← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း (၃၅၁) ငါ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်

"ခင်ပွန်း... ရှီးလန်စီရင်စုကို ဘယ်တော့လောက် သွားဖို့ စိတ်ကူးထားလဲဟင်..."

ကျောက်လင်က ဟင်းလင်းပြင်တံခါးနှစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပြီးနောက် ထင်းရှူးနက်တောင်သို့ ပြန်လည်ပျံသန်းလာရာ ရှန်ချန်းရွှယ်က အနားသို့ တိုးကပ်၍ လာမေးလေသည်။

"နောက်ထပ် နှစ်ရက်လောက် စောင့်ဦးစို့..."

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။ သူ၏ လက်ဝယ်တွင် ရှီးလန်စီရင်စုသို့ သွားနိုင်သော မောင်းသူမဲ့ယာဉ်တစ်စင်း ရှိနေသဖြင့် ထိုနေရာသို့ သွားရန် လမ်းခရီးမှာ နာရီဝက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။ ထို့ကြောင့် သူ အလျင်စလို သွားရန် မလိုသေးပေ။

လာမည့် နှစ်ရက်အတွင်း ကျောက်လင်အနေဖြင့် သူ၏ ဇနီးသည်များနှင့်အတူ အချိန်ကုန်လွန်ရင်း ကျင့်စဉ်များကို ဆက်လက် ကြိုးပမ်းရဦးမည် ဖြစ်သည်။ ဤအရာက စိတ်လှုပ်ရှားဖွယ် ကောင်းရုံမျှမက မိမိ၏ ကျင့်ကြံခြင်း အဆင့်ကိုလည်း တိုးတက်စေနိုင်ရာ အဘယ်ကြောင့် မပြုလုပ်ဘဲ နေမည်နည်း။

ထို့အပြင် ကျောက်လင်သည် ရွှမ်ယွမ်ဇီထံမှ ပထမဆုံး အပျိုစင်သွေးကို ရယူပြီးခါစဖြစ်ရာ ချက်ချင်း ထွက်ခွာသွားပါက ရွှမ်ယွမ်ဇီကို ရင်ကွဲနာကျစေမည် မဟုတ်ပါလား။ သူသည် ထိုကဲ့သို့ ယုတ်ညံ့သော ယောက်ျားမျိုး လုံးဝ အဖြစ်မခံနိုင်ပေ။

"အော်... ဒါနဲ့ ရှန်းအာ... မင်း ဝိညာဉ်သားရဲ ဘယ်နှကောင်လောက် မွေးမြူထားပြီးပြီလဲ..."

ကျောက်လင်က ရုတ်တရက် သတိရကာ မေးလိုက်၏။ ချင်းလန်အာသည် ဝိညာဉ်သားရဲ ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးနောက် စီမံခန့်ခွဲရန်အတွက် ရှန်ချန်းရွှယ်ထံသို့ အားလုံး အပ်နှံထားခဲ့သည်။ ဝိညာဉ်သားရဲများကို မည်သို့ ကျင့်ကြံရမည်၊ မည်သည့် တောရိုင်း သားရဲများကို ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲရမည် စသည်တို့ကိုမူ ကျောက်လင် ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ကျောက်လင်သည် ရှီးလန်စီရင်စုသို့ သွားရောက်ကာ နိုင်ငံစစ်ပွဲတွင် ပါဝင် ဆင်နွှဲတော့မည် ဖြစ်ရာ မိမိ၏ စစ်သည်အင်အား မများပြားသည်ကို ထည့်သွင်း စဉ်းစားမိသည်။ အကယ်၍ ဝိညာဉ်သားရဲတစ်အုပ်ကို စစ်မြေပြင်သို့ ခေါ်ဆောင်သွားနိုင်လျှင် အံ့ဖွယ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပေသည်။

လွန်ခဲ့သော အကြိမ်က ဝမ့်လားတောင်၌ ယူဝမ်ချန်ကို ကူညီရန် နန်ယွဲ့တိုင်းပြည်၏ မြောက်ပိုင်း ကာကွယ်ရေးစစ်တပ် အင်အားနှစ်သိန်းကို ခြုံခိုတိုက်ခိုက်စဉ်က ကျောက်လင်သည် စနစ်ဈေးဆိုင်မှ လက်နက်များနှင့် အစီအရင်များကို ဝယ်ယူရန် စနစ်အမှတ် အမြောက်အမြား အသုံးပြုခဲ့ရသည်။ ထို့နောက် တိုက်ပွဲမှရသော သုံ့ပန်းများနှင့် ပစ္စည်းအားလုံးကိုလည်း ယွီဝမ်ချန် ပေးအပ်ခဲ့၏။

