← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈)

ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ညနေ လေးနာရီ မထိုးသေးဘဲ အပြင်တွင် မိုးမတိတ်သေးပေ။

အားလုံးက လူစုခွဲပြီး သွားမည့်နေရာတွေကို တိုင်ပင်နေကြသည်။

ရှလီက လင်ချင်းရှောင်နှင့် ရွှီနင်ကို ကြည့်လိုက်၏။

လင်ချင်းရှောင်:

"ငါက လူတစ်ယောက်နဲ့ ညစာစားပြီး ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်"

ရှလီက ပြုံး၍ မေးလိုက်သည်။

"ဘယ်သူလဲ"

"အာ... သိရဲ့သားနဲ့ မမေးနဲ့ဟာ"

ရှလီက ရွှီနင်ကို မေးလိုက်သည်။

"နင်နင် နင်ရော"

"ငါက မိန်းအဆောက်အအုံဘက်ကို သွားပြီး စာအုပ်နည်းနည်း ငှားမလို့"

"ဒါဆို ငါ နင်နဲ့ အတူတူသွားမယ်... ငါလည်း စာအုပ်ငှားချင်လို့"

တခြားတစ်ဖက်တွင် အတန်းခုနစ်မှ ကျောင်းသားအချို့က ဈေးဝယ်ထွက်မည်၊ အချို့က အိမ်တိုက်ရိုက်ပြန်မည်၊ အချို့ကလည်း စာကြည့်တိုက်တွင် နေပြီး စာခဏဖတ်မည်ဟု ဆုံးဖြတ်ကြသည်။

ထောင်ရှီးယွဲ့က ယန့်စစ်ရှီ၏ ရှေ့ကိုသွားကာ အသံက ခုနက ဆွေးနွေးစဉ်ကထက် နှစ်ဆလောက် တိုးသွားသည်။

"ဒီနေ့ည ငါတို့အိမ်မှာ ညစာလာစားချင်လားလို့ ငါ့မေမေက မေးခိုင်းလိုက်တယ်"

ယန့်စစ်ရှီ၏ မျက်နှာအမူအရာက အေးစက်စိမ်းကားနေသည်

"ညကျ အစီအစဉ် ရှိတယ်"

ထောင်ရှီးယွဲ့က နည်းနည်း စိတ်ပျက်သွားသည်။

"ဒါဆို နင် အခု ပြန်တော့မလို့လား"

"ငါ မိန်း အဆောက်အအုံမှာ စာသွားကျက်မလို့"

"......အင်းပါ... ဒါဆို ငါ အရင် ပြန်တော့မယ်"

နောက်ဆုံးတွင် ရှလီ၊ ရွှီနင်၊ ယန့်စစ်ရှီနှင့် အတန်းခုနစ်မှ အခြားမိန်းကလေးတစ်ယောက်၊ သူတို့ လေးယောက် အဓိက အဆောက်အအုံကိုအတူတူ သွားခဲ့ကြသည်။

ရှလီအတွက်တော့ ဒါက တကယ်ကို မျှော်လင့်မထားသော ဝမ်းသာစရာကိစ္စပါပဲ။

သူမ၊ ရွှီနင်နှင့် အတန်းခုနစ်မှ ထိုမိန်းကလေးက ရှေ့မှ သွားပြီး ယန့်စစ်ရှီက နောက်မှ လိုက်လာသည်။

ထိုခြေသံက မမြန်မနှေးဖြစ်ပြီး ကျယ်ဝန်းသော နေရာတွင် ပဲ့တင်သံများ ထွက်နေသည်။

လူတိုင်းက ပထမဆုံးအကြိမ် လာခြင်းဖြစ်သောကြောင့် ကတ်အရင်လုပ်ရန် လိုအပ်သည်။

ဝန်ထမ်းက သူတို့ကို မှတ်ပုံတင် ပြခိုင်းသည်။

ရှလီက လိုအပ်မည်ဟု ထင်ထားသောကြောင့် အိမ်မှထွက်လာစဉ် တစ်ပါတည်း ယူလာခဲ့သည်။

သို့သော် အခြားသုံးယောက်က ယူမလာခဲ့ကြပေ။

ရွှီနင်က မေးလိုက်သည်။

"မှတ်ပုံတင်နံပါတ် ပြောရင် ရမလား"

ဝန်ထမ်း:

