အခန်း (၂၂၈၃-၂၂၈၄)
Vol. 229 Ch. 2283-2284
အခန်း (၂၂၈၃) - လှည့်စားတတ်သော ချီရွှမ် မျိုးနွယ်စု
"နတ်ဘုရားစွမ်းရည်နဲ့ အသွင်ယူထားတာပဲ... ဒါဆိုရင် ဒီနတ်ဘုရားစွမ်းရည်က သာမန်တော့ မဟုတ်နိုင်ဘူး။ ငါတို့လို ကမ္ဘာကြီး သူတော်စင်တွေရဲ့ မျက်စိကိုတောင် လှည့်စားနိုင်ခဲ့တာဆိုတော့ ဒါကို ပုံရိပ်ယောင်အတတ်ပဲ ခေါ်ရမလား... ဒါပေမဲ့ သူက ဘာလို့များ တိုက်ခိုက်နိုင်စွမ်း ရှိနေရတာလဲ၊ ဒါ ဘယ်လို ထူးဆန်းတဲ့ နတ်ဘုရားစွမ်းရည်မျိုးလဲ"
လေဟာနယ် အရာရှိများအားလုံး၏ မျက်နှာများမှာ လေးနက်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် မျက်စိကို လှည့်စားနိုင်သည့် ပုံရိပ်ယောင် ပုံစံ အမျိုးအစား နတ်ဘုရားစွမ်းရည်များကို မမြင်ဖူးခြင်း မဟုတ်သော်လည်း၊ ယခုကဲ့သို့ အန္တရာယ်ကြီးမားသည့် နတ်ဘုရားစွမ်းရည် မျိုးကိုမူ အမှန်ပင် တစ်ခါမျှ မမြင်ဖူးကြပေ။
"ဒီနတ်ဘုရားစွမ်းရည်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိချင်ရင်တော့ ဒီအတွင်းကမ္ဘာနယ်မြေဟာ ကျဆုံးခြင်း မခံရခင်တုန်းက ဘယ်သူတော်စင်ရဲ့ ပိုင်ဆိုင်မှု ဖြစ်ခဲ့လဲဆိုတာကို အရင်ဆုံး သိအောင် လုပ်ရမယ်"
ချင်ဝူဆန့်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောသည်။
"ဒီအတွင်းကမ္ဘာနယ်မြေဟာ ဒုတိယအလွှာ လေဟာနယ်မှာ ပေါ်လာတယ်ဆိုတာက သူက အတော်လေး သက်ဝင်မှုရှိတယ်ဆိုတာကို ပြနေတာပဲ။ အဲဒီသူတော်စင် ကျဆုံးမသွားခင်တုန်းက သူကျင့်ကြံထားတဲ့ အဆင့်အတန်းကလည်း အတော်လေး မြင့်မားမှာ သေချာတယ်။ ပြီးတော့ သူ ကျဆုံးသွားတဲ့ အချိန်ကနေ အခုအချိန်အထိလည်း အတော်လေး ကြာမြင့်ခဲ့ပြီဆိုတော့ သူ့ရဲ့ နောက်ကြောင်းကို ခဏအတွင်းနဲ့ သိနိုင်ဖို့ ခက်ခဲလိမ့်မယ်။
ဖြစ်နိုင်တာကတော့ ဒီအတွင်းကမ္ဘာနယ်မြေ ပိတ်ဆို့မှုတွေကို ငါတို့ အပြီးသတ် ဖော်ထုတ် ပြီး အစကနေ အဆုံးထိ စနစ်တကျ ရှင်းလင်းလိုက်နိုင်မှသာ သူ့ရဲ့ နောက်ကြောင်းကို သိနိုင်လိမ့်မယ်"
"ဒါဆို အခုကော ဘာဆက်လုပ်မလဲ"
"ဒီနေရာမှာ အမှတ်အသားတစ်ခု လုပ်ထားခဲ့၊ အရင်ဆုံး တခြားနေရာတွေကို အရင်ရှာကြမယ်"
"အေးလေ၊ ဒါဆို ငါတို့ ကျန်းဇီလီကို အရင်သွားရှာကြတာပေါ့၊ သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရသလားဆိုတာ ကြည့်ပြီး လိုအပ်ရင် ကူညီပေးကြတာပေါ့"
ထိုလူအုပ်ကြီး ထွက်ခွာသွားပြီးနောက် ထိုနေရာမှာ တစ်ဖန်ပြန်၍ အလွန်တိတ်ဆိတ်သွားသည်။ ထို စင်ကြယ်သော ဗောဓိသီး သုံးလုံးသာလျှင် ထူးဆန်းသည့် သစ်ပင်ကြီး၏ အပေါ်၌ သူတို့၏ စက်ဆုပ်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော အရှိန်အဝါများကို ဆက်လက်ထုတ်လွှတ်နေဆဲ ဖြစ်သည်။
ဖန့်ချန်သည် အချိန်အတော်ကြာအောင် စောင့်ကြည့်နေပြီးနောက် သူကိုယ်တိုင်လည်း အတွင်းကမ္ဘာနယ်မြေကို စီးနင်းကာ ထွက်ခွာသွားသည်။ သူသည် ချင်ဝူဆန့်တို့နောက်ကို လိုက်သွားပြီး သူတို့၏ အနောက်ဘက်တွင် တိတ်တဆိတ် ကပ်လိုက်သွားသည်။
