← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉)

အလွန်အမင်း ဖြုန်းတီးရာ ရောက်လွန်းလှသည်၊ အလွန်အမင်းခမ်းနားထည်ဝါလွန်းလှသည်

ချင်ကန်း၏ စကားများသည် အသင်းဝင်အားလုံး၏ နားထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။

လူတစ်ဦး၏ အဆင့်အတန်း မြင့်မားလေလေ၊ ထိုသူ၏ လူမှုဆက်ဆံရေး နယ်ပယ်မှာ ပို၍ ကျဉ်းမြောင်း လာလေလေ ဖြစ်၏။ အထူးသဖြင့် စိန်အဆင့် အသင်းဝင်များမှာ သီးသန့် အသိုင်းအဝိုင်းငယ်လေးတစ်ခု ဖြစ်နေပြီး ချင်ကန်းမှာမူ ထိုအထဲ၌ ထိပ်ဆုံးအဆင့်တွင် ရှိနေသူ ဖြစ်ပေသည်။

သူ၏သားမှာ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်နေသည်ကို ထားပါဦး၊ သူကိုယ်တိုင်မှာပင် ကုန်သည် ကြီးများအသင်း၏ ဥက္ကဋ္ဌ တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလော။

ဤနေရာသို့ ရောက်ရှိနေသူတိုင်းမှာ အထက်တန်းလွှာများ ဖြစ်ကြသဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဖန်တီးရန် မည်မျှအထိ ခက်ခဲသည်ကို သူတို့ ကောင်းစွာ နားလည်ကြပေသည်။ ချင်ကန်း ပြောသည်မှာ မှန်ပေ၏။ တစ်ကမ္ဘာလုံးတွင် ဤတစ်နေရာတည်း၌သာ ပျော်ရွှင်မှု အပေါင်းကို တစ်ပြိုင်နက်တည်း ခံစားနိုင်မည် ဖြစ်ပေသည်။

စစ်မှန်သော သဘာဝတရား၏ ရနံ့များကြောင့် (၂၀၂၄) ကလပ်အတွင်းရှိ လေထုမှာ အလွန်ပင် ချိုမြိန် နေခဲ့လေသည်။ ဤနေရာ၏ ပိုင်ရှင်သည် လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ကမ္ဘာလောကကြီးကို ပြန် လည် ဖန်တီးလိုပုံရသည်ဟုလည်း အချို့က တွေးတောနေခဲ့ကြလေ၏။

စိန်အဆင့် အသင်းဝင်များသည် စည်းကမ်းမဲ့စွာ မပြုမူကြသလို၊ ရွှေအဆင့် အသင်းဝင်များသည်လည်း အရှက်မကွဲလိုကြပေ။ ထို့ကြောင့်ပင် (၂၀၂၄) ကလပ်ကို စတင်ဖွင့်လှစ်သည့် နေ့မှစ၍ မည်သူမျှ မချိုး ဖောက်ရဲသည့် စည်းကမ်းတစ်ခု အလိုအလျောက် ပေါ်ပေါက်လာခဲ့လေသည်။

ထိုစည်းကမ်းမှာ "ဤနေရာရှိ မြင်ကွင်းများနှင့် အသုံးအဆောင် ပစ္စည်းများကို မည်သူမျှ မဖျက်ဆီးရ" ဟူ၍ပင် ဖြစ်တော့၏။

ယနေ့ကျင်းပသော ဖွင့်ပွဲအခမ်းအနားသည် အခမ်းအနားဟု အမည်တပ်ထားသော်လည်း ဖဲကြိုးဖြတ် ခြင်း၊ တေးသံသာများ ဖွင့်လှစ်ခြင်း သို့မဟုတ် ဂုဏ်ပြုစားပွဲများ တည်ခင်းခြင်းတို့ လုံးဝ မရှိနေခဲ့ပေ။

အရာအားလုံးမှာ အေးချမ်းငြိမ်သက်နေခဲ့လေသည်။ အသင်းဝင်များသည် မိမိတို့ နှစ်သက်သော မြင်ကွင်း များကို ရွေးချယ်ကာ စိတ်အပန်းဖြေခြင်း၊ အနားယူခြင်းနှင့် ပျော်ရွှင်မှု ရှာဖွေခြင်းတို့ကို ပြုလုပ်နေကြလေ၏။