ထိုကဲ့သို့ အကျိုးအမြတ် မရှိသော စီးပွားရေးမျိုးကို ကျောက်လင် နောက်တစ်ကြိမ် လုံးဝ မလုပ်ချင်တော့ပေ။ လက်ရှိတွင် မိမိ၏ နယ်မြေအတွင်း အလုပ်ရုံ အခုတစ်ရာကို တည်ဆောက်နေဆဲဖြစ်ပြီး ထန်ရှန်းလမ်းနှင့် ကုန်တိုက်တို့မှာလည်း စတင် အကောင်အထည်ဖော်နေပြီဖြစ်ရာ နောင်တွင် ငွေကြေး အမြောက်အမြား လိုအပ်မည် ဖြစ်သည်။

အကယ်၍ အလုပ်ရုံ အခုတစ်ရာအတွက် ထုတ်လုပ်မှုလိုင်း ကိရိယာများ ဝယ်ယူရန် စဉ်းစားလျှင်ပင် နောက်ထပ် တည်ဆောက်ရမည့် အလုပ်ရုံ နှစ်ထောင်နီးပါး ကျန်ရှိနေသေးသည်။ ထိုအရာက နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းမျှ များပြားသော ငွေကြေးပမာဏ ဖြစ်ပေသည်။

ကျောက်လင်သည် မိမိ၏ ငွေကြေးကို ပိုမို စေ့စပ်သေချာစွာ အသုံးပြုရန် လိုအပ်သည်။ ထို့ကြောင့် ဤနိုင်ငံစစ်ပွဲတွင် ကျောက်လင်သည် စနစ်ဈေးဆိုင်မှ လက်နက်များ ဝယ်ယူရန် စနစ်အမှတ်များကို အလွန်အကျွံ အကုန်အကျ မခံလိုတော့ဘဲ စစ်ပွဲမှ သန့်စင်သော အကျိုးအမြတ်ကိုသာ ရယူလိုတော့သည်။

"ခင်ပွန်း. ကျွန်မတို့ စုစုပေါင်း ဝိညာဉ်သားရဲ အကောင်နှစ်ရာ မွေးမြူထားပါတယ်..."

ရှန်ချန်းရွှယ်က အမှန်အတိုင်း ပြောပြလေသည်။

"တောဝက်ဝံ အကောင်တစ်ရာ၊ တောဝက် အကောင်ငါးဆယ်နဲ့ မြွေကြီး အကောင်ငါးဆယ်ပါ... ဒီတောရိုင်း သားရဲတွေကို ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲဖို့ ဦးစားပေး လုပ်ဆောင်ခဲ့တာပါ... သူတို့အားလုံးက တတိယအဆင့် ဝိညာဉ်သားရဲတွေ ဖြစ်ကြပါတယ်... သူတို့ရဲ့ အဆင့်ကို ထပ်ပြီး မြှင့်တင်ချင်ရင်တော့ ခင်ပွန်းရဲ့ ဝိညာဉ်သစ်သီးတွေ အကူအညီ လိုအပ်ပါတယ်..."

ထိုစကားကို ကြားရသောအခါ ကျောက်လင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"ရှနအာ... အဲ့ဒီဝိညာဉ်သားရဲ အားလုံးကို တောင်ထိပ်ကို ခေါ်လာခဲ့ပါ... ခဏနေရင် ငါ အကောင်နှစ်ရာလုံးကို လာသိမ်းဆည်းမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဟင်းလင်းပြင်ပုတီးစေ့ ရှိနေသဖြင့် ဤသက်ရှိ သတ္တဝါများကို ထည့်သွင်း သိမ်းဆည်းနိုင်ပြီး အဝေးတစ်နေရာမှနေ၍ စစ်မက် ပြုနိုင်မည် ဖြစ်သည်။

"ဟုတ်ကဲ့... ကျွန်မ အခုချက်ချင်း စီစဉ်လိုက်ပါမယ်..."

