← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈)

၂၀၂၄ ကလပ် စတင်ဖွင့်လှစ်ခြင်း

မိုးသစ်တောအတွင်းရှိ ဧရာမသစ်ပင်ကြီးမှာ လူသုံးဦး ဖက်ရသည်အထိ ကြီးမားလှသဖြင့် အထူးပင် အာရုံစူးစိုက်ဖွယ် ဖြစ်နေခဲ့ပေသည်။

အနာဂတ်ကမ္ဘာရှိ လူသားတို့သည် ကြီးမားသော သစ်ပင်များနှင့် အကျွမ်းတဝင် မရှိကြသည်တော့ မဟုတ်ပေ။ နျူကလီးယားစစ်ပွဲအပြီး ထိုကာလ၌ အချို့သော နေရာများသည် အစွန်းအထင်းများဖြင့် ပြည့်နှက်နေသော မြေပျက်များ ဖြစ်နေသော်လည်း အချို့သောနေရာများ၌မူ သစ်ပင်ချုံနွယ်များမှာ ထိန်းမနိုင်သိမ်းမရအောင်ပင် ပေါက်ရောက်နေကြလေ၏။

သို့သော် ထိုအပင်များအားလုံး၌ သေစေနိုင်သော ဘေးအန္တရာယ်များ ကိန်းအောင်းနေခဲ့ကြပေသည်။

ဤသစ်ပင်ကြီးမှာမူ မည်သည့်ရောင်ခြည်သင့်မှုမျှ မရှိဘဲ လုံးဝသန့်စင်နေသည့် သဘာဝသစ်ပင်ကောင်း တစ်ပင်ပင် ဖြစ်နေခဲ့လေတော့သည်။

လူနေရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်အရာမဆို ရောင်ခြည်သင့်မှု ကာကွယ် ရေးစနစ်ဖြင့် စစ်ဆေးခြင်း ခံရမည်ဖြစ်ပြီး မြို့ပြအတွင်း၌လည်း ရောင်ခြည်သင့်မှု စောင့်ကြည့်ရေး ကိရိယာများ ရှိနေခဲ့ပေသည်။ အကယ်၍ တစ်စုံတစ်ရာသော နေရာ၌ ရောင်ခြည်သင့်မှု အဆမတန် မြင့်မားနေကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ ဝန်ထမ်းများသည် အန္တရာယ်မရှိစေရန် ချက်ချင်းပင် လာရောက် ရှင်းလင်းကြမည် ဖြစ်၏။

ထို့ကြောင့် ဤကမ္ဘာရှိ လူသားများသည် ကြီးမားသော သဘာဝအပင်များကို မြင်တွေ့နိုင်ရန် အခွင့် အရေး အလွန် ရှားပါးလှပေသည်။

ထိုအပင်များအပြင် ဤနေရာ၌ အားကစားဇုန် တစ်ခုလည်း ရှိနေသေးပြီး လူသားတို့အနေဖြင့် ခွေး ကျောင်းခြင်း၊ အမဲလိုက်ခြင်း၊ မြင်းစီးခြင်း၊ ငါးဖမ်းခြင်း၊ ပန်းစိုက်ခြင်းနှင့် အသီးအနှံများ စုဆောင်းခြင်း စသည့် လှုပ်ရှားမှုများကို အတွေ့အကြုံသစ်အဖြစ် ခံစားနိုင်ကြမည် ဖြစ်ပေသည်။

ဤသည်မှာ မြေပြင်ပေါ်သို့ သက်ဆင်းလာသော နတ်ဘုံနတ်နန်းပမာပင် ဖြစ်တော့၏။

ဤနေရာရှိ မည်သည့်နေရာမဆို အစ်မကြီးရှန်းနှင့် ပင်းပင်းတို့ စိတ်ကူးယဉ်နိုင်သည့် အတိုင်းအတာထက်ပင် ကျော်လွန်နေခဲ့လေသည်။

သို့သော် အင်္ဂါဂြိုဟ် အခြေစိုက်စခန်း၌ နေထိုင်ရန် သင့်လျော်သော ဖန်လုံအိမ်များ ရှိနေပြီဟု ဆိုကြပေ သည်။ သို့ရာတွင် အင်္ဂါဂြိုဟ်ပေါ်၌ နေထိုင်ရန် နေရာများ တည်ဆောက်ခြင်းမှာ အလွန်ပင် ကုန်ကျစရိတ် ကြီးမားလှပေ၏။ သတ္တုတူးဖော်ရေး လုပ်ငန်းအများစုကို စက်ရုပ်များဖြင့်သာ လုပ်ဆောင်ကြပြီး ရရှိ နိုင်သော ဝန်ထမ်းနေရာ အနည်းငယ်မှာလည်း သာမန်လူသားများအတွက် မဟုတ်ပေ။

ဝမ်ရီဖေးပင်းပင်းသည် ကြယ်တာရာ ခရီးသွားလမ်းညွှန​ေအဖြစ် အလုပ်လုပ်ကိုင်စဉ်က လကမ္ဘာ အထိသာ အဓိက သွားရောက်ခဲ့ရပြီး ဝေးလံသော နေရာများသို့ မရောက်ရှိခဲ့ဘူးပေ။

လကမ္ဘာ၏ မြေဆီလွှာမှာလည်း ကမ္ဘာမြေ၏ မြေဆီလွှာကဲ့သို့ပင် ရောင်ခြည်သင့်မှုများဖြင့် ပြည့်နှက်နေ ခဲ့ပေသည်။