အတွင်းဘက်ရှိ မြင်ကွင်းတိုင်းမှာ အလွန်ပင် ကုန်ကျစရိတ် မြင့်မားလှပေသည်။ ထို့အပြင် ဝန်ဆောင်မှု ပေးမည့် ဝန်ထမ်းများ မရှိသည်သာမက စားသောက်ဆိုင်သို့ ရောက်ရှိသည့်အခါတွင်လည်း အစားအစာ များကို မိမိဘာသာ ယူဆောင်ကြရပေသည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ငြိုငြင်ခြင်း မရှိခဲ့ကြပေ။

(၂၀၂၄) ကလပ်သည် ဝန်ထမ်းများ မငှားရမ်းနိုင်လောက်အောင် ဆင်းရဲမွဲတေနေခြင်း မဟုတ်ဘဲ အခြား သူများ မရှိသည့် အချိန်၌သာ ဤအရေးကြီးသော ပုဂ္ဂိုလ်များသည် စစ်မှန်သော အပန်းဖြေမှုကို ရရှိနိုင် မည်ဖြစ်ကြောင်း သူတို့ နားလည်ထားကြလေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လျူဇီယွီသည် သူ၏ လူယုံများနှင့်အတူ ငါးမျှားရင်း နျူးလန်ရှန်း နှင့် စကားစမြည် ပြောဆိုနေခဲ့၏။ သူတို့နှစ်ဦးစလုံးသည် ယနေ့တွင် အလုပ်ကိစ္စများကို ပြောဆိုရန် လုံးဝ ရှောင်ကြဉ်ခဲ့ကြလေသည်။

ပျော်ရွှင်စရာ အချိန်များမှာ အစဉ်အမြဲ လျင်မြန်စွာ ကုန်ဆုံးသွားလေ့ ရှိသည်မှာ လောကနိယာမပင် ဖြစ်တော့၏။ မသိလိုက်မသိဘာသာပင် ညရှစ်နာရီသို့ ရောက်ရှိလာခဲ့လေပြီ ဖြစ်သည်။

အသင်းဝင်အားလုံး၏ ချစ်ပ်ပြားများထံမှ အကြောင်းကြားသံများ ထွက်ပေါ်လာခဲ့လေသည်။

"ရင်းနှီးစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်... တည်းခိုရာဇုန်မှလွဲ၍ ကလပ်၏ အခြားသော နေရာအား လုံးကို ည (၁၀) နာရီတွင် ပိတ်သိမ်းမည် ဖြစ်ပါသည်... ထို့ကြောင့် မိမိတို့၏ အချိန်ကို စနစ်တကျ စီမံ ခန့်ခွဲနိုင်ပါရန် အသိပေးအပ်ပါသည်... တည်းခိုရာဇုန်မှာ စိန်အဆင့်နှင့် ရွှေအဆင့် အသင်းဝင်များ အတွက်သာ ဖွင့်လှစ်ထားပါသည်..."

လူတိုင်းမှာပင် ပိုမို ခံစားလိုသေးသဖြင့် မပြန်ချင် မထွက်ချင် ဖြစ်နေကြလေ၏။

အထူးသဖြင့် ချင်ကန်းမှာ ဆီးနှင်းဖုံးတောင်တန်း စားသောက်ဆိုင်၌ အချိန်ဖြုန်းနေခဲ့ပြီးနောက် (၁၉) ထပ်သို့ ရောက်ရှိသွားသည့်အခါ "အေးစက်သော ကမ္ဘာဦးသစ်တော" စုဆောင်းရေးဇုန်သို့ ရောက်ရှိသွား ခဲ့လေသည်။

