အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) တွက်ချက်ဖတ်ရှုခြင်း၊ လီရှီးတဲ၏ အစစ်အမှန် ရည်ရွယ်ချက်
လီရှီးတဲ၏ ရှင်းပြချက်ကို ကြားချိန်၌ ကျိုးယွမ် ချက်ချင်း နားလည်သွားလေ၏။ ထိုရှင်းပြချက်မှာ ယုတ္တိတန်လှပေသည်။
သို့သော် သူ ဆက်လက်၍ သဘောပေါက်သွားသည်မှာ လီရှီးတဲသည် သူ့အား အကြောင်းအရာများစွာ ပြောပြခဲ့ရာ သေချာပေါက် တောင်းဆိုစရာ တစ်ခုခု ရှိနေရမည် ဖြစ်သည်။ မဟုတ်ပါက ဤမျှလောက်များများ ပြောပြမည် မဟုတ်ချေ။
ကျိုးယွမ်သည် လီရှီးတဲ၏ လှည့်ကွက်များကို မကြောက်သောကြောင့် အလျင်စလို မလုပ်ဘဲ သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေ၏။
"စီနီယာလီ... ဒီတစ်ကြိမ် သွေးမိစ္ဆာမြက်ခင်းပြင်ကို စီနီယာ ရောက်လာတဲ့ အကြောင်းရင်းက အတိအကျ ဘာများလဲ"
ဝမ်ကျင်းသည် ခဏမျှ စဉ်းစားပြီးနောက် မေးမြန်းလိုက်လေသည်။
လီရှီးတဲ သက်ပြင်းချလိုက်ပြီးနောက် ဖြေကြားလေ၏။
"ငါက သွေးမိစ္ဆာ ဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန်ကို ဖျက်ဆီးပစ်နိုင်ပေမဲ့ ဒီတာဝန်ကို ငါ ပြီးမြောက်နိုင်ချင်မှ ပြီးမြောက်နိုင်လိမ့်မယ်"
"အခု သွေးမိစ္ဆာမြက်ခင်းပြင်နဲ့ စုန်းဟူသဲကန္တာရတို့က လုံးဝ တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်လို့ ဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန် ဆက်တည်ရှိနေဖို့ မလိုအပ်တော့ဘူး"
"တကယ်လိုဘ ငါက ဒီတာဝန်ကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ရင် ဒီနေရာအကြောင်းကို သတင်းဖြန့်ပေးပါ... သွေးမိစ္ဆာ ဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန်ကို လွတ်မြောက်ခွင့် လုံးဝ မပေးနိုင်ဘူး"
ဝမ်ကျင်းနှင့် လီတန်တို့ ဤစကားကို ကြားချိန်၌ ခေါင်းညိတ်လိုက်ကြပြီး လီရှီးတဲ၏ တောင်းဆိုချက်ကို အခြေခံအားဖြင့် သဘောတူညီလိုက်ကြလေ၏။
ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။ အရာရာက ဤမျှ ရိုးရှင်းမည်မဟုတ်ဟု သူ ခံစားနေရသည်။ တွက်ချက်ဖတ်ရှုမှု တစ်ခုလောက် စမ်းကြည့်ရမလား။
ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လီရှီးတဲအပေါ် ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုလိုက်လေတော့သည်။
"ဒီနေ့တွင် လီရှီးတဲသည် သွေးမိစ္ဆာမြက်ခင်းပြင်၏ မူလအစကို သူ၏ အဖော်များအား ပြောပြခဲ့ပြီးနောက် သူတို့ကို အတွင်းဘက်သို့ ခေါ်ဆောင်သွားခဲ့သည်"
