← Chapters

အခန်း ၄၄၇

Vol. 38 Ch. 447

အခန်း ၄၄၇

Vol. 38 Ch. 447

အခန်း(၄၄၇)

လောလောဆယ်တော့ မိုက်ကယ်က ကာကွယ်ရေးအပိုင်းကို အဆင့်မြှင့်တင်ဖို့ မစဉ်းစားသေးပါဘူး။ သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းက အခုအတိုင်းတင် တော်တော်လေး ကျစ်လျစ်ခိုင်ခံ့နေပြီလေ။ ပြီးတော့ အခြား မက်ဂ်နက်တစ်တွေက တစ်စိတ်တစ်ပိုင်း ပျက်စီးယိုယွင်းနေတဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကိုပဲ သုံးခွင့်ရတာဆိုတော့ ခိုင်ခံ့မှုချင်း ယှဉ်ပြိုင်တဲ့ပွဲမှာ သူ့ဒရုန်းက အမြဲတမ်း အပေါ်စီးရနေမှာ သေချာတယ်။

ဒါပေမဲ့ ဒါက စွမ်းရည်တွေကို ထည့်မတွက်ထားတဲ့ အခြေအနေမျိုးပေါ့။ ဒါကြောင့် နောင်ရက်တွေမှာ ပိုလျှံတဲ့ ဝိညာဉ်ဆီ ရှိလာရင်တော့ ဒီအဆင့်မြှင့်တင်မှုကို သူ သေချာပေါက် ဝယ်ယူမှာပါ။

နောက်ထပ် ပေါ်လာတဲ့ စနစ်အဆင့်မြှင့်တင်မှုကတော့ သူ့ကို အစကတည်းက မျက်စိကျသွားစေတဲ့အရာ ဖြစ်နေခဲ့တယ်။

အဲဒါက တိုးချဲ့မှု လို့ ခေါင်းစဉ်တပ်ထားပြီး စိတ်ဝင်စားစရာ အဆင့်မြှင့်တင်မှု အနည်းငယ် ပါဝင်နေပါတယ်။ ပထမတစ်ခုကတော့ ဒရုန်း နဲ့ ပတ်သက်နေတာပဲ။

သူက ဒီရွေးချယ်မှုကို နှိပ်လိုက်တဲ့အခါမှာတော့ သုံးဖက်မြင် ဒရုန်းကြီးက စာရွက်စာတမ်းထည့်တဲ့ လက်ဆွဲအိတ်ကြီးတစ်ခု ဖြန့်ဟလိုက်သလိုမျိုး ဘေးတိုက် နှစ်ခြမ်း ကွဲထွက်သွားပါတယ်။

ဒရုန်းရဲ့ အတွင်းပိုင်းမှာတော့ အထဲက အခွက်ကလေးထဲကို အံကိုက်ဝင်နေတဲ့ သေတ္တာအသေးလေးတစ်ခုကို တွေ့လိုက်ရတယ်။

ဒရုန်းက ပွင့်ထွက်သွားတာနဲ့အမျှ အတွင်းထဲက သေတ္တာအသေးလေးဟာ ကွန်ပျူတာတစ်လုံး စတင်ပွင့်တက်လာသလိုမျိုး အလင်းရောင်တွေ မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလက်လာခဲ့တယ်။

သေးငယ်တဲ့ ပန်ကာလေးလေးခုက စက်ယန္တရားအတိုင်း အပြင်ဘက်ကို ဖြန့်ထွက်လာပြီးနောက် လည်ပတ်ပါတော့တယ်။ ပန်ကာဒိုင်းတွေရဲ့ လည်ပတ်မှုက ထွက်ပေါ်လာတဲ့ ပင့်တင်အားကြောင့် သေးငယ်တဲ့ ဒရုန်းအသေးလေးက ပျံတက်သွားပါပြီ။

[ဒရုန်းအသေးစား - ဒီအဆင့်မြှင့်တင်မှုက ပင်မဒရုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဒရုန်းအသေးလေးတစ်စင်းကို ဖန်တီးခွင့်ပေးမှာ ဖြစ်ပါတယ်။

အကယ်၍ ကင်မရာအဆင့်မြှင့်တင်မှုကို ဝယ်ယူထားမယ်ဆိုရင်တော့ ဒရုန်းအသေးလေးရဲ့ မြင်ကွင်းကနေတစ်ဆင့် မြင်တွေ့နိုင်မှာဖြစ်ပြီး ပင်မဒရုန်းလိုပဲ စိတ်ကြိုက် ထိန်းချုပ်နိုင်မှာပါ။