အင်္ဂါဂြိုဟ်၏ မြေဆီလွှာမှာ အနည်းငယ် ပိုကောင်းသော်လည်း စိုက်ပျိုးရန် သင့်လျော်စေရန်အတွက် ရှုပ်ထွေးသော လုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်ရန် လိုအပ်ပေသေးသည်။

ထို့ကြောင့် သန့်စင်၍ စိုက်ပျိုးနိုင်သော မြေဆီလွှာ အနည်းငယ်မျှသည်ပင်လျှင် အလွန်တန်ဖိုးကြီး လှပေ၏။

ကောင်းယွမ်သည်( ၂၀၂၄) ကလပ် တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးပြီးသွားခဲ့လေသည်။

"ကောင်းပြီ... အစ်မကြီးရှန်းနဲ့ ပင်းပင်း... အသင်းဝင် ဖိတ်ကြားလွှာတွေ ပေးပို့တဲ့ ကိစ္စကကော ဘယ်လို အခြေအနေ ရှိလဲ..."

"သူဌေး... သူဌေးက ဖိတ်ကြားလွှာတွေထဲမှာ ကျွန်မတို့ ကလပ်ရဲ့ ဗီဒီယိုကိုပါ ထည့်ချင်တယ်လို့ ပြောခဲ့ တဲ့အတွက် ဒီနေ့မှပဲ ပေးပို့လိုက်ရပါတယ်... အခုလေးတင် စိန်အဆင့် အသင်းဝင်တွေဆီကို ဖိတ်ကြား လွှာ (၁၆) စောင် ပေးပို့ပြီးသွားပါပြီ... အခုထိတော့ လူသားဖယ်ဒရေးရှင်း သတ္တုတွင်းဗျူရိုက ဌာနမှူး လျူဇီယွီဆီကပဲ အကြောင်းပြန်ချက် ရပါသေးတယ်... ကျန်တဲ့သူတွေကိုတော့ စောင့်နေဆဲပါပဲ..."

"ကောင်းပြီ... ရွှေအဆင့်နဲ့ ငွေအဆင့် အသင်းဝင်တွေဆီကိုလည်း မြန်မြန် ပို့လိုက်ကြပါ... ရွှေအဆင့် အသင်းဝင်တွေဆီ ပို့တဲ့အခါ ဖိတ်ကြားခံထားရတဲ့ စိန်အဆင့် အသင်းဝင်စာရင်းကိုပါ ပူးတွဲပေးဖို့ မမေ့နဲ့ဦးနော်..."

"ဟုတ်ကဲ့ပါ သူဌေး..."

"ဪ... ပြီးတော့... စိန်အဆင့်နဲ့ ရွှေအဆင့် အသင်းဝင်တွေဆီက အကြောင်းပြန်ချက် ရတာနဲ့ အသင်းဝင် ချစ်ပ်ပြားတွေ သွားပို့ပေးဖို့ လူလွှတ်လိုက်ပါအုန်း..."

ကောင်းယွမ်က ညွှန်ကြားချက်များ ပေးလိုက်လေသည်။

"နားလည်ပါပြီ သူဌေး..."

ကောင်းယွမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက်၊

"ကျားယွင် ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် လဲ့ချင်းမေနဲ့ ကုန်သည် ချင်းမူကုထန်းတို့ကိုလည်း ကြေး အဆင့် အသင်းဝင် ချစ်ပ်ပြားတွေ ပေးလိုက်ပါ... ပြီးတော့ သူတို့အတွက် တစ်နှစ်စာ အသင်းဝင်ကြေးကို ကင်းလွတ်ခွင့် ပေးလိုက်ပါ..."

ထိုသူနှစ်ဦးမှာ ကောင်းယွမ်၏ ပထမဆုံးသော စီးပွားဖက်များ ဖြစ်ကြပေသည်။

သို့သော် သူတို့မှာ အဆင့်အတန်း မြင့်မားသူများ မဟုတ်ကြသဖြင့် တစ်နှစ်စာ အသင်းဝင်ကြေး ကင်း လွတ်ခွင့် ပေးခြင်းမှာပင် သူတို့အတွက် ကြီးမားလှသော ကျေးဇူးတရား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ငွေကြေးချမ်းသာသော်လည်း အာဏာမရှိသော ထိုသူများသည် အသင်းဝင်ရန် ပိုမို လိုလား ကြပေလိမ့်မည်။ အကြောင်းမှာ အနာဂတ်ကမ္ဘာ၏ လူမှုအဆင့်အတန်း ခွဲခြားမှုမှာ လက်ရှိကမ္ဘာထက် များစွာ ပိုမို တင်းကျပ်လှသောကြောင့် ဖြစ်၏။

သူတို့အနေဖြင့် စစ်မှန်သော အထက်တန်းလွှာများနှင့် ထိတွေ့နိုင်ရန် မည်သည့်လမ်းစမျှ မရှိသော်လည်း ဤကလပ်သို့ ဝင်ရောက်နိုင်သည်နှင့် မိမိထက် အဆင့်မြင့်သော အသင်းဝင်တိုင်းမှာ မိမိကို ဦးဆောင် မည့်သူများ ဖြစ်လာကြပေလိမ့်မည်။

မည်သည့် အသင်းဝင်မဆိုလည်း စီးပွားဖက် တစ်ဦး ဖြစ်လာနိုင်ပေသည်။

(၂၀၂၄) သည် ကလပ်တစ်ခုမျှသာ မဟုတ်ဘဲ ဂုဏ်သရေရှိသော လူမှုဆက်ဆံရေး နယ်ပယ်တစ်ခုလည်း ဖြစ်ပေသည်။

တာဝန်များ ပေးအပ်ပြီးနောက် ကောင်းယွမ် အိမ်သို့ ပြန်ရန် ပြင်လိုက်စဉ် ဝမ်ရိဖေးက မေးလိုက်လေ သည်။

"သူဌေး... ကျွန်မတို့ ကလပ်အတွက် ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေ ထပ်ခေါ်ဖို့ လိုအုန်းမလား..."

