အခန်း ၄၆၃
Vol. 39 Ch. 463
အခန်း(၄၆၃)
မိုက်ကယ်ရဲ့ ခြေထောက်တွေကို ညှပ်ပိတ်ဆွဲချပြီး ဒီလျှို့ဝှက်နယ်မြေရဲ့ အမှောင်ထုအနက်ပိုင်းထဲ ခေါ်ဆောင်သွားဖို့ သူ ကြိုတင်ပြင်ဆင်ထောင်ချောက်ဆင်ထားခဲ့တဲ့ ထောင်ချောက်တွေထဲက တစ်ခုခု အလုပ်လုပ်မယ့်အချိန်ကို မြွေဟောက်က စောင့်ဆိုင်းနေခဲ့ပါတယ်။
သူက မိုက်ကယ်ရဲ့ ခြေသံတွေကို နားစွင့်နေမိတာပါ။ အဲဒီခြေသံတွေက သူ့ဆီကနေ တဖြည်းဖြည်းနဲ့ ပိုပြီးတော့တောင် ဝေးကွာသွားခဲ့ပါပြီ။
ဒါပေမဲ့ ဘယ်လောက်ပဲ ဝေးဝေးကို ရောက်သွားပါစေ၊ သူ့ရဲ့ ရွှံ့ညွန်ထောင်ချောက်တွေက ဘာလို့မှ လှုပ်ရှားသက်ဝင်မလာခဲ့ပါဘူး။
မြွေဟောက်က အမြင့်ဆုံး ကျောက်ဆောင်ကြီးပေါ်ကို တက်လိုက်ပြီး တစ်ပြင်လုံးက တိုက်ပွဲကွင်းပြင်ကြီးကို အပေါ်စီးကနေ လှမ်းမျှော်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင် မိုက်ကယ်က သူ့ရဲ့ ရွှံ့ညွန်ထောင်ချောက်တွေ ဘယ်နေရာမှာ ရှိနေမှန်း ကြိုသိနေတဲ့အတိုင်း ကျွမ်းကျင်လိမ္မာစွာနဲ့ ရှောင်ကွင်းသွားတာကို သူ မြင်လိုက်ရပါတော့တယ်။
"မင်းက ဒါတွေ ဘယ်မှာရှိလဲဆိုတာကိုပါ သိနေတာလား"
သူ့ရဲ့ စိတ်ပျက်အားလျော့သွားတဲ့ အော်ဟစ်သံက ဝိညာဉ်ထဲကနေပါ တိုးထွက်လာခဲ့တာပါ။ တစ်ချိန်လုံး သူ အထင်သေးခဲ့တဲ့ ကောင်လေးက တစ်လျှောက်လုံး သူ့ထက် တစ်လှမ်းသာနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါက ရှက်စရာကောင်းသလို တစ်ပြိုင်နက်တည်းမှာပဲ ဒေါသထွက်စရာလည်း သိပ်ကောင်းလှပါတယ်။
မိုက်ကယ်ရဲ့ ဆန်းကြယ်တဲ့ စွမ်းရည်တွေနဲ့ သူ့ဆီမှာရှိနေတဲ့ ပျံသန်းနိုင်တဲ့ ထူးဆန်းတဲ့ သတ္တုတုံးကြီးက မြွေဟောက်ကို ရှုံးနိမ့်ခြင်းရဲ့ နိမိတ်ဆိုးကြီးလို ခံစားရစေပါတယ်။ ဒါပေမဲ့လည်း မိုက်ကယ်က သူ့ဆီကနေ ထွက်ပြေးနေရတယ်ဆိုတဲ့ အချက်နဲ့တင် သူ့ကိုယ်သူ ပြန်ပြီး နှစ်သိမ့်လိုက်ပါသေးတယ်။
"မင်းဆီမှာရှိတဲ့ အဲဒီ အလင်းတန်း တိုက်ခိုက်မှုက... တစ်ကြိမ်ပဲ သုံးလို့ရတာ မဟုတ်လား၊ ငါ ပြောတာ မှန်တယ်မလား။ ဒါမှမဟုတ်ရင် မင်း ငါ့ဆီကနေ ထွက်ပြေးမှာ မဟုတ်ဘူး"
မြွေဟောက်က ဒါကို အားနည်းချက်တစ်ခုလို့ မှတ်ယူလိုက်ပါတယ်။ မိုက်ကယ်က သူ့ကို အနီးကပ် တိုက်ခိုက်ရင် ဒုက္ခလှလှတွေ့မှာ စိုးလို့သာ ထွက်ပြေးနေရတာ ဖြစ်မယ်ပေါ့။
