← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀)

ကျား၊ ဝမ်၊ ရှီ၊ ရွှေ ဟူသော ကြီးမြတ်သည့် မိသားစုကြီး လေးခု

ကောင်းယွမ်သည် ၎င်း၏ အကျိုးသက်ရောက်မှုကို မြင်တွေ့လိုလှပေသည်။

စူပါသန္တာကောင်များသည် ထိန်းချုပ်ခံထားရသော ပစ္စည်းများ ဖြစ်သော်လည်း ထိုသို့သော ကန့်သတ် ချက်များမှာ အောက်ခြေလူတန်းစားများအတွက်သာ ရည်ရွယ်ခြင်း ဖြစ်၏။ ဤအသင်းဝင်များမှာမူ တန်ခိုးသြဇာကြီးမားသူများ ဖြစ်ကြသဖြင့် ၎င်းကို တရားဝင်ဖြစ်စေရန် နည်းလမ်းမျိုးစုံ ရှိနေကြပေ သည်။

ထို့နောက် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ထိုစဉ် အိမ်ရှေ့ခြံဝင်းဆီမှ ပိုင်မော့ယွီ ရောက်ရှိလာသည့် အသံကို ကြားလိုက်ရသဖြင့် ကောင်းယွမ် အပြင်သို့ ထွက်လာခဲ့လိုက်လေ၏။

"ငါးကလေး... ဘာကိစ္စရှိလို့လဲ..."

"အခု မုကျားနဲ့ လီဟွားရွာက လူတွေ ပြောင်းရွှေ့သွားကြပြီဆိုတော့ သိပ္ပံနဲ့ နည်းပညာစက်မှုဇုန်အတွက် ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီကို ရွေးချယ်ထားလဲလို့ ငါတို့ ဌာနမှူးက မေးခိုင်းလိုက်လို့... ပုံစံတူ ဒီဇိုင်း တွေရော ပြီးပြီလား... အဓိကကတော့ အထက်လူကြီးတွေဆီ တင်ပြဖို့ပါပဲ..."

ကောင်းယွမ်သည် ဒန်းဒန်းကို ပုံစံတူ ဒီဇိုင်းများ သွားယူရန် ခိုင်းလိုက်လေသည်။

"ချင်ကျင်းက သိပ္ပံနဲ့ နည်းပညာစက်မှုဇုန်ရဲ့ ဒီဇိုင်းအပြည့်အစုံကို အခုလေးတင် ပို့လိုက်ပြီ... ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းကိုတော့ ငါတို့ဘာသာပဲ လုပ်ချင်တယ်..."

ပိုင်မော့ယွီသည် မျက်မှောင်ကြုတ်လိုက်မိ၏။

"နင်တို့ဘာသာ ဆောက်မယ်... ကောင်းယွမ်... နင့်မှာ ပိုက်ဆံ မလောက်လို့လား... တကယ်ဆိုရင် အတိုး နည်း ချေးငွေ လျှောက်ထားလို့ ရတယ်လေ..."

"မဟုတ်ပါဘူး... တခြား ဆောက်လုပ်ရေး ကုမ္ပဏီတွေကို မသုံးတာက သူတို့က အရမ်း နှေးလွန်းလို့ပါ... လောလောဆယ် ငါ့ရဲ့ သုတေသနအဖွဲ့က နည်းပညာအသစ်တစ်ခုကို ဖော်ထုတ်နေတယ်... အောင်မြင် သွားမယ်ဆိုရင် ဒါဟာ ဆောက်လုပ်ရေး သမိုင်းမှာ ကြီးမားတဲ့ တီထွင်မှုတစ်ခု ဖြစ်လာလိမ့်မယ်... တကယ်လို့ မအောင်မြင်ခဲ့ရင်တော့ တခြားသူတွေကိုပဲ ပြန်အပ်ရမှာပေါ့..."

