွန်ကွာခြားလှသည်။
ကျိရွှန်းသည် သခင်မကြီး၏ တောက်လောင်နေသော ဒေါသကို ခံစားမိ၏။ သူမ တစ်စုံတစ်ခုကို ရှင်းလင်းစွာ နားလည်လိုက်သည်မှာ သခင်ကြီးသည် ထိုမျှအထိ ပြတ်သားစွာပြောနေလျှင် မကြာမီ သွေးချောင်းစီးတော့မည် ဖြစ်၏။
"ရှန်မိသားစုရဲ့ လူတစ်ယောက်ကို လက်ရဲဇာတ်ရဲ ထိပါးဝံ့တာဟာ သေတွင်းထဲ သက်ဆင်းတာပဲ"
သခင်မကြီးက အေးစက်စွာ ပြောလိုက်သည်။
ရင်ပြင်တွင်တော့ ကျိယွမ်သည် သခင်မကြီး ထွက်သွားခြင်းကို ဂရုမစိုက်ဘဲ ထိုင်နေဆဲ ဖြစ်၏။
ချန်ခန်းပေါင်သည် သူ၏ ဘေးတွင် ပေါက်စီတစ်လုံးကို မြိန်ရေရှက်ရေ ဝါးနေရင်း မျက်လုံးများ ဝင်းပလာကာ အကြံပြုသည်။
"သခင်... အဲဒီအမျိုးသမီးကို သခင့်ရဲ့ စီးနင်းစရာ တိရစ္ဆာန်အဖြစ် ပြုလုပ်ရင် ဘယ်လိုလဲ"
"လျှောက်မပြောနဲ့"
"သူမက ငါ့ယောက္ခမလေ။ အဲဒါ မိသားစုပဲ။ တကယ်လို့ ငါ သူမကို စီးနေတာ မိသွားရင် တားမြစ်ထားတဲ့ အချစ်ရေးလို့ စွပ်စွဲခံရလိမ့်မယ်"
ချန်ခန်းပေါင်က သူ၏ ရှုပ်ပွနေသောခေါင်းကို တဗြင်းဗြင်းကုတ်လိုက်ရင်း ပေါက်စီကိုပင် ဆက်မစားနိုင်ဘဲ စဉ်းစားခန်းဖွင့်သွား၏။
"ဒါပေမဲ့ သခင့်ရဲ့ ဇနီးကို စီးနင်းစရာလုပ်ရင်လည်း မိသားစုပဲ မဟုတ်ဘူးလား။ အဲဒီအချိန်ကျတော့ စွပ်စွဲခံရမှာကို မစိုးရိမ်ဘူးပေါ့"
ကျိယွမ်သည် သူ့ကို အကြာကြီး စိုက်ကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"မင်းကို ဘယ်သူမှ အလုပ်မခန့်တာ မဆန်းပါဘူး... ငတုံးအိုကြီးရယ်"
အကယ်၍ သူသာ သတိမထားမိခဲ့လျှင် ထိုစကားကို သဘောတူမိတော့မည် ဖြစ်သည်။
"ယောက်ဖ"
ထိုအခိုက် သူတို့နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ရှန်လင်းဖုန်းသည် တွန့်ဆုတ်စွာ ချဉ်းကပ်လာပြီး ရှက်ကိုးရှက်ကန်း အမူအရာ ရှိနေသည်။
"ငါ တောင်းပန်ဖို့ လာတာပါ။ ငါ မင်းကို နားလည်မှုလွဲသွားတယ်။ မင်း ငါ့အစ်မကို ဦးထုပ်စိမ်း မဆောင်းပေးခဲ့ပါဘူး"
ထိုလူငယ်၏ စကားများမှာ အမြဲတမ်းပင် ပွင့်လင်းလွန်းလှသည်။
ကောင်းကင်ဘုံသည် သူ၏ ဉာဏ်ပညာကို ရုပ်သိမ်းသွားခဲ့ပြီး သူ၏ အစ်မကြီးထံသို့ အသိဉာဏ်များ နှစ်ဆ ပေးသနားခဲ့ပုံရ၏။
ရှန်လင်းဖုန်းတွင် မီးကဲ့သို့သောစိတ်ဆန္ဒများသာ ရှိပြီး ရှန်ရှောင်ကျဲမှာမူ အတုမရှိသော ပါရမီရှင် ဖြစ်သည်။
"နားလည်မှုလွဲတာတွေက ဖြစ်တတ်ပါတယ်။ ဒါတွေကို ထားလိုက်ပါတော့"
ကျိယွမ်က ပျင်းရိစွာ ပြန်ပြောလိုက်၏။
စောစောက ကြုံးဝါးနေခဲ့သော်လည်း ယခုအချိန်တွင် ရှန်လင်းဖုန်းသည် ရန်လိုမှုမရှိဘဲ ခွေးပေါက်လေးတစ်ကောင်နှင့် ပိုတူနေသည်။
"ငါ အရင်က မင်းကို အသုံးမကျတဲ့ အားနည်းတဲ့လူလို့ ထင်ခဲ့တာ ယောက်ဖ"
ရှန်လင်းဖုန်းက ဝန်ခံစကားဆို၏။
" မင်းက ရုပ်ရည်ချောမောပေမဲ့ ဒါပဲ ရှိတာလေ။ ဒါပေမဲ့ ဒီနေ့ ငါ ဒေါသတကြီးနဲ့ မင်းဆီ ပြေးဝင်သွားတဲ့အချိန်မှာ မင်း တစ်ချက်ကလေးတောင် မလှုပ်ရှားခဲ့ဘူး။ ငါ အဲဒါကို လေးစားတယ်"
"ငါ မင်းဆီကနေ သင်ယူစရာတွေ အများကြီး ရှိသေးတယ်"
ရှန်လင်းဖုန်းက ရိုးသားစွာ ထပ်ပြောပြန်သည်။
"မင်းက ဘာကို သင်ယူချင်တာလဲ"
ကျိယွမ်က စိတ်ဝင်တစား မေးလိုက်၏။
ရှန်လင်းဖုန်းသည် သူ၏ ခေါင်းကို အူတူတူဖြင့် ကုတ်လိုက်ရင်း လေသံကိုလျှော့သည်။
"ဟို.. ဟိုဟာလေ.. ယောက်ဖက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျနေပြီလေ။ ငါကတော့... ငါ့မှာ..."
"ရည်းစား မရှိဘူး မဟုတ်လား"
ကျိယွမ်က ကြားဖြတ်ပြောလိုက်သည်။
ရှန်လင်းဖုန်းက မျက်နှာနီမြန်းလျက် ခေါင်းညိတ်ပြ၏။
"ဟုတ်တယ်... ငါ မိန်းမတစ်ယောက်ကို ဘယ်လို ပိုးပန်းရမလဲဆိုတာ သင်ချင်တယ်"
ကျိယွမ်၏ နှုတ်ခမ်းအစုံမှာ လူလည်ကြီးအပြုံးတစ်ခုဖြင့် ကွေးညွတ်သွားသည်။
အချစ်ရေးကိစ္စများနှင့် ပတ်သက်လာလျှင် သူ၌ အတွေ့အကြုံများစွာ ရှိနေသည် မဟုတ်ပါလား။
"မပူနဲ့ ယောက်ဖ "
------------