← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇)

"မိုးရွာတဲ့နေ့တွေကို သဘောကျတာက မိုးရွာတဲ့နေ့တွေကလည်း နင့်ကျေးဇူးကြောင့် ဖြစ်နေလို့ပါ"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

"...မိုးရွာမယ် မထင်လို့ မယူလာခဲ့တာ"

ရှလီ၏ အသံက သူမကိုယ်တိုင်ပင် မကြားရလောက်အောင် တိုးနေသည်။

မိုးရေများက ခေါင်းပေါ်ရှိ ထီးစပေါ်ကိုရိုက်ခတ်နေပြီး နားထဲကိုတိုက်ရိုက် ဝင်လာသလိုနီးကပ်နေသည်။

မြို့တော် စာကြည့်တိုက်က မြို့လယ်တွင် မရှိသလို ဒီနေ့ကလည်း မိုးရွာသောနေ့ ဖြစ်သောကြောင့် လာရောက်သူ အလွန်နည်းပါးသည်။

ရှလီက လက်နှစ်ဖက်ဖြင့် ကျောပိုးအိတ်ကို ပိုက်ထားပြီး သူမ၏ တစ်ကိုယ်လုံးက တောင့်တင်းနေကာ မိုးရေစိုပြီး အဆစ်အမြစ်များ သံချေးတက်နေသော စက်ရုပ်တစ်ရုပ်နှင့် တူနေသည်။

ထီးက ကြီးသော်လည်း ထီးအောက်ရှိ နေရာက အကန့်အသတ်ရှိပြီး ထိုမျှ နီးကပ်နေသောကြောင့် စိုစွတ်နေသော လေထုထဲတွင် ရောနှောနေသော အေးစက်စက် ရနံ့တစ်ခုကို လွယ်ကူစွာ ရှူရှိုက်မိနိုင်ပြီး သတိနည်းနည်း လွတ်သွားသည်နှင့် ယန့်စစ်ရှီ၏ လက်မောင်းကို ထိမိသွားမည်ဖြစ်သည်။

စကားတစ်ခွန်းမှ မပြောဘဲ ဒီတိုင်းဆက်နေလျှင် နှလုံးခုန်မြန်လွန်းမည်ကို စိုးရိမ်သဖြင့် ရှလီက အသံဝင်နေသော လည်ချောင်းထဲမှ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။

"...နင် ဘာသာပြန်လို့ ပြီးသွားပြီလား"

သူမ၏ အသံက နှလုံးခုန်သံကြောင့် ဖုံးလွှမ်းသွားပြီး နည်းနည်း ပုံပျက်နေသလို ကြားရသည်။

"ပြီးပြီ…"

"မြန်လိုက်တာ... နှစ်ရက်လောက်ပဲ ကြာတာ မဟုတ်လား"

"ငါက ပြင်ဆင်တာပဲ လုပ်တာပါ... အစကနေ စလုပ်တာ မဟုတ်ပါဘူး... မင်းတို့ ပေးတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းနေပြီးသားလေ"

သူ့ကို ပိုသိလေလေ ပိုသဘောကျလေလေ ဖြစ်မည်ထင်သည်။ သူက ဒီလောက် ထူးချွန်ပြီး ဒီလောက်လည်း နှိမ့်ချတတ်သည်။

ရှလီက တိုးတိုးလေး ပြောလိုက်သည်။

"...ငါ မပါဘူး... ငါက အဖြစ်အပျက် အသေးစိတ် အချက်အလက်တချို့ကိုပဲ အင်တာနက်ကနေ ရှာပြီး ပေးခဲ့တာ"

"အချက်အလက် ရှာဖွေတာကလည်း ပူးပေါင်းဖန်တီးမှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ"

ရှလီက နည်းနည်း ကြောင်သွားပြီး သူမ နှလုံးသားက နွေးထွေးစိုစွတ်သော ရေလှိုင်းများ၏ ပင့်တင်ခြင်းကို ခံလိုက်ရသလို ဖြစ်သွား၏။

သူမမှာ ယခုခံစားနေရသည့် ခံစားချက်ကို သင့်တော်သော နာမဝိသေသနတစ်ခုကို ရှာဖွေရန် အလွန်ခက်ခဲနေသည်။