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့... ဒါနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဇုန်ထဲကို ဒုတိယမြောက် ကုမ္ပဏီတစ်ခု ဝင် လာပြီနော်..." ဟု ပိုင်မော့ယွီက ပြောလိုက်လေသည်။

ကောင်းယွမ် မှင်သက်သွားရ၏။

*ဒီလောက်အထိ မြန်ဆန်နေတာလား…*

ကျင်းဟိုင်သည် ဝေးလံခေါင်သီသော

နေရာတစ်ခု ဖြစ်ပြီး စီးပွားရေးအရလည်း ဟိုင်ရှီးပြည်နယ်တွင် အဆင့်အနိမ့်ဆုံး ဖြစ်ပေသည်။

လင်းကျိုးမြို့သည်ပင် ပြည်နယ်အတွင်း အဆင့်ငါးနေရာတွင် မရှိနေဘဲ ကျင်းဟိုင်မှာမူ လင်းကျိုးမြို့၏ အောက်ဆုံးတွင်သာ ရှိနေခဲ့သည် မဟုတ်ပါလော။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အချိန်တိုအတွင်း ဒုတိယမြောက် ကုမ္ပဏီတစ်ခု ရောက်ရှိလာခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ဖြစ်နေခဲ့လေ သည်။

"ဘယ်ကုမ္ပဏီလဲ..." ဟု ကောင်းယွမ်က တည်ငြိမ်စွာပင် မေးလိုက်၏။

"ရှဝေရဲ့ 'လုံရှင်း' လေ... ရှဝေရဲ့ ချစ်ပ်ပြား ထုတ်လုပ်ရေး ဌာနခွဲကနေ တိုက်ရိုက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီခွဲ ပဲ..."

ကောင်းယွမ် အံ့အားသင့်သွားရပြန်သည်။ ကျိုးလဲ့သည် လက်မလျှော့သေးသည်မှာ ထင်ရှားလှပေ သည်။ သူ၏ စက်ရုံကို ကောင်းယွမ်၏ စက်ရုံဘေးတွင် လာရောက် တည်ဆောက်ခြင်းမှာ လက်တွေ့တွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိစေကာမူ ပြင်ပလူများ၏ အမြင်၌မူ ဆက်စပ်မှု ရှိနေသကဲ့သို့ ဖြစ်နေပေ လိမ့်မည်။

သို့သော် ဤသည်မှာကောင်းယွမ်နှင့် များစွာ သက်ဆိုင်ခြင်း မရှိပေ။ မည်သူမဆို ငွေပေးချေနိုင်သရွေ့ (၃၀ နာနိုမီတာ တည်းဖြတ်စက်များကို သူ အကန့်အသတ်မရှိ ရောင်းချပေးနိုင်သည် မဟုတ်ပါလော။

"ဒါဟာ သတင်းကောင်းပဲ... နင့်ရဲ့ အထက်လူကြီးလည်း အတော်လေး ဝမ်းသာနေမှာပေါ့..."

"ဟုတ်တယ်... တရားဝင် စာချုပ် မချုပ်ရသေးပေမဲ့ ဒါဟာ သေချာသလောက် ရှိနေပါပြီ...

ရှဝေရဲ့ ဒုတိယ ဥက္ကဋ္ဌ ကိုယ်တိုင် ဒီနေ့ လာရောက် ဆွေးနွေးခဲ့တာ... သူက နင့်ကိုလည်း တွေ့ချင်နေပုံရ တယ်... ဒါပေမဲ့ နင်က အိမ်မှာ မရှိဘူးလေ... နင့်ဖုန်းကိုလည်း ဆက်လို့ မရခဲ့ဘူး..." ဟု ပိုင်မော့ယွီက ပြောလိုက်လေသည်။

ကောင်းယွမ်သည် ဤသည်မှာ မလွဲမသွေ ဖြစ်ပျက်လာမည့် အခြေအနေမှန်း သိထားပြီး ဖြစ်၏။ ရှဝေ ၏ 'လုံရှင်း' မှာ ပထမဆုံးသာ ဖြစ်ပြီး နောက်ဆုံးတော့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ထိုညတွင် ကောင်းယွမ်သည် ပိုင်မော့ယွီ၊ လင်းမေတို့နှင့်အတူ ညစာ စားခဲ့လေသည်။

နောက်တစ်နေ့ နံနက်တွင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ ရောက်ရှိလာခဲ့လေသည်။ ထိုအခါ အစ်မကြီးရှန်းနှင့် ပင်းပင်းတို့သည် အံ့သြဝမ်းသာသော မျက်နှာများဖြင့် ပြေးလာကြ၏။

"သူဌေး... သူဌေး အရင်က တင်ထားတဲ့ တာဝန်ကို တစ်ယောက်ယောက်က လက်ခံလိုက်ပြီရှင်..."