ရှန်ချန်းရွှယ်က ဝမ်းသာအားရ ပြောလိုက်၏။

ဝိညာဉ်သားရဲ ဆေးလုံးကို မကျွေးမီကပင် ရှန်ချန်းရွှယ်သည် စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကို အသုံးပြု၍ ဤတောရိုင်း သားရဲများကို ယဉ်ပါးအောင် ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤဝိညာဉ်သားရဲများသည် ရှန်ချန်းရွှယ်၏ အမိန့်ကိုသာ နာခံကြပေသည်။

ပြောပြီးသည်နှင့် ရှန်ချန်းရွှယ်သည် တိရစ္ဆာန်စားကျက်ဆီသို့ ချက်ချင်း ပျံသန်း ထွက်ခွာသွားတော့သည်။

ကျောက်လင်သည်လည်း ချက်ချင်း လှည့်ပြန်ကာ အာကာသတဲအတွင်းသို့ ဝင်ရောက်သွားပြီး ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းကို အသုံးပြုကာ ဇနီးသည်များ အုပ်စုကို တိတ်တဆိတ် ဆင့်ခေါ်လိုက်၏။

ကျောက်လင်သည် မိမိ၏ ကျင့်စဉ်များကို မြှင့်တင်ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုရန်အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေတော့သည်။

အခြားအာကာသတဲတစ်ခုအတွင်း၌မူ…

ရွှမ်ယွမ်ဇီက ဖြည်းညင်းစွာ နိုးထလာခဲ့၏။

"ဟင်... ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ... ငါ ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်သွားပြီ..."

နိုးလာသည်နှင့် တစ်ပြိုင်နက် ရွှမ်ယွမ်ဇီသည် မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ ရွှေခန္ဓာနယ်ပယ်မှ ကျောက်စိမ်းခန္ဓာနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ရွှမ်ယွမ်ဇီသည် မူလကပင် ကျင့်ကြံခြင်း ပါရမီ အလွန်မြင့်မားသူဖြစ်ပြီး ကြိုးစားပမ်းစား ကျင့်ကြံခဲ့သော်လည်း ရွှေခန္ဓာနယ်ပယ်တွင်သာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ကျောက်လင်နှင့် တစ်ခန်းတည်း အတူနေပြီးနောက် သူမသည် ကျောက်စိမ်းခန္ဓာနယ်ပယ်သို့ ရုတ်တရက် အောင်မြင်သွားခဲ့သည်။

ဤအရာသည် ကျောက်လင်နှင့် သေချာပေါက် သက်ဆိုင်နေရမည်ဖြစ်ကြောင်း ရွှမ်ယွမ်ဇီ ချက်ချင်း သဘောပေါက်လိုက်၏။ တစ်ချိန်တည်းမှာပင် ကျောက်လင်၏ ဇနီးသည်များသည် သာမန် သေမျိုးများအဖြစ်မှ အစွမ်းထက်သော ကျင့်ကြံသူများအဖြစ်သို့ အဘယ်ကြောင့် တဖြည်းဖြည်း ပြောင်းလဲသွားကြသည်ကိုလည်း သူမ နားလည်သွားခဲ့သည်။

ထိုဇနီးသည်များသည် ကျောက်လင်နှင့် အတူနေရုံမျှဖြင့် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်ကြခြင်း ဖြစ်ပေသည်။

"ငါ့ရွေးချယ်မှု မှန်ကန်ခဲ့တာပဲ..."

ရွှမ်ယွမ်ဇီက ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။ သူမသည် မိမိအပေါ် ထားရှိသော ရွှမ်ယွမ်မိသားစု၏ သဘောထားကို စိတ်ပျက်မိပြီးဖြစ်ရာ ရွှမ်ယွမ်မိသားစု၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ဂရုမစိုက်တော့ပေ။ ဒေါသအလျောက် ရွှမ်ယွမ်ဇီသည် ကျောက်လင်ထံသို့ တိုက်ရိုက်လာရောက်ကာ မိမိကိုယ်ကိုယ် အပ်နှံခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရလဒ်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသဖြင့် မိမိ၏ ဆုံးဖြတ်ချက်သည် လုံးဝ မှန်ကန်ကြောင်း ရွှမ်ယွမ်ဇီ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ကျောက်လင်သည် အလွန်အမင်း အစွမ်းထက်ပြီး သူ၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသိုင်းပညာရှင် မိသားစု ရှိနေသည်။ ကျောက်လင်နှင့်အတူ ကျင့်ကြံခြင်းက မိမိအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ပေသည်။

မည်သို့ပင် စဉ်းစားပါစေ၊ ကျောက်လင်နှင့်အတူ ရှိနေခြင်းက မိမိ၏ အနာဂတ်အတွက် ပူပန်စရာ မလိုတော့ကြောင်း ရွှမ်ယွမ်ဇီ ယုံကြည်သွားခဲ့သည်။

"ဒါနဲ့... ကျောက်လင်မှာ ဇနီးသည်တွေ အများကြီး ရှိတာ... ငါက အဲ့ဒီထဲက တစ်ယောက်ပဲလေ..."

