← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆)

အသင်းဝင်စည်းမျဉ်းများ သတ်မှတ်ခြင်း

ကောင်းယွမ်သည် မူလက ရုပ်ရှင်များမှ ငွေရှာရန် အစီအစဉ်မရှိခဲ့ပေ။ ရုပ်ရှင်များသည် အများဆုံး သန်းအနည်းငယ်သာ ရနိုင်မည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှလောက် အားထုတ်နေရမည်နည်း။ တည်းဖြတ်စက် နှစ်လုံးကို ရောင်းချလိုက်ခြင်းကပင် လုံလောက်နေပြီ ဖြစ်၏။

ရုပ်ရှင်ရိုက်ကူးရခြင်း၏ အကြောင်းရင်းမှာ ကြော်ငြာရန်အတွက်သာ ဖြစ်ပေသည်။

"ကမ္ဘာမြေကို ကယ်တင်ခြင်း" ဇာတ်ကားတွင် 3D ဆက်သွယ်ရေးလက်ပတ် တစ်ခုကို ထည့်သွင်းထားခဲ့ လေသည်။ ထိုအမည်မှာ ခေါ်ရခက်လွန်းသည်ဟု ကောင်းယွမ် ခံစားရပြီး ရိုးရာအရ မိုဘိုင်းဖုန်းများကို လက်တွင် ကိုင်ဆောင်လေ့ရှိသောကြောင့် "လက်ကိုင်ဖုန်း" ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။

ထိုလက်ပတ်ကို လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသဖြင့် ၎င်းကို 'လက်ပတ်ဖုန်း' ဟု ခေါ်ဆိုခြင်းမှာ မမှားပေ။

လက်တွင်ဝတ်ဆင်သော စမတ်နာရီများအပြင် အပူချိန်ထိန်းအဝတ်အစား၊ အာကာသခရီးသွား ဘက်စ် ကားများ၊ အနိမ့်ပျံ ယာဉ်ပျံများ၊ ဉာဏ်ရည်တုစက်ရုပ်များ၊ လုပ်ငန်းသုံး ပေါင်းစပ်စွမ်းအင်သုံး မြေတူး စက်ကြီးများ၊ ဆန့်ကျင်ဘက်ဒြပ်ထု အာကာသယာဉ်များနှင့် အခြားအရာများစွာ ပါဝင်လေသည်။

ဤထုတ်ကုန်များအားလုံးတွင် ငါးရံ့နက်နည်းပညာကုမ္ပဏီ ၏ အမှတ်တံဆိပ်များ ပါရှိနေခဲ့ပေ၏။

ငါးရံ့နက်နည်းပညာကုမ္ပဏီ တွင် ထိုမျှလောက် ထုတ်ကုန်များ မရှိသေးသော်ငြားလည်း ဤအရာများ သည် လာမည့်နှစ်အနည်းငယ်အတွင်း ကောင်းယွမ် စတင်မိတ်ဆက်ရန် စီစဉ်ထားသော ထုတ်ကုန်များ ဖြစ်ကြလေသည်။

အကယ်၍ ဤရုပ်ရှင်သည် အောင်မြင်ကျော်ကြားသွားပါက အပိုင်းနှစ်၊ အပိုင်းသုံး စသည်ဖြင့် ဆက် လက်ရိုက်ကူးနိုင်မည် ဖြစ်၏။

၎င်းသည် လူကြိုက်များမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။

ယခုမှစ၍ သူတို့ ထုတ်လုပ်သမျှသော ထုတ်ကုန်တိုင်းသည် အင်တာနက်အသုံးပြုသူများအတွက် ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ဤပထမဆုံး ဇာတ်ကားသည် ကြီးမားလှသော အောင်မြင်မှုတစ်ခု ဖြစ်ရပေမည်။

ဤရုပ်ရှင် အောင်မြင်သွားပါက ယခုမှစ၍ ဆယ်လ်မွန် ရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်သည့် မည် သည့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်မဆို သေချာပေါက် အောင်မြင်ကျော်ကြားလာပေလိမ့်မည်။