နောက်လာမည့် လအနည်းငယ်အတွင်းမှာပင် ချင်ဝူဆန့်တို့သည် ကျန်းဇီလီကို မတွေ့ရရုံသာမက၊ ယခင်က 'စင်ကြယ်သော ဗောဓိသီး' ဖြစ်ရပ်မျိုးကိုလည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ ဤအတွင်းကမ္ဘာနယ်မြေသည် လိမ်ညာမှုများနှင့် လှည့်စားမှုများဖြင့် ပြည့်နှက်နေသယောင်ပင်။ ဥပမာအားဖြင့်၊ တစ်ကြိမ်တွင် ချင်ဝူဆန့်တို့သည် ဒေသတစ်ခုသို့ ရောက်သွားသည်။
မြင်ရသည်မှာ ရေခဲတောင်တစ်ခု ဖြစ်ပြီး အလွန်အေးစက်နေသော်လည်း၊ အထဲသို့ ဝင်လိုက်သည်နှင့် လူကို အပူလွန်ကဲ၍ ပွက်ပွက်ဆူသွားစေသည်။
နောက်တစ်ကြိမ်တွင်မူ ချင်ဝူဆန့်တို့သည် ရတနာပစ္စည်း အစုအဝေးတစ်ခုကို တွေ့ရှိခဲ့ကြသည်။ 'စင်ကြယ်သော ဗောဓိသီး' ဖြစ်ရပ်ကြောင့် ချင်ဝူဆန့်တို့မှာ ယခုတစ်ခါ အလွန်ပင် သတိထားကြသည်။ အလွန်ဂရုတစိုက်ဖြင့် ထိုရတနာများကို လက်ထဲ ရအောင် ယူလိုက်ကြသည်။ သို့သော် ရပြီးမှ သိရသည်မှာ ထိုရတနာများမှာ သတ္တဝါတစ်မျိုးမျိုး၏ စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်နေသည်။
၎င်းမှာ အမှန်တကယ် ပြုလုပ်ထားခြင်း ဖြစ်ပြီး ပုံရိပ်ယောင်မျိုး မဟုတ်ပေ။ သို့သော် အရောင်အသွေး၊ အသေးစိတ် အချက်အလက်များ၊ အရှိန်အဝါများမှာ စစ်မှန်သော ရတနာများနှင့် ဘာမျှမခြားနားပေ။
ဤအခြေအနေကြောင့် ချင်ဝူဆန့်တို့မှာ ဤနေရာကို ပိုမို ကြောက်ရွံ့သွားကြသည်။ နောက်ဆုံးတွင် ချင်ဝူဆန့်က အနည်းဆုံး နှစ်တစ်ရာအထိ အချိန်ယူ၍ ဤအတွင်းကမ္ဘာနယ်မြေနှင့် အတူတူ သီးခံစောင့်ဆိုင်းသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ လူတိုင်း အလွန်သတိထား၍ လုပ်ဆောင်ရမည်ဖြစ်ပြီး မဆင်မခြင် ပြုမူမှုကို လုံးဝ ခွင့်မပြုပေ။
ဖန့်ချန်မှာမူ ဤကာလအတွင်း သူ၏ အတွင်းကမ္ဘာနယ်မြေကို ကိုယ်တိုင်မောင်းနှင်၍ ဤအတွင်းကမ္ဘာနယ်မြေကို ဆက်လက်ရှာဖွေနေခဲ့သည်။ သူလည်း ရတနာများစွာကို တွေ့ရှိခဲ့ပြီး 'စင်ကြယ်သော ဗောဓိသီး' အချို့ကိုပင် တွေ့ခဲ့သေးသည်။ သူ၏ ရှေးဦး နတ်ဘုရားမျက်လုံး ဖြင့် စစ်ဆေးကြည့်ရာတွင်လည်း စစ်မှန်သည် ဟူသော ရလဒ်ကိုသာ ပြသနေသည်။ သို့သော် သူကိုယ်တိုင်ကတော့ ဤရလဒ်ကို သံသယဖြစ်နေပြီး အကြွင်းမဲ့ မယုံကြည်ရဲပေ။
"ကျွန်တော် သတိရပြီ အရှင်သခင်၊ ကျွန်တော် သတိရပြီ "
လီဝူက ရုတ်တရက် အော်ပြောလိုက်သည်။ ချီယန်သူတော်စင်မှာ သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ဘာမှမဟုတ်ဘဲနဲ့ ဘာလို့များ လန့်အောင် လုပ်နေရတာလဲ။ သူ့ကို တောင် လန့်သွားအောင် လုပ်လိုက်သေးသည်။
"လီဝူ ဘာကို သတိရတာလဲ"
ဖန့်ချန်က အေးဆေးစွာ မေးသည်။
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီအတွင်းကမ္ဘာနယ်မြေရဲ့ ပုံစံနဲ့ ဆင်တူတဲ့ အဖွဲ့အစည်းတစ်ခု ရှိခဲ့တယ် "
လီဝူ၏ မျက်ဝန်းများ၌ လေးနက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဟုတ်လား"
ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်။ ဤအတွင်းကမ္ဘာနယ်မြေ၏ မူလပိုင်ရှင်က ဘယ်သူတော်စင် ဖြစ်လဲဆိုတာကို သိလိုက်ရရင်တော့ အရာအားလုံးက လွယ်ကူသွားတော့မည်။
"ကျွန်တော် မဟာမိတ်အဖွဲ့ရဲ့ အထွတ်ထိပ်တာအိုအဆင့် မဖြစ်ခင်တုန်းက ဝိုင်းရံချေမှုန်းခြင်း လုပ်ငန်းစဉ်တစ်ခုမှာ ပါဝင်ခဲ့ဖူးတယ်"