အတွင်းဘက်၌ နေရာအနှံ့တွင် ဆိုက်ဘေးရီးယား ထင်းရှူးပင်များ ရှိနေပြီး သစ်ဆွေးရေညှိများ၊ ဘလူး ဘယ်ရီသီးများ၊ တောရိုင်းအဝါရောင်ဘယ်ရီသီးများ၊ အနက်ရောင်သစ်အယ်သီးများနှင့် ချယ်ရီပင်များ လည်း ရှိနေခဲ့လေသည်။ ထိုထက် ပို၍ အတွင်းကျသော နေရာ၌မူ ဂျာမန် ဆိုက်ပရပ်စ်ပင်များ၊ ထင်းရှူး ပင်များနှင့် အခြားသော ထင်းရှူးမျိုးနွယ်ပင်များလည်း ရှိနေခဲ့ပေသည်။

သူသည် ဤနေရာ၌ တောရိုင်းအသီးအနှံများကို ဆွတ်ခူးနိုင်သလို၊ သစ်တောအတွင်း၌ တောယုန်များ လည်း ရှိနေခဲ့လေသည်။ ချင်ကန်းအနေဖြင့် လေးနှင့်မြားကို အသုံးပြု၍ဖြစ်စေ၊ ထောင်ချောက်ဆင်၍ ဖြစ်စေ တောယုန်များကို ဖမ်းဆီးနိုင်ပေသည်။

ဤနေရာ၌ အကင်ဖိုများနှင့် ဟင်းခတ်အမွှေးအကြိုင်များပင် ရှိနေခဲ့ရာ အကယ်၍ သူသာ ကံကောင်း၍ တောယုန်တစ်ကောင် ဖမ်းမိပါက ဤနေရာ၌ပင် ချက်ချင်း ကင်စားနိုင်ပေသည်။

ထို့အပြင် မှိုများ၊ သစ်သားနားရွက်မှိုများနှင့် ထင်းရှူးစေ့များကဲ့သို့သော တောင်ပေါ်ထွက် ပစ္စည်းများ လည်း ပါရှိနေခဲ့ပေသေးသည်။

ချင်ကန်းမှာ အမှန်တကယ်ပင် မပြန်ချင်တော့ပေ။

သူသည် ယနေ့ည ဤနေရာ၌ပင် အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်လေတော့သည်။

အချိန်ကို ကြည့်လိုက်ရာ (၁၀) နာရီ ထိုးလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် စုဆောင်းရေးဇုန်မှ ထွက်ခွာကာ တည်းခိုရာဇုန်သို့ ရောက်ရှိလာခဲ့လေသည်။

တည်းခိုရာဇုန်မှာ စုစုပေါင်း (၅) ထပ် ရှိလေ၏။ ပထမထပ်တွင် မြက်ခင်းပြင် ထူထူများရှိသော စခန်းချ သည့်နေရာ ဖြစ်နေသည်ကို ချင်ကန်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။ သူသည် မိမိ၏ တဲ ကို ကိုယ်တိုင် ထိုးကာ အနားယူနိုင်ပေသည်။

ချင်ကန်း ခေတ္တမျှ တွေဝေသွားပြီးနောက် နောက်တစ်ထပ်သို့ တက်လာခဲ့လေသည်။ ဤနေရာမှာမူ ရှေးဟောင်း ရှနိုင်ငံပုံစံ ဥယျာဉ်တစ်ခု ဖြစ်နေပြီး တံတားကလေးများ၊ စီးဆင်းနေသော ရေများ၊ ပြာသာဒ် ဆောင်များနှင့် လှပသော ကွိုင်ငါးကြင်းများ ကူးခတ်နေသည့် ကန်ငယ်တစ်ခုလည်း ရှိနေခဲ့လေသည်။

သူသည် လေကို အဝရှူရှိုက်လိုက်ပြီးနောက်၊

"ဒါက နတ်ဘုံနတ်နန်းကဲ့သို့သော ဘဝမျိုးပဲ..." ဟု ရေရွတ်လိုက်မိလေ၏။

ချင်ကန်း အတွင်းသို့ လျှောက်သွားကာ အခန်းတစ်ခန်း ရှာဖွေလိုက်သော်လည်း အတွင်းဘက်မှ စကား ပြောသံများကို ကြားလိုက်ရသဖြင့် တစ်စုံတစ်ယောက် ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ သို့သော် အခန်းများစွာ ကျန်ရှိနေသေးသဖြင့် ချင်ကန်းသည် အပေါ်ထပ်သို့ ဆက်လက် တက်လာခဲ့လေ ၏။