"နောက်တစ်နေ့တွင် လီရှီးတဲသည် သူတို့သုံးဦးကို သွေးမိစ္ဆာမြက်ခင်းပြင်ရှိ လျှို့ဝှက်နယ်မြေတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် လီရှီးတဲသည် လီတန်နှင့် ဝမ်ကျင်းတို့ကို သတ်ဖြတ်ကာ သူတို့၏ သွေးကို အသုံးပြု၍ သွေးမိစ္ဆာပန်းကို အာဟာရဖြည့်တင်းပေးခဲ့သည်။ ပန်းပွင့် ရင့်ကျက်လာပြီးနောက် သူက ထိုပန်းကို မျိုချလိုက်ရာ သူ၏ ကျင့်ကြံမှုသည် နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ထို့နောက် သူသည် ဝမ်လင်း၏ ခြေရာကို လိုက်လံရှာဖွေခဲ့သော်လည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်"
"တတိယနေ့တွင် လီရှီးတဲသည် ယဲ့ဖိန်နှင့် ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ဦးသည် အလွန် ရင်းနှီးကျွမ်းဝင်ကြပြီး အတူတကွ ခရီးဆက်ခဲ့ကြသည်"
"စတုတ္ထနေ့တွင် လီရှီးတဲနှင့် ယဲ့ဖိန်တို့သည် မိစ္ဆာဝံပုလွေအုပ်နှင့် ကြုံတွေ့ခဲ့ရပြီး သူတို့၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ လီရှီးတဲသည် ယဲ့ဖိန်ကို လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ ခေါ်ဆောင်ကာ ပုန်းအောင်းနေခဲ့သည်"
"ပဉ္စမနေ့တွင် လီရှီးတဲနှင့် ယဲ့ဖိန်တို့သည် ခေါက်ရှန်း ဘိုးဘေးကို အဝေးမှ မြင်တွေ့ခဲ့ရပြီး ကိုယ်ထင်မပြရဲခဲ့ချေ"
"ဆဋ္ဌမနေ့တွင် ချန်ချင်း ဘိုးဘေးသည် သွေးမိစ္ဆာမြက်ခင်းပြင်တွင် ပေါ်လာခဲ့ပြီး ကျိုးမိသားစုမှ ကောင်းကင်ဖြစ်စဉ်အဆင့်နှင့် ယဲ့မိသားစုမှ ကောင်းကင်ဖြစ်စဉ်အဆင့် ကျွမ်းကျင်သူများလည်း ပေါ်လာခဲ့ကြသည်။ လီရှီးတဲနှင့် ယဲ့ဖိန်တို့သည် ပို၍ပင် သတိထားလာကြသည်"
"ဒသမမြောက်နေ့တွင် လီရှီးတဲသည် ယဲ့ဖိန်ကို သွေးမိစ္ဆာမြက်ခင်းပြင် အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွားခဲ့ပြီး သူတို့နှစ်ဦးစလုံး သွေးမြူခိုးနတ်သမီးသစ်ခွပန်း တစ်ပွင့်စီ ခူးယူခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်၌ ဝမ်လင်း ပေါ်လာပြီး သူတို့နှစ်ဦးစလုံးကို ဒဏ်ရာရစေကာ သွေးမြူခိုးနတ်သမီးသစ်ခွပန်းကို လုယူသွားခဲ့သည်"
"ဆယ့်တစ်ရက်မြောက်နေ့တွင် လီရှီးတဲသည် ဝမ်လင်းမှာ ကျိုးယွမ်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ပြီးနောက် ယဲ့ဖိန်ကို သွေးမိစ္ဆာမြက်ခင်းပြင်ရဲ့ အစစ်အမှန် လျှို့ဝှက်နယ်မြေနှင့် ခေါ်ဆောင်သွားခဲ့သည်"
"ဆယ့်သုံးရက်မြောက်နေ့တွင် လီရှီးတဲသည် လျှို့ဝှက်နယ်မြေ ဝင်ပေါက်သို့ ရောက်ရှိလာပြီး ယဲ့ဖိန်ကို ရုတ်တရက် တိုက်ခိုက်ကာ ဒဏ်ရာရစေပြီး ယဲ့ဖိန်၏ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်လိုက်သည်။ ယဲ့ဖိန်၏ သွေးက လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်ပေးလိုက်သည်"
