အခန်း ၄၃၄
Vol. 37 Ch. 434
အခန်း(၄၃၄)
စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ မနှစ်က ပွဲတော်ရဲ့ လက်ရှိချန်ပီယံ ကွန့်ချ် ကုမ္ပဏီ ဖြစ်နေတာပေါ့။ လက်ဂါစီ့စ် အဖွဲ့ဝင်တွေထဲက ဖြစ်တဲ့အတွက် သူတို့ရဲ့ ဈေးကွက်ထဲက လွှမ်းမိုးမှုကိုတော့ ဘယ်သူမှ မကျော်ဖြတ်နိုင်ကြပါဘူး။ ပထမဆုံးနေ့အတွက် သူတို့ရဲ့ စုစုပေါင်း အရောင်းပမာဏက ၂၀,၃၁၆ တောင် ရှိတာပါ။
ပြီးတော့ အတော်လေးကို အလှမ်းကွာတဲ့ အရေအတွက်နဲ့ ဒုတိယနေရာကို ရလိုက်တာကတော့ ပိရမစ်ဒစ် ကျူဇင်း ပါပဲ။ သူတို့ရဲ့ အစားအသောက်တွေနဲ့ အဖျော်ယမကာတွေက အုန်းအုန်းကျွက်ကျွက် ရောင်းရဆုံးတွေ ဖြစ်ပြီး တခြား ဘယ်အစားအသောက် ကုမ္ပဏီမှ နီးစပ်အောင်တောင် မလိုက်နိုင်ကြဘူး။ အဲဒါကြောင့်ပဲ သူတို့ဟာ ၁၄,၂၉၄ ဆိုတဲ့ ရမှတ်ကို ရနိုင်ခဲ့တာပေါ့။
သူတို့နောက်ကနေ ကပ်လျက် လိုက်လာတာကတော့ ဆွိတ်ဝတ်စုံ ဖြစ်ပြီး မက်ထရိုပိုလစ် ကနေ လပေါင်းများစွာ ခရီးသွားရတဲ့ ဝေးလံတဲ့ အရပ်ဒေသတွေမှာပဲ ရနိုင်မယ့် အဖိုးတန် ပိုးထည်တွေနဲ့ ဆန်းပြားတဲ့ အထည်အလိပ် အသစ်တွေကို ခုတင်တင်ပဲ ဖြန့်ချိထားတာပါ။ သူတို့ရဲ့ စုစုပေါင်း အရောင်းပမာဏက ၁၂,၇၂၁ ရှိပါတယ်။
စတုတ္ထနေရာမှာတော့ စပိုက်စ်ဗိုက်စ် ရှိနေပြီး အဲဒီနေ့အတွက် အရောင်းပမာဏ ၁၁,၈၂၄ ကို ရရှိခဲ့တာပေါ့။ သူတို့ အရောင်းရဆုံး အပိုင်းကတော့ ကိုယ်ပိုင် အစားအသောက် ကုမ္ပဏီတွေအတွက် ကုန်ကြမ်းပစ္စည်းတွေ လာဝယ်ကြတဲ့ တခြား စီးပွားရေးလုပ်ငန်းတွေဆီကနေ ရတာ ဖြစ်ပါတယ်။
ဒီ လေးခုက အပ်ပါးဝုဒ်နယ်မြေ ထဲမှာ အကြီးဆုံး ကုမ္ပဏီတွေ ဖြစ်ကြပေမဲ့ ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ တခြား ကုမ္ပဏီ ၅၀ လည်း ရှိပါသေးတယ်။
သူတို့ရဲ့ အရောင်းပမာဏတွေကတော့ အရေအတွက် ၁၀,၀၀၀ ကနေ ၁,၀၀၀ အထိ အမျိုးမျိုး ရှိကြတာပေါ့။
အစည်းအရုံး ဝန်ထမ်းဟာ အဆင့်သတ်မှတ်ချက်ရဲ့ အောက်ဆုံးကို ကြည့်လိုက်ရင်း နောက်ဆုံးနေရာကို တွေ့သွားပါတယ်။ ၅၄ ခုမြောက် နေရာမှာတော့ ဆံပင်ညှပ်ဆိုင် ကုမ္ပဏီတစ်ခုက ပထမဆုံးနေ့မှာ အရောင်းပမာဏ ၁,၂၃၂ ခု လုပ်ဆောင်နိုင်ခဲ့တာပါ။
ပြီးတော့ အဲဒီအရေအတွက်ကို ရီနေးတား ရဲ့ အရောင်းပမာဏနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ သူတို့က အောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ချိုးဖျက်ပြီး ဖယ်ရှားပစ်နိုင်ခဲ့တာကို မြင်လိုက်ရလို့ သူ တကယ်ပဲ အံ့ဩသွားရတယ်။