ရွှမ်ယွမ်ဇီက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်သည်။

"ငါက ဇနီးသည်အားလုံးထဲမှာ ထူးခြားနေပြီး ငါ့ရဲ့ တန်ဖိုးကို ပြသနိုင်ရမယ်..."

"ငါနဲ့ ခင်ပွန်းက စီးပွားရေးကနေတစ်ဆင့် ဆုံတွေ့ခဲ့ကြတာဆိုတော့ ငါ သူ့ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်ဖို့ ကူညီပေးရမယ်..."

"ငါ ယွီရွှေခရိုင်က ချင်းပေါင်စံအိမ်ကို ထိန်းချုပ်ထားတယ်... မူလကတော့ ငါရရှိတဲ့ ကြီးမားတဲ့ အမြတ်အစွန်းတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို မိသားစုထံ လွှဲပြောင်းပေးရမှာဖြစ်ပေမဲ့ မိသားစုက ငါ့အပေါ် အေးစက်ခဲ့တာပဲ... ဒါကြောင့် အဲ့ဒီအမြတ်အစွန်းတွေကို ခင်ပွန်းကိုပဲ ပေးတော့မယ်..."

"ထန်ရှန်းလမ်းမှာလည်း ခင်ပွန်းက ချင်းပေါင်စံအိမ်အတွက် ဆိုင်ခန်း ငါးခန်း ပေးထားတယ်... အဲ့ဒီဆိုင်ခန်း ငါးခန်းကိုလည်း သူ့ဆီပဲ ပြန်အပ်လိုက်မယ်..."

"ငါ ခင်ပွန်းကို ထန်ရှန်းလမ်းပေါ်က ဆိုင်ခန်းအမျိုးမျိုး စီမံခန့်ခွဲတဲ့နေရာမှာရော ငါ့ရဲ့ ချင်းပေါင်စံအိမ်အတွက် ကုန်ပစ္စည်းတွေ ရှာဖွေတဲ့နေရာမှာပါ အပြည့်အဝ ကူညီပေးသွားမယ်..."

"..."

အချိန်အတော်ကြာအောင် ရွှမ်ယွမ်ဇီသည် တစ်ယောက်တည်း ရေရွတ်နေရင်း အိမ်ထောင်ရှင်မတစ်ဦးအဖြစ် မိမိ၏ အနာဂတ်အတွက် စတင်စီစဉ်နေတော့သည်။

သူမ တစ်ယောက်တည်း စကားပြောနေစဉ်မှာပင် မိမိ၏ စိတ်အာရုံထဲသို့ ကြီးမားသော အချက်အလက်များ ရုတ်တရက် ရောက်ရှိလာကြောင်း သတိပြုမိလိုက်၏။ ဤအရာသည် အခြားမဟုတ်ဘဲ ဒြပ်စင်ငါးပါးကျမ်းစာ၏ ကျင့်ကြံခြင်း အကြောင်းအရာများပင် ဖြစ်သည်။

မှန်ပေသည်။ ကျောက်လင်သည် ရွှမ်ယွမ်ဇီနှင့် အတူနေစဉ်က သူမ၏ သွေးတစ်စက်ကို ရရှိခဲ့သဖြင့် ရွှမ်ယွမ်ဇီ၏ ပုံရိပ်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းထဲတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်လင်သည် အခြားဇနီးသည်များနှင့် ကျင့်ကြံနေစဉ်မှာပင် ဒြပ်စင်ငါးပါးကျမ်းစာကို အသုံးပြု၍ ရွှမ်ယွမ်ဇီ၏ စိတ်ထဲသို့ အသိပညာများ ထည့်သွင်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

"ခင်ပွန်းရဲ့ နည်းလမ်းတွေက တကယ့်ကို ထူးခြားဆန်းပြားပြီး သဘာဝတရားကို ဆန့်ကျင်နိုင်လောက်အောင် လျှို့ဝှက်လွန်းလှတယ်..."

