← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း (၂၇၇) လီရှီးတဲ၏ လက်တုံ့ပြန်မှု

သုံးရက်ဆိုသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး၊ သွေးမိစ္ဆာ မြက်ခင်းပြင်၏ ကျယ်ဝန်းလှမှုကို ကျိုးယွမ်က ပို၍ နက်ရှိုင်းစွာ နားလည်လာခဲ့လေ၏။

ထိုအခိုက်အတန့်တွင် သူတို့သည် နေရာတစ်ခု၌ ရပ်တန့်လိုက်ကြသည်။

ကျိုးယွမ်က အကဲခတ်ကြည့်လိုက်သော်လည်း ဤနေရာနှင့် ပတ်သက်၍ ထူးခြားချက် တစ်စုံတစ်ရာကို မခံစားရချေ။

"လီရှီးတဲ... ဒီလျှို့ဝှက်နယ်မြေထဲမှာ သွေးမြူခိုး နတ်သမီးသစ်ခွပန်း ရှိနေတယ်ဆိုတာ မင်း သေချာလို့လား"

"မင်း သေချာ စဉ်းစားရင် ကောင်းမယ်... တကယ်လို့ မင်းသာ ငါ့ကို လှည့်စားခဲ့ရင် နှလုံးသားစား ဂူကောင် နဲ့ ဝိညာဉ်စား ဂူကောင် နှစ်ကောင်စလုံးကို တစ်ပြိုင်နက်တည်း ငါ အသက်သွင်းလိုက်မယ်"

"အဲ့အချိန်ကျရင် မင်း တကယ်ကို ရှင်သန်ရခက်ခဲပြီး သေရခက်ခဲတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်"

ယဲ့ဖိန်က လီရှီးတဲကို အေးစက်စွာ ကြည့်ရင်း ခက်ထန်စွာ ပြောဆိုလိုက်လေ၏။

သုံးရက်အတွင်းမှာပင် လီရှီးတဲသည် ဆယ်နှစ်ခန့် အိုမင်းသွားပုံရသည်။ ယဲ့ဖိန်၏ စကားများကို ကြားချိန်၌ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ အလိုအလျောက် ပေါ်လာလေ၏။

သို့သော် သူ၏ မျက်လုံးများအတွင်း၌ ရက်စက်သော အမုန်းတရား အရိပ်အယောင်တစ်ခုလည်း ရှိနေပေသည်။

သို့သော် ဤအမူအရာကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခဲ့သဖြင့် ယဲ့ဖိန်နှင့် အခြားနှစ်ဦးတို့ သတိမထားမိခဲ့ကြချေ။

"သွေးမြူခိုး နတ်သမီးသစ်ခွပန်း က ဒီလျှို့ဝှက်နယ်မြေထဲမှာ ရှိနေပါတယ်... ဒါပေမဲ့ မင်းတို့ ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်ဖွင့်ပေးဖို့ လိုတယ်... ငါကလွဲရင် ဒီနေရာကို ဘယ်သူမှ ဖွင့်လို့မရဘူး"

လီရှီးတဲက အားနည်းစွာဖြင့် ပြောလိုက်လေ၏။

လီရှီးတဲ၏ စကားကို ကြားချိန်၌ ယဲ့ဖိန် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သဘောတူလိုက်လေ၏။

ယဲ့ပေါင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သော ချီစွမ်းအင်တစ်ခု လီရှီးတဲဆီသို့ ပစ်ဝင်သွားလေသည်။

လီရှီးတဲ၏ ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်များ တဖြည်းဖြည်း မြင့်တက်လာပြီး သူ၏ ကျင့်ကြံမှုသည် ချက်ချင်း ပြန်လည် နိုးထလာလေ၏။

"လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို အခုချက်ချင်း ဖွင့်လိုက်စမ်း"

