အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂)
ကြော်ငြာအတွက် ရုပ်ရှင်ရိုက်ကူးခြင်း
သူတို့သည် လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုခဲ့ကြလေသည်။
ကောင်းယွမ်သည် သူ၏ ဟောင်းနွမ်းနေသော အဖြူရောင် ဖောက်စ်ဝက်ဂွန် ဆာဂျီတာ ကားလေးကို မောင်းနှင်နေဆဲ ဖြစ်၏။
ပိုင်မော့ယွီ အံ့အားသင့်သွားခဲ့လေသည်။
"ကောင်းယွမ်... ဒါ နင့်ကားလား..."
"မဟုတ်ဘူး... ငါ့မှာ ကိုယ်ပိုင်ကား မရှိဘူး... ဒါ သူငယ်ချင်းဆီက ငှားလာတာ..."
ပိုင်မော့ယွီသည် လျှာလေးထုတ်လိုက်ပြီး ပြောလိုက်လေသည်။
"နင် ရှဝေ ကို တည်းဖြတ်စက် တွေ ရောင်းတာနဲ့တင် သန်းပေါင်းသောင်းချီ မြတ်သွားတယ်လို့ အွန်လိုင်း မှာ တွေ့လိုက်တယ်... အဲဒါ တကယ်ပဲလား..."
"အင်းလေ... ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
ပိုင်မော့ယွီ စိတ်ထဲမှ တွေးလိုက်မိလေသည်။ လူတစ်ယောက်သည် ပို၍ အစွမ်းထက်လေလေ မျက်နှာ ပန်းလှရန် ဂရုစိုက်မှု နည်းပါးလေလေ ဖြစ်သည်ဟု ဆိုရမည်။ ကောင်းယွမ်သည် ဘီလီယံရာချီ ချမ်းသာ သော်လည်း တန်ဖိုး ယွမ်တစ်သိန်းခန့်သာ ရှိသော ကားလေးကို မည်သို့သော ရှက်ရွံ့မှုမျှမရှိဘဲ မောင်းနှင် နေခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် သူမ တွေ့ဖူးသည့် တန်ဖိုး ယွမ်သိန်းဂဏန်းမျှသာ ချမ်းသာသော အသေးစား စီးပွားရေးလုပ်ငန်းရှင်များမှာမူ မာစီဒီးဘင့်ဇ် ကားများကို မောင်းနှင်နေကြလေ၏။
မုကျားကျေးရွာ သည် ခရိုင်မြို့နှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးပြီး မိနစ်အနည်းငယ်မျှသာ သွားရလေသည်။
ပန်းဈေးအပြင်ဘက်တွင် ကားရပ်လိုက်ပြီးနောက် ပိုင်မော့ယွီသည် ပစ္စည်းများကြည့်ရန် ဦးစွာ ဝင်သွားခဲ့ လေ၏။ ကောင်းယွမ်သည် အဝင်ဝရှိ ဆိုင်မှ တို့ဟူး တစ်ပွဲနှင့် အီကြာကွေး နှစ်ခုကို မှာယူကာ အလွန် အရသာရှိစွာ စားသောက်လိုက်လေသည်။
စားသောက်နေစဉ် ဘေးစားပွဲမှ အမျိုးသားနှစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရ၏။
"ရုပ်ရှင် ဇာတ်လမ်းတွဲ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ လင်ကန်း ကို ရောက်လာပြီး သံမဏိသွေး ဂျပန် တော်လှန်ရေး စစ်ရေးနဲ့ နိုင်ငံရေးတက္ကသိုလ် အကြောင်း ရိုက်ချင်တယ်လို့ ပြောတယ်လေ... အဲဒါ ငါ့ မိသားစု အရင်က နေခဲ့တဲ့ ခြံဝင်းထဲမှာပဲ... ငါတောင် ပြန်သွားကြည့်လိုက်သေးတယ်... နောက်ဆုံးတော့ ဇာတ်ပို့နေရာကနေ တစ်ဝက်လောက် ပါဝင်ဖို့ အဆွဲခံလိုက်ရတယ်..."