"ဆယ့်ခြောက်ရက်မြောက်နေ့တွင် လီရှီးတဲသည် လျှို့ဝှက်နယ်မြေအတွင်း၌ သွေးမိစ္ဆာ ဘိုးဘေး၏ ဝိညာဉ်အကြွင်းအကျန် အပိုင်းအစတစ်ခုကို ရရှိခဲ့သည်။ သူက သိမ်းဆည်းရန် ပြင်နေဆဲမှာပင် ယဲ့ဖိန် ပေါ်လာပြီး သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကျိုးယွမ် ပေါ်လာပြီး ထိုဝိညာဉ်အကြွင်းအကျန် အပိုင်းအစကို လုယူကာ ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အမှောင်ထု နိယာမ မူလစွမ်းအားကို သိမ်းပိုက်လိုက်သည်"
"ဆယ့်ခုနစ်ရက်မြောက်နေ့တွင် လီရှီးတဲသည် သွေးမိစ္ဆာရေကန်ထဲသို့ ခုန်ချသွားခဲ့ပြီး သွေးမိစ္ဆာ ဘိုးဘေး၏ ဝင်ပူးခြင်းကို ခံရကာ အသတ်ခံလိုက်ရသည်"
ကျိုးယွမ်သည် သူ၏ သက်တမ်း ၇ နှစ် လျော့ကျသွားသည်ကို မြင်သောအခါ အံ့အားသင့်သွားရလေ၏။ လီရှီးတဲ၏ နောက်ကွယ်တွင် ဤမျှလောက် အဖြစ်အပျက်များစွာ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ကျိုးယွမ်သည် လီရှီးတဲက သူတို့သုံးဦးကို ပြောပြခဲ့သည်များကို စတင်စုစည်းလိုက်ပြီး သူ ပြောခဲ့သည်များမှာ အမှန်ဖြစ်မည်ဟု စဉ်းစားမိလေ၏။
သို့သော် သွေးမိစ္ဆာမြက်ခင်းပြင် ကိစ္စအတွက် သေဆုံးရမည်ဟူသော သူ၏ အဆိုမှာ အတုအယောင် ဖြစ်ပေသည်။ ယင်းအစား သွေးမိစ္ဆာ ဘိုးဘေး၏ ဝိညာဉ်အကြွင်းအကျန်ကို သန့်စင်ပြီး နောက်ထပ် ဘဝတစ်ခု နေထိုင်ရန် သူက အလိုရှိနေခြင်း ဖြစ်သည်။
အခုလေးတင် လီရှီးတဲက သွေးတစ်လုတ် အန်ထုတ်လိုက်ချိန်တွင် သူ၏ သက်တမ်းမှာ ရေတွက်လို့ရနေပြီဖြစ်ကြောင်း ကျိုးယွမ် အကဲဖြတ်မိပြီး ဖြစ်ပေသည်။
လီရှီးတဲက သူတို့ကို အရာများစွာ ပြောပြခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ သူတို့သုံးဦးကို သတိလက်လွတ် ဖြစ်သွားစေရန်ပင်။
သူ အဓိက သတိထားရမည့်သူမှာ သူ့ကိုယ်သူဖြစ်ကြောင်း ကျိုးယွမ် ကောင်းစွာ သိရှိထားပေသည်။
လီရှီးတဲက ယဲ့ဖိန်ကို သိနေလိမ့်မည်ဟု ကျိုးယွမ် ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။ ယဲ့ဖိန်၏ ကံကြမ္မာတန်ဖိုးက အတော်လေး မြင့်မားနေပုံရပြီး သေလွယ်မည်မဟုတ်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။
အခြေအနေကို နားလည်သွားပြီးနောက် ကျိုးယွမ်သည် တည်ငြိမ်စွာ နေလိုက်ပြီး ဇာတ်လမ်းအတိုင်း လိုက်ပါသွားရန် ဆုံးဖြတ်လိုက်လေ၏။
ကျိုးယွမ် အပြောင်းအလဲ မလုပ်ရသည့် အကြောင်းရင်းမှာ လီရှီးတဲ၏ နောက်သို့ လိုက်ပါခြင်းဖြင့် သွေးမြူခိုးနတ်သမီးသစ်ခွပန်းကို ရရှိနိုင်သောကြောင့် ဖြစ်သည်။
လီရှီးတဲသာ သေဆုံးသွားပါက ဤအရာကို ဘယ်နေရာတွင် ရှာရမည်ကို သူ သိမည်မဟုတ်ချေ။