"ငါ မင်းကို မိအောင် ဖမ်းမယ်" မြွေဟောက်က ကျောက်ဆောင်မျက်နှာစာကြီးပေါ်ကနေ ခုန်ချရင်း အော်ဟစ်လိုက်ပြီး တိုက်ပွဲကွင်းပြင်ရဲ့ ဝင်္ကပါထဲမှာ မိုက်ကယ်နောက်ကို စတင် လိုက်လံအမဲလိုက်ပါတော့တယ်။ ဒါက သူကိုယ်တိုင် ဖန်တီးထားတဲ့ နေရာဖြစ်တာကြောင့် ဖြတ်လမ်းတွေနဲ့ အကွေ့အကောက်တွေကြားထဲမှာ လွယ်လွယ်ကူကူပဲ ရွှေ့လျားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီကောင်လေးက ဝင်္ကပါထဲမှာ သူ့လိုပဲ ကျွမ်းကျင်စွာ ရွှေ့လျားနိုင်နေတာကြောင့် မိုက်ကယ်ကို အမီလိုက်ဖို့ အတော်လေး ခက်ခဲနေတာကို သတိပြုမိသွားပါတယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးမှာ မိုက်ကယ်က တစ်နေရာမှာ တုံ့ခနဲ ရပ်လိုက်ပါတော့တယ်။ သူက ကျောက်ဆောင်တစ်ခုပေါ် ခုန်တက်လိုက်ပြီး အဝေးကနေ မြွေဟောက်ကို မျက်နှာချင်းဆိုင်လိုက်ပါတယ်။
"ငါက မင်းဆီကနေ ထွက်ပြေးနေတာ မဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်မှု ဒဏ်ကနေ လွတ်အောင် ပြေးနေတာ"
မြွေဟောက်က မိုက်ကယ်ရဲ့ စကားလုံးတွေကို အဓိပ္ပာယ် မဖော်ထုတ်နိုင်သေးခင်မှာပဲ အရင်က ကြားခဲ့ရတဲ့ အဲဒီ ယင်ကောင်လို တဝီဝီ မြည်သံမျိုးကို ထပ်ပြီး ကြားလိုက်ရပြန်ပါတယ်။
သူ အပေါ်ကို မော့ကြည့်လိုက်တော့ ဒရုန်းက သူ့ကို အပေါ်ကနေ စိုက်ကြည့်နေတာကို မြင်လိုက်ရပါတယ်။
မိုက်ကယ်က ဧရာမပြောင်းဝကြီးကို မြွေဟောက်ရှိတဲ့နေရာတည့်တည့်ဆီ ဦးတည်ဖို့ ထိန်းချုပ်လိုက်ပါတယ်။ အဲဒါက လမ်းကြောင်းတည့်တည့်ကို ရောက်သွားတာနဲ့ သဟဇာတဗုံးကို ပစ်လွှတ်ဖို့ သူ အမိန့်ပေးလိုက်ပါတော့တယ်။
ဒါကြောင့်လည်း သူက မြွေဟောက်ဆီကနေ တတ်နိုင်သမျှ ဝေးဝေးကို ပြေးခဲ့တာပါ။ အဲဒီ ပေါက်ကွဲမှု နယ်မြေထဲမှာ သူကိုယ်တိုင် မပါသွားချင်လို့ပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ မြွေဟောက်က အပေါ်ကို မော့ကြည့်လိုက်တော့ ထူးဆန်းတဲ့ သတ္တုပစ္စည်းကြီးထဲကနေ တောက်ပတဲ့ အလင်းလုံးကြီးတစ်ခု ဘုတ်ခနဲ ပြုတ်ကျလာတာကို မြင်လိုက်ရပါတယ်။ သူ မမြင်နိုင်လောက်အောင် မြန်ဆန်လှတဲ့ အဲဒီ အလွန်လျင်မြန်တဲ့ တိုက်ခိုက်မှုမျိုးတွေထဲက