← Chapters

အခန်း ၄၃၆

Vol. 37 Ch. 436

အခန်း ၄၃၆

Vol. 37 Ch. 436

အခန်း(၄၃၆)

မိုက်ကယ်ရဲ့ ဆိုင်ခန်းမှာ လာဝယ်ကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီး အော့တိုနဲ့ တခြားသူတွေဟာ ပါးစပ်အဟောင်းသား ဖြစ်သွားရလောက်အောင် အကြီးအကျယ် အံ့ဩသွားကြရတယ်။

ဒီလမ်းကြားလေးထဲမှာ ပုံမှန်ဆိုရင် လူနှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ဖြတ်သန်းသွားလာလေ့ ရှိတာပါ။ ဒါပေမဲ့ ပတ်ပတ်လည်ကို ဝှေ့ကြည့်လိုက်တဲ့အခါမှာတော့ ဒီနေရာတစ်ဝိုက်မှာတင် လူပေါင်း ရာနဲ့ချီပြီး စုပြုံတိုးဝှေ့နေကြတာကို သူတို့ သတိထားမိလိုက်တယ်။

မိုက်ကယ်ရဲ့ ကုန်ပစ္စည်းတွေကတော့ တစ်ကမ္ဘာလုံးကို ပတ်ချာလည်သွားအောင် ဆွဲဆောင်နိုင်ခဲ့တာပဲ။ ဒါဟာ မားကက်ပလာဇာထဲ လျှောက်သွားနေတဲ့ လူတွေအကုန်လုံးအတွက် ဗဟိုချက်မနဲ့ ဆုံချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ လူတွေ ဒီအတိုင်း ဖြတ်သွားဖြတ်လာရင်း ဝင်ကြည့်ရုံတင် မဟုတ်တော့ဘဲ လူတိုင်းက တကူးတက လိုက်ရှာပြီး လာရတဲ့ နေရာတစ်ခု ဖြစ်နေခဲ့တာပါ။ နောက်ဆုံး ပန်းခြံထဲကို လာဖို့ စိတ်ကူးမရှိခဲ့တဲ့ သူတွေကိုတောင် ဆွဲခေါ်လာနိုင်ခဲ့တယ်လေ။

ဒါပေမဲ့လည်း ဝယ်သူတွေကို အပြစ်ပြောလို့တော့ မရပါဘူး။ မိုက်ကယ်ရဲ့ ကုန်ပစ္စည်းတွေက အရည်အသွေး ကောင်းလွန်းတာကိုး။ ပြီးတော့ ပုံမှန်ဆိုရင် ရွှေပုံပေးမှ ဝယ်နိုင်မယ့် ရှားပါးထူးဆန်းတဲ့ ပစ္စည်းတွေကိုတောင် အခုတော့ လက်လှမ်းမီတဲ့ ဈေးနှုန်းတွေနဲ့ အလွယ်တကူ ဝယ်ယူနိုင်နေပြီ ဖြစ်နေလို့ပါပဲ။

မိုက်ကယ်ဟာ နေ့တိုင်း နေ့တိုင်း သူ့ရဲ့ အရောင်းပမာဏကို နှစ်ဆစီ တိုးအောင် လုပ်နိုင်ခဲ့တယ်။ တတိယမြောက်နေ့ကလည်း သူတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာ သိသာနေခဲ့တာပေါ့။

ဘာပဲပြောပြော သူတို့ အခုဆိုရင် အရေအတွက် လေးထောင် အမှတ်အသားကိုတောင် ရောက်နေပြီပဲလေ။

အရင်ရက်က ရောင်းထားရတဲ့ အရေအတွက်နဲ့ပါ ပေါင်းလိုက်မယ်ဆိုရင်တော့ ခွင့်ပြုချက်စာမေးပွဲအတွက် သတ်မှတ်ထားတဲ့ အရောင်းပမာဏ ခုနစ်ထောင် ဆိုတဲ့ ပန်းတိုင်ကို တရားဝင် ပြည့်မီသွားခဲ့ပါပြီ။