ဒရုန်းအသေးလေးမှာ ခလုတ်တွေကို သိမ်းဆည်းထားနိုင်တဲ့ ပမာဏ မရှိပါဘူး။ ဒါပေမဲ့ ခလုတ်တွေကို ကောက်ယူပြီး ဘယ်မျက်နှာပြင်ပေါ်မှာမဆို သွားရောက် တပ်ဆင်ပေးနိုင်ပါတယ်။

ဒရုန်းအသေးလေးမှာ တိုက်ခိုက်ရေးစွမ်းရည် မရှိပါဘူး။]

[ကုန်ကျစရိတ် - တစ်စက်]

စစ်မြေပြင်မှာ အရာအတော်များများကို စောင့်ကြည့်ဖို့ လိုအပ်လာရင် ဒီအဆင့်မြှင့်တင်မှုက သိပ်ကို အသုံးဝင်မှာပါ။ ဖော်ပြချက်ထဲမှာ ပါတဲ့အတိုင်းပဲ သူက ပင်မဒရုန်းလိုမျိုးပဲ ဒရုန်းအသေးလေးရဲ့ မြင်ကွင်းကနေတစ်ဆင့် မြင်နိုင်မှာဆိုတော့ တိုက်ပွဲအတွင်း သူ့ရဲ့အမြင်အာရုံကို ပိုပြီး ကျယ်ပြန့်စေမှာပေါ့။

ဒရုန်းနှစ်ခုကို သုံးပြီး မတူညီတဲ့ ပစ်မှတ်နှစ်ခုပေါ်မှာ ခလုတ်တွေကို တစ်ပြိုင်နက်တည်း သွားရောက်တပ်ဆင်နိုင်မယ်ဆိုတဲ့ အချက်က မိုက်ကယ်အတွက် သိပ်ကို ဆွဲဆောင်မှု ရှိနေပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ကလည်း တစ်စက်တည်းဆိုတော့ နောက်မှလုပ်မယ့် ပစ္စည်းအဝယ်စာရင်းမှာ ဒါကို ထည့်သွင်းရမလားဆိုပြီး မိုက်ကယ် စဉ်းစားနေမိတယ်။

ဒါပေမဲ့ သူ့ရဲ့ စိတ်အလိုဆန္ဒကိုတော့ ထိန်းချုပ်ရဦးမှာပါ။ သူ ဝယ်လို့ရသေးတဲ့ အဆင့်မြှင့်တင်မှု ရွေးချယ်စရာ နှစ်ခု ကျန်သေးတယ်လေ။

[လျှော့ချခြင်း - ဒီအဆင့်မြှင့်တင်မှုက ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ဒရုန်းရဲ့ အရွယ်အစားကို သိသိသာသာ သေးငယ်သွားစေမှာ ဖြစ်ပါတယ်။ ဒီလို သေးငယ်သွားခြင်းက ဒရုန်းရဲ့ အရှိန်နှုန်းကို မြှင့်တင်ပေးမှာဖြစ်ပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုတော့ ကျဆင်းသွားစေမှာပါ။]

[ကုန်ကျစရိတ် - တစ်စက်]

[ချဲ့ထွင်ခြင်း - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းရဲ့ အရွယ်အစားကို သိသိသာသာ ကြီးမားသွားစေမှာ ဖြစ်ပါတယ်။ ဒရုန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တိုးတက်လာမှာဖြစ်ပေမဲ့ သူ့ရဲ့ အရှိန်နှုန်းကတော့ ထိခိုက်သွားမှာပါ။]

[ကုန်ကျစရိတ် - တစ်စက်]

[လျှော့ချခြင်း] အဆင့်မြှင့်တင်မှုက ဒရုန်းကို ငှက်တစ်ကောင်လောက်နီးပါး သေးငယ်သွားစေပြီး သူ့ရဲ့ လက်ဖဝါးပေါ်မှာတင် အသာလေး တင်ထားလို့ရတဲ့အထိ ဖြစ်သွားစေတယ်။

တစ်ချိန်တည်းမှာပဲ [ချဲ့ထွင်ခြင်း] ရွေးချယ်မှုက ဒရုန်းကို လင်းယုန်ငှက်ကြီးတစ်ကောင်နီးပါး ကြီးမားသွားစေပါတယ်။ လူတစ်ယောက်က အပေါ်ကို တက်နင်းပြီး လေပျံယာဉ်လိုမျိုး စီးနင်းသွားလို့ရတဲ့အထိကို ကြီးမားတာပါ။

