← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅)

ပေါက်ကွဲမှု

ဈေးဝယ်စင်တာသို့ ရောက်ရှိရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်သော်ငြားလည်း၊ မြေအောက် ကားပါကင် အတွင်းသို့ ခိုးဝင်ရန်မှာမူ ပို၍ပင် ခက်ခဲသော စိန်ခေါ်မှု တစ်ရပ် ဖြစ်နေခဲ့လေသည်။

ဈေးဝယ်စင်တာ အတွင်းသို့ စိမ့်ဝင်ထိုးဖောက်ရန် နောက်ထပ် တစ်နာရီခန့် အချိန်ယူခဲ့ရပြီးနောက်၊ ယောင်ရန်နှင့် လုံယုတို့သည် သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ကြ လေသည်။ အဆောက်အအုံ အတွင်းပိုင်း တစ်ခုလုံးကို အနက်ရောင် နွယ်ပင်များက ထူထပ်စွာ ဖုံးလွှမ်း ထားလျက်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အမဲရောင်တောအုပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲ ထားလေသည်။

သူမ ရှေ့ရှိ မြင်ကွင်းကို ကြည့်ရှုရင်း ယောင်ရန်သည် မြေအောက် ကားပါကင်ဆီသို့ ဆက်လက် သွား ရောက်ရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်လေသည်။

သူမသည် လုံယု အနားသို့ တိုးကပ်သွားကာ တီးတိုး ပြောလိုက်လေသည်။

"အာယု... ဒီနေရာမှာပဲ ဖောက်ခွဲရေးပစ္စည်းတွေကို ဆင်လိုက်ကြရအောင်... ဒီ မျိုးရိုးဗီဇပြောင်း အပင် က လောလောဆယ် ငြိမ်နေပေမဲ့၊ သူ ကျွန်မတို့ကို သတိမထားမိခင် ဒီနေရာကနေ ထွက်သွားဖို့ လို တယ်..."

ယခင်ဘဝ၌ ဤ မျိုးရိုးဗီဇပြောင်း အပင်နှင့် တိုက်ခိုက်ခဲ့ဖူးသော လုံယုသည် ၎င်း၏ အန္တရာယ် ကြီးမားပုံ ကို ကောင်းစွာ နားလည်ထားလေသည်။ သူက ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့နှစ်ဦးသည် ဈေးဝယ်စင်တာ ပတ်ပတ်လည်၌ ဖောက်ခွဲရေးပစ္စည်းများကို လျင်မြန်စွာ တပ်ဆင်လိုက်ကြလေတော့သည်။ ဖောက်ခွဲ ရေးပစ္စည်းများကို နေရာချထားပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကမန်းကတန်း ထွက်ခွာခဲ့ကြလေ သည်။

သူတို့၏ တာဝန် အောင်မြင်ကြောင်း သေချာစေရန်အတွက် လုံယုနှင့် ယောင်ရန်တို့သည် ဈေးဝယ် စင်တာ၏ ပတ်ဝန်းကျင်၌ အပို ဖောက်ခွဲရေးပစ္စည်းများကိုလည်း ထပ်မံ တပ်ဆင်ခဲ့ကြပေသေးသည်။

ထိုအရာများကို လုပ်ဆောင်ပြီးစီးချိန်တွင် ညကောင်းကင်ယံ၌ အနီရောင် အလင်းတန်း တစ်ခု တောက်ပ သွားခဲ့လေသည်။

ထိုအလင်းတန်းကို မြင်တွေ့လိုက်ရသောအခါ လုံယုက ပြောလေသည်။

"ဒါ ဝူလျန်ဆီက အချက်ပြတာပဲ... သူ့အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေကို တပ်ဆင်ပြီးသွားပြီ..."

ထို့နောက် သူသည် သူ၏ ကျောပိုးအိတ်ထဲမှ အချက်ပြ သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ည ကောင်းကင်ယံဆီသို့ ပစ်ဖောက်လိုက်လေသည်။

“ရွှီး... ဒိုင်း...”