နောက်ထပ်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်မှတ်ပြီး သူ တွန့်ခနဲ ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ် တိုက်ခိုက်မှုကတော့ အရင်ဟာတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး နှေးကွေးလှပါတယ်။ သူ့အမြင်မှာတော့ သစ်ပင်ပေါ်ကနေ ပန်းသီးတစ်လုံး ပြုတ်ကျလာသလိုမျိုးပါပဲ။
အဲဒါက ဘာမှန်း သူ မသိရသေးပေမဲ့လည်း ဒရုန်းကနေ ချပေးလိုက်တဲ့ အရာမှန်သမျှကို မြွေဟောက်က စိုးရိမ်တကြီး ဖြစ်မိသွားပါတယ်။ ပြီးတော့ တောက်ပတဲ့ အဖြူရောင် အလင်းတန်းကို ကြည့်ခြင်းအားဖြင့် အဲဒီအထဲမှာ သူ အထူးသတိထားရမယ့် ဧရာမ စွမ်းအင်တွေ အမြောက်အမြား ပါဝင်နေတယ်ဆိုတာကို သူ အမှန်အတိုင်း ရိပ်မိလိုက်ပါတယ်။
မြွေဟောက်က သူ့ရဲ့ ဓားမြှောင်ကို သုံးပြီး သူ့အပေါ်က လေထုကို ကြယ်ပွင့်ပုံစံအတိုင်း အချက်ပေါင်းများစွာ ပိုင်းဖြတ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ ရပ်နေတဲ့ နေရာတည့်တည့်ကနေ စုပ်တွင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အရာအားလုံးကို ပြီးပြည့်စုံတဲ့ မှောင်မိုက်ခြင်းထဲ ဆွဲမြိုချပစ်မယ့် အဆုံးမရှိတဲ့ အမှောင်တွင်းကြီးတစ်ခုလိုပါပဲ။
ဗုံးက သူ့ရဲ့ ဦးခေါင်းတည့်တည့်ကို ထိမှန်တော့မယ့် ဆဲဆဲမှာပဲ ထူးဆန်းတဲ့ စွမ်းအားတစ်ခုက အဲဒီဗုံးရဲ့ လမ်းကြောင်းကို မြေပြင်ပေါ်က စုပ်တွင်းကြီးဆီကို လွှဲပြောင်းပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
မြွေဟောက်က အဲဒီဗုံးရဲ့ တိုက်ရိုက်ထိမှန်မယ့် ဒဏ်ကနေ လွတ်ကင်းအောင် မြေအောက်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တောက်ပနေတဲ့ အလင်းလုံးကြီးကို စုပ်တွင်းကြီးက မြိုချသွားတာနဲ့ မြွေဟောက်က သူ ဘေးကင်းသွားပြီလို့ ထင်လိုက်မိပါတယ်။
ဒါပေမဲ့ သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ စုပ်တွင်းကြီးထဲကနေ ပြင်းထန်တဲ့ အလင်းတန်းကြီး ထွက်ပေါ်လာတာကို မြင်လိုက်ရပြီး အဲဒီအလင်းက ပိုပြီးတော့တောင် တောက်ပလာခဲ့ရာ နောက်ဆုံးမှာတော့ သူ့ခြေထောက်အောက်က မြေကြီးတွေက ပေါက်ကွဲတော့မယ့် မီးတောင်တစ်ခုလိုမျိုး အပေါ်ကို ပင့်တက်လာတာကို ခံစားလိုက်ရပါတော့တယ်။
ဒိုင်း…..