အရေအတွက်ကို အသေအချာ ရေတွက်ပြီးတာနဲ့ မိုက်ကယ်ဟာ ပန်းခြံတံခါးဝဆီ လျှောက်သွားပြီး ဝယ်သူတွေကို အထူးဒင်္ဂါးပြားတွေ ဝေပေးနေတဲ့ မှော်ပညာရှင်အစည်းအရုံး ဝန်ထမ်းတစ်ယောက်ဆီ သွားရောက်စကားပြောလိုက်တယ်။

"ခွင့်ပြုပါဦး။"

အဲဒီဝန်ထမ်းက လှည့်ကြည့်လိုက်ပြီး မိုက်ကယ်ရဲ့ မျက်နှာကို မှတ်မိသွားတယ်။ "မင်းပဲ။ မင်းက ရီနေးတား ကုမ္ပဏီဆိုင်ခန်းက မဟုတ်လား။"

မိုက်ကယ်က ခေါင်းငြိတ်ပြလိုက်တယ်။

"မင်းကြောင့် ငါတို့အစည်းအရုံးတစ်ခုလုံး ဘယ်လောက်တောင် အလုပ်ရှုပ်နေရလဲ မင်းသိရဲ့လား။ လူတွေက မင်းတို့ဆိုင်မှာ သုံးဖို့ဆိုပြီး ငါတို့ဆီကနေ ဒင်္ဂါးပြားတွေ ထပ်ပြီးတော့ကို တောင်းနေကြတာဗျာ။"

မှော်ပညာရှင်အစည်းအရုံးထဲက လူတိုင်းနီးပါးဟာ တစ်ရက်တည်းနဲ့ အရောင်းပမာဏ နှစ်ထောင်ကျော်အထိ စံချိန်တင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အံ့ဖွယ်ကုမ္ပဏီအကြောင်းကို သိနေကြတာပဲ။

"ငါ ဘာကူညီပေးရမလဲ။" လို့ ဝန်ထမ်းက မေးလိုက်တယ်။

"ဒီနေ့အတွက် ငါ့ရဲ့ရမှတ်တွေကို စာရင်းတွက်ပေးစေချင်လို့ပါ။" မိုက်ကယ်က ချက်ချင်းပဲ အပူတပြင်း ပြောလိုက်တယ်။

ဝန်ထမ်းက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီး "ဘာကို ဆိုလိုတာလဲ။"

"ကျွန်တော့်မှာ စာမေးပွဲအောင်ဖို့အတွက် လိုအပ်တဲ့ ဒင်္ဂါးပြားတွေ အလုံအလောက် ရှိနေပြီမို့လို့ပါ။"

ဝန်ထမ်းဟာ ဒါကို ပြက်လုံးတစ်ခုလို့ ထင်မှတ်ပြီး မိုက်ကယ်ရဲ့ မျက်နှာကို ကြည့်ကာ လှောင်ရယ်မိမလိုတောင် ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ရွှေဝါရောင် ဆံပင်တွေနဲ့ ကောင်လေးရဲ့ တည်တံ့လေးနက်နေတဲ့ မျက်နှာထားကို မြင်လိုက်ရတဲ့အခါမှာတော့ အဲဒီဝန်ထမ်းဟာ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောနဲ့ ခေါင်းကိုသာ ခါယမ်းမိတော့တယ်။

"မင်း အဲဒါကို နောက်တစ်ခေါက် ပြန်ပြောကြည့်ပါဦး။ မင်း စာမေးပွဲ အောင်ပြီ ဟုတ်လား။ မင်း ပြောချင်တာက မင်းရဲ့ အရောင်းပမာဏ ခုနစ်ထောင် ပြည့်သွားပြီလို့ ပြောတာလား။"

မိုက်ကယ်က ခေါင်းငြိတ်ပြလိုက်တယ်။

ဝန်ထမ်းဟာ ဘယ်လို တုံ့ပြန်ရမှန်းမသိဘဲ ခဏလောက် မှင်တက်သွားမိတယ်။ သူဟာ မယုံကြည်နိုင်ခြင်းနဲ့ ဒါဟာ နောက်ပြောင်ကျီစယ်မှုတစ်ခု ဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးနှစ်ခုကြားမှာ ဂယောင်ချောက်ခြားဖြစ်ပြီး လမ်းပျောက်နေခဲ့တာပေါ့။