အချက်ပြ သေနတ်ကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ပြီးနောက် လုံယုသည် ယောင်ရန်၏ လက်ကို ဆွဲ ကိုင်လိုက်ပြီး ဘေးကင်းသော အကွာအဝေး တစ်ခုသို့ အတူတကွ ပြေးလွှားသွားခဲ့ကြလေသည်။

စွန့်ပစ်ခံ ဘတ်စ်ကား တစ်စီး၏ နောက်ကွယ်တွင် ပုန်းအောင်းရင်း သူတို့သည် စိတ်ရှည်စွာ စောင့်ဆိုင်း နေလိုက်ကြ၏။ ခဏအကြာတွင် ကောင်းကင်ယံ၌ နောက်ထပ် အနီရောင် အလင်းတန်း နှစ်ခု ထပ်မံ လင်းလက်သွားပြီး အစိမ်းရောင် အလင်းတန်း တစ်ခုက ဆက်လက် ထွက်ပေါ်လာခဲ့လေသည်။

အစိမ်းရောင် အချက်ပြမှုကို မြင်တွေ့လိုက်ရသောအခါ လုံယုသည် ဖောက်ခွဲရေးခလုတ်ကို နှိပ်လိုက် လေတော့သည်။ တစ်စက္ကန့်ခန့် အကြာတွင် တိတ်ဆိတ်နေသော ညဉ့်ယံ၌ ပေါက်ကွဲသံကြီးများ ပဲ့တင် ထပ်သွားပြီး မြို့လယ်ခေါင် တစ်ခွင်ရှိ မြေပြင်ကို လှုပ်ခတ်သွားစေခဲ့ပေ၏။

"ဝုန်း... ဝုန်း... ဝုန်း... "

ဈေးဝယ်စင်တာကို ဖျက်ဆီးပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် ကျွင်းချန်မြို့၏ မြို့စွန်ရှိ စွန့်ပစ်ခံ အဆောက်အအုံ တစ်ခုဆီသို့ အလျင်အမြန် ပြန်လာခဲ့ကြလေသည်။ သူတို့ ရောက်ရှိလာချိန်တွင် အခြား သူများမှာ သူတို့ကို စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

အဆောက်အအုံ အတွင်းသို့ သူတို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝူလျန်က မေးလိုက်လေသည်။

"မင်းတို့ထဲက တစ်ယောက်ယောက် မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို တွေ့ခဲ့ရသေးလား..."

"မတွေ့ခဲ့ရဘူး..."

လုံယုသည် ခေါင်းခါပြလိုက်ပြီး အခြားသူများကလည်း ထိုနည်းတူပင် ခေါင်းခါပြလိုက်ကြလေသည်။

ဝူလျန်က မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါဖြင့် တီးတိုး ရေရွတ်လိုက်လေ၏။

"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က ကျွင်းချန်မြို့ကနေ ထွက်သွားလောက်ပြီလား..."

ရှီရွှမ်းသည် သူ၏ ကျောပိုးအိတ်ထဲမှ လက်ပ်တော့ တစ်လုံးနှင့် ကင်းထောက် ဒရုန်း တစ်စင်းကို ထုတ်ယူ လိုက်လေသည်။

လက်ပ်တော့ကို ဖွင့်လိုက်ရင်း သူက ပြောလိုက်လေသည်။

"အပြင်ဘက်က အခြေအနေကို ကျွန်တော် လေ့လာကြည့်လိုက်မယ်... မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် သာ ကျွင်းချန်မြို့ထဲမှာ ရှိနေသေးတယ်ဆိုရင်၊ အခုလောက်ဆို လှုပ်ရှားမှု တစ်ခုခုတော့ ရှိနေလောက် ပြီ..."