ယဲ့ဖိန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ ဘေးရှိ ယဲ့ပေါင်နှင့် ယဲ့တုန်းတို့၏ မျက်နှာများတွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေ၏။

လီရှီးတဲက စိတ်ထဲမှ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်ပြီး အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ဖြင့် မန္တန်များ ဖန်တီးလိုက်လေသည်။

တာအို အက္ခရာတစ်ခု သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီးနောက် လွင့်စင်သွားကာ သူ၏ ရှေ့ရှိ ဟင်းလင်းပြင်ပေါ်သို့ ကျရောက်သွားလေ၏။

ယခင်က တည်ငြိမ်နေသော ဟင်းလင်းပြင်သည် ရုတ်တရက် လိမ်ကောက်သွားပြီး ဝင်ပေါက်တစ်ခု လေထဲမှ ပေါ်လာလေသည်။

ယဲ့ဖိန်က ယဲ့ပေါင်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ပေါင်နှင့် ယဲ့တုန်းတို့က လီရှီးတဲကို အလယ်တွင် ညှပ်ထားကာ သူတို့လေးဦးစလုံး လျှို့ဝှက်နယ်မြေအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြလေ၏။

သူတို့လေးဦးစလုံး သတိမထားမိခဲ့သည်မှာ သူတို့၏ အရိပ်များအတွင်း၌ ပုံရိပ်အသစ်တစ်ခု ပေါ်လာပြီး လျှို့ဝှက်နယ်မြေအတွင်းသို့ သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါသွားခြင်းပင် ဖြစ်ပေသည်။

လျှို့ဝှက်နယ်မြေအတွင်း၌ သွေးမြူခိုးများ ဖုံးလွှမ်းနေပြီး ဧရာမ သွေးကန်ကြီးတစ်ခု လူတိုင်း၏ ရှေ့တွင် ပေါ်လာလေ၏။

လွှမ်းမိုးနေသော သွေးချီစွမ်းအင်များသည် အနီရောင်ချီတိုင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားပြီး အတွင်း၌ မရေမတွက်နိုင်သော နာကြည်းနေသည့် ဝိညာဉ်များနှင့် ကြမ်းကြုတ်သော သရဲတစ္ဆေများက ဟိန်းဟောက်နေကြလေသည်။

သွေးနီရောင် မြူခိုးများသည် ဤလျှို့ဝှက်နယ်မြေကို လွှမ်းခြုံထားသဖြင့် မည်သူမျှ တစ်ချက်တည်းဖြင့် အားလုံးကို ဖောက်ထွင်းမမြင်နိုင်အောင် ဖြစ်နေလေ၏။

"ဒီနေရာက ဘာနေရာလဲ"

ယဲ့ဖိန်က သူ၏ ဘေးရှိ လီရှီးတဲကို ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ဒါက သွေးမိစ္ဆာ မြက်ခင်းပြင်မှာရှိတဲ့ ထိပ်တန်း သွေးကန် ၁၀ ခုထဲက တစ်ခုပဲ... ဒါပေမဲ့ အခုတော့ ဒီတစ်ခုပဲ ကျန်တော့တယ်... ကျန်တဲ့ ကိုးခုလုံးက ခန်းခြောက်သွားပြီလေ"

လီရှီးတဲသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ရှင်းပြလိုက်လေ၏။

"သွေးမြူခိုး နတ်သမီးသစ်ခွပန်း က ဘယ်မှာလဲ"

အမှန်တကယ်တွင် ယဲ့ဖိန်သည် ဤအရာများကို လုံးဝ ဂရုမစိုက်ချေ။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများ၌ တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

ယဲ့ဝမ်က သူ့ကို ကတိပေးထားသည်မှာ အကယ်၍ သွေးမြူခိုး နတ်သမီးသစ်ခွပန်းကို ရယူနိုင်မည့် နည်းလမ်းကို ရှာတွေ့ပါက ယဲ့ဖိန်ကို ယဲ့မိသားစုထဲသို့ အစစ်အမှန် ခေါ်ဆောင်သွားမည်ဟု ဖြစ်ပေသည်။