"ဒင်္ဂါးပြားတွေကို ကျွန်တော်နဲ့အတူ ယူလာခဲ့ပါတယ်။ တစ်ချက်လောက် ရေတွက်ပေးလို့ ရမလား။" မိုက်ကယ်က မေးလိုက်တယ်။

ဆွံ့အနုမှိုင်မိနေဆဲ ဖြစ်တဲ့ အဲဒီဝန်ထမ်းဟာ နောက်ဆုံးတော့ သစ်သားစားပွဲအောက်ကနေ မှော်သေတ္တာကြီးကို ဆွဲထုတ်ပြီး မိုက်ကယ်ရဲ့ ရှေ့ကို ချပြလိုက်နိုင်တယ်။ သေတ္တာပေါ်က ဂဏန်းတွက်စက်မှာ သုည ဖြစ်နေတာကို အရင်ဆုံး အတည်ပြုပြီးတဲ့နောက်မှာတော့ ဒင်္ဂါးပြားတွေအကုန်လုံးကို အထဲထဲ သွန်ထည့်ဖို့ မိုက်ကယ်ကို လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်ပါတယ်။

*ချွင် ချွင် ဂျွတ် ချွင်*

ဒင်္ဂါးပြားတွေဟာ မိုက်ကယ်ရဲ့ လက်ဖဝါးထဲက မှော်သေတ္တာအမှောင်ထဲကို တဖွဲဖွဲ လျှောကျသွားပြီး သေတ္တာပေါ်က ဂဏန်းတွေကတော့ တရိပ်ရိပ် တက်လာခဲ့တယ်။

အရေအတွက် တစ်ထောင်ကို ရောက်သွားတဲ့အချိန်မှာတော့ ဝန်ထမ်းဟာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒင်္ဂါးပြား အရေအတွက် နှစ်ထောင်ကျော်သွားတဲ့ အခါမှာတော့ အဲဒီလူဟာ မျက်လုံးအစုံ ပြူးကျယ်သွားပြီး သေတ္တာကြီးကို မယုံနိုင်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေမိတော့တယ်။

ဒါတင်ပဲ အတော်လေးကို အံ့ဩမှင်တက်စရာ ကောင်းနေပြီလို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒင်္ဂါးပြားတွေက မရပ်မနားဘဲ ဆက်ပြီးတော့ကို လျှောကျနေတုန်းပဲ။

ဂဏန်းတွေဟာ သုံးထောင်အထိ ဆက်တက်သွားပြီး နောက်ဆုံးမှာတော့ အဆုံးသတ် ဂဏန်းဖြစ်တဲ့ ၄၇၈၄ ပြား ဆိုတဲ့ နေရာမှာ ရပ်တန့်သွားခဲ့ပါတယ်။

ဝန်ထမ်းဟာ ဒီအချက်အလက်တွေကို သေချာသိရအောင် သူ့ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ချလိုက်ရတယ်။ ပြီးတော့ စားပွဲပေါ်က မှတ်တမ်းလိပ်ကို ကောက်ယူပြီး ရီနေးတား ကုမ္ပဏီရဲ့ လက်ရှိ အရောင်းစာရင်းကို ကြည့်လိုက်မိတာပေါ့။

အခု ရရှိထားတဲ့ ရမှတ်အသစ်တွေကို ထပ်ပေါင်းလိုက်တဲ့အခါမှာတော့ စာမေးပွဲ အောင်မြင်ဖို့ လိုအပ်တဲ့ အရောင်းပမာဏ ခုနစ်ထောင် ဆိုတဲ့ အမှတ်အသားကို အဝေးကြီး ကျော်လွန်သွားခဲ့ပါပြီ။

"မင်း... မင်း ခွင့်ပြုချက် ရသွားပြီပဲ..." ဝန်ထမ်းက မယုံနိုင်သေးတဲ့ အသံနဲ့ ပြောလိုက်တယ်။