ရွေးချယ်စရာ နှစ်ခုလုံးက သီးသန့်အခြေအနေတွေမှာ သိပ်ကို အသုံးဝင်လှတယ်။ လျှော့ချခြင်း အပိုင်းက ပုန်းလျှိုးကွယ်လျှိုး သွားနိုင်စွမ်းကို တိုးတက်စေပြီး သတ္တဝါအသေးလေးတွေပဲ ဖြတ်သန်းနိုင်တဲ့ ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေထဲကနေ ဖြတ်သန်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ သူက ခံတပ်တစ်ခုခုကို ခိုးဝင်ချင်တယ်ဆိုရင်တော့ ဒီအဆင့်မြှင့်တင်မှုကို ဝယ်ဖို့ သေချာပေါက် စဉ်းစားမှာပါ။

[ချဲ့ထွင်ခြင်း] ရွေးချယ်မှုအတွက်ကတော့ မိုက်ကယ်အနေနဲ့ ဒါကို ဝယ်ရမယ့် အကြောင်းပြချက် သိပ်မမြင်မိပါဘူး။ ကြီးမားတဲ့ ဒရုန်းတစ်စီး ရှိနေတာက အသုံးဝင်နိုင်ပေမဲ့ အဲဒါက သူ သဟဇာတသေနတ် အဆင့်မြှင့်တင်မှုကို ဝယ်ယူပြီးမှသာ အဓိပ္ပာယ်ရှိမှာပါ။

ရှိသမျှ ရွေးချယ်စရာတွေထဲမှာတော့ သူက ဒီအဆင့်မြှင့်တင်မှုကို နောက်ဆုံးမှ ဝယ်ဖြစ်လိမ့်မယ်။

ခြုံပြောရရင်တော့ ဒီလို စွမ်းရည်မြှင့်တင်မှုတွေက သူ ဒရုန်းကို အသုံးပြုတဲ့ ပုံစံတစ်ခုလုံးကို အကုန်အစင် ပြောင်းလဲပစ်တော့မှာပါ။ ပြီးတော့ သူ ဝယ်လို့ရတာတွေက ဒါတင်တင် မကသေးတဲ့ ပုံပဲ။ ရွေးချယ်စရာတွေရဲ့ ဘေးနားမှာ [XXXX] ဆိုတာတွေက အမြဲတမ်း ပူးတွဲပေါ်နေတတ်တာကို သူ သတိထားမိတယ်။

ဒီရွေးချယ်မှုတွေက သူ့ရှေ့က အဆင့်မြှင့်တင်မှုကို ဝယ်ယူပြီးမှသာ ပွင့်လာမယ့် လျှို့ဝှက်အဆင့်မြှင့်တင်မှုတွေ ဖြစ်မယ်ဆိုတာကို ခန့်မှန်းရတာ မခက်ပါဘူး။

'ရွေးချယ်စရာတွေက အများကြီးပဲ။ ငါ ဘာကို ဝယ်ရမလဲ'

လောလောဆယ်တော့ သူ့မှာ အသုံးပြုဖို့ ဝိညာဉ်ဆီ တစ်စက်ပဲ ရှိပါသေးတယ်။ အဲဒါက ပထမအကြိမ် အလွှာဖုံးအုပ်မှုမှာတင် သူနဲ့ မီသရယ် မှော်ဝင်ပစ္စည်းကြား ချိတ်ဆက်မှု ထူထောင်ဖို့အတွက် တစ်စက်ပဲ လိုအပ်ခဲ့လို့ပါ။

ဒါပေမဲ့ ဆေးပုလင်းထဲမှာတော့ ဝိညာဉ်ဆီ သုံးစက် ကျန်ပါသေးတယ်။ အကယ်၍ သူသာ သတိမေ့မသွားခဲ့ရင် ချက်ကီက သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို အဲဒီအစက်တွေအားလုံးနဲ့ အလွှာဖုံးအုပ်ပေးဖို့ ကူညီပေးခဲ့မှာပါ။

'ဒါက လောလောဆယ်တော့ ငါ အဆင့်မြှင့်တင်မှု တစ်ခုပဲ ဝယ်လို့ရဦးမယ်ဆိုတဲ့ သဘောပဲ' သူက တွေးတောနေမိတယ်။

ရွေးချယ်စရာတွေ အများကြီး ရှိနေပေမဲ့လည်း သူ့ရဲ့ အာရုံကတော့ နောက်ဆုံးမှာ အဆင့်မြှင့်တင်မှု တစ်ခုတည်းဆီကိုပဲ ကျရောက်သွားခဲ့တယ်။