ဤအကြောင်းကို တွေးမိရုံဖြင့် ယဲ့ဖိန်၏ စိတ်နှလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေ၏။

ယဲ့မိသားစုသည် ဤတိုက်ကြီးတွင် အင်အားအကြီးဆုံး မိသားစုများထဲမှ တစ်ခု ဖြစ်ပေသည်။

"သွေးမြူခိုး နတ်သမီးသစ်ခွပန်း က သွေးကန်ဘေးမှာ ပေါက်တယ်... ကြည့်လိုက်... အဲ့ဒီမှာလေ…"

လီရှီးတဲက သွေးကန်ဆီသို့ ညွှန်ပြလိုက်ပြီး လီရှီးတဲ ညွှန်ပြရာဘက်သို့ လိုက်ကြည့်လိုက်ရာ သွေးနီရောင် ပန်း ၉ ပွင့် ပွင့်နေသော နတ်သမီးသစ်ခွတစ်ပွင့်သည် သွေးမြူခိုးများထဲတွင် ယိမ်းနွဲ့နေလေ၏။

သွေးမြူခိုး နတ်သမီးသစ်ခွပန်းသည် ညင်သာစွာ ယိမ်းနွဲ့နေပြီး လှုပ်ရှားမှုတိုင်းနှင့်အတူ မရေမတွက်နိုင်သော သွေးမြူခိုးများကို စုပ်ယူနေလေသည်။

သွေးမြူခိုး နတ်သမီးသစ်ခွပန်း၏ အထက်တွင် လွှမ်းခြုံနိုင်ပြီး ပြည့်လျှံနေသော အသက်စွမ်းအင်များ ရှိနေလေ၏။

ဤအခိုက်အတန့်တွင် ယဲ့ဖိန်၊ ယဲ့ပေါင် နှင့် ယဲ့တုန်းတို့သည် သူတို့၏ မျက်လုံးများအားလုံး အရောင်လက်သွားကြပြီး တားမြစ်နယ်မြေအတွင်းသို့ ခြေလှမ်းအနည်းငယ် တိုးဝင်သွားကြလေ၏။

ထိုအခိုက်အတန့်တွင် လီရှီးတဲသည် လက်နှစ်ဖက်ဖြင့် မန္တန်များ ဖန်တီးလိုက်ရာ တာအို အက္ခရာတစ်ခုသည် သူ၏ ဘေးမလှမ်းမကမ်းသို့ ကျရောက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး လီရှီးတဲသည် အတွင်းသို့ လှမ်းဝင်သွားလေ၏။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား... သေချင်နေတာပဲ!"

ယဲ့တုန်း သတိဝင်လာပြီး လီရှီးတဲကို သူ၏ ညာလက်ဖြင့် ဖမ်းဆွဲလိုက်လေ၏။

လီရှီးတဲက အေးစက်စွာ ကြည့်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ကျယ်လောင်သော "ဝုန်း!" ခနဲ အသံနှင့်အတူ လီရှီးတဲ စူးရှစွာ အော်ဟစ်လိုက်ပြီး သွေးတစ်လုတ် အန်ထွက်လာသော်လည်း သူ၏ ပုံရိပ်သည် ယဲ့ဖိန်နှင့် အခြားနှစ်ဦးတို့၏ ရှေ့မှ ပျောက်ကွယ်သွားလေ၏။

သိရသည်မှာ သွေးကန်နှင့် အခြားသူများကြားတွင် အတားအဆီးတစ်ခု ရှိနေခြင်းပင် ဖြစ်ပေသည်။ လီရှီးတဲသည် ဤအတားအဆီးကို ဖွင့်ကာ သွေးကန်၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖိန်နှင့် အခြားနှစ်ဦးတို့ သတိဝင်လာပြီး ဒေါသတကြီး ဖြစ်သွားကြလေ၏။

"လီရှီးတဲ!... မင်းက သေချင်နေတာပဲ!"