ဒါဟာ တစ်ခါမှ မရှိဖူးသေးတဲ့ အရာပဲ။ ဒီအဆင့်သတ်မှတ်ချက်က မက်ထရိုပိုလစ် ရဲ့ မြေပြင်မှာ တကယ်တမ်း ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ ကုမ္ပဏီတွေ၊ ဝါရင့်တွေအတွက်ပဲ ဖြစ်သင့်တာပေါ့။ တစ်ဖက်မှာတော့ ခွင့်ပြုချက် အဆင့်သတ်မှတ်ချက်တွေဆိုတာ ကလေးကစားစရာ အဆင့်သတ်မှတ်ချက်မျိုးပဲ ဖြစ်ရမှာပါ။ အဲဒါက ဘာအဓိပ္ပာယ်မှတောင် မရှိပါဘူး။ ဘယ်ကုမ္ပဏီက စမ်းသပ်ချက်ကို အောင်မြင်အောင် လုံလုံလောက်လောက် လုပ်နိုင်လဲဆိုတာကို ကြည့်ရုံသက်သက်ပါပဲ။
ဒါပေမဲ့လည်း ကုမ္ပဏီတစ်ခုကတော့ ဒီဘောင်တွေကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ မက်ထရိုပိုလစ် မှာ အခြေစိုက် ကုမ္ပဏီ မရှိသေးတာတောင်မှ ပန်းခြံအလယ်က ရွေ့လျားဈေးဆိုင်လေး တစ်ခုတည်းနဲ့တင် ရီနေးတား ကုမ္ပဏီဟာ ဝါရင့် လုပ်ငန်းကြီးတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ခဲ့တယ်။
သူတို့က အောက်ဆုံးနေရာမှာပဲ ရှိနေသေးရင်တောင်မှ အဲဒီနေရာကို ရောက်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတင် သူ့အလိုလို အံ့ဩစရာ ကောင်းလှတဲ့ အရာပဲ ဖြစ်နေပြီ။
ဝန်ထမ်းဟာ သူ့အထက်လူကြီး ကလော်ဒီယာ မောင့်ဂိုမာရီ ကို ဒါကို သတင်းပို့ဖို့ သေတ္တာကြီးကို သူ့နောက်ကနေ ဆွဲပြီး ပန်းခြံထဲကနေ အမြန် ထွက်ခွာသွားခဲ့ပါတယ်။ သူ မိုက်ကယ် ကို နှုတ်ဆက်ပြီး အစည်းအရုံး အဆောက်အအုံဆီကို တန်းတန်းမတ်မတ် သွားလိုက်တယ်။
သူဟာ လူအုပ်ထဲကနေ အလုအယက် တိုးဝှေ့သွားရင်း ဘာလို့ ဒီလောက်တောင် စိတ်လောနေရတာလဲလို့ လှမ်းမေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဝင်တိုက်မိသွားတယ်။ "မင်းတို့လည်း ဒါကို တကယ် ကြည့်ချင်ကြမှာ" လို့ သူက သူတို့ကို ပြောလိုက်တယ်။
သူ ကလော်ဒီယာ ရဲ့ အခန်းဆီ သွားပြီး တံခါးတောင် မခေါက်ဘဲ ဝုန်းခနဲ ဝင်သွားခဲ့တယ်။
ကလော်ဒီယာ ကတော့ ဒီလို ရိုင်းပျတဲ့ လုပ်ရပ်ကြောင့် အံ့ဩသွားပြီး ဝန်းထမ်းကို လှမ်းမေးလိုက်တာပေါ့။ "မင်းနဲ့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အယောက် နှစ်ဆယ်က ဘာလို့ မနက်စောစောစီးစီး ငါ့ရုံးခန်းထဲကို ရောက်လာကြတာလဲ"
ဝန်ထမ်းက သူမရဲ့ စာပွဲဆီ လျှောက်သွားပြီး သူ့ရဲ့ မှော်ပရပိုဒ် တွေကို ချလိုက်ရင်း ကလော်ဒီယာ ဆီ နှစ်ခုလုံးကို တင်ပြလိုက်တယ်။ သူက စာရင်းတစ်ခုရဲ့ ထိပ်ဆုံးကို ချက်ချင်း ထောက်ပြလိုက်ပြီး ရီနေးတား ရဲ့ ရမှတ်ကို အလေးအနက် ပြလိုက်တာပေါ့။
"ဟား... ပထမနေရာပဲ။ သူတို့ရမှတ်ကို ကြည့်ရအောင်..."
သူမရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ သူမက မှော်ပရပိုဒ် ကို ယူပြီး ပိုမြင်ရအောင် အလင်းရောင်ဆီ ထောင်ကြည့်လိုက်တယ်။ "တစ်ရက်တည်းနဲ့ အရောင်းပမာဏ ၁,၂၀၀ ဟုတ်လား"
အခုတော့ တခြား ဝန်ထမ်းတွေတောင် သူတို့ ခုတင်တင် ကြားလိုက်ရတဲ့အရာကို မယုံနိုင်အောင် ဖြစ်နေကြပြီ။
"ဘယ်သူလဲ... သူတို့ ဘယ်လို လုပ်လိုက်တာလဲ"
အပ်ပါးဝုဒ်နယ်မြေ ပွဲတော်ကို တာဝန်ယူထားရတဲ့ အစည်းအရုံး ဝန်ထမ်းတိုင်းဟာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ကြည့်ဖို့ တံခါးဝမှာ တိုးဝှေ့နေကြတယ်။
"ရီနေးတား ကုမ္ပဏီ... သူတို့က J5 နေရာမှာပဲ ရှိတာလေ။ အဲဒါက အဆိုးဆုံးနေရာပဲ။ ပြီးတော့ သူတို့က တစ်ရက်တည်းနဲ့ အရောင်းပမာဏ ၁,၂၀၀ ရတယ် ဟုတ်လား။ အဲဒီ ဒင်္ဂါးတွေက တကယ်ပဲ စစ်ရဲ့လား သေချာလို့လား"
ဝန်ထမ်းက စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ ပုံစံနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ "သေချာပါတယ်... သေတ္တာကြီးက ဒါတွေ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသား"
အဲဒီသေတ္တာကြီးကို မက်ထရိုပိုလစ် ရဲ့ မှော်မျှော်စင် သခင်ကြီး က ပြုလုပ်ထားတာကို သူတို့ အကုန်လုံး သိကြတာပေါ့။ အဲဒါကို လှည့်စားလို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်း ရီနေးတား ရဲ့ ရမှတ်က မယုံနိုင်စရာ ကောင်းလွန်းနေတာကြောင့် အမှန်တရားကို ချက်ချင်း လက်ခံဖို့ထက် ဒါကို သံသယဝင်မိနေကြတာ ဖြစ်တယ်။
"နေဦး... ရီနေးတား ကုမ္ပဏီ ဟုတ်လား။ သူတို့က ထူးဆန်းတဲ့ သံသတ္တု မိစ္ဆာ အကောင်ကြီးကို ယဉ်ပါးအောင် မွေးထားတဲ့သူတွေလို့ ငါ ကြားဖူးတယ်"
"ဟုတ်တယ်... ငါ ကိုယ်တိုင် မြင်ခဲ့တာ" လို့ ဝန်ထမ်းက ပြောလိုက်တယ်။ "အဲဒါက မိစ္ဆာ မဟုတ်ပါဘူး။ ရထားလုံးလိုမျိုးပဲ၊ ဒါပေမဲ့ သံသတ္တုနဲ့ လုပ်ထားတာ။ ပြီးတော့ အဲဒါမှာ မှော်ပညာနဲ့ လုပ်ထားတာ မဟုတ်တဲ့ မီးရောင်တွေ အကုန်လုံး ရှိနေတယ်"
"ဒါဆို အဲဒါက အမှန်ပဲပေါ့လေ... ငါလည်း အဲဒါကို ကြားပြီး ကောလာဟလပဲလို့ ထင်နေတာ"
"ငါလည်း သူငယ်ချင်းတစ်ယောက်ဆီကနေ ရီနေးတား အကြောင်း ကြားတယ်။ သူတို့က လူပု တွေရဲ့ အရည်အသွေး အဆင့်အတန်းနီးပါး ရှိတဲ့ အချက်အပြုတ် အသုံးအဆောင်တွေကို ရောင်းတာတဲ့"
"ငါလည်း ဈေးရင်ပြင်ထဲက ဆိုင်တစ်ဆိုင်အကြောင်း ပြောနေကြတာ ကြားမိသားပဲ၊ အားလုံးကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးပေမဲ့ အံ့ဩစရာ အရည်အသွေးရှိတယ်ဆိုတာလေ။ အဲဒါ ရီနေးတား ဖြစ်ရမယ်"