မြေကြီးတွေ၊ ကျောက်တုံးတွေနဲ့ မြက်ခင်းပြင်ကြီးက စုပ်တွင်းကြီးထဲကနေ ပေါက်ကွဲထွက်လာခဲ့ပြီး မြွေဟောက်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမှာ မီးလောင်ဒဏ်ရာတွေနဲ့အတူ သူ့ကို လျှို့ဝှက်နယ်မြေတစ်ခုလုံး လွင့်ထွက်သွားစေခဲ့ပါတယ်။
သူက မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားပြီး အကြိမ်အနည်းငယ် လိမ့်ထွက်သွားပြီးတဲ့နောက်မှာတော့ ကျောပြင်က တိုက်ပွဲကွင်းပြင်ရဲ့ အစွန်းဘက်ကို ဝုန်းခနဲ သွားဆောင့်မိပါတော့တယ်။
မြွေဟောက် သွားဆောင့်မိလိုက်တဲ့ အချိန်မှာ တံတိုင်းကြီးက ခဏမျှ လင်းခနဲ ဖြစ်သွားခဲ့ပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လည် တည်ငြိမ်သွားခဲ့ပါတယ်။
"အား" မြွေဟောက်က သူ့ရဲ့ အဆုတ်ထဲကနေ ထွက်သွားတဲ့ လေတွေကို ပြန်သွင်းဖို့ ကြိုးစားရင်း အသက်ကို အတင်းရှူသွင်းလိုက်ရပါတယ်။
အဲဒီ သေးငယ်ပြီး တောက်ပတဲ့ အလင်းလုံးကလေးက ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့ သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရပါတယ်။
သူ့ရဲ့ မြေတီကောင် ဒီဗာ နဲ့အတူ သူ ဖန်တီးခဲ့တဲ့ အဆုံးမရှိတဲ့ စုပ်တွင်းကြီးက အရာအားလုံးကို ကမ္ဘာမြေကြီးထဲ မြိုချပစ်ရမှာဖြစ်ပြီး ဘယ်လို ပေါက်ကွဲမှုမျိုးကိုမဆို ဘာမှအန္တရာယ်မရှိတဲ့ လေလည်သံတစ်ခုလိုမျိုး အစွမ်းပြယ်သွားစေရမှာပါ။ ဒါပေမဲ့လည်း သဟဇာတဗုံးက သူ့ရဲ့ စွမ်းရည်ကို အသာစီးရသွားခဲ့ပြီး ဘာအတားအဆီးမှမရှိဘဲ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။
သူက ခေါင်းကို မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ မြင်လိုက်ရတဲ့ အရာကြောင့် ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားရပါတော့တယ်။
တိုက်ပွဲကွင်းပြင်ရဲ့ သုံးပုံတစ်ပုံခန့်က ပျက်စီးသွားခဲ့ပြီး အဲဒီ ပေါက်ကွဲမှုကြောင့် ချိုင့်ခွက်ကြီးတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ လျှို့ဝှက်နယ်မြေရဲ့ ဝင်္ကပါပုံစံကို ဖန်တီးထားတဲ့ ကျောက်ဆောင် အစွန်းအထွက်တွေကလည်း လုံးဝ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီး ပေါက်ကွဲမှု အရှိန်ကြောင့် ကျောက်တုံးကြီးတွေနဲ့ ကျောက်ခဲတွေအားလုံး သူတို့ရဲ့ တည်နေရာကနေ အောက်ကို လွင့်စင်ပြုတ်ကျသွားခဲ့ရပါပြီ။