ကောင်းယွမ် ခဏမျှ စဉ်းစားလိုက်၏။

"စိတ်ကြိုက် ပြုလုပ်ထားတဲ့ စက်ရုပ်တွေဆိုရင်ရော... ဒါနဲ့... ဉာဏ်ရည်တု အပြည့်အဝပါတဲ့ စက်ရုပ် တွေ မဟုတ်ဘဲ ရိုးရှင်းတဲ့ အခြေခံ အလိုအလျောက် စက်ကိရိယာတွေဆိုရင် ရပါပြီ..."

"ဒါပေမဲ့... စက်ရုပ်တွေကို သုံးတာက မလေးစားရာ မကျဘူးလား... ပြီးတော့ ဉာဏ်ရည်တု စက်ရုပ် တွေအစား အခြေခံ စက်ကိရိယာတွေကို သုံးတာက အဆင်မပြေ ဖြစ်နေမလား..."

ကောင်းယွမ်သည် ခြေတံရှည်လှပသော အလှပဂေးလေး ပင်းပင်းကို ကြည့်လိုက်လေသည်။

"ပင်းပင်း... အကယ်လို့ ငါတို့က လူသား ဝန်ထမ်းတွေကို ခန့်မယ်ဆိုရင် သူတို့ကို သင်တန်းပေးရဦးမှာ မဟုတ်လား... ပြီးတော့ လူဆိုတာ မှားတတ်ကြတယ်... ငါတို့ ကလပ်က အပန်းဖြေမှု၊ သက်သောင့်သက် သာရှိမှု၊ ရှားပါးမှုနဲ့ စစ်မှန်မှုကို အလေးပေးထားတာ... ဒါ့အပြင် အသင်းဝင်တွေအားလုံးက အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ... နင်တို့ စကားပြောနေတဲ့အချိန်မှာ ဘေးနားမှာ တစ်ယောက်ယောက် ရပ်နေမယ် ဆိုရင် စိတ်ထဲမှာ အေးအေးလူလူ ရှိပါ့မလား..."

ဝမ်ရိဖေးက ခေါင်းခါပြလိုက်၏။

"ဒါကြောင့်မို့လို့ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်က ပိုပြီး အရေးကြီးတယ်... လူသားတွေရော ဉာဏ်ရည်တု စက်ရုပ်တွေရောက လျှို့ဝှက်ချက်ကို အပြည့်အဝ ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး... ဒီအရေးကြီးတဲ့ ပုဂ္ဂိုလ် တွေရဲ့ ပြောစကားတွေကို သူတို့က ပေါက်ကြားစေနိုင်တယ်... ဒါပေမဲ့ အခြေခံ အလိုအလျောက် စက်ကိ ရိယာတွေကတော့ အဲဒီလို မဟုတ်ဘူး... နားလည်လား...”

“ဟုတ်ပါတယ်... ငါတို့မှာ ဉာဏ်ရည်တု စက်ရုပ်တွေလည်း လိုအပ်ပါတယ်... ဥပမာ ဧည့်သည်တွေ ပြန်သွားတဲ့အခါ နေရာတွေကို နဂိုအတိုင်း ပြန်ဖြစ်အောင် ရှင်းလင်းဖို့အတွက်ပေါ့..."

ကောင်းယွမ် စကားပြောပြီးသည့်အခါ၊

ဟွမ်ဖူရှန်းက ဝင်ရောက် ပြောဆိုလိုက်လေသည်။

"သူဌေး ဆိုလိုချင်တာက ရှင်းပါတယ်... (၂၀၂၄) ကလပ်မှာတော့ အရာအားလုံးကို ကိုယ်တိုင် လုပ်ဆောင် တာက အကောင်းဆုံးပါပဲ..."

"ဟုတ်တယ်... အကယ်လို့ ဧည့်သည်တွေက တောင်းဆိုမယ်ဆိုရင် သူတို့အတွက် ငါတို့ကိုယ်တိုင်တောင် ချက်ပြုတ်ပေးလို့ ရတာပဲ..."

အစ်မကြီးရှန်းနှင့် ပင်းပင်းတို့မှာ ချက်ချင်းပင် နားလည်သွားကြလေသည်။

တကယ့်ကို ကောင်းမွန်လှသော အကြံဉာဏ်ပင် ဖြစ်ပေသည်။ ဤချမ်းသာကြွယ်ဝသော သူဌေးကြီး များသည် အခြားနေရာများတွင် အကောင်းဆုံး ဝန်ဆောင်မှုများကို ရရှိနိုင်သော်လည်း ဤနေရာ၌မူ သတ်မှတ်ထားသော အစီအစဉ်အတိုင်း လုပ်ဆောင်သည့် အခြေခံ စက်ကိရိယာများကိုသာ တွေ့ရှိကြရ မည် ဖြစ်၏။ ဉာဏ်ရည်တုများ မရှိသလို၊ အခြားသော သူများလည်း ရှိနေမည် မဟုတ်ပေ။

...