ယန့်စစ်ရှီက ထီးကို တစ်ဖက်ကိုမြှောက်လိုက်ပြီး ခေါက်ကာ တံခါးဝရှိ ထီးစင်ပေါ်တွင် တင်လိုက်သည်။

ရှလီကလည်း ဆံပင်နှင့် ကျောပိုးအိတ်ပေါ်ရှိ မိုးရေတွေကို ခါထုတ်လိုက်သည်။

အဓိက အဆောက်အအုံ တံခါးဝမှ ဝင်သွားတော့ ဒုတိယ အဆောက်အအုံကိုသွားရာလမ်းက ကျယ်ဝန်းတောက်ပသော စင်္ကြံတစ်ခုဖြစ်ပြီး အလွန် တိတ်ဆိတ်နေသည်။

စာကြည့်တိုက်သစ်က စာအုပ်ဖတ်ရှုရာနေရာအပြင် ဒုတိယ အဆောက်အအုံတွင် ယဉ်ကျေးမှု လှုပ်ရှားမှုနေရာကိုပါ ထည့်သွင်းထားပြီး အုပ်စုလိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် အလွန် သင့်တော်သည်။

ဒီနေရာက တတိယအဆင့် တက္ကသိုလ်ဖြစ်သော ချူချန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် အလွန်နီးကပ်ပြီး တည်ဆောက်ချိန်တွင် တက္ကသိုလ်ကျောင်းသားများ၏ လိုအပ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပုံရသည်။

ဇာတ်ညွှန်းဖန်တီးရေးနှင့် ဘာသာပြန်အဖွဲ့မှ အခြားအဖွဲ့ဝင်များက ရောက်နေကြပြီဖြစ်ပြီး မြင်ကွင်းကျယ်သော ပြတင်းပေါက်နားရှိ နေရာတစ်ခုကို ယူထားကြသည်။

ထောင်ရှီးယွဲ့က သူတို့ကို အရင်တွေ့သွားပြီး လက်ယမ်းကာ ပြောလိုက်သည်။

"ဒီဘက်မှာ"

ရှလီက လင်ချင်းရှောင်၏ ဘေးတွင် ထိုင်လိုက်ပြီး ယန့်စစ်ရှီက ကောင်လေးတစ်ယောက်၏ ဘေးတွင် ထိုင်လိုက်သည်။

ထောင်ရှီးယွဲ့က သူမနှင့် တစ်ဖက်တည်းတွင် ထိုင်နေသော ယန့်စစ်ရှီကို ခေါင်းငဲ့ကြည့်လိုက်ပြီး အကြည့်ကို ရှလီဆီကိုရွှေ့ကာ ပြုံး၍ မေးလိုက်သည်။

"နင်တို့ အတူတူ လာကြတာလား"

ထောင်ရှီးယွဲ့က ဘာမှထပ်မပြောတော့ဘဲ ဒီနေ့ ဆွေးနွေးပွဲကို စတင်ရန် စီစဉ်လိုက်သည်။

ယန့်စစ်ရှီက အနက်ရောင် ကျောပိုးအိတ်ကို ဖွင့်ကာ အထဲမှ ပရင့်ထုတ်ပြီး ချုပ်ထားသော ဇာတ်ညွှန်းအချို့ကို ထုတ်ယူပြီး လက်ဖက်ရည်စားပွဲပေါ်တွင် တင်လိုက်သည်။

လင်ချင်းရှောင်က တစ်အုပ်ယူလိုက်ပြီး ရှလီကလည်း အနားတိုးကာ အတူတူ ကြည့်လိုက်၏။

ဇာတ်ညွှန်းက တရုတ်စာတစ်ကြောင်း အင်္ဂလိပ်စာတစ်ကြောင်းဖြင့် ဘာသာစကားနှစ်မျိုး ယှဉ်တွဲထားပြီး စာမျက်နှာ အပြင်အဆင်က ရှင်းလင်းသပ်ရပ်နေသည်။