လီဝူသည် အမှတ်ရရန် အသည်းအသန် ကြိုးစားနေသည်။
"အဲဒီကိစ္စက အခုဆိုရင် အတော်လေး ကြာသွားပြီ။ ကျွန်တော်က အဲဒီတုန်းက ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ကို တက်ခါစပဲ ရှိသေးတယ်။ ကျွန်တော် တို့ ဝိုင်းရံချေမှုန်းတဲ့သူတွေက တစ်မျိုးနွယ်စုလုံးပဲ။ သူတို့က မဟာမိတ်အဖွဲ့ရဲ့ အကာအကွယ်ကို ရသင့်တဲ့ မျိုးနွယ်စုပါ။
ဒါပေမဲ့ ဒီမျိုးနွယ်စုက မဟာမိတ်အဖွဲ့ထဲက ခေါင်းဆောင်ကြီးတစ်ယောက်ကို အကြီးအကျယ် စော်ကားမိသွားတယ်။ ဒါနဲ့ သမာဓိခုရုံးကနေပြီး သူတို့ကို မဟာမိတ်အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ အမိန့်ထုတ်လိုက်တယ်"
ထိုစကားကို ကြားလိုက်ရသော် ဖန့်ချန်နှင့် ချီယန်သူတော်စင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချင်းမင် အဆင့်မြင့် မဟာမိတ်အဖွဲ့၏ စည်းမျဉ်းမှာ အလွန်တင်းကျပ်သောကြောင့် ဖြစ်သည်။ အသေးငယ်ဆုံးသော မျိုးနွယ်စုဖြစ်ပါက သူတော်စင်တစ်ပါးသာ ရှိလျှင်ပင် မဟာမိတ်အဖွဲ့၏ ကာကွယ်မှုကို ရရှိသည်။
သို့သော် သူတို့နှစ်ယောက်လုံးသည် နတ်ဘုရားမျိုးနွယ် ပျက်စီးသွားသည့် ဖြစ်ရပ်ကို တွေ့ကြုံခဲ့ဖူးသဖြင့် စည်းမျဉ်းဟူသည် အမြဲတမ်း အကြွင်းမဲ့ မဟုတ်ကြောင်း သိထားကြသည်။
မဟာမိတ်အဖွဲ့၏ ကာကွယ်မှု ဆိုသည်မှာ အခြားမျိုးနွယ်စုများက သူတို့ကို လာရောက် ဖျက်ဆီးခြင်း မပြုနိုင်ရန်သာ ဖြစ်ပြီး၊ မဟာမိတ်အဖွဲ့ ကိုယ်တိုင်ကမူ ထိုမျိုးနွယ်စုများကို စီရင်နိုင်သည်။
"အဲဒီ မျိုးနွယ်စုက ကျွန်တော် မှတ်မိသလောက်ဆိုရင် ချီရွှမ် မျိုးနွယ်စုလို့ ခေါ်တယ်"
"သူတို့က မူလက သေးငယ်တဲ့ မျိုးနွယ်စုလေးတွေပဲ၊ မဟာမိတ်အဖွဲ့ထဲမှာ မပါဘူး"
"နောက်တော့ ယန်တန်းမျိုးနွယ်စုက လူကြီးတွေက အပြင်ကို တိုက်ခိုက်ရင်းနဲ့ အဲဒီနေရာမှာ ချီရွှမ်မျိုးနွယ်စုကို သိမ်းပိုက်လိုက်တာ"
"အဲဒီတုန်းက ချီရွှမ်မျိုးနွယ်စုက ကျွန် အဖြစ်နဲ့ မကျရောက်ခဲ့ရတဲ့ အကြောင်းရင်းက... ချီရွှမ်မျိုးနွယ်စုရဲ့ အထွတ်အထိပ် သူရဲကောင်းတစ်ယောက်က သူကိုယ်တိုင် သူတော်စင် အဖြစ် အသွင်ယူပြီး ယန်တန်းမျိုးနွယ်စုရဲ့ အကြီးကဲကို လှည့်စားနိုင်ခဲ့လို့ပဲ"
"ချီရွှမ်မျိုးနွယ်စုက ချင်းမင်မှာ ခြေကုပ်ယူပြီးတဲ့နောက်၊ သူတော်စင် အဖြစ် အသွင်ယူထားတဲ့ အဲဒီလူက သူတော်စင် ကျမ်းစာ ကို ရရှိသွားပြီး မကြာခင်မှာပဲ တကယ် သူတော်စင် ဖြစ်လာခဲ့တယ်"
ထိုအကြောင်းကို ပြောပြရင်း လီဝူ၏ မျက်ဝန်း၌ ခံစားချက်များ ရောထွေးနေသည်။ ဖန့်ချန်၏ မျက်နှာမှာလည်း ထူးဆန်းသွားသည်။ သူတော်စင် အဖြစ် အသွင်ယူပြီး မိမိတို့ မျိုးနွယ်စုကို ကျွန်ဘဝကနေ ကယ်တင်လိုက်သည်ပေါ့လေ...။ ဤသည်မှာ တကယ်ကို ပါရမီရှိသည့် လုပ်ရပ်ပင် ဖြစ်သည်။
"နောက်ပိုင်းမှာတော့ ချီရွှမ်မျိုးနွယ်စုက တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး နှစ်ထောင်ပေါင်းများစွာအတွင်းမှာပဲ သူတော်စင်တွေ အများကြီး ပေါ်ထွက်လာခဲ့တယ်"