အနာဂတ်ကမ္ဘာ၏ နည်းပညာ အဆင့်အတန်းမှာ လက်ရှိကမ္ဘာထက် များစွာ သာလွန်လှပေသည်။ သို့ သော် နည်းပညာနှင့် သတင်းအချက်အလက်များ တိုးတက်လာသည်နှင့်အမျှ အင်တာနက်သည် လူသား တို့အား သီးခြား ကမ္ဘာငယ်လေးများအဖြစ် ခွဲခြားလိုက်သကဲ့သို့ ဖြစ်နေခဲ့လေသည်။

ဤလမ်းကြောင်းမှာ မျက်မှောက်ခေတ် ကမ္ဘာ၌ပင် စတင်နေပြီ ဖြစ်၏။

ယခင်က လူသားတို့သည် ကမ္ဘာတစ်ဝန်းရှိ သတင်းများကို သိရှိနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အက်ပ် များကို ဖွင့်လိုက်သည်နှင့် မိမိစိတ်ဝင်စားရာများကိုသာ ဦးစားပေး ဖော်ပြနေကြခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့် လူကြီး တစ်ဦးသည် ဗီဒီယိုအတို အက်ပ်ကို ဖွင့်လိုက်ပါက ဆွဲဆောင်မှုရှိသော အမျိုး သမီးများ၏ ဗီဒီယိုများကိုသာ တွေ့မြင်ရမည် ဖြစ်၏။

အနာဂတ်တွင်မူ ဤအခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့လေသည်။

ဝမ်ရိဖေး ပင်းပင်းနှင့် ဟွမ်ဖူရှန်းတို့သည် (၂၀၂၄) နှင့် ပတ်သက်သော ဗီဒီယိုများစွာကို ပလက်ဖောင်း အသီးသီး၌ တင်ခဲ့ကြသော်လည်း၊

အဆင့်မြင့် သတင်းအချက်အလက်များကို ဂရုပြုသော လူနည်းစုသာလျှင် ၎င်းကို မြင်တွေ့ခဲ့ကြရသည်။ ထိုသူများမှာ အဓိကအားဖြင့် အထက်တန်းလွှာနှင့် အလယ်အလတ်တန်းစားများ ဖြစ်ကြပေသည်။

သဘာဝကျစွာပင် ကောင်းယွမ်အနေဖြင့် အောက်ခြေလူတန်းစားများ၏ အာရုံစိုက်မှုကို မလိုအပ်ပေ။

အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

ဤနေ့သည် (၂၀၂၄) ကလပ်ကို စတင်ဖွင့်လှစ်သည့် နေ့ ဖြစ်ပေသည်။

သို့သော် လူအများအပြား ရောက်ရှိလာခြင်း မရှိပေ။ စိန်အဆင့် အသင်းဝင်များနှင့် ချင်ကန်း အပါအဝင် ဖိတ်ကြားလွှာ (၁၃) စောင် ပေးပို့ခဲ့သော်လည်း ခြောက်ဦးသာ ရောက်ရှိလာခဲ့သည်။

ရွှေအဆင့် အသင်းဝင် (၆၀) ကို ဖိတ်ကြားခဲ့ရာ အယောက် (၄၀) ရောက်ရှိလာခဲ့၏။

ငွေအဆင့် အသင်းဝင် (၃၀၀) ကို ဖိတ်ကြားခဲ့ရာ (၂၆၀) ဦးသာ ရောက်ရှိလာခဲ့လေသည်။

စုစုပေါင်း လူဦးရေ သုံးရာကျော်မျှသာ ရှိပေသည်။

သို့သော် ကောင်းယွမ်မှာမူ ကျေနပ်နေခဲ့ပြီ ဖြစ်၏။ သူသည် လူလုံးမပြဘဲ အစ်မကြီးရှန်း၊ ပင်းပင်းနှင့် ဉာဏ်ရည်တု စက်ရုပ်အချို့ကိုသာ ဧည့်ခံရန် တာဝန်ပေးထားခဲ့သည်။ ကောင်းယွမ်သည် လျှို့ဝှက်ချက် တစ်ခုကို ထိန်းသိမ်းထားလိုသောကြောင့်ပင်။

ချင်ကန်းမှာမူ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကပင် ရောက်ရှိလိုစိတ်ဖြင့် တထိတ်ထိတ် ဖြစ် နေခဲ့ရလေသည်။ သစ်ပင်ပန်းမန်များကို မြတ်နိုးသူတစ်ဦးအနေဖြင့် သူသည် အပင်အားလုံးကို ချစ်မြတ်နိုးသူ ဖြစ်၏။

သစ်ပင်များဖြင့် ပြည့်နှက်နေသော ဗီဒီယိုများကို မြင်လိုက်ရသည့်အခါ သူသည် ရူးသွပ်လုမတတ်ပင် ဖြစ်သွားခဲ့ရပေသည်။

ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် ဤအပင်များသည် စစ်မှန်သော သဘာဝအပင်များ ဖြစ်ကြောင်းနှင့် ရောင်ခြည်သင့်မှု လုံးဝ မရှိကြောင်း သူ ကောင်းစွာ သိရှိနိုင်ပေသည်။ ထို့ထက် ပို၍ ထူးခြားသည်မှာ ထိုအပင်များထဲတွင် သစ်ပင်ကြီးများစွာ ပါဝင်နေခြင်းပင် ဖြစ်၏။

ထို့ကြောင့် ယနေ့ ရောက်ရှိလာသည့်အခါ ပိုင်ရှင်က ထွက်မတွေ့သည်ကို သူ ဂရုမစိုက်ဘဲ မြေပုံအတိုင်း အပင်များရှိရာ စားသောက်ဆိုင်သို့ တန်းတန်းမတ်မတ်လာခဲ့လေတော့သည်။