ကောင်းယွမ်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။

"လောင်ကျန်း... စီမံကိန်းမြေပုံကို ဝန်ထမ်းတွေဆီက တောင်းလိုက်ပါ... အစိမ်းရောင် အပိုင်းတွေက ငါတို့ရဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီ စက်မှုဇုန် ရဲ့ နယ်ပယ်ထဲမှာ ရှိတယ်... ဒီဇိုင်းရေးဆွဲမယ့်အဖွဲ့က ကျန်းရှင်းက ဆိုတော့ သူတို့နဲ့ ဆက်သွယ်လို့ ရတယ်... ရုပ်ရှင်ဖြန့်ချိရေးပိုင်းကို ငါ တာဝန်ယူမယ်... ရုပ်ရှင် ကုမ္ပဏီကို ကြော်ငြာတာတွေ ဆက်လုပ်ခိုင်းထားလိုက်... ကြော်ငြာနေရာတွေ၊ မြေအောက် ရထား ကြော်ငြာတွေ စသဖြင့် ဝယ်လို့ရတယ်..."

"ကောင်းပါပြီ..."

ထိုသို့ ပြောဆိုပြီးနောက် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ ပြန်သွားခဲ့လေ၏။

(၂၀၂၄) ကလပ် ကို လက်ရှိတွင် စတင်ပြင်ဆင်နေပြီဖြစ်ပြီး နောက်ဖေးခြံဝင်းအတွင်း၌ ရှုခင်းအလှဆင် အပင်အမျိုးမျိုး၊ အိုးစိုက်မြေဆီလွှာများနှင့် အိုးစိုက်အပင်များကို စုပုံထားလေသည်။ မူလက သုတေသ န လုပ်ငန်းများအတွက် ရည်ရွယ်ထားသော သုတေသနစက်ရုပ်များသည် ယခုအခါ အထမ်းသမားများ အဖြစ် လုပ်နေကြပြီး ပစ္စည်းများကို ကုန်တင်ယာဉ်ပျံ များပေါ်သို့ အဆက်မပြတ် ရွှေ့ပြောင်းပေးကာ အနာဂတ်ကမ္ဘာရှိ ဂိုဒေါင် များဆီသို့ သယ်ယူပို့ဆောင်ပေးနေကြလေ၏။

ထို့နောက် ၎င်းတို့ကို ဂိုဒေါင်မှသည် ကလပ်သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

ကောင်းယွမ်သည် သူ၏ နောက်ဖေးခြံဝင်းတွင် တံခါးတစ်ပေါက်ကို ဖွင့်ထားခဲ့ပြီး အနောက်ဘက်ရှိ တာချင်းတောင် သို့ တိုက်ရိုက် ရောက်ရှိနိုင်လေသည်။ တူးဖော်ရရှိသော မြေကြီးများကို အိုးစိုက် မြေဆီလွှာများနှင့် ရောနှောပြီးနောက် အနာဂတ်ကမ္ဘာသို့လည်း သယ်ဆောင်သွားခဲ့ကြလေသည်။

ကောင်းမိသားစု၏ နောက်ဖေးခြံဝင်းတွင် ကောင်းယွမ်မှလွဲ၍ ကျန်အရာအားလုံးမှာ ယခုအခါ စက်ရုပ် များသာ ဖြစ်နေပြီး ပြင်ပလူများကို ဝင်ရောက်ခွင့် မပြုထားချေ။

(၂၀၂၄) ကလပ် အတွင်း၌ ဝမ်ရိဖေး၊ ပင်းပင်း နှင့် ဟွမ်ဖူရှန်း တို့သည် ဂိုဒေါင်ထဲမှ မြေကြီးကားများ ထွက်လာသည်ကို မြင်တွေ့ရသောအခါ ပါးစပ်ပင် မပိတ်နိုင်လောက်အောင် အံ့အားသင့်သွားခဲ့ ကြ လေ၏။

"သူဌေး... ဒီလောက်များတဲ့ မြေကြီးတွေကို ဘယ်ကရလာတာလဲ... ရေဒီယိုသတ္တိကြွနေတာတော့ မဟုတ်ဘူးမလား..."

ဝမ်ရိဖေးပင်းပင်း က မေးလိုက်လေသည်။

"အပြင်ဘက်ကနေ ရလာတာလေ..."