"ဘယ်သူလဲ... ဒီလောက် မြန်မြန်ဆန်ဆန်နဲ့..."

"ငွေအဆင့် အသင်းဝင်ဖြစ်တဲ့ မိုလန်လန်ပါ... သူမက ထိပ်တန်း ဗိသုကာပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့ အဆင့်မီ ကျွမ်းကျင်သူလည်း ဖြစ်တယ်..."

ကောင်းယွမ် အနည်းငယ် အံ့အားသင့်သွားရ၏။

*ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေခဲ့တာလား…*

"သူမက ဆက်သွယ်လာတာလား..."

"ဟုတ်ပါတယ်... သူမက စူပါသန္တာကောင်တွေကို ပေးနိုင်တယ်လို့ ပြောပါတယ်... ပြီးတော့ အဆင့်မြင့် ဗားရှင်း ဖြစ်တဲ့အတွက် ပိုပြီး မြန်ဆန်သလို ပိုပြီးတော့လည်း တိကျပါတယ်... သူဌေးအနေနဲ့ စူပါသန္တာ ကောင်တွေ အများကြီး မလိုပါဘူး... တစ်မိနစ်ကို တစ်ကြိမ် ပွားနိုင်တဲ့ မျိုးစေ့သန္တာကောင် တစ်သေ တ္တာဆိုရင် လုံလောက်ပါပြီ..."

ကောင်းယွမ်သည် သင်္ချာပညာရှင် မဟုတ်သော်လည်း စစ်တုရင်ခုံပေါ်ရှိ ဂျုံစေ့များအကြောင်း ပုံပြင် ကိုမူ ကြားဖူးလေသည်။ ၎င်းမှာ စည်းစိမ်ဥစ္စာများ နှစ်ဆတိုးပွားလာသည့် အစွမ်းထက်သော နည်းလမ်း တစ်ခု မဟုတ်ပါလော။

သန္တာကောင်များ ကွဲပွားခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ တစ်မိနစ် တစ်ကြိမ် ပွားလာမည် ဆိုပါက (၁၀) မိနစ်အတွင်းမှာပင် (၂) ၏ ထပ်ညွှန်း (၁၀) အထိ တိုးပွားလာမည် မဟုတ်ပါလော။ ထိုသို့သာ ဆိုလျှင် တစ်နာရီအတွင်း မည်မျှအထိ များပြားလာမည်နည်း။

ဤမျှလောက် များပြားသော သန္တာကောင်များဖြင့်ဆိုလျှင် စက်မှုဇုန်တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်နိုင်ပေလိမ့်မည်။ သို့သော် ကောင်းယွမ်အနေဖြင့် ကွန်ကရစ်၊ သံမဏိနှင့် သစ်သား ကဲ့သို့သော ဆောက်လုပ်ရေး ပစ္စည်းများကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ စူပါကွန်ပျူတာပင် ဖြစ်၏။ သန္တာကောင် တစ်ကောင်ချင်းစီမှာ 3D ပရင်တာငယ်လေးများကဲ့သို့ ဖြစ်ပြီး ၎င်းတို့အားလုံးကို ကွန်ပျူတာဖြင့် တိကျစွာ ထိန်းချုပ်ရခြင်း ဖြစ် ပေသည်။

သန္တာကောင် အရေအတွက် များပြားလာသည်နှင့်အမျှ လိုအပ်သော တွက်ချက်မှု စွမ်းပကားမှာလည်း မြင့်မားလာမည် ဖြစ်၏။ အကယ်၍ သင့်လျော်သော စူပါကွန်ပျူတာ မရှိပါက ဆောက်လုပ်ရေး အရှိန် မှာ လက်ရှိကမ္ဘာရှိ စက်ကိရိယာများထက်ပင် ပိုမို နှေးကွေးသွားနိုင်ပေသည်။ ကောင်းယွမ်မှာမူ ထိုကဲ့သို့ သော အမှားမျိုးကို မည်သည့်အခါမျှ ကျူးလွန်လိမ့်မည် မဟုတ်ပေ။