ကင်မရာပဲ။

ဒါက သူ့ရဲ့ သာမန်ဒရုန်းနဲ့ ယှဉ်ရင် အတော်လေးကို သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်တာကြောင့် သူ တကယ်ကို ပထမဆုံး ရယူဖို့ လိုအပ်နေတဲ့အရာ ဖြစ်ပါတယ်။ အကယ်၍ သူ့မှာ သုံးစရာ ဝိညာဉ်ဆီ တစ်စက်ပဲ ရှိတယ်ဆိုရင် ဒီအဆင့်မြှင့်တင်မှုကို ယူတာက ကုန်ကျစရိတ်အတွက် အထိရောက်ဆုံး ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက ပေးစွမ်းနိုင်တဲ့ တန်ဖိုးက အခြားအဆင့်မြှင့်တင်မှုတွေ ပေးနိုင်တာထက် ပိုကောင်းနေလို့ပဲ။

"နိုဗာ... ငါ [ဒရုန်းအမြင်အာရုံ] ကို ဝယ်ချင်တယ်"

[နားလည်ပါပြီ။ ဝိညာဉ်ဆီ တစ်စက်ကို အသုံးပြုလိုက်ပါပြီ။ ဒရုန်းက သူ့ရဲ့ အဆင့်မြှင့်တင်မှုကို အလိုအလျောက် စတင်ပါလိမ့်မယ်။]

ဒရုန်းရဲ့ သုံးဖက်မြင် ပုံရိပ်ယောင်က စတင်ပြီး ပုံစံပြောင်းလဲလာခဲ့တယ်။ ဒရုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက် မျက်နှာပြင်တွေမှာ စက်ဝိုင်းပုံစံ အချိုင့်ခွက်ကလေးတွေ ပေါ်လာပါတယ်။ ပြီးတော့ ဖြည်းဖြည်းချင်းပဲ ဒီနာနိုအမှုန်အမွှားလေးတွေက အချိုင့်ခွက်ထဲကနေတစ်ဆင့် ပုံပေါ်လာပြီး ၃၆၀ ဒီဂရီ ပတ်လည်ကြည့်နိုင်တဲ့ ဖန်ကင်မရာကို အခြေခံကစလို့ ဖန်တီးပေးနေပါတယ်။

ဒီလုပ်ငန်းစဉ်က သူ့ရဲ့ ကိုယ်ပိုင် ဒီဗာ ပုံပေါ်လာခဲ့တဲ့ ပုံစံကို ပြန်လည်အမှတ်ရစေတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပုံဖော်မှုက အပြန်အလှန် သက်ရောက်မှု မရှိနိုင်တဲ့ ပုံရိပ်ယောင်သက်သက် မဟုတ်ဘဲ လက်တွေ့ဘဝထဲက တကယ့်အရာဝတ္ထုတစ်ခုကနေတစ်ဆင့် ဖြစ်ပေါ်လာတာပါ။

ဒီ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဒီဗာဆီ ချိတ်ဆက်ပေးတဲ့ လင့်ခ်တစ်ခုအဖြစ် သတ်မှတ်ကြတာက အခုမှပဲ ပိုပြီး အဓိပ္ပာယ်ရှိသွားတော့တယ်။ မှော်ပညာက ဒရုန်းကို လုံးဝအသစ်စက်စက် အရာတစ်ခုအဖြစ် ပြောင်းလဲပစ်နေတာ မဟုတ်ပါဘူး။ အဲဒါက သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေထဲက စွမ်းအားတွေပါ။ အခုတော့ ဒါက သူ့ရဲ့ ဒရုန်းနဲ့ သေသေချာချာ ချိတ်ဆက်သွားပြီဆိုတာ ထင်ရှားနေပါတယ်။

[မင်းရဲ့ အိပ်စက်ခြင်းကနေ နိုးထလာတဲ့အခါမှာ အဆင့်မြှင့်တင်မှုက ပြီးဆုံးသွားပါလိမ့်မယ်။ အချိန်ကုန်လွန်သွားအောင် အိပ်စက်လိုက်ပါမလား။]

တခြားလုပ်စရာ မရှိတော့တာမို့ မိုက်ကယ်က သဘောတူလိုက်ပါတယ်။

မကြာခင်မှာပဲ သူ့ရဲ့ အသိစိတ်တွေက စတင်ဝေဝါးလာပြီး ပတ်ပတ်လည်က မှောင်မိုက်နေတဲ့ ဟင်းလင်းပြင်ကြီးကို မမြင်ရတော့ပါဘူး။ ဒရုန်းအတွက် စနစ်မျက်နှာပြင်တောင် ပျောက်ကွယ်သွားပြီး မိုက်ကယ်ကို အိပ်မက်ကမ္ဘာထဲဆီ မျောလွင့်သွားစေပါတော့တယ်။