ဤနေရာများတွင် မည်သည့် ဝန်ဆောင်မှု ဝန်ထမ်းမျှ မရှိပေ။

အသင်းဝင်တစ်ဦးသည် တံခါးဝသို့ ချဉ်းကပ်လိုက်သည်နှင့် တံခါး၌ တပ်ဆင်ထားသော စမတ်ကိရိယာ က ချစ်ပ်ပြားကို စစ်ဆေးမည် ဖြစ်ပြီး အသင်းဝင်အဆင့် လုံလောက်ပါက တံခါးမှာ အလိုအလျောက် ပွင့်သွားမည် ဖြစ်၏။

လျူဇီယွီသည် အောက်ထပ်သို့ ဆင်းလာစဉ် သူဌေးက ထွက်၍ မကြိုဆိုသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။

သို့သော် ရှေ့တွင် ချင်ကန်းကို မြင်လိုက်ရသည့်အခါ မိတ်ဖြစ်ဆွေဖြစ် စကားပြောရန် နောက်မှ လိုက် သွားခဲ့လေသည်။

ချင်ကန်း၏ သားမှာ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သဖြင့် သူ၏ အထက်လူကြီး ဖြစ်နေခဲ့သည် မဟုတ်ပါလော။

သူ လိုက်မမီခင်မှာပင် အဘိုးကြီး ချင်သည် အလွန်မြန်သော အရှိန်ဖြင့် ပြေးသွားသည်ကို တွေ့လိုက်ရ ပြီး တစ်စုံတစ်ယောက်က သူ့ကို နောက်မှ လှမ်းခေါ်လိုက်လေသည်။

လှည့်ကြည့်လိုက်ရာ ကမ္ဘာမြေဒေသကောင်စီ ဥက္ကဋ္ဌ နျူးလန်ရှန်း ဖြစ်နေသဖြင့် သူ နှုတ်ဆက်ရန် ရပ် လိုက်လေ၏။

"ဥက္ကဋ္ဌနျူး... ခင်ဗျားလည်း ရောက်နေတာပဲလား..."

"ဟုတ်တယ်... အလုပ်တွေကလည်း အရမ်းများနေတာနဲ့... ဒီမှာ ငါးဖမ်းလို့ ရတယ်ဆိုတာ မြင်လိုက် လို့လေ... ပြီးတော့ အဘိုးကြီးချင်လည်း ရောက်နေတယ်ဆိုတော့ ပျော်စရာကောင်းအောင် လာခဲ့တာ ပါ..."

သူတို့ နှစ်ဦးလုံးမှာ စိန်အဆင့် အသင်းဝင်များ ဖြစ်ကြပေသည်။

ချင်ကန်းသည် သစ်ပင်ပန်းမန်ဇုန်သို့ သွားမည်ကို သူတို့ သိသော်လည်း ဇုန်များစွာ ရှိနေသဖြင့် မည်သည့် နေရာသို့ သွားသည်ကို သူတို့ မသိကြပေ။

ထို့ကြောင့် သူတို့သည် တစ်နေရာစီ လှည့်ပတ်ကြည့်ရှုခဲ့ကြလေသည်။

ပထမ (၅) ထပ်မှာ ရုံးခန်းများ ဖြစ်သဖြင့် အများပြည်သူအား ဝင်ခွင့်ပြုထားခြင်း မရှိဘဲ (၆) ထပ်မှ စတင်၍ ကြည့်ရှုနိုင်ခြင်း ဖြစ်၏။

သူတို့ ဝင်ဝင်ချင်းမှာပင်၊

လျူဇီယွီမှာ လုံးဝပင် အံ့အားသင့်သွားရလေသည်။

ဤသည်မှာ မည်သည့်နေရာပါနည်း။

"စုဆောင်းရေးဇုန် (၁) - မက်မွန်ဥယျာဉ်..."

နျူးလန်ရှန်းက အဝင်ဝရှိ ဆိုင်းဘုတ်ကို ကြည့်ကာ ဖတ်လိုက်လေသည်။

မက်မွန်သီးများ မှည့်ဝင်းနေသော ရာသီဖြစ်သဖြင့် ပန်းရောင်ရင့်ရင့် မက်မွန်သီးများမှာ သစ်ကိုင်းများ ပေါ်တွင် တွဲလောင်းကျနေလျက်ရှိပြီး အဝင်ဝ၌ ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့ပေသည်။

[ဤခန်းမသည် စိန်၊ ရွှေ၊ ငွေနှင့် ကြေးအဆင့် အသင်းဝင်အားလုံးကို ကြိုဆိုပါသည်...]

[အသင်းဝင်များသည် မိမိတို့ စိတ်ကြိုက် အသီးအနှံများကို ဆွတ်ခူးစားသုံးနိုင်ပါသည်။ ဤခန်းမရှိ အပင် များ အားလုံးမှာ သဘာဝအတိုင်းဖြစ်ပြီး ရောင်ခြည်သင့်မှုနှင့် ပိုးသတ်ဆေး လုံးဝ ကင်းစင်ပါသည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို တန်းပြီး စားသုံးနိုင်သလို စမ်းရေဖြင့် ဆေးကြော၍လည်း စားသုံးနိုင်ပါသည်...]