"တကယ်လား... အဲ့မှာ ဘာဇာတ်လမ်းတွဲ ရိုက်နေတာလဲ... နာမည်ကြီး မင်းသားမင်းသမီး ဘယ်သူ တွေကို တွေ့ခဲ့လဲ..."
"နာမည်ကြီး ဟုတ်လား... ငါ တစ်ယောက်မှတောင် မမှတ်မိပါဘူး..."
ကောင်းယွမ် အံ့အားသင့်သွားခဲ့လေသည်။ မုကျားကျေးရွာ အခြေစိုက်စခန်းမှာ မကြာမီ အသုံးပြုနိုင် မည် မဟုတ်သဖြင့် ဤအချိန်ကို အသုံးချကာ ရုပ်ရှင်တစ်ကား ရိုက်ကူးနိုင်ကြောင်း သူ သဘောပေါက် သွားခဲ့လေ၏။ အမျိုးသားနေ့ မရောက်မီ တစ်လကျော်မျှ အချိန်ကျန်ရှိနေသေးလေသည်။
ယခင်က ချင်ကျင်းမြို့ သို့ သူ ပထမဆုံး ရောက်ရှိစဉ်က သူ၏ အခန်းဖော်မှာ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်လေသည်။ သင့်တော်သော ဇာတ်ညွှန်းများ ရှိမရှိ သူတို့ ရှာဖွေကြည့်နိုင်ပေသည်။ ဇာတ်ညွှန်းရရှိ သည်နှင့် ကောင်းယွမ်၌ ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာ ရှိနေသဖြင့် ရိုက်ကူးရေးမှာ လုံးဝ ပြဿနာမရှိ နိုင်တော့ပေ။
ထုတ်လုပ်ရေး လုပ်ငန်းစဉ်များတွင် အသံပိုင်းဆိုင်ရာ ပြင်ဆင်မှုများသာ ကျန်ရှိတော့ရာ သူတို့သာ မြန် ဆန်ပါက အမျိုးသားနေ့ ပြသချိန်အမီ သေချာပေါက် ပြီးစီးနိုင်ပေလိမ့်မည်။
ရုပ်ရှင်ထဲတွင် ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများကို ထည့်သွင်းရိုက်ကူးမည်ဖြစ်ပြီး အကယ်၍ ရုပ်ရှင်သာ အောင်မြင်သွားပါက ကြော်ငြာစရိတ်များကို သက်သာစေနိုင်ရုံသာမက ရိုက်ကူးရေးစရိတ်မှာလည်း လုံးဝမရှိသလောက်ဖြစ်သဖြင့် အကျိုးအမြတ်ပင် ရရှိနိုင်သေးလေသည်။
ထို့အပြင် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များအတွက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ငှားရမ်းရန် မလိုအပ် တော့ပေ။ အနာဂတ်ကမ္ဘာမှ စက်ရုပ်နှစ်ရုပ်ခန့် ဝယ်ယူလိုက်ရုံဖြင့် အားလုံးပြီးစီးသွားမည် ဖြစ်၏။ ထို့ ကြောင့် ကောင်းယွမ် လိုအပ်နေသည်မှာ သူ၏ရုပ်ရှင်အတွက် ဇာတ်ညွှန်းတစ်ခုသာ ဖြစ်ပေတော့သည်။
ထို့နောက် စိတ်ကူးယဉ်ဉာဏ်ကို အသုံးပြုကာ လူကြိုက်များသော ရုပ်ရှင်ကားကြီးတစ်ကားကို ဖန်တီး နိုင်ပေလိမ့်မည်။
အထူးပြုလုပ်ချက်များအတွက် လုံးဝ အခမဲ့ဖြစ်ပေသည်။
တိုက်ဆိုင်စွာပင် ငါးရံ့နက်နည်းပညာကုမ္ပဏီ ၏ လက်အောက်တွင် ဆယ်လ်မွန် ဖျော်ဖြေရေး ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် ဟူသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီတစ်ခု ရှိနေလေ၏။
ထိုအချိန်တွင် ပိုင်မော့ယွီသည် လက်တွန်းလှည်းငယ်တစ်စီးကို တွန်းကာ ထွက်လာခဲ့လေသည်။
ကောင်းယွမ်အနီးသို့ ချဉ်းကပ်လာပြီး သူမက မေးလိုက်လေ၏။
"နင် စားလို့ ပြီးပြီလား... ငါဝယ်လာတဲ့ ပန်းတွေ ဘယ်လိုနေလဲ..."