"သူတော်စင် အဖြစ် အသွင်ယူပြီး မျိုးနွယ်စုကို ကယ်တင်ခဲ့တဲ့ အဲဒီလူက ပါရမီမှာလည်း အလွန်မြင့်မားတယ်။ နှစ်ထောင်ပေါင်းများစွာအတွင်းမှာပဲ ကမ္ဘာကြီး သူတော်စင် အထိ တက်လှမ်းနိုင်ခဲ့တယ်"
"ပြီးတော့..."
လီဝူသည် စကားကို ရပ်လိုက်ပြီး ဖန့်ချန်ကို ကြည့်လိုက်သည်။
"သူက အဲဒီတုန်းက မလုပ်သင့်တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့မိတယ်..."
"ဘာလုပ်ခဲ့တာလဲ"
"သူက လှည့်စားခြင်း အတတ်ပညာကို သုံးပြီး ကောင်းကင်အရှင် သူတော်စင် တစ်ပါးထံကနေ မဟာမိတ်အဖွဲ့ ပိုင်ဆိုင်တဲ့ စင်ကြယ်သော ဗောဓိသီး တစ်ရာကျော်ကို လိမ်လည်ယူငင်ခဲ့တယ်။ သူက ဒါကို ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်ပြီး သူ့မျိုးနွယ်စုတွေကို ဝေပေးခဲ့တယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ မျိုးနွယ်စုဝင် တစ်ယောက်က မဟာမိတ်အဖွဲ့ကို သွားတိုင်လိုက်တဲ့အတွက် အမှန်တရား ပေါ်ပေါက်သွားပြီး မဟာမိတ်အဖွဲ့ရဲ့ ဒေါသကို ခံခဲ့ရတယ်။
အဲဒီနောက် မကြာခင်မှာပဲ ကျွန်တော်တို့ သတင်းရလိုက်တယ်၊ မဟာမိတ် သူတော်စင် သုံးသန်းနီးပါးက ချီရွှမ်မျိုးနွယ်စုကို ဝိုင်းဝန်းချေမှုန်းခဲ့ကြတယ်။ တစ်ညနဲ့ တစ်ရက်အတွင်းမှာပဲ ဒီမျိုးနွယ်စုကို မဟာမိတ်အဖွဲ့ထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်လိုက်ကြတယ်..."
ချီယန်သူတော်စင်မှာ ထိုစကားများကို ကြားပြီးနောက် သွေးဆူလာပြီး မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။ ကမ္ဘာကြီး သူတော်စင်တစ်ပါးက ကောင်းကင်ဘုံ သူတော်စင်တစ်ပါးကို လိမ်ညာခဲ့တာလား ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်လိုပင် ဖြစ်နေသည်။
"မင်း ဆိုလိုတာက... ဒီအတွင်းကမ္ဘာနယ်မြေဟာ... အဲဒီ ချီရွှမ် သူတော်စင် ချန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်ပေါ့"
ဖန့်ချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
"ဟုတ်ပါတယ်"
လီဝူက ခေါင်းညိတ်သည်။
"ဒါဆိုရင်တော့ ငါတို့ ထွက်သွားကြတာ ပိုကောင်းမယ်။ ချင်ဝူဆန့်တို့ရဲ့ ဒီတစ်ခေါက် တာဝန်မှာ ငါ ဝင်ပါဖို့ မလိုဘဲနဲ့လည်း သူတို့ အကြီးအကျယ် ရှုံးနိမ့်သွားမှာ သေချာတယ်"
ဖန့်ချန်သည် ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
အခန်း (၂၂၈၄) - ငါတို့ကို သူတို့ လှည့်စားထားတာပဲ
လီဝူ၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် တုံ့ဆိုင်းနေဟန်ရှိပြီး စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည့်ပုံပင်။ ဖန့်ချန် တကယ်ပင် ထွက်ခွာတော့မည်ကို မြင်လိုက်ရသည့်အခါ သူက ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် လှမ်းအော်လိုက်သည်။
"အရှင်သခင်... ခဏလေး အရင်မသွားပါနဲ့ဦး"
"ဘာလို့လဲ"
လီဝူ၏ စိတ်ခံစားမှုများ ယခုတစ်ခါတွင် အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရသဖြင့် ဖန့်ချန်၏ မျက်ဝန်း၌ ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ကျွန်တော် အဲဒီတုန်းက ဝိုင်းရံချေမှုန်းခြင်းမှာ ပါဝင်ခဲ့တုန်းက သတင်းစကားတစ်ခု ကြားခဲ့ဖူးတယ်..."