[မှတ်ချက် - ဤခန်းမအတွက် ကုန်ကျစရိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် - စိန်အဆင့် (အခမဲ့)၊ ရွှေအဆင့် (၅၀၀,၀၀၀)၊ ငွေအဆင့် (၈၀၀,၀၀၀)၊ ကြေးအဆင့် (၁,၀၀၀,၀၀၀)]

လျူဇီယွီနှင့် နျူးလန်ရှန်းတို့သည် တစ်ဦးကိုတစ်ဦး မှင်သက်စွာ ကြည့်လိုက်ကြလေသည်။ သူတို့သည် လူသားတို့၏ အထက်တန်းလွှာများ ဖြစ်ကြသဖြင့် မက်မွန်သီးများကို မြည်းစမ်းဖူးပြီး မက်မွန်ပင်များကို လည်း မြင်ဖူးကြသော်လည်း ဤမျှ ကျယ်ပြောလှသော နေရာတွင် တက်ကြွလန်းဆန်းနေသည့် မက်မွန် ပင်များဖြင့် ပြည့်နှက်နေသည်မှာ အမှန်တကယ်ပင် ရှားပါးလှသော မြင်ကွင်းဖြစ်ပေသည်။

သူတို့ အတွင်းသို့ ဆက်လက် လျှောက်လှမ်းသွားသည့်အခါ သူတို့ မှားယွင်းသွားကြောင်း ထပ်မံ သိလိုက် ရပြန်သည်။ အပြင်ဘက်ရှိ မက်မွန်သီးများမှာ မှည့်နေပြီ ဖြစ်သော်လည်း အတွင်းဘက်ရှိ အပင်များမှာမူ အသီးစတင် သီးနေဆဲ ဖြစ်၏။ ထိုထက် ပို၍ အတွင်းကျသော နေရာ၌မူ မက်မွန်ပန်းများမှာ စတင်၍ ပွင့်ဖူးနေကြပြီး အထဲဆုံးရှိ မက်မွန်ပင်များမှာမူ အဖူးများ စတင်ထွက်ပေါ်နေကြလေပြီ ဖြစ်သည်။

ဤသည်မှာ ကောင်းယွမ်က အပြင်ဘက်ရှိ ဟင်းသီးဟင်းရွက် ဖန်လုံအိမ်မှ တိုက်ရိုက် ရွှေ့ပြောင်း စိုက်ပျိုးထားခြင်း ဖြစ်ပေသည်။

အသင်းဝင်များအနေဖြင့် မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ မက်မွန်ပန်းများကို မြင်တွေ့ နိုင်ပြီး မက်မွန်သီးများကို စားသုံးနိုင်ရန် သူတို့က အာမခံထားခြင်း ဖြစ်၏။

လျူဇီယွီသည် အချိန်အတော်ကြာ မှင်သက်နေပြီးမှ မေးလိုက်လေသည်။

"ဒီကလပ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ ခင်ဗျား သိလား..."

နျူးလန်ရှန်းက ခေါင်းခါယမ်းလိုက်၏။

"ကျွန်တော် စုံစမ်းကြည့်တော့ နာမည်က ကောင်းယွမ်ယွမ်ကောင်း တဲ့... ဒါပေမဲ့ အဲဒါက နာမည်အတု ဖြစ်မှာ သေချာပါတယ်... စာလုံးလေးလုံးပါတဲ့ အမည်ရှိတဲ့သူတစ်ယောက်က ဒီလောက်များပြားတဲ့ မက်မွန်ပင်တွေကို ရှာနိုင်စွမ်း ရှိမှာ မဟုတ်ဘူး... ဒီမက်မွန်ပင်တွေ အားလုံးက မြို့ထဲက ကိုယ်ပိုင်ခြံဝင်း တွေထဲမှာ ပေါက်နေတာတွေ ဖြစ်ရမယ်..."

လျူဇီယွီ ခေါင်းညိတ်လိုက်လေသည်။

"မက်မွန်ပင်တွေတင် မဟုတ်ဘူး... မြေဆီလွှာကိုရော သတိထားမိလား... ဒီလောက် ကျယ်ပြန့်တဲ့ မြေဆီလွှာတွေ ရဖို့အတွက် မြေ ဘယ်လောက်တောင် လိုမလဲ... ဈေးကွက်ထဲမှာ စိုက်ပျိုးမြေ တစ်ပေါင်ကို (၅၀,၀၀၀) ပေးရတာ... ဒီမှာ တန် ဘယ်လောက်ရှိမလဲ... တန်တစ်ထောင်လား... ဆိုရင် ဘီလီယံ တစ်ရာလောက် တန်ဖိုးရှိနေပြီ... ပြီးတော့ ဒါက အခြေခံအကျဆုံး ခန်းမပဲ ရှိသေးတာ..."

သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် အံ့အားသင့်သွားကြလေသည်။

ဤနေရာကို မည်သူ ပိုင်ဆိုင်ပါသနည်းဟု နျူးလန်ရှန်းက စဉ်းစားနေမိ၏။ အကယ်၍ သူသာ အစွမ်းကုန် ကြိုးစားမည်ဆိုပါက ဤမျှလောက်သော စိုက်ပျိုးမြေကို ရှာနိုင်ကောင်း ရှာနိုင်လိမ့်မည် ဖြစ်သော်လည်း မက်မွန်ဥယျာဉ် တစ်ခု တည်ဆောက်ရန်အတွက်မူ မည်သည့်အခါမျှ အသုံးချလိမ့်မည် မဟုတ်ပေ။

လျူဇီယွီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး၊

"အဘိုးကြီးချင် ဒီမှာ မရှိဘူး... အပေါ်ထပ်ကို ဆက်သွားရအောင်..."