ယဲ့ဖိန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ပါးစပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာလေ၏။

ဤအသံများ ထွက်ပေါ်လာသည်နှင့်အမျှ လီရှီးတဲသည် စူးရှစွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားလေသည်။

သို့သော် ထိုအချိန်မှာပင် လီရှီးတဲက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြွေပုလင်းတစ်လုံး သူ၏ လက်ထဲတွင် ပေါ်လာလေ၏။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူသည် ကြွေပုလင်းကို တိုက်ရိုက် ဖွင့်လိုက်လေသည်။ တဝီဝီ မြည်သံတစ်ခု ထွက်ပေါ်လာပြီး သွေးမြှုပ်နှံခြင်း ဂူခြင်ကောင်များ ပြန်လည် ပေါ်ထွက်လာလေ၏။

လီရှီးတဲသည် ကောက်ကျစ်စဉ်းလဲသူ တစ်ဦးဖြစ်ရာ ကြက်ဥအားလုံးကို ခြင်းတောင်းတစ်လုံးတည်းတွင် မည်သို့ ထည့်ထားမည်နည်း။

ယခင်က ဖျက်ဆီးခံလိုက်ရသော သွေးမြှုပ်နှံခြင်း ဂူခြင်ကောင်များသည် အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်ပေသည်။

ယဲ့ဖိန်က သူ့ကို အကွက်ချ ကြံစည်နေချိန်တွင် သူကလည်း ယဲ့ဖိန်ကို အကွက်ချ ကြံစည်နေခဲ့ခြင်း မဟုတ်ပါလား။

လီရှီးတဲက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သွေးမြှုပ်နှံခြင်း ဂူခြင်ကောင် အတော်များများ ပျံထွက်လာပြီး သူတို့၏ အမည်းရောင် ဆူးချွန်များသည် လီရှီးတဲ၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားကြလေ၏။

လီရှီးတဲ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး စူးရှကာ နာကျင်သော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။

သို့သော် ခဏအကြာတွင် လီရှီးတဲ၏ အော်ဟစ်သံများ တဖြည်းဖြည်း ရပ်တန့်သွားပြီး သူ၏ တုန်ယင်နေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။

"ယဲ့ဖိန်... မင်းရဲ့ နှလုံးသားစား ဂူကောင် နဲ့ ဝိညာဉ်စား ဂူကောင် အတွက် ကျေးဇူးတင်ပါတယ်... အဲ့ဒါတွေက ငါ့အတွက် အာဟာရတွေ ဖြစ်သွားပြီလေ"

ရက်စက်သော အပြုံးတစ်ခု လီရှီးတဲ၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။ ထို့နောက် သူသည် မန္တန်များ ဖန်တီးလိုက်ပြီး ဟိန်းဟောက်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်ကို အသက်သွင်းလိုက်လေသည်။

"အား!"

ယဲ့ဖိန် နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးတစ်လုတ် အန်ထွက်လာကာ သူ၏ မျက်နှာသည် မျက်စိတစ်မှိတ်အတွင်း စက္ကူကဲ့သို့ ဖြူရော်သွားလေ၏။

ယခုလေးတင် သူသည် နှလုံးသားစား ဂူကောင် နှင့် ဝိညာဉ်စား ဂူကောင် တို့နှင့် သူ၏ ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားကြောင်း သဘောပေါက်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် လီရှီးတဲ၏ ကျင့်ကြံမှုသည် စတင်မြင့်တက်လာပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားလေ၏။

နှလုံးသားစား ဂူကောင် နှင့် ဝိညာဉ်စား ဂူကောင် တို့အတွင်း ပါဝင်သော ဧရာမ ဝိညာဉ်စွမ်းအင်များနှင့် စိတ်ဝိညာဉ်အာရုံ စွမ်းအားများကို ယခုအခါ လီရှီးတဲက အားလုံး သန့်စင်လိုက်ပြီ ဖြစ်ပေသည်။