ဘေးတွင် ရပ်နေသော လင်းနန်ဝူ က မျက်လုံးအဝိုင်းသားဖြင့် ဝင်ပြောလိုက်လေသည်။

"အပြင်ဘက်က မြေကြီးတွေမှာ ရောင်ခြည်သင့်မှုတွေ ပြည့်နေတာ... ဒါက... ကျွန်မတို့ ကျန်းမာရေး အတွက် အန္တရာယ် မဖြစ်နိုင်ဘူးလား..."

ဝမ်ရိဖေးပင်းပင်း က ရယ်မောရင်း ပြောလိုက်လေသည်။

"မင်းက အရူးလုပ်ခံရဖို့ သိပ်လွယ်တာပဲ... ဒီမြေကြီးကို နမ်းကြည့်စမ်းပါ... လတ်ဆတ်ပြီး သဘာဝ ဆန်တယ်... ဘယ်လိုလုပ် ရေဒီယိုသတ္တိကြွ မြေကြီး ဖြစ်နိုင်မှာလဲ... ဒီဟာက ထိပ်တန်းအရည်အသွေး ရှိတဲ့ မူရင်းမြေကြီးပဲ..."

အိုးစိုက်မြေဆီလွှာများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် (၂၀၂၄) ကလပ် ကို အလျင်အမြန် ပြင်ဆင် လိုက်ပြီးနောက် ကျွမ်းကျင်အပင်စိုက်စက်ရုပ်များ ရောက်ရှိလာကာ ပန်းများ၊ မြက်များနှင့် သစ်ပင်များ ကို စိုက်ပျိုးခဲ့ကြလေသည်။ အပင်များအားလုံးကို ရှင်သန်နှုန်း ရာခိုင်နှုန်းပြည့် သေချာစေရန်အတွက် အထူးဖျော်ရည်တစ်မျိုးဖြင့် ဖျန်းပေးခဲ့ကြပေ၏။

ကောင်းယွမ်အနေဖြင့် အချို့သောအရာများကို ပြင်ဆင်ရန် လိုအပ်နေသေးပေသည်။

အပင်များနှင့် မြေဆီလွှာများအပြင် တိရစ္ဆာန်များလည်း ရှိနေသေး၏။

အနာဂတ်ကမ္ဘာတွင် တိရစ္ဆာန်များသည် အပင်များထက် ပိုမိုရှားပါးလာမည် ဖြစ်ပေသည်။ အပင်များ သည် အသက်ပိုရှည်ပြီး စားသုံးခံရခဲသော်လည်း တိရစ္ဆာန်များကမူ... မိမိတို့၏ နှာခေါင်းအောက်တွင် အမြဲတမ်း တွဲလောင်းကျနေသည့် ဤမျှကောင်းမွန်သော အစားအစာမျိုးကို မည်သူကမှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

တိရစ္ဆာန်များအတွက် အလောတကြီး မဖြစ်သေးပေ။ ၎င်းတို့ကို ဖွင့်ပွဲအခမ်းအနား မတိုင်မီ ပို့ဆောင် ပေးနိုင်လေသည်။

(၂၀၂၄) အစီအစဉ်ကို အလွန်လျင်မြန်သော နှုန်းထားဖြင့် ပြီးပြည့်စုံအောင် လုပ်ဆောင်နေကြလေ၏။

အပင်များဖြင့် ပြည့်နှက်နေသော စားသောက်ဆိုင် မြင်ကွင်းဆယ်ခုနှင့် အားကစား မြင်ကွင်းဆယ်ခု... သို့မဟုတ် ပို၍ တိကျစွာပြောရလျှင် လှုပ်ရှားမှု မြင်ကွင်းများပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ငါးဖမ်းခြင်းနှင့် ဥယျာဉ်စိုက်ပျိုးခြင်းတို့ကို ရိုးရာအားကစားများအဖြစ် မသတ် မှတ်သောကြောင့် ဖြစ်၏။

ကောင်းယွမ်၏ ရည်မှန်းချက်မှာ လွန်ခဲ့သော နှစ်တစ်ထောင်က အချိန်များကို အမှတ်ရစေမည့် ရိုးရာ ဆန်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်သော ကလပ်တစ်ခုကို ဖန်တီးရန်ပင် ဖြစ်ပေသည်။