"ပင်းပင်း... မိုလန်လန်ကို ချက်ချင်း ဆက်သွယ်လိုက်ပါ... ဧက တစ်သောင်း ကျယ်ဝန်းတဲ့ စက်မှုဇုန် တစ်ခုကို သုံးရက်အတွင်း အပြီးဆောက်ဖို့အတွက် စူပါသန္တာကောင် ဘယ်လောက် လိုမလဲဆိုတာနဲ့ သင့်လျော်တဲ့ ထိန်းချုပ်မှု စနစ်ကို တွက်ချက်ခိုင်းလိုက်ပါ... ဒါဟာ ပထမဆုံး တာဝန် ဖြစ်တဲ့အတွက် သူမကို ရမှတ် (၁၀) မှတ် ထပ်ဆောင်း ပေးလိုက်မယ်... ဝယ်ယူမယ့် ဈေးနှုန်းကတော့ အရင်အတိုင်း ပဲပေါ့..."

ကောင်းယွမ်၏ လက်ဝယ်တွင် လက်ရှိ၌ ငွေကြေး အခက်အခဲ မရှိပေ။ (၂၀၂၄) ကလပ်ရှိ မြင်ကွင်း တိုင်းမှာ အခပေး အသုံးပြုရခြင်း ဖြစ်ပြီး စိန်အဆင့် အသင်းဝင်များသာ အခမဲ့ ဖြစ်သည်။ မိုလန်လန် ကဲ့သို့သော အသင်းဝင်များသည်ပင် မနေ့က ကလပ်၌ ယွမ် သန်းတစ်ရာနီးပါး သုံးစွဲခဲ့ကြလေသည်။

မနေ့ကမှာ ပထမဆုံးသော လုပ်ငန်းစတင်သည့် နေ့ဖြစ်သော်လည်း ကောင်းယွမ်အတွက် ဝင်ငွေ ယွမ် ငါးဘီလီယံနီးပါး ရရှိခဲ့လေသည်။

ကောင်းယွမ်သည် လူလုံးမပြဘဲ လျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းထားခဲ့လေ၏။ သူသည် အလုပ်များလွန်းလှသဖြင့် လဲ့ချင်းမေနှင့် ချင်းမူကုထျန်းတို့ကိုပင် မတွေ့ဖြစ်ခဲ့ပေ။

...

နောက်တစ်နေ့တွင် စက်ရုပ်များသည် စူပါသန္တာကောင် မျိုးစေ့များနှင့် စူပါကွန်ပျူတာ ထိန်းချုပ်မှု စနစ် တို့ကို သယ်ဆောင်ကာ လက်ရှိကမ္ဘာသို့ ရောက်ရှိလာခဲ့လေသည်။ ကောင်းယွမ်သည် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်လေသည်။ စူပါသန္တာကောင်များသည် တည်းဖြတ်စက် များနှင့် လုံးဝ ကွဲပြားလှပေသည်။ ကျားရီ၏ အဖွဲ့သည် လူသိထင်ရှားလွန်း၍ မဖြစ်ပေ။

ထို့ကြောင့် ကောင်းယွမ်သည် ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ရုပ်တစ်သုတ်ကို တိုက်ရိုက် ဝယ်ယူ လိုက်ပြီး 'ဝမ်ရီ' ၊ 'ဝမ်အာ့' စသည်ဖြင့် အမည်ပေးလိုက်လေသည်။ နောက်ပိုင်းတွင် အဖွဲ့များ ထပ်လိုလာပါက 'ရှီ' နှင့် 'ရွှေ' မိသားစု အမည်များကို အသုံးပြုမည်ဖြစ်၏။