ထို့နောက် လီရှီးတဲ တိတ်ဆိတ်သွားပြီး ခဏမျှ အနားယူကာ သူတို့သုံးဦးကို သွေးမိစ္ဆာမြက်ခင်းပြင်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။
သွေးမိစ္ဆာမြက်ခင်းပြင်အတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် လေထဲတွင် ပျံ့လွင့်နေသော သွေးနံ့သင်းသင်းလေးကို ကျိုးယွမ် အာရုံခံမိလိုက်လေ၏။
သူ၏ ခြေအောက်ရှိ မြေပြင်သည် သွေးမိစ္ဆာ ဘိုးဘေး၏ ရုပ်ခန္ဓာဖြစ်နေသည်ဟူသော အတွေးကြောင့် ကျိုးယွမ် အံ့အားသင့်နေမိသည်။
အစပိုင်းတွင် အနည်းငယ် မယုံနိုင်စရာကောင်းသော်လည်း ယခု စဉ်းစားကြည့်သောအခါ ယုတ္တိတန်လှပေသည်။
လီတန်နှင့် ဝမ်ကျင်းတို့၏ အသက်ကို ကယ်တင်သင့်၊ မကယ်တင်သင့် ကျိုးယွမ် အတော်လေး စဉ်းစားရခက်နေလေ၏။ မည်သို့ပင်ဆိုစေ ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်အရ သူတို့သည် မနက်ဖြန်တွင် သေဆုံးကြမည် ဖြစ်သည်။ကျိုးယွမ်သည် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူနှင့် သူတို့နှစ်ဦးတို့သည် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြခြင်းသာ ဖြစ်ပေသည်။
သွေးမိစ္ဆာမြက်ခင်းပြင်သည် အလွန် ကျယ်ဝန်းလှပေသည်။ ထိုမြက်ခင်းပြင်အပေါ်တွင် လမ်းလျှောက်နေစဉ် ဖိအားအနည်းငယ် ထွက်ပေါ်လာပြီး ကျိုးယွမ်၏ ခန္ဓာကိုယ်သည် အလွန် လေးလံသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
လီတန်နှင့် ဝမ်ကျင်းတို့သည်လည်း တူညီသော အခြေအနေကို ခံစားလိုက်ရပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ တောင်ငယ်လေးတစ်လုံး သူတို့၏ ကျောပေါ်သို့ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ကြရလေ၏။
လီရှီးတဲမှာမူ အတည်ငြိမ်ဆုံး ဖြစ်နေပြီး သူသည် ဤအခြေအနေကို ကြိုတင် သိရှိထားပြီး ဖြစ်ပေသည်။
"သွေးမိစ္ဆာမြက်ခင်းပြင်က သွေးမိစ္ဆာ ဘိုးဘေးရဲ့ ရုပ်ခန္ဓာဖြစ်ပြီး သူ့ရဲ့ ရုပ်ခန္ဓာအထက်မှာ သဘာဝကျကျ ဖိအားတွေ ထွက်ပေါ်နေတယ်"
"လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်က သွေးမိစ္ဆာမြက်ခင်းပြင်မှာ လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ သူ့ရဲ့ ဖိအားက တဖြည်းဖြည်း လျော့ကျသွားခဲ့တယ်... ရွှေအမြုတေအဆင့်နဲ့ အထက်ဆိုရင် သွေးမိစ္ဆာမြက်ခင်းပြင်မှာ ချောချောမွေ့မွေ့ ခရီးသွားလာနိုင်လိမ့်မယ်"
လီရှီးတဲ၏ ရှင်းပြချက်ကို ကြားချိန်၌ လူတိုင်း ချက်ချင်း နားလည်သဘောပေါက်သွားကြလေ၏။
ထိုညတွင် သူတို့သည် ညအိပ်ရန် မြင့်မားသော နေရာတစ်ခုကို ရွေးချယ်ခဲ့ကြပြီး အဝေးဆုံးနေရာအထိ မြင်တွေ့နိုင်ရန် ဖြစ်သည်။