ဤအထပ်သို့ ဝင်လိုက်သည်နှင့် သူ၏ မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။ ဤနေရာမှာ စိုစွတ်ပူနွေး နေပြီး အပင်များအလယ်တွင် သက်ငယ်မိုးတဲများ ရှိနေခဲ့လေသည်။

"အလွန်အမင်း ဖြုန်းတီးရာ ရောက်လွန်းလှတယ်၊ အလွန်အမင်း ခမ်းနားထည်ဝါလွန်းလှတယ်... အနား ယူဖို့ နေရာလေးတစ်ခု ဖန်တီးဖို့အတွက် ဒီလောက်တောင် များပြားတဲ့ အပင်တွေကို သုံးစွဲထားတာတဲ့ လား..."

ဤနေရာမှာလည်း ချင်ကန်းအတွက် မသင့်တော်လှပေ။ သူသည် နေရာအနှံ့ လိုက်ကြည့်ချင်နေပြီး အကယ်၍ သင့်တော်သော နေရာ မတွေ့ပါက ဒုတိယထပ်ရှိ ရှေးဟောင်း ရှနိုင်ငံပုံစံ ဥယျာဉ်သို့သာ ပြန်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် စတုတ္ထထပ်သို့ တက်လာခဲ့ရာ ဝင်လိုက်သည်နှင့် ထူးခြားသော ရနံ့တစ်ခုက သူ့ကို ဆီးကြိုလိုက်လေသည်။

ချင်ကန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရလေ၏။

"ဒါက ဘာပါလိမ့်... ဒဏ္ဍာရီပုံပြင်ဆန်တဲ့ ကမ္ဘာတစ်ခုလား..."

ကာတွန်းရုပ်ပုံသဏ္ဍာန် သစ်ပင်များ၊ အရောင်စုံ အိမ်ကလေးများနှင့် လမ်းကြားများမှာပင် ချောကလက် ပုံသဏ္ဍာန် ကျောက်တုံးလေးများ ခင်းကျင်းထားသည်ကို မြင်လိုက်ရသဖြင့် ချင်ကန်း ခေါင်းခါယမ်း လိုက်မိလေသည်။ အပေါ်ဆုံးထပ် တစ်ထပ်သာ ကျန်ရှိတော့ရာ အကယ်၍ ထိုနေရာမှာလည်း အဆင်မ ပြေပါက သူ အောက်သို့ ပြန်ဆင်းရပေတော့မည်။

အပေါ်ဆုံးထပ်သို့ ရောက်ရှိသည့်အခါ နေရာတစ်ခုလုံးမှာ မှန်များဖြင့် ဝန်းရံထားပြီး အလွန်ပင် ကျယ် ဝန်းလှပေသည်။ အတွင်းဘက်ရှိ စင်များပေါ်တွင် အိမ်တွင်းစိုက် ပန်းပင်များနှင့် ပန်းအိုးများစွာ တင်ဆောင်ထားပြီး ထိုစင်များကပင် နေရာလွတ်များကို သီးခြား ကမ္ဘာငယ်လေးများအဖြစ် ခွဲခြားပေး ထားလေ၏။

ချင်ကန်းသည် သက်ပြင်းချလိုက်ကာ ကျေနပ်စွာ ပြုံးလိုက်လေသည်။

ဤနေရာသည်သာ သူ တည်းခိုရန်အတွက် အသင့်တော်ဆုံး နေရာ ဖြစ်ပေတော့မည်။

အသက် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သော ချင်ကန်းသည် အသက်ကြီးလာသည်နှင့်အမျှ ပန်းပင်များကို ပိုမို မြတ်နိုးလာခဲ့သူ ဖြစ်၏။

နောက်ထပ် အနှစ် (၂၀) ကြာလျှင် သူ အနားယူတော့မည် ဖြစ်ရာ ထိုအချိန်ကျလျှင် ဤနေရာ၌ပင် အမြဲတမ်း နေထိုင်သွားမည်ဟု ချင်ကန်း တွေးတောနေမိလေသည်။

ဤနေရာသည် အမှန်တကယ်ပင် လှပလွန်းလှပေသည်...။

...