သူမရဲ့ ဝန်ထမ်းတွေ အချင်းချင်း စကားပြောနေကြတုန်းမှာပဲ သူမက ဒုတိယ မှော်ပရပိုဒ် ဆီကို အာရုံပြောင်းလိုက်ပါတယ်။
'သူတို့က ဒီအဆင့်သတ်မှတ်ချက်ကို ချိုးဖျက်လိုက်တာလား' လို့ သူမက ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
သူမရဲ့ ပါးပြင်ပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာတော့တာပေါ့။ သူမရဲ့ တူမ ယူနာ က ရီနေးတား ကို အကြောင်းပြချက်တစ်ခုခုကြောင့် ရွေးချယ်ခဲ့တာ ဖြစ်ပုံရတယ်။ အကယ်၍ သူတို့က ရွေ့လျားဈေးဆိုင်လေး တစ်ခုတည်းနဲ့တင် ဒီအဆင့်သတ်မှတ်ချက်ကို ချိုးဖျက်နိုင်တယ်ဆိုရင် မက်ထရိုပိုလစ် မှာ အခြေစိုက်ပြီးသွားတဲ့အခါ သူတို့မှာ တကယ်ကို ကြီးမားတဲ့ အလားအလာတွေ ရှိလာမှာပဲ။
* * * * * * * *
တခြားသူတွေအတွက်တော့ ဒါက တကယ့်ကို အထင်ကြီးစရာ ကောင်းလှပါပြီ။ ဒါပေမဲ့ မိုက်ကယ် ကတော့ အားမရသေးဘူး။ သူက ပိုပြီး အရောင်းရချင်သေးတာ။ အဲဒါကြောင့် နေမင်းကြီးက ညကောင်းကင်ယံကို ဖြတ်သန်းပြီး ပေါ်ထွက်လာတဲ့အခါမှာတော့ ဒုတိယမြောက်နေ့ဟာ နောက်ဆုံးတော့ စတင်ခဲ့ပါပြီ။
အော့တို နဲ့ တခြားသူတွေဟာ ထိုနေ့အတွက် နာရီအနည်းငယ်ပဲ အိပ်စက်ခဲ့ရပေမဲ့လည်း တကယ့်ကို စောစောစီးစီး ရောက်လာကြတယ်။
"မင်္ဂလာမနက်ခင်းပါ" လို့ သူက သူတို့ကို နှုတ်ဆက်လိုက်တယ်။ ဒါပေမဲ့ သူတို့က သူတို့နဲ့အတူ ဘာပစ္စည်းမှ ယူမလာကြတာကို သူ သတိထားမိသွားတယ်။ မနေ့ညက သူတို့ဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေ အပြည့်ပါတဲ့ လှည်းကြီးနဲ့ ထွက်သွားကြတာလေ။ ဒါပေမဲ့ အခုတော့ သူတို့က လက်ဗလာနဲ့ ပြန်လာကြတယ်။
"မင်းတို့ လေတွေကိုပဲ လိုက်ရောင်းနေမှာ မဟုတ်ဘူးလို့ ငါ မျှော်လင့်ပါတယ်" လို့ သူက နောက်ပြောင်လိုက်တယ်။
သူတို့ လေးယောက်လုံးက မချိပြုံး ပြုံးလိုက်ကြတာပေါ့။
"မဟုတ်ပါဘူး၊ မိုက်ကယ်။ ငါတို့ လေးယောက်လုံး တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီ။ ငါတို့ ခွင့်ပြုချက် စမ်းသပ်ချက်ကို ရပ်နားတော့မယ်" လို့ အော့တို က ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ"
ရီနာ က သူ့ကို စိတ်အေးအေးထားဖို့ ဖျောင်းဖျလိုက်တယ်။
"မနေ့က ငါတို့ အရောင်းပမာဏ တစ်ရာ ပြည့်အောင်တောင် မနည်းလုပ်ခဲ့ရတာ။ ဒီပွဲတော်မှာ ငါတို့အတွက် အခွင့်အရေး မရှိတော့ပါဘူး"
"ဟုတ်တယ်" လို့ ပီဒရို က သဘောတူလိုက်တယ်။ "ငါတို့ နောက်နှစ်ကျမှပဲ ကံစမ်းကြည့်တော့မယ်၊ ဘာမှ စိတ်ပူစရာ မရှိပါဘူး"