(၇) ထပ်မှာလည်း စုဆောင်းရေးဇုန် တစ်ခု ဖြစ်နေခဲ့ပြန်၏။

“စုဆောင်းရေးဇုန် (၂) - သဲကန္တာရ”

ဤနေရာ၌ မြင်တွေ့ရသမျှမှာ သဲကန္တာရသာ ဖြစ်ပြီး ဧရာမ ရှားစောင်းပင်ကြီးများမှာ တစ်ခါတစ်ရံ တွေ့ ရှိရတတ်ကာ ထိပ်ဖျားတွင် ရှားစောင်းသီးများ ရှိနေခဲ့ပေသည်။ အလယ်ပိုင်းတွင်မူ သစ်သီးပင်များ၊ သဲလီလီများနှင့် သဲကြက်သွန်နီပင်များလည်း ရှိနေခဲ့လေသည်။

အပင်တိုင်း၌ အသေးစိတ် ဖော်ပြချက်များ ပါရှိနေခဲ့၏။

သို့သော် အံ့ဩစရာအကောင်းဆုံးမှာ ထိုအပင်များကို စုဆောင်းနိုင်ခြင်းပင် ဖြစ်သော်လည်း သဲကန္တာရ ဖြစ်နေသဖြင့် အရေအတွက်မှာမူ များပြားလှခြင်း မရှိပေ။

လျူဇီယွီမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်၏။

သို့သော် သူ အတွင်းသို့ ဆက်လက် ဝင်ရောက်သွားသည့်အခါ သဲကန္တာရ၏ အလယ်တွင် ကန်ငယ် တစ်ခုကို မြင်လိုက်ရပြီး ကန်ထဲ၌ ငါးများ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

လျူဇီယွီမှာ အလွန်ပင် ချီးကျူးမိသွားရတော့သည်။ ဤမြင်ကွင်းကို ဖန်တီးခဲ့သူမှာ အမှန်တကယ်ပင် ဆရာတစ်ဆူ ဖြစ်ရပေမည်။ ပထမဇုန်ထက် ပစ္စည်းနည်းပါးသော်လည်း ပိုမို စိတ်ဝင်စားဖွယ် ကောင်းလှ ပေသည်။

သူသည် တံခါးနားတွင် ငါးမျှားတံများ၊ ကွန်များနှင့် လှံများ၊ ပေါက်တူးများနှင့် ဝါးလုံးများကိုလည်း တွေ့ ရှိခဲ့ရလေရာ စုဆောင်းခြင်းအတွက် ရည်ရွယ်သည့် ကိရိယာများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

မြင်ကွင်းတစ်ခုလုံးတွင် ဝန်ဆောင်မှု ဝန်ထမ်း တစ်ဦးမျှ မရှိနေခဲ့ပေ။

လျူဇီယွီနှင့် နျူးလန်ရှန်းတို့သည် (၈) ထပ်သို့ တက်လာခဲ့ကြလေသည်။

ဤနေရာမှာမူ စားသောက်ဆိုင် တစ်ခု ဖြစ်နေခဲ့လေပြီ။

စုဆောင်းရေးဇုန် မဟုတ်တော့သော်လည်း ဤစားသောက်ဆိုင်မှာ ဇိမ်ခံမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

ဤသည်မှာ ဆီးနှင်းဖုံးတောင်တန်း မြင်ကွင်း ဖြစ်ပေသည်။ အဝင်ဝတွင် လဲလှယ်ဝတ်ဆင်ရန် ဂွမ်းခံ အင်္ကျီများနှင့် အနွေးထည်များ ရှိနေခဲ့လေ၏။

လျူဇီယွီ အလွန်အံ့ဩသွားရသည်။ သူတို့သည် ဤနေရာ၌ အပူချိန်ထိန်းအဝတ်အစားကို မသုံးဘဲ ရှေးဟောင်းပုံစံ ဂွမ်းခံအင်္ကျီများကို အသုံးပြုထားခြင်း ဖြစ်၏။ ဂွမ်း တစ်ဂရမ်၏ တန်ဖိုးမှာ အပူချိန် ထိန်းအဝတ်အစား တစ်ထည် ဝယ်နိုင်သည်အထိ တန်ဖိုးရှိသည်ကို ခင်ဗျားတို့ သိကြပေလိမ့်မည်။ ဂွမ်း ဆိုသည်မှာပင် တန်ဖိုးရှိနေပြီ ဖြစ်ရာ ငှက်မွေးအနွေးထည် ဆိုလျှင်မူ ပို၍ပင် ရှားပါးလှပေတော့မည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ စားသောက်ဆိုင်အတွင်း၌ သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေပြီး ထင်းရှူးပင်များစွာ၊ မက်မွန်ပန်းများနှင့် ထောင့်စွန်းရှိ သစ်ခွပန်း အနည်းငယ်ကိုလည်း တွေ့မြင်နိုင် ပေသည်။

လျူဇီယွီသည် ဤနေရာ၌ နှင်းကြာပန်းများကိုပင် မြင်တွေ့လိုက်ရလေသည်။

ဤအရာတိုင်းမှာ ထိပ်တန်း အရည်အသွေးများသာ ဖြစ်ကြ၏။ ထင်းရှူးပင်များကို ထားပါဦး၊ သစ်ခွပန်း သို့မဟုတ် နှင်းကြာပန်း တစ်ပွင့်ကို တူးဖော်ရရှိခြင်းသည်ပင် စက်ရုံငယ် တစ်ခု ပိုင်ဆိုင်နိုင်သည်အထိ တန်ဖိုးရှိပေသည်။

ဤသူဌေးမှာ... မည်မျှအထိ အစွမ်းထက်နေပါသနည်း။

ထို့အပြင် လျူဇီယွီနှင့် နျူးလန်ရှန်းတို့သည် ချင်ကန်းကိုလည်း ဤနေရာ၌ တွေ့လိုက်ရလေသည်။

ချင်ကန်းသည် နှင်းကြာပန်း တစ်ပွင့်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ စိတ်လှုပ်ရှားနေသော မျက်နှာ ဖြင့် ကြည့်နေခဲ့၏။

"ဒါက တကယ့် နှင်းကြာပန်းစစ်စစ်ပဲ..."