လှည်းပေါ်တွင် ပန်းအိုးသုံးအိုး တင်ထားသည်ကို ကောင်းယွမ် သတိပြုမိလိုက်လေသည်။
ထိုစဉ် ပိုင်မော့ယွီက စတင်ပြောဆိုလိုက်၏။
"ကျင်းဟိုင် က မြို့ငယ်လေးဆိုတော့ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းတွေ သိပ်မရှိဘူးလေ... ဒီ ဇင်ဗီဒီယန် သစ်ခွ အိုးက ယွမ်နှစ်ရာပေးရတယ်... ဒီအိုးသေးသေးလေးက စံပယ်ပန်း ယွမ်ငါးဆယ်တဲ့... အဈေးကြီး ဆုံးကတော့ ဧည့်ကြိုထင်းရှူးပင် ဘွန်ဆိုင်းပဲ ယွမ်ငါးရာတောင် ပေးရတယ်..."
ကောင်းယွမ်သည် ဤပန်းများကို ကြည့်လိုက်လေသည်။ လက်တွေ့ကမ္ဘာတွင်မူ ၎င်းတို့မှာ ထူးခြားလှ သည် မဟုတ်ပေ။
သို့သော် ဤအရာများကို အနာဂတ်ကမ္ဘာသို့ ယူဆောင်သွားပါက အဖိုးတန်ရတနာများ ဖြစ်လာမည်မှာ သေချာလှပေ၏။
"ရပါတယ်... ရပါတယ်... နင့်ကို ဝီချက် ကနေ ပိုက်ဆံလွှဲပေးလိုက်မယ်..."
သူတို့ မုကျားကျေးရွာ သို့ ပြန်ရောက်သောအခါ နံနက် ကိုးနာရီ ကျော်လွန်နေပြီ ဖြစ်သည်။ ကောင်းယွမ် သည် ပန်းအိုးသုံးအိုးကို ယူကာ နောက်ဖေးခြံဝင်းထဲသို့ ဝင်သွားခဲ့လေ၏။ ပိုင်မော့ယွီသည် အကင်းပါးစွာ ဖြင့် နောက်မှ လိုက်မလာခဲ့ပေ။ ထို့နောက် ကောင်းယွမ်သည် ကမ္ဘာကူးတံခါး ကို တိုက်ရိုက် ဖြတ်ကျော် သွားခဲ့လေတော့သည်။
ကောင်းယွမ် ရုံးခန်းထဲမှ ထွက်လာသောအခါ ကလပ်အဝင်ဝတွင် လင်းနန်ဝူ သည် ဝမ်ရိဖေးပင်းပင်း ကို ရန်သူသဖွယ် စူးရဲစွာ ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကောင်းယွမ်ကို မြင်တွေ့လိုက်ရ၏။
"သူဌေး... ဒီမိန်းမက တံခါးဝမှာ ရပ်နေတာကြာပြီ လုံးဝမသင်္ကာဘူး... သူ သေချာပေါက် အကြံ အစည် မကောင်းလောက်ဘူး..."
ကောင်းယွမ် သဘောကျသွားခဲ့လေသည်။
"နန်ဝူ... မင်း အရင်ပြန်သွားလိုက်... ဒါ မင်းနဲ့မဆိုင်ဘူး..."