အနာဂတ်ကမ္ဘာမှ သနားစရာကောင်းသော အခွင့်ထူးခံ ပုဂ္ဂိုလ်များကို သူတို့၏ ဘိုးဘေးများ လွန်ခဲ့သော နှစ်တစ်ထောင်က မည်သို့ နေထိုင်ခဲ့ကြကြောင်းနှင့် မည်သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ကြ ကြောင်း သိရှိစေရန် ဖြစ်လေသည်။

ကောင်းယွမ် တစ်ဦးတည်းကသာ ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်ပေသည်။ ထိပ်တန်း အထက်တန်းလွှာများသည် ပြောင်းဖူးခူးသည့် အတွေ့အကြုံကို ခံစားရုံသက်သက်အတွက် (၂၀၂၄) ကလပ် သို့ လာရောက်ရန် ငွေကြေးအမြောက်အများကို သုံးစွဲနေကြမည့် မြင်ကွင်းကို သူ တွေးကြည့်နိုင် လေ၏။

တွေးကြည့်ရုံမျှဖြင့်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

အဆင့်မြင့် ကလပ်သည် စနစ်ရမှတ် ကို အသုံးပြုထားပြီး အသင်းဝင်အဆင့်များကို စိန်အဆင့် အသင်း ဝင်၊ ရွှေအဆင့် အသင်းဝင်၊ ငွေအဆင့် အသင်းဝင် နှင့် ကြေးအဆင့် အသင်းဝင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားလေသည်။

စိန်အဆင့် အသင်းဝင် များသည် အစားအသောက်၊ အဖျော်ယမကာ၊ ဖျော်ဖြေရေးနှင့် တည်းခိုခန်းများ ကို အခမဲ့ ရရှိကြလေ၏။

အထပ်အားလုံးကို ရွှေအဆင့် အသင်းဝင် များအတွက် ဖွင့်လှစ်ပေးထားသော်လည်း ရွှေအဆင့်သည် လစဉ်ငွေပေးချေရသော ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး စုစုပေါင်း (၅၀) ရာခိုင်နှုန်း လျှော့စျေး ရရှိပေသည်။

ငွေအဆင့် အသင်းဝင် များတွင်မူ ကန့်သတ်ချက်များ ရှိလေသည်။ လစဉ်ငွေပေးချေနိုင်သော်လည်း အချို့သော ဝန်ဆောင်မှုများကို သူတို့အတွက် ဖွင့်လှစ်ပေးမထားချေ။

ကောင်းယွမ်သည် အထပ် (၂၅) နှင့်အထက်ကို တည်းခိုခန်း ဧရိယာအဖြစ် သတ်မှတ်ထားပြီး ၎င်းသည် ရွှေအဆင့် အသင်းဝင် နှင့် စိန်အဆင့် အသင်းဝင် များအတွက်သာ ဖွင့်လှစ်ပေးထားလေသည်။

အထပ် (၁၈) မှ( ၂၅) အထိတွင် ငါးဖမ်းခြင်း၊ မြင်းစီးခြင်း၊ ကမ္ဘာဦးသစ်တော စားသောက်ဆိုင် နှင့် အပူ ပိုင်းမိုးသစ်တော စားသောက်ဆိုင် စသည့် ရှားပါးသော ဆွဲဆောင်မှုရှိသည့် နေရာများ ပါဝင်ပေသည်။

ဤမြင်ကွင်းများကို ရွှေအဆင့် အသင်းဝင် နှင့် စိန်အဆင့် အသင်းဝင် များအတွက်သာ ရရှိနိုင်လေသည်။

အထပ် (၁၀) မှ (၁၈) အထိမှာ အတော်လေး ရှားပါးပြီး ကြေးအဆင့် အသင်းဝင် များအတွက် ဖွင့်လှစ် ပေးမထားခဲ့ပေ။ ငွေအဆင့်၊ ရွှေအဆင့်နှင့် စိန်အဆင့် အသင်းဝင်များ ဝင်ရောက်နိုင်သော်လည်း သုံးစွဲ မှုအဆင့်များမှာ ကွာခြားလေသည်။