"တကယ်ကို ရှားပါးလှတဲ့အရာပဲ..."

လျူဇီယွီနှင့် နျူးလန်ရှန်းတို့ လျှောက်သွားလိုက်ကြပြီး၊

"အဘိုးကြီးချင်..."

ချင်ကန်း လှည့်ကြည့်လိုက်ကာ၊

"ဪ... မင်းတို့ပဲလား... တော်တော် မြန်ကြတာပဲ... အောက်ထပ်မှာ မက်မွန်သီးတွေ မစားခဲ့ကြဘူး လား..."

"အဘိုးကြီးချင်... အဘိုးကြီးက ဒီကလပ်ကို ပထမဆုံး အသင်းဝင်တဲ့သူလို့ ကြားရတယ်..."

"အင်း..." ဟု ချင်ကန်းက တုံ့ပြန်လိုက်လေသည်။

ပုံမှန်ဆိုလျှင် သူသည် ထိုကဲ့သို့သော လူမှုရေး ဖိတ်ကြားချက်များကို ပယ်ချလေ့ရှိသော်လည်း ဝမ်ရီဖေး ပင်းပင်းက ပန်းအိုး သုံးအိုးနှင့်အတူ လာရောက်ခဲ့စဉ်က ဧည့်ကြိုထင်းရှူးပင်ကို သူ ချက်ချင်း သတိထား မိခဲ့ခြင်း ဖြစ်ပေ၏။

၎င်းမှာ အလွန်ပင် တန်ဖိုးရှိလှသဖြင့် ချင်ကန်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ရလေသည်။ ဤကမ္ဘာ တွင် ဧည့်ကြိုထင်းရှူးပင်မှာ အမှန်တကယ်ပင် တစ်မူထူးခြားလှပေသည်။

ထိုသို့သော ပန်းအိုးကို ရရှိနိုင်မည်ဆိုပါက မည်သည့် အခြေအနေကိုမဆို သူ သဘောတူမည်ဟု ချင်ကန်း ခံစားခဲ့ရလေရာ ကလပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းမျှသာ ဆိုသည်မှာ ပြောနေစရာပင် မလို တော့ပေ။

သို့သော် ယနေ့ ရောက်ရှိလာသည့်အခါမှ သူရရှိခဲ့သော ဧည့်ကြိုထင်းရှူးပင်မှာ ဤနေရာရှိ အပင်များနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်ကြောင်း ချင်ကန်း သိလိုက်ရလေသည်။ ဤနေရာ၌ စစ်မှန်သော ထင်းရှူးပင် များသာမက နှင်းကြာပန်းများကိုပင် တွေ့ရှိနိုင်သည် မဟုတ်ပါလော။

ချင်ကန်းသည် ယခုအချိန်မှစ၍ ဤနေရာတွင်သာ အမြဲတမ်း နေထိုင်သွားရတော့မည်ဟု ခံစားနေမိ တော့သည်။

ကမ္ဘာပေါ်ရှိ အခြား မည်သည့်နေရာကမျှ ဤမျှလောက် ဆွဲဆောင်မှု မရှိနိုင်ပေ။

"အဘိုးကြီးချင်... ဒီနောက်ကွယ်က သူဌေးက ဘယ်သူလဲဆိုတာ အဘိုးကြီး သိလား..."

လျူဇီယွီနှင့် နျူးလန်ရှန်းတို့မှာ လုံးဝပင် မှင်သက်နေကြရလေပြီ။ သူတို့သည် (၃) ထပ်အထိသာ မြင်တွေ့ ရသေးသော်လည်း ဤအထပ်များမှာ အသင်းဝင်အားလုံးအတွက် ဖွင့်လှစ်ထားသော နေရာများ ဖြစ်ကြ ပေသည်။ (၁၈) ထပ်မှ (၂၅) ထပ်အထိ နေရာများမှာ မည်သို့ ဖြစ်နေမည်ကို သူတို့ အမှန်ပင် မသိနိုင်ကြ တော့ပေ။

ထိုနေရာများမှာ စိန်နှင့် ရွှေအဆင့် အသင်းဝင်များအတွက်သာ ရရှိနိုင်သော နေရာများ ဖြစ်ကြပေသည်။

ချင်ကန်းက လက်ကို စိတ်မရှည်စွာဖြင့် ဝှေ့ယမ်းလိုက်၏။

"ငါ ဘယ်လိုလုပ် သိမှာလဲ... ပြီးတော့ သူဌေးက ဘယ်သူလဲဆိုတာ အရေးကြီးလို့လား... ဪ... ပြီး တော့ အပြင်က ကလေးတွေကို ပြောလိုက်ပါ... ဒီနေရာက ဘာကိုမှ ဖျက်ဆီးဖို့ မကြိုးစားကြနဲ့ဦး... မဟုတ်ရင်တော့ ငါ့ရဲ့ ရက်စက်မှုကို မမြည်းစမ်းချင်နဲ့... ဒီအရာတွေက ခင်ဗျားတို့ ကမ္ဘာပေါ်မှာ နောက် ဆုံး မြင်တွေ့ရမယ့် အရာတွေ ဖြစ်သွားနိုင်တယ်..."

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ..."

All Chapters