လီဝူသည် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ပြီး အသံကို ပို၍ တိုးလိုက်သည်။
"သတင်းတွေအရဆိုရင် အဲဒီ ချီရွှမ်မျိုးနွယ်စုရဲ့ အထွတ်အထိပ် သူရဲကောင်းဟာ အဲဒီ 'စင်ကြယ်သော ဗောဓိသီး' တွေကို မလိမ်လည်ခင်ကတည်းက တခြားနေရာတွေမှာလည်း အကြိမ်ကြိမ် အကွက်ချပြီးသားပါတဲ့။
သူတို့ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတာက ကောင်းကင်အရှင် သူတော်စင် တစ်ပါးတည်း မဟုတ်ဘူး... အများကြီးပဲ။ အဲဒီထဲမှာ ယန်တန်း မျိုးနွယ်စုတင်မကဘဲ တခြား အကြီးစား မျိုးနွယ်စုကြီးတွေပါ ပါဝင်ပတ်သက်နေခဲ့တာ။ သူ လိမ်လည်ပြီး ရယူခဲ့တဲ့ ရင်းမြစ်တွေထဲမှာ အတွင်းကမ္ဘာ ကျောက်တုံးတွေ၊ စင်ကြယ်သော ဗောဓိသီးတွေ၊ ပြီးတော့ တခြား အဖိုးတန် ရတနာတွေ... ရေတွက်လို့တောင် မရနိုင်အောင် များပြားလှပါတယ်။ အဲဒီတုန်းက ဝိုင်းရံချေမှုန်းပြီးသွားတဲ့အခါ လူတစ်ယောက်က စာရင်းလိုက်တွက်ကြည့်ပေမဲ့ စာရင်းတွေက လုံးဝ မကိုက်ညီခဲ့ဘူး "
"စာရင်းတွေ မကိုက်ဘူးလား "
ဖန့်ချန်၏ မျက်ဝန်းမှာ တောက်ပသွားပြီး စိတ်ဝင်စားမှု တိုးသွားသည်။ ချီယန်သူတော်စင်ကလည်း အနားသို့ တိုးကပ်လာပြီး လီဝူကို အသည်းအသန် လိုက်ကြည့်နေသည်။ ဤသည်မှာ အလွန်ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး ရှေးယခင်ကဆိုလျှင် သူက ဤအကြောင်းကို သိခွင့်ပင် ရမည် မဟုတ်ပေ။
"ဟုတ်ပါတယ်၊ စာရင်းက မကိုက်ဘူး။ အဲဒီတုန်းက တွက်ချက်မှုတွေအရ သူ လိမ်လည် ရယူခဲ့တဲ့ ကျင့်ကြံရေး ရင်းမြစ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ သူ့မျိုးနွယ်စုဝင်တွေကို ပေးလိုက်တယ်၊ ဒါပေမဲ့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ဘယ်ရောက်သွားမှန်း မသိရဘဲ ပျောက်ဆုံးနေတာပါ။ ပြီးတော့ အဲဒီလူက ဝိုင်းရံချေမှုန်းတဲ့အထဲကနေ... လွတ်မြောက်သွားခဲ့တယ်။ အဲဒီနေရာမှာ သေဆုံးမသွားခဲ့ဘူး။ မဟာမိတ်အဖွဲ့ရဲ့ မျက်နှာသာပေးမှုကို ထိန်းသိမ်းဖို့အတွက် ဒီကိစ္စကို နောက်ပိုင်းမှာ ဘယ်သူကမှ ထပ်မပြောကြတော့ဘူး"
လီဝူ ပြောပြီးနောက် တိတ်ဆိတ်သွားပြီး ဖန့်ချန်ကိုသာ စိုက်ကြည့်နေသည်။
"လီဝူ မင်းဆိုလိုတာကို ငါ နားလည်ပြီ။ မင်းပြောချင်တာက ရှာမတွေ့သေးတဲ့ အဲဒီ ၃၀ ရာခိုင်နှုန်းသော ခိုးရာပါ ပစ္စည်းတွေက ဒီအတွင်းကမ္ဘာနယ်မြေထဲမှာ ရှိနေနိုင်တယ်လို့ ဆိုလိုတာလား"
ဖန့်ချန်သည် တံခါးပေါက်ပြင်ပရှိ ကမ္ဘာဦးစံအိမ်ကဲ့သို့ လှပသော မြင်ကွင်းကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ထိုလူ၏ လိမ်လည်မှုမှာ အံ့မခန်း များပြားလှသဖြင့် ၃၀ ရာခိုင်နှုန်းဆိုသည်ပင် အလွန်ကြီးမားသော ပမာဏ ဖြစ်ပေလိမ့်မည်။
"ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခု အချိန်မှာ ထွက်သွားလိုက်မယ်ဆိုရင် ချင်ဝူဆန့်ရဲ့ ကံကောင်းမှုနဲ့ အဲဒီ ပစ္စည်းတွေကို သူ ရှာတွေ့သွားရင် သူက ကြီးမားတဲ့ အောင်မြင်မှုကို ရသွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ဟော်ဆွေ့ ဘိုးဘေးဟာ ဒီကိစ္စကို အကြောင်းပြုပြီး ချင်းမင် မဟာမိတ်အဖွဲ့ထဲမှာ သူ့အတွက် အနာဂတ်ကောင်းတစ်ခု ဖန်တီးပေးမှာ သေချာတယ် "