"မင်းရဲ့ စွမ်းရည်က... ဘာကြီးလဲ။ မင်းရဲ့ လက်နက်ကကော ဘာလဲ"
မိုက်ကယ်က သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး မြွေဟောက်ရှိတဲ့နေရာတည့်တည့်ဆီကို ချိန်ရွယ်လိုက်ပါတယ်။
မြွေဟောက်က ဒီလက်ဟန်ခြေဟန်ကို ချက်ချင်းပဲ မှတ်မိလိုက်ပါတယ်။ အဲဒါက သူ့ကို သေလုနီးပါး ဖြစ်စေခဲ့တဲ့ လျှပ်တပြတ် အလင်းတန်း တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။
သဟဇာတသေနတ် ဘေးကနေ လွတ်မြောက်ဖို့ အသည်းအသန် ကြိုးစားရင်း သူက သူ့ရဲ့ ခရမ်းရောင် ဓားမြှောင်ကို ယူပြီး လေထဲမှာ ဝှေ့ယမ်းလိုက်ပါတယ်။ သူ့ခေါင်းပေါ်က မြေတီကောင် ဒီဗာ ကလည်း ဟိုဟိုဒီဒီ လူးလွန့်ရင်း ဖြစ်တည်မှုတွေကြားထဲမှာ နောက်ထပ် မြေအောက်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးလိုက်ပြန်ပါတယ်။
မြွေဟောက်က အရင်ကလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။
ဒါပေမဲ့ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါမှာတော့ သူ့ရဲ့ စွမ်းရည်ကို အသက်သွင်းလို့ မရတော့တာကို သိလိုက်ရပြီး ထိတ်လန့်တုန်လှုပ်သွားရပါတော့တယ်။ သူနဲ့ သူ့ရဲ့ ဒီဗာ ကြားမှာ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားလိုက်ရတာပါ။
သူ့ကိုယ်သူ ဖျောက်ကွယ်ထားနိုင်ခြင်း မရှိတော့တာကြောင့် သူက မိုက်ကယ်နဲ့ သူ့ရဲ့ သဟဇာတသေနတ်အတွက်တော့ လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့ပါပြီ။
မိုက်ကယ်ရဲ့ လက်ချောင်းထိပ်တွေဆီကနေ သဟဇာတ အလင်းတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာခဲ့ပြီး မြွေဟောက်ရဲ့ ပုခုံးတွေကို ထိမှန်သွားခဲ့ပါတယ်။
"အား"
သူ့ရဲ့ ခန္ဓာကိုယ်ထဲက ပူလောင်လှတဲ့ နာကျင်မှုကို လျစ်လျူရှုရင်း သူက အတင်းအကျပ် ထထိုင်လိုက်ပါတယ်။ အကယ်၍ သူ မထနိုင်ရင် အဲဒီ အလင်းတန်းတွေထဲက နောက်ထပ်တစ်ခုနဲ့ ထပ်ပြီး အပစ်ခံရမှာ သေချာနေလို့ပါပဲ။
သူက ဝေးရာကို လျှောက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဒရုန်းက သူ့ဆီကို တဝီဝီနဲ့ ပျံသန်းလာပြီး သူ့ရဲ့ ခြေထောက်တွေကို ပစ်မှတ်ထားကာ သဟဇာတသေနတ် ရဲ့ နောက်ထပ် အလင်းတန်းတစ်ခုကို ထပ်မံ ပစ်ခတ်လိုက်တာကြောင့် သူ့ရဲ့ ခြေထောက်တွေက လုံးဝ လှုပ်ရှားလို့မရတဲ့ အခြေအနေနီးပါး ဖြစ်သွားခဲ့ရပါတယ်။
"အား......"