"ရပါတယ်"

ရှလီက မှတ်ပုံတင် ပါသောကြောင့် ပထမဆုံး လုပ်ပြီးသွားကာ ဘေးကိုဆုတ်ပြီး သူတို့ကို စောင့်နေလိုက်သည်။

ရွှီနင်နှင့် အတန်းခုနစ်မှ မိန်းကလေးက အစဉ်လိုက် လုပ်ပြီးသွားပြီး နောက်ဆုံးတွင် ယန့်စစ်ရှီက ရှေ့တိုးလာကာ သူ၏ နာမည်ကို အရင် ပြောလိုက်သည်။

ဝန်ထမ်း:

"ဘယ်စာလုံးတွေလဲ"

စားပွဲပေါ်တွင် စာရွက်နှင့် ဘောပင်ရှိပြီး ယန့်စစ်ရှီက ယူကာ နာမည်ကို ရေးပြီး ဝန်ထမ်းကို ပေးလိုက်သည်။

ရှလီက အခွင့်ကောင်းယူ၍ တစ်ချက် ခိုးကြည့်လိုက်၏။

သူ၏ လက်ရေးက တကယ်ကို လှပပြီး စောင်းယိုင်နေသော်လည်း ညီညာကာ ရှင်းလင်းပြီး လွင့်မျောနေသည်။

ငယ်ငယ်ကတည်းက လေ့ကျင့်ထားတာ သေချာသည်။

ဝန်ထမ်း:

"မှတ်ပုံတင်နံပါတ်"

"11010119920219XXXX......"

ရှလီ၏ ရင်ထဲတွင် တစ်ခုခု လှုပ်ရှားသွားသည်။

0219.

သူမက စိတ်ထဲတွင် ထိုရက်စွဲကို နှစ်ခေါက် အသံတိတ် ရွတ်ဆိုလိုက်သည်။

ကတ်လုပ်ပြီး ကတ်ကို ယူကာ စာအုပ်ဖတ်ရှုရာနေရာကိုဝင်သွားကြသည်။

အထဲတွင် ပို၍ တိတ်ဆိတ်ပြီး အပ်ကျသံကိုပင် ကြားရနိုင်သည်။

အားလုံး ဝင်သွားပြီး ကိုယ်စီ စိတ်ဝင်စားသော နေရာများကိုအသီးသီး သွားခဲ့ကြသည်။

ရှလီက ဟန်ဆောင်ပန်ဆောင်ဖြင့် စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ကျပန်း ဖွင့်ကြည့်နေပြီး အကြည့်က ယန့်စစ်ရှီ၏ နောက်ကိုလိုက်သွားခဲ့သည်။

သူက ပြတင်းပေါက်နားတွင် လူမရှိသော စားပွဲတစ်လုံးကို ရှာတွေ့သွားပြီး ကုလားထိုင်ကို ဆွဲကာ ထိုင်လိုက်ပြီး ကျောပိုးအိတ်ထဲမှ လက်တော့ပ် တစ်လုံးကို ထုတ်ယူလိုက်သည်။

အဲ့ဒါက MacBook Pro တစ်လုံးဖြစ်ပြီး ထိုအချိန် ၂၀၀၈ ခုနှစ်၏ ချူချန်မြို့တွင် ရှလီ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

(T/N MacBook pro in 2008????)

ယန့်စစ်ရှီက လက်တော့ပ်ကို ဖွင့်ကာ ဖိုင်တစ်ခုကို နှိပ်ပြီး ခဏကြည့်နေပြီး ကီးဘုတ်ကို ခပ်ဖွဖွ စတင်ရိုက်နှိပ်သည်။

ရှလီက အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သတိပြန်ဝင်လာကာ ဒီနေ့ သူမလည်း တာဝန် တစ်ခုနှင့် လာခဲ့ခြင်းဖြစ်ကြောင်း သတိရသွား၏။

သူမက ခုနက ကျပန်း ဆွဲထုတ်ထားသော စာအုပ်ကို စာအုပ်စင်ထဲကိုပြန်ထည့်ကာ ခြေသံကို တိုးတိုးလေး လျှောက်ပြီး ကျယ်ဝန်းသော နေရာကြီးတွင် တစ်ပတ် လှည့်ပတ်သွားကာ မူရင်းစာအုပ်များ ရှိသော နေရာကို ရှာတွေ့သွားသည်။