လီဝူက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်သည်။
"ဒီလိုမျိုး လုံးဝ ဖြစ်မလာစေရဘူး"
ဖန့်ချန်သည် ချက်ချင်းပင် ပြတ်သားစွာ ပြောလိုက်သည်။ သူသည် အဲဒီ ပစ္စည်းတွေကို မရနိုင်လျှင်ပင် ချင်ဝူဆန့်အတွက်တော့ အနည်းငယ်လေးတောင် အခွင့်အရေး ပေးမထားနိုင်ပေ။
"အရှင်သခင်သာ ဒီအရင်းအမြစ်တွေကို ရခဲ့မယ်ဆိုရင် အရှင်ရဲ့ ကျင့်ကြံမှုအတွက်တင်မကဘဲ ကျွန်တော်တို့ရဲ့ ရှန်ဟုန် မျိုးနွယ်စုရဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့အတွက်ပါ အသုံးချလို့ ရပါလိမ့်မယ်။ ဒီပစ္စည်း ၃၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းကင်အရှင် သူတော်စင်တစ်ပါးကို မွေးထုတ်ပေးဖို့တောင် လုံလောက်ပါတယ်"
လီဝူ၏ မျက်ဝန်းထဲ၌ စိတ်အားထက်သန်မှုများ တောက်လောင်နေသည်။
"ဒါပေမဲ့ ဒီအတွင်းကမ္ဘာ ပိတ်ဆို့နယ်မြေထဲမှာ ငါ သွားလို့ရတဲ့နေရာတွေကို အကုန် လျှောက်ကြည့်ပြီးပြီ။ အဲဒီထဲမှာ အတုအယောင်တွေနဲ့ စစ်မှန်တာတွေကို ငါ ခွဲခြားဖို့ ခက်ခဲနေတယ်။ ကိုယ်တိုင် ကိုယ်ကျ မဝင်ရောက်ကြည့်ရင် စမ်းသပ်လို့ မရဘူး။
ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင်တော့ ငါ့ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ချင်ဝူဆန့်တို့ထက် ပိုပြီး အန္တရာယ်များလိမ့်မယ်"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောသည်။
"ဒါဆိုရင်တော့ စောင့်ရုံပဲ ရှိတော့တယ်။ အခွင့်အရေးကို စောင့်ရမယ်"
လီဝူက အသံနိမ့်နိမ့်ဖြင့်
"အကယ်၍... အဲဒီလူ ချန်ရစ်ခဲ့တဲ့ နတ်ဘုရားစွမ်းရည်ကိုသာ နားလည်သဘောပေါက်သွားရင် ဒီနေရာရဲ့ အတုအယောင်တွေကို ခွဲခြားနိုင်ပြီး အဲဒီ ပစ္စည်းတွေကို ရဖို့ အခွင့်အရေး ရှိလာမှာပါ"
"နတ်ဘုရားစွမ်းရည်ကို လေ့လာတာက ငါ့ရဲ့ အားသာချက်ပဲ။ ဒီလမ်းကြောင်းကို စမ်းကြည့်ရမယ်"
ဖန့်ချန်က အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဤနေရာတွင် နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်နေရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်ကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင် ကို လွဲသွားလျှင်လည်း ကိစ္စမရှိပေ။ သူတွင် စစ်မြေပြင်သို့ မဝင်ရမည့် အခွင့်အရေး သုံးကြိမ် ရှိသေးသည်။
သုံးကြိမ် ပြည့်မှသာ နေမင်း ခုနစ်ပါး တံဆိပ် ကို ပြန်ရုပ်သိမ်းသွားမည် ဖြစ်သဖြင့် သူတွင် အနည်းဆုံး နှစ်ပေါင်း သုံးရာခန့် အချိန် ရှိသေးသည်။
"မှန်တယ်၊ အဲဒီ ချီရွှမ်မျိုးနွယ်စုက ချင်းမင် မဟာမိတ်အဖွဲ့ထဲမှာ စုစုပေါင်း နှစ်ထောင်ပေါင်းများစွာပဲ ရှိတာလား "
"ဟုတ်ပါတယ်၊ နှစ်ထောင်ပေါင်းများစွာပဲ ရှိသေးတာ။ ပြီးတာနဲ့ ချက်ချင်း ဖျက်ဆီးခံလိုက်ရတာပဲ"
"ကံကြမ္မာပဲ..."