"အားလုံးပဲ ဒီည ကောင်းကောင်း အနားယူကြပါ... မနက်ဖြန် မင်းတို့ကို သွေးမိစ္ဆာမြက်ခင်းပြင်မှာပဲ တွေ့နိုင်တဲ့ ရှားပါး ဆေးဖက်ဝင် အပင်မျိုးစုံ ရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ခေါ်သွားမယ်"
"သဘောကျရင် အချိန်ကျတဲ့အခါ ခူးယူလို့ ရပါတယ်... ကံကောင်းရင် သွေးမိစ္ဆာပန်းကိုတောင် တွေ့နိုင်တယ်"
လီရှီးတဲသည် သူတို့သုံးဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။
ဤစကားကို ကြားချိန်၌ ကျိုးယွမ်၏ ရင်ထဲတွင် စိမ့်တက်သွားပြီး လီရှီးတဲ၏ အစီအစဉ် စတင်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေ၏။
ကျိုးယွမ်သည် လီတန်နှင့် ဝမ်ကျင်းတို့၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ စီစဉ်ထားသည်များကို သူတို့ကို ပြောပြရန် လက်လျှော့လိုက်လေ၏။
သူတို့နှစ်ဦးစလုံးသည် အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံမှု ရှိကြသော်လည်း အလွန် ရိုးသားဖြူစင်လွန်းလှသည်။ ထို့ကြောင့် သူတို့ကို သူ ဂရုမစိုက်ချင်တော့ချေ။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် သူတို့လေးဦး ထပ်မံ ထွက်ခွာလာကြသည်။ အရှေ့ဆုံးမှ လီရှီးတဲကို ကြည့်ရင်း ကျိုးယွမ်သည် အနည်းငယ် တွန့်ဆုတ်နေဆဲပင်။
"လီရှီးတဲကို သတိထားကြ... သူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ငါ ခံစားရတယ်"
ကျိုးယွမ်သည် သူတို့၏ နားထဲသို့ အသံကို တိုက်ရိုက် ပေးပို့သည့် လျှို့ဝှက် အသံလွှင့်နည်းလမ်းကို အသုံးပြုလိုက်လေ၏။
ဤစကားကို ကြားချိန်၌ လီတန်နှင့် ဝမ်ကျင်းတို့ နှစ်ဦးစလုံး အနည်းငယ် မျက်မှောင်ကြုတ်သွားကြပြီး ကျိုးယွမ်ကို ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများတွင် သံသယဖြစ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
ကျိုးယွမ်သည် ဤမြင်ကွင်းကို မြင်သော်လည်း ခေါင်းမခါဘဲ ဆက်လက် ဂရုမစိုက်တော့ချေ။ သူ ဤသို့ လုပ်နိုင်ခြင်းကပင် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
ထို့နောက် ကျိုးယွမ်သည် အနောက်ဆုံးမှ တမင်တကာ လမ်းလျှောက်နေလိုက်လေ၏။ သူ၏ ကျင့်ကြံမှုသည် လီရှီးတဲထက် များစွာ သာလွန်နေပြီး လီရှီးတဲက ရုတ်တရက် လှုပ်ရှားလာမည်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ချေ။
သို့သော် လီရှီးတဲ၏ လက်ထဲရှိ သွေးမြှုပ်နှံခြင်း ဂူခြင်ကောင်ကို သတိထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
လီရှီးတဲသည် သူ့အား သွေးမြူခိုးနတ်သမီးသစ်ခွပန်းကို ရှာဖွေရာတွင် ကူညီပေးနိုင်သူ ဖြစ်ရာ အချိန်မတိုင်မီ တစ်ခုခု ဖြစ်သွားခွင့် မပေးနိုင်ချေ။