ဒီ ရွှေဝါရောင် ဆံပင်နဲ့ ကောင်ငယ်လေးဟာ သုံးရက်အတွင်းမှာတင် ခွင့်ပြုချက်ကို အရယူနိုင်ခဲ့တာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် မိုက်ကယ်ဟာ ဆိုင်ဖွင့်ထားတဲ့ နေ့တိုင်း နေ့တိုင်းမှာ သူ့ရဲ့ အရောင်းပမာဏကို နှစ်ဆစီ ဖြစ်အောင် လုပ်နိုင်ခဲ့တာပါ။ တတိယမြောက်နေ့မှာတော့ သတ်မှတ်ရက်ထက် လေးရက်တောင် စောပြီး သူ့ရဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒါက တကယ် ဖြစ်နိုင်ပါ့မလားလို့တောင် မယုံနိုင်အောင် ဖြစ်နေရတယ်။

တခြား အခြေအနေမျိုးသာဆိုရင်တော့ ဝန်ထမ်းဟာ ဒီရလဒ်တွေကို ချက်ချင်းပဲ သံသယဝင်မိမှာ အသေအချာပါပဲ။ ဒါဟာ ခွင့်ပြုချက်စာမေးပွဲ ဖြေဆိုနေတဲ့သူတစ်ယောက် ရရှိဖို့အတွက် ဆိုရင်တော့ အလွန်အမင်း ချဲ့ကားလွန်းလှတဲ့ ရမှတ်ကြီး ဖြစ်နေလို့ပါ။

ဒါပေမဲ့ သူ အမှန်တရားကို သိမြင်ဖို့အတွက် ခပ်လှမ်းလှမ်းကို လှမ်းမျှော်ကြည့်လိုက်ရုံတင် လိုအပ်တာ ဖြစ်ပါတယ်။

မားကက်ပလာဇာရဲ့ အလယ်ဗဟို၊ ပန်းခြံရဲ့ စိမ်းစိုလှပတဲ့ သစ်ပင်ပန်းမန်တွေကြားထဲက ကွက်လပ်တစ်ခုဖြစ်တဲ့ J5 နေရာလေးထဲမှာတော့ အခုအချိန်မှာ လူအုပ်ကြီး တိုးမပေါက်အောင် စုပြုံနေကြတာကို မြင်တွေ့နေရပြီလေ။

ဒါက တစ်ခုလုံးကို ပိုပြီးတော့တောင် ယုတ္တိမရှိအောင် ဖြစ်စေတာပါပဲ။

ဒီနေ့ရဲ့ နေ့တစ်နေ့တောင် မကုန်ဆုံးသေးဘူးလေ။

နေမင်းကြီးက ကောင်းကင်အလယ်တည့်တည့်မှာ ထွန်းလင်းတောက်ပနေတုန်း မွန်းတည့်အချိန်ပဲ ရှိသေးတာပါ။ ဒါပေမဲ့ မိုက်ကယ်ဟာ စာမေးပွဲ အောင်ဖို့ လိုအပ်တဲ့ အရောင်းပမာဏ လေးထောင်ကျော်ကို ရရှိထားပြီး ဖြစ်နေခဲ့ပါပြီ။

ဒါဟာ နေ့ကုန်သွားတဲ့အချိန်မှာဆိုရင် သူ့ရဲ့ လက်ရှိအရောင်းပမာဏက နှစ်ဆလောက် ထပ်တိုးလာနိုင်ပြီး စုစုပေါင်း အရောင်းပမာဏ ရှစ်ထောင်ကျော်အထိ ဖြစ်သွားနိုင်ချေ ရှိတယ်လို့ ဆိုလိုတာပဲ။

"ငါ... ငါ... ဒါ အိပ်မက် ဖြစ်ရမယ်..."

အဲဒီဝန်ထမ်းဟာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားတဲ့ စိတ်ကြောင့် နောက်ဆုံးမှာတော့ ကုလားထိုင်ပေါ်တင် မူးမေ့လဲကျသွားပါတော့တယ်။

* * * * * * * *

တစ်ချိန်တည်းမှာပဲ အစည်းအရုံး ဌာနချုပ်ထဲမှာတော့ ကလော်ဒီယာ မောင့်ဂိုမာရီဟာ စကျင်ကျောက် ကြမ်းပြင်တွေပေါ်ကနေ ပဲ့တင်ထပ်လာတဲ့ ကပျာကယာ လျှောက်လှမ်းလာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။