...
ဖန့်ချန်သည် ထူးဆန်းသော သစ်ပင်ကြီးအောက်သို့ ပြန်ရောက်လာသည်။ ယခုတစ်ကြိမ်တွင် သူသည် အတွင်းကမ္ဘာနယ်မြေထဲတွင် ပုန်းမနေတော့သလို၊ ပိုမိုနက်ရှိုင်းသော လေဟာနယ်ထဲတွင်လည်း မပုန်းတော့ပေ။ အကြိမ်ကြိမ် သတိထား စမ်းသပ်ပြီးနောက် အဲဒီ 'စင်ကြယ်သော ဗောဓိသီး' သုံးလုံးကိုသာ မထိမကိုင်ဘဲ နီးကပ်စွာဖြင့် နတ်ဘုရားစွမ်းရည်ကို လေ့လာမည်ဆိုလျှင် အန္တရာယ် မရှိကြောင်း သူ သေချာသွားသည်။
ယခုအချိန်တွင် တစ်ခုတည်းသော အန္တရာယ်မှာ ချင်ဝူဆန့်တို့ပင် ဖြစ်သည်။ နတ်ဘုရားစွမ်းရည်ကို လေ့လာနေစဉ်အတွင်း အဲဒီသူတော်စင်တွေသာ ပြန်ရောက်လာခဲ့လျှင်တော့ အနည်းငယ် ဒုက္ခရောက်ပေလိမ့်မည်။ ကံကောင်းသည်မှာ ဖန့်ချန်၏ စောင့်ကြည့်မှုအရ ချင်ဝူဆန့်တို့သည် တခြားနေရာတွေကို ပိုမိုကျယ်ပြန့်စွာ ရှာဖွေနေကြပြီး ဤနေရာသို့ ပြန်လာရန် ရည်ရွယ်ချက် မရှိကြတော့ပေ။ ဤနေရာသည် နတ်ဘုရားစွမ်းရည်ကို လေ့လာရုံသာဖြစ်ပြီး စစ်မှန်သော ဗောဓိသီး မရှိကြောင်း သူတို့ သိရှိသွားပုံရသည်။
ထိုလေဟာနယ် အရာရှိများအတွက်ဆိုလျှင် နတ်ဘုရားစွမ်းရည်ကို လေ့လာခြင်းသည် နောက်ဆုံးမှ လုပ်ရမည့်ကိစ္စ ဖြစ်ပြီး အချိန်ကိုမူ အခြားနေရာများ ရှာဖွေရာတွင်သာ အသုံးပြုရမည်ဖြစ်သည်။ ဤအချက်က ဖန့်ချန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖန်တီးပေးလိုက်သည်။
ဖန့်ချန်သည် ငှက်မွေးကဲ့သို့ ထူထဲသော သစ်ကိုင်းများကို မော့ကြည့်လိုက်ပြီး သစ်ပင်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ခြေလှမ်းတိုင်းတွင် သူ၏ အနားတွင် ထူးဆန်းသော အရှိန်အဝါများ ဝန်းရံနေသည်ကို ခံစားရသည်။ ဤသည်မှာ နတ်ဘုရားစွမ်းရည်၏ အရှိန်အဝါဖြစ်ပြီး ၎င်းမှတစ်ဆင့် စတင် လေ့လာနိုင်ပေသည်။ သို့သော် ဤအရှိန်အဝါများက အားနည်းလွန်းသဖြင့် ဖန့်ချန်၏ ပစ်မှတ်မှာ သစ်ပင်၏ ပင်မပင်စည် ဖြစ်သည်။
သတိမထားလိုက်မိသည့်ကြားမှ ဖန့်ချန်သည် ပင်မပင်စည်ရှေ့သို့ ရောက်လာသည်။ ထိုနေရာရှိ နတ်ဘုရားစွမ်းရည် အရှိန်အဝါများသည် အပြင်ဘက်ထက် ဆယ်ဆ၊ အတစ်ရာ ပိုမို သန်မာနေသည်။ အပေါ်ကို မော့ကြည့်လိုက်လျှင် အရွက်ကြားထဲမှ 'စင်ကြယ်သော ဗောဓိသီး' သုံးလုံးကို မသဲမကွဲ မြင်နေရသည်။
ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီး အရှိန်အဝါများက မိမိတစ်ကိုယ်လုံးကို ဝန်းရံနေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ပင်စည်ကို မှီ၍ ထိုင်ချလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။
အတွင်းကမ္ဘာနယ်မြေထဲတွင် လီဝူ၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်များ ပေါ်လာသည်။ ဖန့်ချန်၏ နတ်ဘုရားစွမ်းရည်အပေါ် နားလည်နိုင်စွမ်းသည် မည်မျှ မြင့်မားကြောင်း သူ ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်သောကြောင့် ဖန့်ချန်အပေါ်တွင် ကြီးမားသော ယုံကြည်ချက် ထားရှိသည်။