ဒါက မိုက်ကယ် ရဲ့ စိတ်ထဲမှာ မကောင်းတဲ့ ခံစားမှုတစ်ခု ကျန်ရစ်စေခဲ့တယ်။ ဒါက စီးပွားရေးသက်သက်ပဲဆိုတာ သူ သိနေရင်တောင်မှ ဒီလေးယောက်က သူ ဘယ်သူလဲဆိုတာ မသိကြဘဲနဲ့ သူ့အပေါ်ကို တကယ် ကောင်းမွန်ခဲ့ကြတာလေ။ ဒါတင်မကဘဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေက တကယ်ကို ကောင်းမွန်ပြီး မက်ထရိုပိုလစ် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တယ်လို့ သူ ထင်ထားခဲ့တာ။
"ဟေး... စိတ်မကောင်းမဖြစ်ပါနဲ့ ကောင်လေးရာ။ ပွဲတော်က ငါတို့ရဲ့ ခွင့်ပြုချက် စမ်းသပ်ချက်နဲ့ တိုက်ဆိုင်နေမှန်း သိလိုက်ရကတည်းက ငါတို့ နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ မင်း အဆင်မပြေဖြစ်မှာ စိုးလို့သာ မင်းနဲ့အတူ အဖော်လုပ်ပေးဖို့ နောက်ထပ် တစ်ရက်လောက် ထပ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဟားဟား။ တကယ်တော့ ငါတို့ ထင်တာ မှားသွားတာပဲ"
မိုက်ကယ် က သက်ပြင်းချပြီး အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ "ဒါပေမဲ့ မင်းတို့အားလုံး ဘာလို့ ဒီကို ရောက်နေကြတာလဲ"
သူတို့အားလုံး အချင်းချင်း ကြည့်လိုက်ကြတယ်။ "ကောင်းပြီ... ငါတို့မှာ တခြား ထွေထွေထူးထူး လုပ်စရာ မရှိတာနဲ့ မင်းရဲ့ ဆိုင်မှာ ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာပါ" လို့ အော့တို က ပြောလိုက်တယ်။
"ငါတို့အားလုံး မင်းရဲ့ ကုန်ပစ္စည်းကို သဘောကျကြတယ်၊ အဲဒါကြောင့် တခြားသူတွေကို ရောင်းပေးဖို့က ငါတို့အတွက် လွယ်ကူပါတယ်" လို့ ရီနာ က ဆပ်ပြာတွေနဲ့ ခေါင်းလျှော်ရည်တွေကို ညွှန်ပြရင်း ပြောလိုက်တယ်။
"ငါတို့ လမ်းမတွေပေါ်မှာ လိုက်ရှာပြီး လိုအပ်ရင် မင်းရဲ့ ဆိုင်ကို လာခဲ့ဖို့ သူတို့ကို တောင်းပန်ပြီး ခေါ်ခဲ့မယ်"
ပီဒရို က အဲဒါကို နောက်ပြောင်တဲ့အနေနဲ့ ပြောခဲ့တာ ဖြစ်ပေမဲ့ မိုက်ကယ် သာ အလိုရှိရင် သူတို့ တကယ် လုပ်မယ့် ပုံစံမျိုး ဖြစ်နေတယ်။
ဒါက မိုက်ကယ် ရဲ့ နှလုံးသားကို ထိမိသွားစေခဲ့တယ်။ သူတို့ ကျရှုံးသွားခဲ့ပြီး ဘာမှလည်း ပြန်ရမှာ မဟုတ်ရင်တောင်မှ သူတို့ကတော့ ရောက်လာပြီး သူ့ရဲ့ဆိုင်မှာ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြတုန်းပဲ။
"ကောင်းပါပြီ" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "ငါ မင်းတို့ကိုပဲ အားကိုးရတော့မယ်"
အဲဒီလိုနဲ့ သူတို့ လေးယောက်လုံး လှမ်းအော်ပြီး လူတွေကို ခေါ်ဆောင်လာပေးမှုကြောင့် မိုက်ကယ် ဟာ ပထမဆုံးနေ့ထက် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
ညဉ့်နက်ပိုင်း ရောက်တဲ့အခါမှာတော့ မိုက်ကယ် ဟာ မနေ့က သူ့ရဲ့ ရမှတ်ကို နှစ်ဆတိုးပြီး စုစုပေါင်း အရောင်းပမာဏ ၂,၅၃၀ ကို ရရှိခဲ့တာပေါ့။
* * * * * * * *
စာစဉ်(၃၇)