ငွေအဆင့် အသင်းဝင် များသည် လျှော့စျေး မရရှိဘဲ ရွှေအဆင့် အသင်းဝင် များသည် (၅၀) ရာခိုင်နှုန်း လျှော့စျေး ရရှိကာ စိန်အဆင့် အသင်းဝင် များမှာမူ အခမဲ့ ဝင်ရောက်နိုင်ပေသည်။

အထပ် (၅) မှ (၁၀) အထိမှာမူ အသင်းဝင်အားလုံးအတွက် ဖွင့်လှစ်ပေးထားလေ၏။ ငွေအဆင့် အသင်းဝင် များသည် (၂၀) ရာခိုင်နှုန်း လျှော့စျေး ရရှိပြီး ကြေးအဆင့် အသင်းဝင် များမှာမူ လျှော့စျေး မရရှိကြပေ။

ပဉ္စမထပ်အောက်ရှိ အထပ်များသည် ရုံးခန်းများနှင့် သိုလှောင်ခန်းများအတွက် ဖြစ်လေသည်။ ကလပ် အနေဖြင့် နေ့စဉ်သုံး အပင်များနှင့် ထောက်ပံ့ရေးပစ္စည်း အချို့ကို အသင့်ထားရှိရန် လိုအပ်ပေသည်။

အသင်းဝင်အဆင့်များသည် လူမှုရေးအဆင့်အတန်းနှင့် ဆက်စပ်နေသော်လည်း အသင်းဝင်များသည် ကလပ်၏ တာဝန်များမှတစ်ဆင့် ရမှတ်များ ရယူနိုင်ပြီး ထိုရမှတ်များကို ၎င်းတို့၏ အသင်းဝင်အဆင့် မြှင့်တင်ရန်အတွက် အသုံးပြုနိုင်လေသည်။

ဥပမာအားဖြင့် ချင်ကန်း သည် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏သားဖြစ်သူမှာ လူသားဖယ်ဒရေး ရှင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သောကြောင့် ကောင်းယွမ်က ချင်ကန်း ကို စိန်အဆင့် အသင်းဝင် တစ်ခု လက်ဆောင်ပေးခဲ့လေသည်။

လူမှုရေးအဆင့်အတန်းအရ တိုက်ကြီးအဆင့် တာဝန်ရှိသူတစ်ဦး အသင်းသို့ ဝင်ရောက်လာပါက သူ့ကို စိန်အဆင့် အသင်းဝင်အဖြစ် ခန့်အပ်ပေးမည် ဖြစ်ပေသည်။

သီးခြားနယ်ပယ်တစ်ခုခုမှ ထိပ်တန်း ကျွမ်းကျင်ပညာရှင်များ၊ ဒေသဆိုင်ရာ အရာရှိများနှင့် ကမ္ဘာလုံး ဆိုင်ရာ စက်မှုလုပ်ငန်း ခေါင်းဆောင်များသည် ရွှေအဆင့် အသင်းဝင် များ ဖြစ်ကြလေသည်။

လုပ်ငန်းတွင်းရှိ နာမည်ကြီး ကျွမ်းကျင်ပညာရှင်များနှင့် ပညာရှင်များအပြင် ပထမတန်းစား မြို့ကြီး များမှ အရာရှိများသည် ငွေအဆင့် အသင်းဝင် များ ဖြစ်ကြလေ၏။

အသင်းဝင်အဖြစ် ပါဝင်လိုသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ သူဌေးကြီးများနှင့် သာမန်အရာရှိများ သည် ကြေးအဆင့် အသင်းဝင် ဖြစ်လာရန်အတွက် နှစ်စဉ်ကြေး ယွမ်ဆယ်သန်း ပေးဆောင်ရမည် ဖြစ်ပေသည်။

ကောင်းယွမ်သည် ဤအသင်းဝင်စည်းမျဉ်းများကို ဖန်တီးပြီး ဟွမ်ဖူရှန်း ထံသို့ ပေးအပ်လိုက် သောအခါ...၊

ဟွမ်ဖူရှန်း မှာ သူမ မြင်တွေ့လိုက်ရသည့်အရာများကြောင့် အံ့အားသင့်သွားခဲ့ရလေ၏။

ဝမ်ရိဖေးပင်းပင်း သည်လည်း သူဌေးဖြစ်သူအား လေးစားအားကျစွာဖြင့် ကြည့်လိုက်လေသည်။

"သူဌေးက တကယ်ကို သူဌေးပါပဲ... အရမ်းကို ရက်စက်တာပဲ... ငွေအဆင့် အထက်က အသင်းဝင်တွေ က နှစ်စဉ်ကြေး ပေးစရာမလိုဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းမှာ သူတို့ရဲ့ သုံးစွဲမှုတွေကနေ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနေတာပဲ...”