သူက ထွက်ပြေးဖို့အတွက် မြေပြင်ပေါ်မှာပဲ တရွတ်တိုက် လျှောက်တွားနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဒီဗာ ရဲ့ စွမ်းအားတွေ ပြန်လည် ရောက်ရှိလာတာကို ခံစားလိုက်ရပါတယ်။
ဗုံးကြောင့် ခေတ္တခဏ ဖြစ်ပေါ်သွားခဲ့တဲ့ စွမ်းရည် အနှောင့်အယှက်က နောက်ဆုံးမှာတော့ ပျယ်ပြယ်သွားခဲ့ပြီဖြစ်လို့ သူ့အတွက် ထွက်ပြေးဖို့ အခွင့်အရေး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
မြွေဟောက်က သူ့ရဲ့ ဓားမြှောင်ကို ပြောင်းပြန်လှန်လိုက်ပြီး မြေပြင်ပေါ်ကို စိုက်ချလိုက်ပါတယ်။ သူ့မှာ ကျန်ရှိသမျှ အားအင်အားလုံးကို သုံးပြီး ဓားမြှောင်ကို အောက်ဘက်ဆီ ဆွဲခြစ်ချလိုက်ရာ မြေပြင်ပေါ်မှာ သူ တွားသွားပြီး ဝင်ရောက်နိုင်မယ့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
မကြာခင်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်က မြေကြီးထဲကို ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့ ဒီဗာ ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ တီကောင်တစ်ကောင်လို ကျင့်ကြံခြင်းကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။
မိုက်ကယ်က မြွေဟောက် မြေကြီးထဲ တွားသွားနေတဲ့ လက္ခဏာ တစ်ခုခုကို မြင်တွေ့ရမလားဆိုပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ သူ့အနားမှာ နိုဗာ ရှိနေခဲ့ပါတယ်။
[အဲဒီနယ်မြေရဲ့ မြေဆီလွှာမှာ အဏုကြည့်မှန်ပြောင်းအဆင့် သေးငယ်တဲ့ တုန်ခါမှုတွေ ရှိနေပါတယ်။]
သူ့ရဲ့ အမြင်အာရုံထဲမှာ ချိန်ကွက်တစ်ခု ပေါ်လာခဲ့ပြီး မြွေဟောက် ရှိနေရမယ့် နေရာကို ညွှန်ပြပေးခဲ့ပါတယ်။
သူ့ရဲ့ သဟဇာတသေနတ် ကို ကျည်ပြန်ဖြည့်ပြီးတာနဲ့ သူက မြေပြင်ဆီကို ပစ်ခတ်လိုက်ပါတော့တယ်။
အဲဒါက မြေဆီလွှာကို ဖောက်ထွင်းသွားခဲ့ပြီး မြက်ခင်းပြင်တွေ လောင်ကျွမ်းသွားတဲ့ အသံက တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပါတယ်။
ကံမကောင်းစွာပဲ အဲဒါက မြေအောက်ထဲက တီကောင်ကို အပြင်ထွက်လာအောင် လုပ်ဖို့ လုံလောက်တဲ့ အနက်အထိတော့ ရောက်ရှိသွားပုံမရပါဘူး။
သူက မြွေဟောက်နဲ့ တူတူပုန်းတမ်း ကစားဖို့အတွက် သူ့ရဲ့ ဒရုန်းကိုပါ အတူတူ ပူးပေါင်းသုံးစွဲပြီး ထပ်မံ ကြိုးစားလိုက်ပြန်ပါတယ်။
သဟဇာတသေနတ် ရဲ့ ပစ်ခတ်သံတွေက ပြန်လည်အသုံးပြုဖို့စောင့်ဆိုင်းချိန် ပြီးဆုံးသွားတာနဲ့ နေရာအနှံ့မှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ မြွေဟောက်က မြေကြီးထဲမှာ အတော်လေး နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတာကြောင့် အဲဒီ ပစ်ခတ်မှု ဒဏ်တွေကို မခံရပါဘူး။
သူ့အနေနဲ့ ပိုပြီး ပြင်းထန်တဲ့ အရာတစ်ခုခု လိုအပ်နေပြီဆိုတာကို သိရှိသွားတာကြောင့် မြေပြင်ပေါ်ကို နောက်ထပ် သဟဇာတဗုံးတစ်လုံးကို ခန့်မှန်းပြီး ချပစ်ဖို့ ဒရုန်းကို အမိန့်ပေးလိုက်ပါတော့တယ်။
* * * * * * * *
စာစဉ်(၃၉)