အချိန်များ ကုန်ဆုံးသွားပြီး ငါးနှစ်တာ ကာလတစ်ခု ကုန်ဆုံးသွားသည်။ ငါးနှစ်အတွင်း ဖန့်ချန်သည် သစ်ပင်အောက်တွင် တစ်ခါမှ မလှုပ်မရှားဘဲ ထိုင်နေသည်။ နောက်ဆုံးတွင် ထိုနေ့၌ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများသည် ထူးခြားစွာ ပြောင်းလဲလာသည်။ နတ်ဘုရားစွမ်းရည်၏ ရောင်ခြည်တန်းတစ်ခုသည် လေဟာနယ်ထဲမှတဆင့် သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ စီးဝင်လာသည်။
လီဝူနှင့် ချီယန်သူတော်စင်တို့၏ ရှေ့မှောက်၌ပင် ထိုအရာသည် တံဆိပ်တစ်ခုအဖြစ် ပုံသွင်းလိုက်သည်။
"ရပြီ "
လီဝူနှင့် ချီယန်သူတော်စင်တို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။
ဖန့်ချန်သည် ဖြည်းညှင်းစွာ မျက်လုံးကို ဖွင့်လိုက်သည်။ အာရုံတစ်ချက် လွှတ်လိုက်သည်နှင့် အတွင်းကမ္ဘာနယ်မြေထဲသို့ ပြန်ရောက်သွားပြီး လီဝူတို့နှစ်ဦးနှင့်အတူ လေဟာနယ်ထဲရှိ နတ်ဘုရားစွမ်းရည် တံဆိပ်ကို စိုက်ကြည့်လိုက်သည်။ ထိုတံဆိပ်သည် ဝေဝါးနေပြီး အမှန်တကယ် မဟုတ်ဘဲ အတုအယောင်ကဲ့သို့ ခံစားချက်ကို ပေးသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ကျန်ရှိနေသော တံဆိပ် ၁၉ ခုသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး နေမင်း ခုနစ်ပါး တံဆိပ် ပင် အပြင်သို့ ထွက်လာသည်။ ကောင်းကင်နိမိတ်ဖြစ်စဥ်မြစ်သည် ဆူပွက်လာသည်။
နောက်ဆုံးတွင် ထိုတံဆိပ်အားလုံး၏ ပစ်မှတ်သည် ဤဝေဝါးနေသော တံဆိပ်အတုဆီသို့ ဦးတည်သွားသည်။ အတွင်းကမ္ဘာနယ်မြေထဲတွင် ကမ္ဘာပျက်မည့်ကဲ့သို့ပင် ဖြစ်သွားသည်။ ထိုတံဆိပ်များ၏ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်တွင် ထိုဝေဝါးနေသော တံဆိပ်သည် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
"အရှင်သခင်... ဒါ ဘာဖြစ်တာလဲ"
လီဝူက မနေနိုင်ဘဲ မေးလိုက်သည်။ ဖန့်ချန်၏ မျက်နှာတွင် အတင်းအကျပ် ပြုံးလိုက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ငါတို့ကို သူတို့ လှည့်စားထားတာပဲ။ ငါ အဲဒီ နတ်ဘုရားစွမ်းရည်ကို ဘယ်လိုမှ နားမလည်ခဲ့ရဘူး။ ခုနကဟာတွေက အကုန် အတုတွေပဲ။ ငါ့ရဲ့ အတွင်းကမ္ဘာနယ်မြေက အခြေခံ ခိုင်မာလွန်းလို့သာပေါ့၊ မဟုတ်ရင် အဲဒီ အတုအယောင် တံဆိပ်ကို တကယ်လို့ ထင်ပြီး သယ်သွားမိတော့မှာ"
"..."
လီဝူသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
"ချီရွှမ်မျိုးနွယ်စုရဲ့ အဲဒီလူက ဘာကြောင့် ကောင်းကင်အရှင် သူတော်စင်တွေကိုတောင် အလွယ်တကူ လှည့်စားနိုင်ခဲ့တာလဲဆိုတာကို အခုတော့ ငါ နားလည်သွားပြီ"
"လိမ်တာကလည်း အရမ်းကို ပြင်းထန်လွန်းလို့ နောက်ဆုံးတော့ မျိုးနွယ်စုလိုက် အဖျက်ဆီးခံလိုက်ရတာပဲ..."
ချီယန်သူတော်စင်က အသံတိုးတိုးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။