“တကယ်တမ်း ပိုက်ဆံပေးစရာမလိုတဲ့ သူတွေဆိုလို့ စိန်အဆင့် အသင်းဝင်တွေပဲ ရှိတာ... ဒါပေမဲ့ စိန်အဆင့် အသင်းဝင်တွေက အရှိန်အဝါကို ထိန်းသိမ်းဖို့အတွက်ပဲ ရှိနေတာလေ... တခြားသူတွေက အဆက်အသွယ်တွေ တည်ဆောက်ဖို့အတွက် ပိုက်ဆံပေးရပေမဲ့ ကျွန်မတို့ကတော့ တစ်ပြားမှ မပေးရ ဘဲ သူတို့ကလည်း အရမ်းကို ကျေနပ်နေကြဦးမှာ..."

ကောင်းယွမ် ခေါင်းညိတ်ပြလိုက်လေသည်။

"အဓိကအချက်က (၂၀၂၄) မှာ ငါတို့ဆီမှာ အင်အားရှိနေလို့ပဲ... အကယ်၍ တခြားကလပ်တွေမှာသာ ငါတို့ရဲ့ အင်အားမျိုး ရှိမယ်ဆိုရင် သူတို့လည်း ပိုက်ဆံသုံးစရာ လိုမှာမဟုတ်ဘူး..."

"ပင်းပင်း... ဒီကနေ့ မင်းက လူသိရှင်ကြားရနိုင်တဲ့ ထိပ်တန်း အသင်းဝင်တွေရဲ့ စာရင်းကို စုဆောင်းပါ... ပြီးရင် ငါ့ရဲ့ အသင်းဝင်စနစ်အရ သူတို့ကို အမျိုးအစားခွဲခြားပြီး ဖိတ်စာတွေ ပို့ပေးလိုက်ပါ... မှတ်ထား ရမှာက ငါတို့ဆီမှာ လက်တွေ့ကမ္ဘာ မြင်ကွင်းတွေ၊ သဘာဝအပင်အစစ်တွေ၊ တိရစ္ဆာန်အစစ်တွေ ရှိ တယ်ဆိုတာနဲ့ ချင်ကန်း လည်း ဝင်ရောက်ထားပြီးပြီဆိုတာကို ထည့်ပြောဖို့ လိုတယ်နော်...”

“ဖိတ်စာတွေကို စိန်အဆင့် အသင်းဝင်တွေဆီ အရင်ပို့ပါ... သူတို့ အကြောင်းပြန်ပြီးမှ ရွှေအဆင့် အသင်း ဝင်တွေဆီ ဖိတ်စာတွေ ပို့ပါ... ရွှေအဆင့် အသင်းဝင်တွေဆီ ဖိတ်စာပို့တဲ့အခါ ဝင်ရောက်ထားပြီးသား စိန်အဆင့် အသင်းဝင်တွေရဲ့ စာရင်းကိုပါ ထည့်ပေးလိုက်... အဲဒီလို ဆက်လုပ်သွားပေါ့... ငွေအဆင့် အသင်းဝင်တွေဆီ ဖိတ်စာပို့တဲ့အခါကျရင်လည်း စိန်အဆင့်နဲ့ ရွှေအဆင့် အသင်းဝင်တွေရဲ့ စာရင်းတွေ ကို ထည့်ပေးလိုက်..."

ဝမ်ရိဖေး ခေါင်းညိတ်လိုက်သော်လည်း ထို့နောက်တွင် မေးလိုက်လေသည်။

"တချို့လူတွေရဲ့ အထောက်အထားတွေက ထုတ်ဖော်မထားဘူးဆိုရင် ဘယ်လိုလုပ်မလဲ... ဒါမှမဟုတ်

တစ်ဖက်လူက အကြောင်းမပြန်လာဘူးဆိုရင်ကော..."

All Chapters