အောက်ထပ်ရှိ ရှေးဟောင်း ရှနိုင်ငံပုံစံ ဥယျာဉ် တည်းခိုရာဇုန်၌ လျူဇီယွီနှင့် နျူးလန်ရှန်းတို့သည် အခန်း တစ်ခုအတွင်း လဲလျောင်းရင်း ဆေးလိပ်သောက်နေကြလေသည်။ ကုတင်ဘေးရှိ စားပွဲပေါ်တွင်လည်း အသီးအနှံခြင်း တစ်ခြင်း ရှိနေခဲ့၏။

"ဒီလိုမျိုး နေရတာ တကယ့်ကို သက်သောင့်သက်သာ ရှိလိုက်တာ..." ဟု လျူဇီယွီက ရေရွတ်လိုက်လေ သည်။

"ဟုတ်တယ်... ဒီဆေးလိပ်တွေက အထူးသီးသန့် ထောက်ပံ့ပေးတဲ့ ဆေးလိပ်တွေထက်တောင် ပိုကောင်း နေသေးတယ်... အသီးအနှံတွေကလည်း ပိုပြီး ချိုသလို အရသာကလည်း ပိုပြီး ပြည့်စုံတယ်... ငါ တကယ်ပဲ ဒီကလပ်ရဲ့ ပိုင်ရှင်ကို မြင်ဖူးချင်လိုက်တာ..."

...

အောက်ထပ်တွင် ချင်းမူကုထျန်းသည် (၂၀၂၄) ကလပ်ကို မပြန်ချင် မထွက်ချင်သော မျက်နှာဖြင့် လှည့်ကြည့်နေခဲ့လေ၏။

မည်မျှပင် ကြီးကျယ်ခမ်းနားလှပါသနည်း။ အပြင်ပန်းတွင် သာမန်အတိုင်း ထင်ရသော်လည်း အတွင်းသို့ ရောက်ရှိသည့်အခါ ဤမျှအထိ ရင်သပ်ရှုမောဖွယ် ဖြစ်နေမည်ဟု မည်သူက ထင်ထားပါမည်နည်း။

ချင်းမူကုထျန်း၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေခဲ့လေသည်။ ဤသည်မှာ ယောက်ျားကောင်း တစ်ဦး ပိုင်ဆိုင်သင့်သည့် ဘဝမျိုးပင် ဖြစ်ပေသည်။ သူ၏ ယခင်ဘဝမှာ မည်သို့ ဖြစ်နေခဲ့ပါသနည်း။

ဤနေရာ၌ မိမိဘာသာ အသီးအနှံများကို ဆွတ်ခူးနိုင်သည်၊ ထို့အပြင် ငါးဖမ်း၍ မိမိဘာသာ ချက်ပြုတ် စားသောက်နိုင်သည်... စစ်မှန်သော သဘာဝ အရင်းအမြစ်များပင် ဖြစ်တော့၏။ ဈေးနှုန်းမှာ အနည်း ငယ် မြင့်မားသော်လည်း ထိုက်တန်လှပေသည်...။

ချင်းမူကုထျန်း၏ ဘေးတွင် ရပ်နေသော လဲ့ချင်းမေကလည်း ချီးကျူးစကား ဆိုလိုက်လေသည်။

"ဥက္ကဋ္ဌကောင်းက တကယ့်ကို အံ့ဩဖို့ ကောင်းလွန်းပါတယ်..."

ချင်းမူကုထျန်းက ခေါင်းညိတ်လိုက်ပြီး၊

"ဟုတ်တယ်... တကယ့်ကို အံ့ဩဖို့ ကောင်းတာ... နှမြောစရာကောင်းတာက ငါတို့က ကြေးအဆင့် အသင်းဝင်တွေပဲ ဖြစ်နေသေးတာပဲ... (၆) ထပ်ကနေ (၁၀) ထပ်အထိပဲ သွားလို့ရတာ... အပေါ်ထပ် တွေမှာ ဘယ်လိုများ ရှိနေမလဲဆိုတာ တကယ် သိချင်မိတယ်..."