"ကျွန်မတို့ ဒီအမျိုးသမီးကို နှင်ထုတ်လိုက်ရမလား..."
"မလိုပါဘူး..."
ကောင်းယွမ်သည် စက်ရုပ် ယွီယွီ ကို သေတ္တာအချို့ ယူလာခိုင်းပြီး ပန်းများအားလုံးကို အတွင်းသို့ သယ် ခိုင်းလိုက်လေ၏။
ထို့နောက် သူက ဝမ်ရိဖေးပင်းပင်း ကို ပြောလိုက်လေသည်။
"မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်... အကယ်၍ ကျရှုံးသွားရင် ငါ့ဆီ ပြန်မလာနဲ့တော့..."
ဝမ်ရိဖေးပင်းပင်း မှာ အလွန်ယုံကြည်မှု ရှိနေလေ၏။
"နားလည်ပါပြီ... ကျွန်မ သေချာပေါက် အောင်မြင်အောင် လုပ်ပါ့မယ်... ပြောပါ ကျွန်မကို ဘာလုပ်စေ ချင်တာလဲ..."
"ဒီပန်းအိုးသုံးအိုးကို မြင်လား... အဲဒါတွေကို ချင်ကန်း ဆီ ပို့ပေးလိုက်... ချင်ကန်း ဆိုတာ မင်း သိတယ် မလား..."
"သိပါတယ်... ပစ္စည်းပို့ရုံ သက်သက်တော့ မဟုတ်ဘူးမလား... ပစ္စည်းပို့ရုံဆိုရင် ဘယ်စက်ရုပ်မဆို လုပ်နိုင်တာပဲလေ..."
"သေချာတာပေါ့... ချင်ကန်း ကို (၂၀၂၄) ကလပ် ထဲ ဝင်လာအောင် မင်း စည်းရုံးရမယ်... ပြီးတော့ နောက် တစ်ပတ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့လည်း စည်းရုံးရမယ်..."
"ကောင်းပါပြီ... နားလည်ပါပြီ..."
ဝမ်ရိဖေးပင်းပင်း သည် ကောင်းယွမ် တွန်းပေးလာသော လှည်းကို ယူလိုက်ပြီး သေတ္တာထဲရှိ ပန်းများကို ကြည့်ကာ အလွန်အံ့အားသင့်သွားသော မျက်နှာဖြင့် မေးလိုက်လေသည်။
"ဒါတွေ အကုန်လုံးက ပန်းအစစ်တွေလား... အပင်အစစ်တွေလား..."
ထိုသို့ ပြောဆိုရင်း ဝမ်ရိဖေးပင်းပင်း သည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အသက်ပြင်းပြင်းရှူသွင်း၍ အပင်များ၏ ရနံ့ကို ရှူရှိုက်လိုက်လေ၏။
" သေချာတာပေါ့..."
"ဒီပန်းတွေက သန်းရာချီ တန်ဖိုးရှိတယ်လေ... ကျွန်မ ဒါတွေကို ယူပြီး ထွက်ပြေးသွားမှာကို ရှင် မ ကြောက်ဘူးလား..."
ကောင်းယွမ်သည် ဝမ်ရိဖေးပင်းပင်း ကို ကြည့်ကာ ပြန်မေးလိုက်လေသည်။
"မင်း ပြေးနိုင်လို့လား... လွတ်အောင် ပြေးနိုင်မယ်ဆိုတာ သေချာလား... မင်း ဘယ်ကို ပြေးမှာလဲ..."
"ရှင်တို့လို အထက်တန်းလွှာတွေရဲ့ ယုံကြည်မှုလွန်ကဲနေတဲ့ ပုံစံကို ကျွန်မ မုန်းတယ်... ကျွန်မ စိတ်ဝင်စား ပေမဲ့လည်း ထွက်မပြေးနိုင်ပါဘူးလေ... ကောင်းပါပြီ ကျွန်မ သွားတော့မယ်..."