ထိုအခါ ကျား၊ ဝမ်၊ ရှီ၊ ရွှေ ဆိုသော ကြီးမြတ်သည့် မိသားစုကြီး လေးခု စုံလင်သွားပေလိမ့်မည်။ ထိုမျှနှင့် မလုံလောက်သေးပါက ကျန်၊ ဆုန်၊ ခုန်း၊ ချန် ဟူသော မိသားစု အမည်များကိုလည်း အသုံးပြုနိုင်ပေသေး သည်။ အချုပ်အားဖြင့်ဆိုရသော် အဖွဲ့တစ်ခုစီတွင် မျိုးရိုးအမည် တစ်ခုစီ ရှိနေမည် ဖြစ်၏။

မုကျား စက်မှုဇုန်မှာ အလွန်ပင် ကျယ်ပြောလှသဖြင့် လူပေါင်း သောင်းချီ ရှိနေလျှင်ပင် ဟာလာဟင်း လင်း ဖြစ်နေပေဦးမည်။ ၎င်းမှာ မည်သည့် ပြဿနာမျှ မဟုတ်ပေ။

မကြာမီပင် ကောင်းယွမ်သည် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းမှ ထိပ်တန်း ပုဂ္ဂိုလ်များအား ကျင်းဟိုင် မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန်တွင် ခေတ်သစ် နည်းပညာတစ်ခု၏ အကောင်အထည်ဖော်မှု ကို လာရောက် ကြည့်ရှုရန် ဖိတ်ကြားစာ တစ်စောင် ထုတ်ပြန်လိုက်လေသည်။

ကောင်းယွမ်၏ ကျော်ကြားမှုမှာ ယခင်ကထက် များစွာ သာလွန်နေပြီ ဖြစ်ရာ သူ၏ ဖိတ်ကြားစာကို သတင်းဌာနကြီးများက ပြန်လည် ဖော်ပြခဲ့ကြလေသည်။ လူတို့သည် ကောင်းယွမ် ဘာလုပ်ရန် ကြံရွယ်နေမှန်း မသိကြသော်လည်း စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

အချို့ကမူ ကောင်းယွမ်သည် အာရုံစိုက်ခံရရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု ယူဆကြလေသည်။ ဟိုဆိုရှနိုင်ငံ ကုမ္ပဏီ၏ ပိုင်ရှင် ဖန်းပိုင်ရီကမူ လူပြက်တစ်ယောက်၏ ကပြမှုကို မကြည့်လိုသဖြင့် လာရောက်မည် မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားခဲ့လေသည်။

ဝမ်တာလင်းကမူ မည်သည့် မှတ်ချက်မျှ မပေးခဲ့သော်လည်း သူ၏သားဖြစ်သူကမူ ဖခင်ဖြစ်သူသည် ကောင်းယွမ်ကို အထင်ကြီးကြောင်းနှင့် မလာဖြစ်လျှင်ပင် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုမည်ဖြစ် ကြောင်း ပြောကြားခဲ့လေ၏။

ကျိုးချီရှန်းမှာမူ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း သူကိုယ်တိုင် လာရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။ ဝမ်ရွှေ၊ စွန်းဟုန်ချီ၊ လင်းခဲ့နှင့် အခြားသူများမှာမူ လောလောဆယ်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

သို့သော် ကောင်းယွမ်သည် ဤသည်ကို အာရုံစိုက်ခံရရန်အတွက်သာ အသုံးချခြင်း ဖြစ်၏။ အကြောင်း မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် မကြာမီ လုပ်ငန်းများ စတင်တော့မည် ဖြစ်သောကြောင့်တည်း။ နည်းပညာ ကုမ္ပဏီတစ်ခုအတွက် ခေတ်မီနည်းပညာများထက် ပိုမို ယုံကြည်စိတ်ချရသော အရာ မရှိ ပေ။

ငါးရံ့နက် နည်းပညာမှာ နာမည်ကျော်နေပါသော်လည်း သာမန်လူများအတွက်မူ တည်းဖြတ်စက်များမှာ သူတို့၏ ဘဝနှင့် အလှမ်းဝေးလွန်းလှသည် မဟုတ်ပါလော။

All Chapters