သူ့လိုမျိုးပင်။

ယန့်စစ်ရှီက သူတို့ကို ဖတ်ခိုင်းပြီး ဘာသာပြန်ရာတွင် မသင့်တော်သည့်နေရာများ ရှိသည်ဟု ထင်လျှင်ထုတ်ပြောကာ အတူတူ ဆွေးနွေးရန် ပြောလိုက်သည်။

သူက ကျောပိုးအိတ်ထဲမှ ခဲတံတစ်ချောင်းကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားပြီး အကျင့်ပါနေသလို ဘောပင်ကို တစ်ပတ်လှည့်လိုက်သည်။

ရှလီ၏ အကြည့်များက ဇာတ်ညွှန်းပေါ်တွင် လုံးဝ မရှိတော့ဘဲ ထိုလက်ကိုသာ စွဲမက်နေမိချေပြီ။

သူ့အသားအရေက အေးစက်ဖြူဖျော့ပြီး လက်ခုံပေါ်ရှိ အပြာရောင် သွေးကြောများက အလွန် ထင်ရှားကာ လက်ကောက်ဝတ်နှင့် လက်ဆစ်များက ပီပြင်ပြီး လက်ချောင်းများက ရှည်လျားသည်။

မိုးသံနှင့်အတူ စာရွက်များ တဖျတ်ဖျတ် လှန်နေသည့် အသံများ ရောနှောနေသည်။

အားလုံးက စကားမပြောကြပေ။

သဒ္ဒါဖြစ်စေ၊ ဝေါဟာရဖြစ်စေ ယန့်စစ်ရှီ ပြင်ဆင်ထားသော ဒီမူက သူတို့ ဘာသာပြန်ထားသော မူထက် ပို၍ တိကျပြီး သဘာဝကျသည်။

အတန်းခုနစ်မှ ဘာသာပြန်ရာတွင် တာဝန်ယူရသော မိန်းကလေးတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။

"ငါ့လယ်ဗယ်က သိပ်မမြင့်တော့ ဘယ်နေရာတွေက မသင့်တော်ဘူးလဲ ဆိုတာကို မမြင်ဘူး"

ရွှီနင်လည်း ခေါင်းညိတ်လိုက်သည်။

"တကယ်ကို တော်တော်လေး ကောင်းတယ်"

ဇာတ်ညွှန်း၏ မူလဖန်တီးရှင်တစ်ယောက်အနေဖြင့် သူမ၏ အသိအမှတ်ပြုမှုက အဓိပ္ပယ် ရှိသည်။

ယန့်စစ်ရှီ ကိုင်ထားသော ခဲတံ၏ ထိပ်ဖျားက ရှေ့ရှိ ဇာတ်ညွှန်းပေါ်တွင် ခပ်ဖွဖွ တစ်ချက် ထောက်သွားသည်။

ရှလီ သဘာဝအတိုင်း ခံစားမိသည်မှာ သူက တကယ်တော့ အားလုံးကို အကြံဉာဏ်ပေးစေချင်ပုံရသည်။

ဒါပေမယ့် သူက ဘာမှပိုမပြောခဲ့ပေ။

လက်ကို လွှတ်လိုက်‌ေတာ့ ခဲတံက ဖွဖွလေး ပြုတ်ကျသွား၏။

ဒီဆွေးနွေးပွဲက အလွန် ချောမွေ့လွန်းနေပြီး အားလုံးက မိုးထဲရေထဲ လာခဲ့ရသည်ဖြစ်ရာ ဒီအတိုင်း လူစုခွဲလိုက်ရန် မဖြစ်နိုင်ပေ။

ထောင်ရှီးယွဲ့နှင့် ကျူးရွှမ်တို့က အခွင့်ကောင်းယူ၍ ဇာတ်ကောင် ခွဲဝေမှုနှင့် နောက်ဆက်တွဲ အချိန်ဇယား၊ အသုံးအဆောင် လိုအပ်ချက်စသည်တို့ကို ထပ်မံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။

ထောင်ရှီးယွဲ့က ကြိုတင် ဆုံးဖြတ်ထားပြီးသား ပုံစံဖြင့် မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

"ဇာတ်ညွှန်းကို ကြည့်လိုက်တော့ ကျန်းရွှယ်လျန်က ဇာတ်လိုက်ဖြစ်တဲ့အတွက် စကားပြောခန်း အများဆုံးပဲ... အင်္ဂလိပ်စကားပြောခန်းတွေကို အချိန်တိုအတွင်းမှာ ကျွမ်းကျင်ပြီး စံကိုက်ဖြစ်အောင် လေ့ကျင့်ဖို့က တော်တော်လေး ခက်တယ်..."