ကောင်းယွမ်သည် ဝမ်ရိဖေးပင်းပင်း ထွက်ခွာသွားသည်ကို ကြည့်နေလိုက်လေ၏။
သူသည် ကလပ်အတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး လဲ့ချင်းမေ ထံ ဖုန်းဆက်ကာ ယခင်က ပစ္စည်းများအားလုံး ကို (၂၀၂၄) ကလပ် ၏ ဂိုဒေါင် သို့ ပို့ပေးရန် ပြောကြားလိုက်လေသည်။
ဟွမ်ဖူရှန်း နှင့် ခဏမျှ စကားပြောပြီးနောက် လက်တွေ့ကမ္ဘာသို့ သူ ပြန်လာခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ ပိုင်မော့ယွီ မှာ ဟိုဘက်ခြမ်းတွင် စောင့်နေသေးသည် မဟုတ်ပါလော။
ထိုအချိန်တွင် ပိုင်မော့ယွီသည် ကျင်းဟိုင် ခရိုင်၏ မြေပုံတစ်ခုကို လေ့လာနေခဲ့လေသည်။
ကောင်းယွမ် ထွက်လာသည်ကို မြင်သောအခါ သူမက လှမ်းခေါ်လိုက်လေသည်။
"ကောင်းယွမ်... ဒီကို လာကြည့်ပါဦး..."
"ဘာဖြစ်လို့လဲ..."
"ဖွံ့ဖြိုးတိုးတက်ရေးဇုန် တစ်ခုက ဘယ်လောက် အကျယ်အဝန်း ရှိသင့်တယ်လို့ နင် ထင်လဲ..."
မြေပုံကို ကြည့်လိုက်သောအခါ မုကျားကျေးရွာ မှာ အတော်လေး သေးငယ်ပြီး နောက်ဘက်ရှိ တာချင်း တောင် နှင့်ဆိုလျှင် ဧက ငါးထောင် ခြောက်ထောင်ခန့် ပါဝင်နိုင်ကြောင်း ကောင်းယွမ် သဘောပေါက် လိုက်လေသည်။ သို့သော် ထိုနေရာများ၏ ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်မှာ တောင်တန်းများသာ ဖြစ်နေလေ ၏။
ထို့ကြောင့် သူသည် ပြည်နယ်လမ်းမကြီးဘေးတွင် တိုက်ရိုက်တည်ရှိနေသော အိမ်နီးချင်း လီဟွားရွာ ဘက်သို့ အာရုံပြောင်းလိုက်လေသည်။ ထိုရွာမှာ မုကျားကျေးရွာ ထက် သယ်ယူပို့ဆောင်ရေး အများကြီး ပိုမိုကောင်းမွန်လေ၏။
အကယ်၍ ဖွံ့ဖြိုးတိုးတက်ရေးဇုန် တစ်ခု တည်ဆောက်မည်ဆိုပါက... ဤနေရာနှစ်ခုလုံးကို ထည့်သွင်း ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"နင်တို့ရဲ့ ခေါင်းဆောင်တွေက ဧရိယာကို စဉ်းစားထားပြီးပြီ မဟုတ်လား... တကယ်တော့ ငါးရံ့နက်နည်း ပညာကုမ္ပဏီ အတွက်က အများကြီး မလိုပါဘူး... မုကျားကျေးရွာ၊ လီဟွားရွာ နဲ့ တာချင်းတောင် ခြေ တစ်စိတ်တစ်ပိုင်း ပါဝင်ပြီး ဧက တစ်သောင်းလောက် ဆိုရင် ရပါပြီ... ငါ ဒီနေရာမှာ ရွာနှစ်ရွာက ရွာသူ ရွာသားတွေအတွက် ရွာသစ်တစ်ရွာ တည်ပေးမယ်... ရွာသားတွေ အားလုံး အဲဒီကို ပြောင်းရွှေ့နေထိုင်လို့ ရတယ်လေ..."