သူမ စာရွက်စာတမ်းအချို့ကို စီစဉ်နေတုန်း နှောင့်ယှက်တဲ့အတွက် အဲဒီပြဿနာရှာတဲ့သူကို ဆူပူကြိမ်းမောင်းဖို့ နေရာကနေ ထရပ်မိတော့မှာပါ။

ဒါပေမဲ့ သူမ ထိုင်ခုံကနေ ထလိုက်တာနဲ့ တစ်ပြိုင်နက် သူမ အခန်းတံခါးကြီးဟာ ဝုန်းခနဲ ပွင့်အာသွားခဲ့ပါတယ်။

"တံခါးမခေါက်ဘဲ ဝင်လာပြန်ပြီလား။ မင်းတို့တွေ ဘယ်တော့မှ အသိဉာဏ် ဝင်ကြမှာလဲ။"

ဝန်ထမ်းကတော့ သူမရဲ့ ပြောစကားကို ဂရုမစိုက်နိုင်ဘဲ အမောတကော အသက်ရှူဖို့သာ ကြိုးစားနေခဲ့တယ်။ သူ ဒီနေရာကို ရောက်လာဖို့အတွက် တောင်တစ်တောင်လုံးကို အပြေးနှင်လာခဲ့ရသလို ပုံစံမျိုး ဖြစ်နေခဲ့တာကိုး။

"ဟောဟဲ...ဟာ..."

နောက်ဆုံးတော့ အဲဒီဝန်ထမ်းဟာ စကားလုံး နှစ်လုံးကို မနည်း ညှစ်ထုတ်ပြီး ပြောလိုက်နိုင်တယ်။

"ကြည့်... ရီနေးတား"

ကလော်ဒီယာဟာ စားပွဲကနေ ထလိုက်ပြီး ဝန်ထမ်းရဲ့ လက်ထဲက မှတ်တမ်းလိပ်ကို လှမ်းယူလိုက်ပါတယ်။

* * * * * * * *

ကလော်ဒီယာ မောင့်ဂိုမာရီဟာ မက်ထရိုပိုလစ်ရဲ့ လမ်းမတွေပေါ်မှာ မြင်းတစ်ကောင်၊ ပြီးတော့ ဒေါသကြောင့် နီမြန်းနေတဲ့ မျက်နှာတစ်ခုကလွဲလို့ ဘာမှမပါဘဲ အပြင်းနှင်လာခဲ့တယ်။

သူမ ဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်နေတာပါ။

ရီနေးတား ကုမ္ပဏီဟာ ဆိုင်ဖွင့်ပြီး နှစ်ရက်ခွဲအတွင်းမှာတင် အရောင်းပမာဏ ခုနစ်ထောင်ကျော်ကို ဘယ်လိုမျိုး ရယူနိုင်ခဲ့လဲဆိုတာ သူမ ကိုယ်တိုင် မြင်တွေ့ချင်နေခဲ့တာပေါ့။

မားကက်ပလာဇာထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် J5 နေရာမှာ လူတွေ အများကြီး စုပြုံနေတာကို သူမ ချက်ချင်း သတိထားမိလိုက်တယ်။ လူတွေက သိပ်ကို များလွန်းတာကြောင့် မိုက်ကယ်ရဲ့ ဆိုင်ခန်းဘေးတင် ရှိနေတဲ့ ရေကန်ကြီးကိုတောင် သူမ မမြင်ရတော့ဘူးလေ။

သူမဟာ မြင်းကို စီးရင်း လူအုပ်ကြီးကို ဖယ်ခိုင်းလိုက်တယ်။ လူတွေက သူမရဲ့ အဖြူရောင် ဝတ်ရုံကို မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် အစည်းအရုံးက ဝန်ထမ်းတစ်ယောက်ဆိုတာ သိသွားကြပြီး သူမ သွားနိုင်ဖို့ လမ်းကို ချက်ချင်း ဖယ်ပေးကြတာပေါ့။