အက္ခရာစဉ်အတိုင်း ကြည့်ရှုရင်း "G" အတန်းတွင် ရပ်လိုက်သည်။

တစ်အုပ်ချင်း လိုက်ကြည့်သွားရာ ရုတ်တရက် မျက်စိရှေ့တွင် လင်းလက်သွားသည်။

《Guns, Germs and Steel》။

သူမက ဒီမှာ ရှိလိမ့်မည်ဟု သိပ်မမျှော်လင့်ထားဘဲ ရှန်ကျစ် စာအုပ်ဆိုင်မှ ပိုင်ရှင်အန်တီကို အင်တာနက်မှတစ်ဆင့် တစ်ပတ်ရစ် ဝယ်ခိုင်းဖို့ပင် တွေးထားပြီးသားဖြစ်သည်။

မြို့တော် စာကြည့်တိုက်က သူမကို အံ့သြစရာတစ်ခု ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမက ခြေဖျားထောက်ကာ စာအုပ်ကျောရိုးကို ကိုင်ပြီး ဆွဲထုတ်လိုက်သည်။

စာအုပ်က တစ်ခါမှ မငှားရသေးသလိုအသစ်စက်စက် ဖြစ်နေသည်။

ဖွင့်ကြည့်လိုက်တော့ ပြည့်နှက်နေသော အင်္ဂလိပ်စာများက သူမကို မျက်လုံးပြာသွားစေမတတ် ဖြစ်စေခဲ့သည်။

ဒါပေမယ့် သူမက ဆုံးဖြတ်ချက် ချလိုက်သည်... ယန့်စစ်ရှီ ဖတ်နိုင်လျှင် သူမလည်း သေချာပေါက် ဖတ်နိုင်ရမည်။

ရှလီက လူမှုရေးသိပ္ပံ နေရာကိုသွားကာ သမိုင်းနှင့် သက်ဆိုင်သော စာအုပ်အချို့ကို ယူပြီး ပြန်လာခဲ့သည်။

စားပွဲပေါ်တွင် လက်တော့ပ်က ပွင့်နေဆဲဖြစ်သော်လည်း ယန့်စစ်ရှီက နေရာတွင် မရှိတော့ပေ။

ရှလီက စက္ကန့်နည်းနည်းကြာ တုံ့ဆိုင်းနေပြီး အနောက်ဘက်ရှိ စားပွဲတွင် သွားထိုင်လိုက်သည်။

မကြာမီပင် သူမဘေးမှ ဖြတ်သွားသော ခြေသံကို ကြားလိုက်ရ၏။

ခေါင်းလှည့်ကြည့်လိုက်တော့…ယန့်စစ်ရှီဖြစ်ပြီး လက်ထဲတွင် မဖွင့်ရသေးသော ရေသန့်ဘူးတစ်ဘူးကို ကိုင်ထားသည်။

ယန့်စစ်ရှီက သူမရှိရာဘက်ကိုတစ်ချက်ကြည့်ကာ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းနည်းနည်း ညိတ်ပြလိုက်သည်။

သူမကလည်း အမြန် ခေါင်းညိတ်ပြလိုက်သည်။

ဘာမှ မဖြစ်ခဲ့သော်လည်း သူမ ပါးပြင်များ ပူနွေးလာသလို ခံစားလိုက်ရသည်။

ယန့်စစ်ရှီက နေရာကိုပြန်သွားပြီး ထိုင်လိုက်သည်။

ရှလီက စာအုပ်ကို ဖွင့်လိုက်သော်လည်း မသိစိတ်မှနေ၍ ရှေ့ကိုလှမ်းကြည့်မိပြန်သည်။

သူမက ယဉ်ကျေးမှုမရှိသည့်လူ မဟုတ်သလို ယန့်စစ်ရှီ၏ ကွန်ပျူတာ မျက်နှာပြင်ကို တမင်တကာ ချောင်းကြည့်မည် မဟုတ်ပေ။

သို့သော် သူမ၏ အမြင်အာရုံက ၁.၂ ရှိပြီး သူ၏ ပခုံးကို ကျော်ကာ ဖွင့်ထားသော ဖိုင်ကို အလွယ်တကူ မြင်နိုင်ပြီး ပရိုဂရမ်ကုဒ်များကဲ့သို့သော အရာများဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူ၏ ဘေးတွင်ရှိသော စာအုပ်အချို့ကလည်း ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲခြင်းနှင့် သက်ဆိုင်သော ပညာရပ်ဆိုင်ရာ စာအုပ်များ ဖြစ်ကြသည်။