ကောင်းယွမ်သည် အနာဂတ် စက်မှုဇုန် အတွက် ရည်ရွယ်ကာ မြေပုံပေါ်တွင် မြေနေရာများကို စတင် မှတ်သားလိုက်လေတော့သည်။
"ငါတို့ ဌာနမှူး က နင့်ရဲ့ သဘောထားကို တောင်းခံဖို့ ခုလေးတင် ဖုန်းဆက်လာတယ်လေ... ဘာပဲဖြစ်ဖြစ် ဒီ ဖွံ့ဖြိုးတိုးတက်ရေးဇုန် က နင့်အတွက် အဓိက ရည်ရွယ်ပြီး တည်ထောင်ထားတာလေ..."
ပိုင်မော့ယွီက ပြောလိုက်လေသည်။
ကျင်းဟိုင် ကဲ့သို့သော မြို့ငယ်လေးတွင် သူက ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသဖြင့် ဒေသခံ ခေါင်း ဆောင်များက သူ၏ သဘောထားကို သေချာပေါက် အလေးအနက်ထားမည်ဖြစ်ကြောင်း ကောင်းယွမ် လည်း နားလည်ထားလေ၏။
"ကောင်းပြီလေ... ဒီလိုပဲ လုပ်ကြတာပေါ့... ဒီနေရာမှာ မုကျားကျေးရွာ၊ လီဟွားရွာ နဲ့ တောင်ခြေ တစ်စိတ်တစ်ပိုင်း ပါဝင်တယ်..."
ကောင်းယွမ်သည် အနီရောင်ဘောပင်ဖြင့် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်လေ၏။
"ဒါနဲ့ ကောင်းယွမ်... နင့်ရဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီ မှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ညစ်ညမ်းစေမယ့် စီမံကိန်းတွေ ရှိလား..."
ပိုင်မော့ယွီက ကောင်းယွမ်ကို ကြည့်ကာ မေးလိုက်လေသည်။
"သေချာတာပေါ့ မရှိပါဘူး... အားလုံးက နည်းပညာမြင့် ထုတ်ကုန်တွေချည်းပါပဲ..."
"ဟုတ်တယ်... ငါတို့ ထုတ်လုပ်မှု စီမံကိန်းတွေ ပိုပြီး မှတ်ပုံတင်ဖို့ လိုကောင်းလိုလိမ့်မယ်... ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန က ညစ်ညမ်းမှု အဆင့်ကို အကဲဖြတ်ဖို့ လိုအပ်လိမ့်မယ်လေ..."
"ဒါက အသေးအဖွဲ ကိစ္စလေးပါ... တခြား ကုမ္ပဏီတွေထက် ညစ်ညမ်းမှု အများကြီး ပိုနည်းမယ်ဆိုတာ သေချာပါတယ်..."
ကောင်းယွမ်၌ ထိုမျှလောက်အထိ ယုံကြည်မှု ရှိနေသေးလေ၏။
သူတို့သည် နံနက်ခင်းတစ်ခုလုံး စကားပြောဆိုဖြစ်ခဲ့ကြလေသည်။ မွန်းလွဲပိုင်းတွင် ကျင်းဟိုင် ခရိုင်မှ ဒေသခံ ခေါင်းဆောင်များ ရောက်ရှိလာကြပြီး မုကျားကျေးရွာ တစ်ခုလုံး စည်ကားသိုက်မြိုက်သွားခဲ့ လေတော့သည်။
ဤနေရာကို ဖွံ့ဖြိုးတိုးတက်ရေးဇုန် အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းနှင့် ကောင်းမိသားစု၏ မြေးဖြစ် သူက နည်းပညာမြင့် အခြေစိုက်စခန်း တစ်ခုခု တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံတော့မည်ဟူသော သတင်းများကို တစ်စုံတစ်ယောက်က ကြားသိသွားခဲ့လေ၏။