"ကောင်းပြီ... ဒီဒြပ်စင်ငါးပါးကျမ်းစာရှိနေမှတော့ ငါ ကျောက်စိမ်းခန္ဓာနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်မယ်လို့ ယုံကြည်တယ်..."

ရွှမ်ယွမ်ဇီသည် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး မိမိ၏ ဆုံးဖြတ်ချက်အတွက် အလွန် ဂုဏ်ယူမိနေတော့သည်။

ထိုစဉ် ကုတင်ဘေးရှိ စားပွဲပေါ်တွင် ထူးခြားဆန်းပြားသော လင်းလုံသစ်သီး ဆယ်လုံး ရုတ်တရက် ပေါ်လာခဲ့၏။

"ဒါကလည်း ခင်ပွန်းရဲ့ အံ့ဖွယ် စွမ်းရည်တစ်ခုလား..."

လင်းလုံသစ်သီး ဆယ်လုံးသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရွှမ်ယွမ်ဇီသည် ဤအရာမှာ ကျောက်လင်ထံမှ လက်ဆောင်ဖြစ်ကြောင်း သဘာဝကျစွာ သိရှိလိုက်သဖြင့် ပို၍ပင် အံ့အားသင့်သွားရသည်။ ယခုအခါတွင်မူ မိမိ၏ ဆုံးဖြတ်ချက် မည်မျှ ပညာရှိခဲ့ကြောင်းကို သူမ ပိုမို သေချာသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ရွှမ်ယွမ်ဇီသည် ကျောက်လင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လင်းလုံသစ်သီးကို ချက်ချင်း မျိုချလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဒြပ်စင်ငါးပါးကျမ်းစာကို စတင် လည်ပတ်လိုက်တော့သည်။

အချိန်အနည်းငယ်အတွင်း ရွှမ်ယွမ်ဇီသည် မိမိ၏ အာကာသတဲထဲတွင် ကျင့်ကြံနေခဲ့ပြီး ကျောက်လင်သည်လည်း မိမိ၏ အာကာသတဲထဲတွင် ကျင့်ကြံနေခဲ့သည်။

နှစ်ရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ရွှမ်ယွမ်ဇီသည် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သောအခါ ကျောက်စိမ်းခန္ဓာနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့ပြီး ယွီရွှေခရိုင်သို့ ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။

ကျောက်လင်နှင့် သူ၏ ဇနီးသည်များသည် အလှည့်ကျ ကျင့်ကြံပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ (၁၇၈) နှစ်အထိ ရောက်ရှိသွားခဲ့သည်။

"ဒီ(၁၇၈) နှစ်စာ ကျင့်ကြံခြင်း သက်တမ်းကို ယာယီ သိမ်းဆည်းထားဦးမယ်..."

"ငါ ရှီးလန်စီရင်စုကိုရောက်လို့ ဒီကျင့်ကြံခြင်း သက်တမ်းတွေကို အသုံးပြုဖို့ လိုအပ်လာမှပဲ အသုံးချတော့မယ်..."

"တောရိုင်းသားရဲ အကောင်နှစ်ရာကို ဟင်းလင်းပြင်ပုတီးစေ့ထဲ ထည့်ပြီးပြီ... တာ့လျန်တောင်တန်းက ဟေးလုံစခန်းက လူ နှစ်ထောင်လည်း အသင့်ပြင်ထားပြီးပြီ... ငါ အခု ရှီးလန်စီရင်စုကို သွားတော့မယ်..."

ကျောက်လင်က အေးဆေးစွာ ပြောလိုက်ပြီး အာကာသတဲထဲမှ လှမ်းထွက်ခဲ့သည်။

ဇနီးသည်များ အားလုံးသည် နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်သို့ ရောက်ရှိလာကြပြီး ကျောက်လင်ကို ဝိုင်းရံထားကြ၏။ မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် ဤနိုင်ငံစစ်ပွဲအတွက် ခရီးဝေး သွားရမည်ဖြစ်သဖြင့် ဇနီးသည်များမှာ အလွန်စိုးရိမ်နေကြခြင်း ဖြစ်သည်။

"ဇနီးတို့... ဘာမှစိုးရိမ်စရာမလိုပါဘူး... ခင်ပွန်း မကြာခင် ပြန်လာခဲ့ပါ့မယ်..."

ဇနီးသည်များ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာများကို မြင်သောအခါ ကျောက်လင်က အားပေးစကား ဆိုလိုက်လေသည်။

All Chapters