ရှလီက စာအုပ်ကို ခဏဖတ်လိုက်တိုင်း သူမ၏ ရှေ့တည့်တည့်တွင် ထိုင်နေသော လူကို မော့ကြည့်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေသဖြင့် စာရှေ့မရောက်ဖြစ်နေသည်။

ထို့အပြင် အင်္ဂလိပ်လို အပြည့်ရေးထားသော စာအုပ်ဖြစ်သောကြောင့် တစ်ခါတစ်ရံ တစ်ခါမှ မမြင်ဖူးသော စကားလုံးအသစ်များနှင့် ကြုံရတတ်ပြီး ဖတ်ရသည်မှာ ထစ်ငေါ့နေသည်။

ရှလီက မှတ်စုစာအုပ်ကို ငုံ့ကြည့်လိုက်တော့ ထိုထဲတွင် သူမ မှတ်သားထားသော စကားလုံးအသစ်များ အတန်းလိုက် ပြည့်နေပြီဖြစ်သည်။

သူမက နည်းနည်း စိတ်ပျက်စွာဖြင့် စာအုပ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်ကိုမှောက်ချလိုက်ရာ သူမလက်မောင်းက ဘောပင်ကို ထိမိသွားပြီး ရှေ့ကိုလိမ့်သွားသည်ကို မသိလိုက်ပေ။

သူမက လန့်သွားပြီး ပြုတ်မကျခင် အမြန် လှမ်းတားလိုက်ရသည်။

ဒီအသံက မသေးလှပေ။

ရှေ့မှ ယန့်စစ်ရှီက နောက်ကိုလှည့်ကြည့်လာသည်။

ရှလီက တိုးတိုးလေး ပြောလိုက်သည်။

"...တောင်းပန်ပါတယ်"

ယန့်စစ်ရှီက ဘာမှ မပြောပေ။

ယန့်စစ်ရှီက ပြန်လှည့်တော့မည်ကို မြင်လိုက်ရသဖြင့် ရှလီက တစ္ဆေပူးသလိုအသံထွက်လာသည်။

"ဟိုလေ..."

ယန့်စစ်ရှီက ရပ်သွားပြီး သူမကို ကြည့်လိုက်သည်။

ရှလီ၏ အသံက အလွန် တိုးနေသည်။

"...နင့်ဆီမှာ အဘိဓာန် ပါလား"

ယန့်စစ်ရှီက ခေါင်းခါပြသည်။

သူက အဘိဓာန် ယူလာစရာ မလိုဘူးဆိုတာကို သူမ သိပါသည်။

ရှလီက စာကြည့်တိုက်၏ တိတ်ဆိတ်မှုကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် အသံကို အမြဲတမ်း အလွန်တိုးထားပြီး လေတိုးသံနီးပါးပင် ဖြစ်နေသည်။

"ငါ အဓိပ္ပာယ်မသိတဲ့ စကားလုံး တချို့ရှိလို့ နင့်ကို မေးလို့ ရမလား"

"အင်း"

ရှလီက စကားလုံးအသစ်များ မှတ်သားထားသော မှတ်စုစာအုပ်ကို ကမ်းပေးလိုက်သည်။

ယန့်စစ်ရှီက လက်လှမ်းကာ စာရွက်ပေါ်ကိုလက်ချောင်းများ ဖိချလိုက်ပြီး သူမ ဖတ်နေသော စာအုပ်ဆီကိုအလိုက်သင့် တစ်ချက်ကြည့်လိုက်သည်။

သူမက လျှပ်စီးလက်သလိုလျင်မြန်သော အမြန်နှုန်းဖြင့် အင်္ကျီလက်ကို မ,တင်ကာ ထို 《Guns, Germs and Steel》 ၏ မျက်နှာဖုံးကို လုံခြုံစွာ ဖုံးအုပ်လိုက်သည်။

ဆံပင်အောက်တွင် ပုန်းနေသော သူမ နားရွက‌်လေးတွေကတော့ ရဲသွေးနီလာတော့ပြီ။

_________________

All Chapters