ဒီအထိ အစပျိုးပြီး သူမက ယန့်စစ်ရှီကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ငါ ထင်တာကတော့... ဇာတ်လိုက် နေရာကို ယန့်စစ်ရှီ နင်ပဲ ယူလိုက်ပါလား"

ရိုးရိုးသားသား ပြောရလျှင် ရှလီလည်း ယန့်စစ်ရှီ ကျန်းရွှယ်လျန် နေရာတွင် သရုပ်ဆောင်မည်ကို တော်တော်လေး မျှော်လင့်မိသည်။

အထက်တန်း သမိုင်းဖတ်စာအုပ်တွင် လူနည်းနည်းက ဓာတ်ပုံကို ကြည့်ရုံဖြင့်ပင် ဒီကလေးထူးချွန်ပြောင်မြောက်သည်ဟု ခံစားရပြီး ၎င်းတို့ထဲတွင် ကျိုးရှန်ယွီ၊ ကျန်းရွှယ်လျန်နှင့် ချိုက်အေ့ တို့ ပါဝင်သည်။

ယန့်စစ်ရှီက မျက်လုံးကို နည်းနည်း ပင့်လိုက်ပြီး မျက်နှာအမူအရာရော လေသံပါ အလွန် တည်ငြိမ်နေသည်။

"ဆောရီး... ငါ သရုပ်ဆောင်ဖို့ သိပ်ပြီး စိတ်မဝင်စားဘူး"

ထိုစကားက ရှလီ၏ မျှော်လင့်ထားသည်နှင့် သွေဖည်မသွားသောကြောင့် သူမ စိတ်ပျက်မသွားပေ။

သို့သော် ထောင်ရှီးယွဲ့ကမူ ထိုစကားကို ကြားတော့ သူမ အပြုံးပင် နည်းနည်း မှေးမှိန်သွားသည်။

"ဒါဆိုလည်း ပြီးရော..." သူမက ပြောလိုက်သည်။

"အဲ့ဒီအချိန်ကျရင် ဇာတ်လိုက်ကို ဘယ်သူ ယူမလဲဆိုတာ ပြန်ကြည့်ကြတာပေါ့... နင်တို့တွေ စိတ်ဝင်စားတဲ့ ဇာတ်ကောင်တွေ ရှိလား"

အားလုံးက အသီးသီး ပြောလာကြသည်။

ကျူးရွှမ်က ဆန္ဒပြပွဲကို ဦးဆောင်သော ကျောင်းသားကိုယ်စားလှယ်နေရာကို ယူလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် "ကျယ်ဝန်းလှတဲ့ တရုတ်ပြည်ကြီးမှာ တိတ်ဆိတ်တဲ့ စာကြည့်စားပွဲလေးတစ်လုံးတောင် မဆံ့ဘူး" ဟူသော စကားပြောခန်းကို သူမ အလွန် သဘောကျသောကြောင့် ဖြစ်သည်။

ထောင်ရှီးယွဲ့က ကိုယ့်ကိုယ်ကိုယ် အဆိုပြုကာ စုန့်မေလင်၏ နေရာကို အရင်တောင်းဆိုလိုက်သည်။

ရွှီနင်က ထူးထူးခြားခြား ယန်ဟူချန် နေရာကို အမျိုးသားအဖြစ် သရုပ်ဆောင်ချင်သည်။

ကျန်ရှိသော ကျောင်းသားအချို့နှင့် ရှလီ အပါအဝင် အားလုံး၏ သဘောထားက အကုန်ရသည်ဖြစ်ပြီး အဲ့ဒီအချိန်ကျမှ ကျန်တဲ့ဇာတ်ကောင်တွေကို ခွဲဝေပေးပြီး ဘာရရ အဲ့ဒါကို သရုပ်ဆောင်မည် ဖြစ်သည်။

____________

All Chapters