နောက်ဆုံးတော့ သူမ မြင်လိုက်ရပါပြီ၊ အဲဒါကတော့ ရွေ့လျားဆိုင်ခန်းလေးပါပဲ။

ထရပ်ကားကြီးရဲ့ ရှေ့မှာ ခင်းကျင်းပြသထားတဲ့ စားပွဲတန်းကြီးတွေကို သူမ မြင်လိုက်ရပြီး စားပွဲတစ်ခုချင်းစီပေါ်မှာတော့ သူမ တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ ကုန်ပစ္စည်းမျိုးစုံကို ပြသထားတာကို တွေ့လိုက်ရတယ်။

ဆိုင်ခန်းပေါ်မှာတော့ လူတစ်ပိုင်းသတ္တဝါတွေဟာ ဝယ်သူတွေအတွက် ပူပူနွေးနွေးနဲ့ အငွေ့တထောင်းထောင်း ထွက်နေတဲ့ ဘီးပုံသဏ္ဌာန် အစားအစာတွေကို ပြင်ဆင်ပေးနေကြပြီး ဝယ်သူတွေကတော့ ထရပ်ကားဘေးက သတ်မှတ်ထားတဲ့ စားပွဲတွေမှာ ထိုင်ပြီး မြိန်ရေယှက်ရေ စားသောက်နေကြတာပေါ့။

ပြီးတော့ ငွေကောင်တာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေရာယူထားတဲ့သူကတော့ တခြားသူ မဟုတ်ပါဘူး၊ အဲဒီ ရွှေဝါရောင် ဆံပင်နဲ့ ကောင်လေးပဲ ဖြစ်နေခဲ့တယ်။

သူမဟာ မြင်းပေါ်ကနေ ဆင်းပြီး မိုက်ကယ်ရဲ့ အနားကို လျှောက်သွားလိုက်တယ်။

"မင်း လူဆိုးလေး။ မင်း ဒါကို သုံးရက်အတွင်းမှာတင် အပြီးသတ်နိုင်ခဲ့တာလား။" သူမက ခေါင်းကို ခါယမ်းရင်း မေးလိုက်တယ်။

"နှစ်ရက်ခွဲပါ။" သူက သူမရဲ့ အပြောကို ပြင်ပေးလိုက်တယ်။

ကလော်ဒီယာဟာ တခိခိ ရယ်မောလိုက်မိတယ်။ မိုက်ကယ်အကြောင်းကို ပိုပြီး သိလာလေလေ၊ သူမရဲ့ တူမလေးက ဒီကောင်လေးထဲမှာ ဘာကို မြင်ခဲ့တာလဲဆိုတာ ပိုပြီး နားလည်လာလေလေပါပဲ။ ဒီကောင်လေးက လူတွေရဲ့ မျှော်လင့်ချက်အကုန်လုံးကို အမြဲတမ်း ရိုက်ချိုးပစ်နိုင်ခဲ့တာကိုး။ ပြီးတော့ သူတို့တွေ လူတွေကို အံ့ဩအောင် လုပ်လို့ ပြီးသွားပြီလို့ ထင်နေတဲ့ အချိန်တိုင်းမှာပဲ၊ သူက သူ့ရဲ့ အိတ်ကပ်ထဲကနေ နောက်ထပ် အံ့ဩစရာတစ်ခုကို ထပ်ပြီးတော့ ထုတ်ပြနိုင်ခဲ့ပြန်တာပဲလေ။

ပြီးတော့ သူမဟာ အိတ်ကပ်ထဲကနေ အနီရောင် ဒင်္ဂါးပြားကြီးတစ်ခုကို ထုတ်လိုက်တယ်။ အဲဒါက လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးနီးပါး အရွယ်အစား ရှိတာကြောင့် မိုက်ကယ်ရဲ့ လက်ထဲမှာတောင် အလုံအလောက် ဆန့်မှာ မဟုတ်ပါဘူး။

"ရော့။ ဒါက မင်း ကြိုးစားလို့ ရထိုက်တဲ့ အရာပဲ။" သူမက မိုက်ကယ်ရဲ့ လက်ထဲကို ခွင့်ပြုချက်ပြား အပ်နှံရင်း ပြောလိုက်တယ်။

မိုက်ကယ်က ခွင့်ပြုချက်ပြားကို လက်ထဲ လှမ်းယူလိုက်ပြီး ခေါင်းငြိတ်ပြလိုက်ပါတော့တယ်။

* * * * * * * *

စာစဉ်(၃၇)

All Chapters