* * * * * * * *

နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ မိုက်ကယ်က ပိတ်ထားတဲ့ သူ့မျက်လုံးတွေပေါ်ကို အလင်းရောင် ဖြာကျလာတာကို ခံစားလိုက်ရတယ်။

သူက အိပ်စက်ခြင်းကနေ ဖြည်းဖြည်းချင်း နိုးထလာချိန်မှာ မျက်လုံးတွေကို ဖွင့်လိုက်တော့ ပြတင်းပေါက်ကနေ တိုးဝှေ့ဝင်ရောက်လာတဲ့ နေရောင်ခြည်တန်းတွေကြောင့် ချက်ချင်းဆိုသလိုပဲ မျက်စိကျိန်းသွားခဲ့ရတယ်။

သူ မျက်တောင်ခတ်ရင်း ကုတင်ပေါ်ကနေ ချက်ချင်းပဲ ထထိုင်လိုက်ပါတယ်။

သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိပေမဲ့ သူ ဘယ်ရောက်နေလဲဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ တိုင်လုံးကြီးတွေနဲ့ အမိုးခုံးမျက်နှာကြက်တွေကို ကြည့်ခြင်းအားဖြင့်တော့ သူဟာ အဖွဲ့ချုပ်ရဲ့ ဌာနချုပ်ထဲက တစ်နေရာရာမှာ ရောက်နေတာ ဖြစ်မယ်လို့ မိုက်ကယ် ခန့်မှန်းလိုက်မိတယ်။ နိုဗာ ပြောခဲ့သလိုမျိုးပေါ့။

အဲဒီအချိန်မှာပဲ သူ့ရဲ့ ခြေထောက်ပေါ်မှာ လေးလံတဲ့ အရာတစ်ခု ရှိနေတာကို သူ သတိထားမိသွားတယ်။

သူ ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်ပေါ်မှာ တစ်ယောက်ယောက် အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ ရှည်လျားတဲ့ ဆံပင်နက်ကြီးတွေက ကုတင်ပေါ်မှာ ဖရိုဖရဲ ဖြန့်ကျက်နေပြီး သူမက ဘယ်သူလဲဆိုတာကို သူ ချက်ချင်းပဲ မှတ်မိသွားပါတယ်။

"ယူနာ" သူက သူမကို ခေါ်လိုက်တယ်။

ယူနာက ဖြည်းဖြည်းချင်း နိုးလာပြီး သူ့ဘက်ကို လှည့်လာခဲ့တယ်။ သူမက မျက်လုံးတွေကို ပွတ်သပ်ရင်း သူ နိုးနေပြီဆိုတာကို သိလိုက်ရတာနဲ့ ချက်ချင်းပဲ ပြုံးပြလိုက်ပါတော့တယ်။

"မောနင်း။ တစ်ယောက်ယောက်တော့ အိပ်ရေးဝဝ အိပ်လိုက်ရတဲ့ ပုံပဲ" သူက သူမကို ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ သူ့ခြေထောက်ပေါ်မှာ ဆိတ်ဆွဲခံလိုက်ရသလို နာကျင်မှုတစ်ခုကြောင့် သူ တွန့်သွားခဲ့ရတယ်။

"အား..."

ယူနာက သူ့ကို စိုက်ကြည့်လိုက်တယ်။

"နင်က စကားပြောနိုင်သေးတယ်ပေါ့။ နင် တစ်ရက်နဲ့ တစ်ဝက်လုံးလုံး အိပ်ပျော်နေပြီး ငါတို့အားလုံးကို စိတ်ပူအောင် လုပ်ခဲ့တာလေ"

မိုက်ကယ်က သူ့ခေါင်းကို ကုတ်လိုက်ရင်း "စိတ်ပူပေးလို့ ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါ အခု အဆင်ပြေသွားပါပြီ။ အဆင်ပြေရုံတင် မကဘူးနော်"

ပြီးနောက် သူက သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်းထဲကနေ ဝိညာဉ်ဆီ ဆေးပုလင်းကို ထုတ်လိုက်ကာ ပြုံးရင်းနဲ့ စိုက်ကြည့်နေမိပါတော့တယ်။

* * * * * * * *

စာစဉ်(၃၈)

All Chapters