"ယဲ့ဖိန်... ခဏနေရင် မင်းကို မြှုပ်စရာ သင်္ချိုင်းမရှိအောင် ငါ လုပ်ပစ်မယ်"

ရက်စက်သော အပြုံးတစ်ခု လီရှီးတဲ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာလေ၏။ ဒေါသထွက်နေသော ယဲ့ဖိန်ကို လျစ်လျူရှုကာ သူသည် လှည့်၍ သွေးကန်ဆီသို့ လျှောက်သွားပြီး သွေးမြူခိုး နတ်သမီးသစ်ခွပန်းကို ခူးယူရန် ရည်ရွယ်လိုက်လေသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လီရှီးတဲ မှင်တက်သွားလေ၏။ အကြောင်းမှာ သွေးမြူခိုး နတ်သမီးသစ်ခွပန်း နှစ်ပွင့်သည် မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်း မသိသောကြောင့် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီရှီးတဲသည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို ထိတ်လန့်စွာ ကြည့်နေလေ၏။

ကျယ်လောင်သော "ဝုန်း!" ခနဲ အသံနှင့်အတူ သွေးကန်ကို ပိတ်ဆို့ထားသော အတားအဆီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားလေ၏။ ယဲ့ဖိန်နှင့် အခြားနှစ်ဦးတို့ ပေါ်ထွက်လာကြသည်။

"လီရှီးတဲ!... သွေးမြူခိုး နတ်သမီးသစ်ခွပန်းကို ပေးစမ်း!"

ယဲ့ပေါင်နှင့် ယဲ့တုန်းတို့သည် လီရှီးတဲအပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်ကြပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်၏ လွှမ်းမိုးနိုင်သော ဖိအားကို ထုတ်ဖော်ပြသလိုက်ကြလေ၏။

လီရှီးတဲသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ လက်ထဲရှိ ကြွေပုလင်းသည် အပိုင်းပိုင်းကွဲသွားပြီး သွေးမြှုပ်နှံခြင်း ဂူခြင်ကောင်များ ပျံထွက်လာကာ သူတို့သုံးဦးဆီသို့ မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်လာကြလေ၏။

တစ်ချိန်တည်းမှာပင် လီရှီးတဲ၏ မျက်လုံးများတွင် ယခင်က မရှိခဲ့ဖူးသော အာဃာတ အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အလံတစ်ခု ပေါ်လာသည်။ လီရှီးတဲက မန္တန်များ ဖန်တီးလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များသည် အနက်ရောင် အလံအတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားလေ၏။

"သွေးကန်ကို လမ်းပြအဖြစ်သုံးပြီး... မရေမတွက်နိုင်တဲ့ ကျိုးပဲ့နေတဲ့ ဝိညာဉ်တွေကို တံတားအဖြစ်သုံးမယ်... ဝိညာဉ်မြှုပ်နှံခြင်းသီချင်း ပြန်လာပြီ!"

လီရှီးတဲ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယခင်က တည်ငြိမ်နေသော သွေးကန်သည် လွှမ်းမိုးနေသော သွေးချီစွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော ဝိညာဉ်အကြွင်းအကျန်များ ပေါ်လာလေ၏။

ဤဝိညာဉ်အကြွင်းအကျန် အားလုံးသည် ဟင်းလင်းပြင်တွင် တင်ပျဉ်ခွေထိုင်နေကြပြီး ပါးစပ်များ အနည်းငယ် ပွင့်နေကာ ထူးဆန်းသော အသံများ သူတို့၏ ပါးစပ်မှ အဆက်မပြတ် ထွက်ပေါ်နေလေတော့သည်။

All Chapters