လဲ့ချင်းမေက မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်၏။

"(၆) ထပ်က မက်မွန်ဥယျာဉ်ကို မြင်လိုက်ရတာနဲ့တင် ကျွန်မမှာ မှင်သက်သွားရတာ... အပေါ်ထပ်တွေကို မမြင်ရတာ နှမြောစရာ ကောင်းပေမဲ့ ဒီ (၅) ထပ်မှာတင် ကျွန်မ ဆယ်နှစ်လောက် နေနိုင်ပါတယ်..."

"ပိုင်ရှင်လဲ့... ဒီနေ့ ရောက်လာတဲ့ အသင်းဝင်တွေထဲမှာ ငါတို့နှစ်ယောက်ပဲ ကြေးအဆင့် အသင်းဝင်တွေ ရှိတာ... ကျန်တဲ့သူတွေက တကယ့်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေချည်းပဲ... ခင်ဗျား သူတို့နဲ့ ရင်းနှီး အောင် မလုပ်ခဲ့ဘူးလား..."

လဲ့ချင်းမေက နှုတ်ခမ်းစူလိုက်ကာ၊

"ရှင်လည်း စီးပွားရေးသမားပဲ၊ ရှင်ကော ဘာလို့ မလုပ်ခဲ့တာလဲ..."

"ဟေး... ငါလည်း ဘာလုပ်ရမှန်း မသိလို့ပါ... လျူဇီယွီ၊ နျူးလန်ရှန်း၊ လီလင်း၊ ချင်ကန်း... သူတို့အားလုံး က အကောင်ကြီးတွေချည်းပဲ... ငါ သူတို့ကို သွားပြီး မနှောင့်ယှက်ရဲပါဘူး... ဥက္ကဋ္ဌကောင်းက ဘယ်လို အဆင့်မျိုးလဲဆိုတာ တကယ် မသိတော့ဘူး၊ ဒီလူကြီးတွေ အားလုံးက သူ့ကို ဝိုင်းပြီး ထောက်ခံနေကြ တာဆိုတော့လေ..."

"ကျွန်မရဲ့ အသင်းဝင်အဆင့်ကို တိုးမြှင့်ချင်လိုက်တာ... စုစုပေါင်း ရမှတ် (၁၀၀) ရရင် ငွေအဆင့်၊ ရမှတ် (၁,၀၀၀) ရရင် ရွှေအဆင့်နဲ့ ရမှတ် (၁၀,၀၀၀) ကျော်ရင် စိန်အဆင့်ကို တက်လှမ်းနိုင်တယ်လို့ ကြား တယ်..." ဟု ချင်းမူကုထျန်းက ပြောလိုက်လေသည်။

"ရမှတ်တွေ ဘယ်လိုရှာရမလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ... ကျွန်မ သိတာ တစ်ခုကတော့ ပိုက်ဆံ သုံးရုံ၊ ပစ္စည်းဝယ်ရုံနဲ့တော့ ရမှတ် မရနိုင်ဘူးဆိုတာပဲ..."

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်၊

ရုတ်တရက် အသင်းဝင် ချစ်ပ်ပြားထံမှ သတင်းစကား တစ်ခု ရရှိလိုက်လေသည်။

"တာဝန်ပေးချက် - ဤတာဝန်ကို (၂၀၂၄) ကလပ်မှ ထုတ်ပြန်ခြင်း ဖြစ်ပါသည်... (၃) ရက်အတွင်း ကလပ် သို့ စူပါသန္တာကောင် (၁၀) ဘီလီယံ ကို ပေးအပ်နိုင်သော အသင်းဝင်အားလုံးကို ရမှတ် (၁၀) မှတ် ပေး အပ်မည် ဖြစ်ပါသည်... ကလပ်မှ စူပါသန္တာကောင်များကို ဈေးကွက်ပေါက်ဈေးထက် (၂၀) ရာခိုင်နှုန်း ပိုမိုပေး၍ ဝယ်ယူမည် ဖြစ်ပါသည်..."

ဤသည်မှာ ကောင်းယွမ် ထုတ်ပြန်လိုက်သော ပထမဆုံးသော တာဝန်ပင် ဖြစ်တော့၏။

All Chapters