နှစ်မိနစ်ခန့် ကြာပြီးနောက် ဒရုန်းသည် စွန့်ပစ်ခံ အဆောက်အအုံ အတွင်းမှ ထွက်ခွာသွားပြီး မြို့လယ် ခေါင်ဆီသို့ ပျံသန်းသွားလေသည်။

အဆောက်အအုံ အတွင်း၌မူ လုံယု၊ ယောင်ရန်နှင့် အခြားသူများသည် ရှီရွှမ်း၏ အနီး၌ ဝိုင်းရံနေကြပြီး၊ မြို့လယ်ခေါင်သို့ သွားရာ လမ်းတစ်လျှောက်ရှိ အခြေအနေများကို ပြသနေသော လက်ပ်တော့ မျက်နှာ ပြင်ကို စောင့်ကြည့်နေခဲ့ကြလေသည်။

အောက်ဘက်ရှိ အနက်ရောင် အစုအဝေးကြီးကို ကြည့်ရင်း ကျားရှန်းမှာ ကြက်သီးမွေးညင်းများ ထသွား ကာ တုန်ယင်သွားလေသည်။ သူမက ရွံရှာနေသော လေသံဖြင့် ပြောလိုက်လေသည်။

"ဒီမြို့ထဲမှာ မျိုးရိုးဗီဇပြောင်း ကြွက်တွေ ဘယ်လောက်တောင် များနေတာလဲ... ဖောက်ခွဲရေးပစ္စည်းတွေ က သူတို့ထဲက အချို့ကိုတော့ သတ်ပစ်နိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်လေ..."

သူမ၏ စကားကို ကြားသောအခါ ရှီရွှမ်းက နောက်ပြောင်လိုက်လေသည်။

"အာရှန်း... မင်းက ကြွက်တွေကို ကြောက်တတ်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး..."

ကျားရှန်းက သူ၏ ပခုံးကို ရိုက်လိုက်ပြီး မျက်လုံးလန်ပြလိုက်လေသည်။

"ငါ မကြောက်ပါဘူး... ဒီ ညစ်ပတ်တဲ့ မျိုးရိုးဗီဇပြောင်း ကြွက်တွေကို ရွံရုံသက်သက်ပဲ..."

ရှီရွှမ်းက ကျားရှန်းကို ထပ်မံ နောက်ပြောင်ရန် မပြင်မီမှာပင် ယောင်ရန်က မျက်နှာပြင်ဆီသို့ ရုတ်တရက် လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"ကြည့်လိုက်ဦး... အဲဒါ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် မဟုတ်ဘူးလား..."

ရှီရွှမ်းသည် ယောင်ရန် ညွှန်ပြသော နေရာအထက်၌ ဒရုန်းကို ဝဲပျံစေရန် ထိန်းချုပ်လိုက်ပြီး အနီးကပ် ချဲ့ ကြည့်လိုက်လေသည်။ ကင်မရာက အောက်ဘက်ရှိ အနက်ရောင် အစုအဝေးကြီး အပေါ်သို့ အာရုံစိုက် လိုက်သောအခါ ဟွမ်ချန်က အာမေဍိတ်သံဖြင့် ဟစ်အော်လိုက်လေ၏။

"ဘုရားရေ... အဲဒါ တကယ်ပဲ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်လား... အကြီးကြီးပဲ..."

ပိုမို အနီးကပ် ချဲ့ကြည့်လိုက်ရာ ရှီရွှမ်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ပြောလိုက်လေ၏။

"ဖောက်ခွဲရေးပစ္စည်းတွေက သူ့ကို ဒဏ်ရာရစေနိုင်ခဲ့ပုံပဲ..."

မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်မှာ ပြင်ပဒဏ်ရာများသာ ရရှိခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ ကျားရှန်း သည် အံ့အားသင့်သွားပြီး အော်ပြောလိုက်လေ၏။

"ငါ ဖန်တီးထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေက အပေါ်ယံ ဒဏ်ရာလောက်ပဲ ဖြစ်စေတာလား... ဒီ အကောင် ရဲ့ အရေခွံက မယုံနိုင်လောက်အောင် ထူထဲနေတာ သေချာတယ်..."

၎င်း၏ ကာကွယ်နိုင်စွမ်းကို မြင်ရသော်လည်း ယောင်ရန်မှာ အံ့သြမသွားခဲ့ပေ။ မျိုးရိုးဗီဇပြောင်း တိရစ္ဆာန် တစ်ကောင်သည် ၎င်းတို့ မျိုးနွယ်စု၏ ဘုရင်အဖြစ်သို့ တက်လှမ်းရန်အတွက်၊ တိုက်ခိုက်ရေး တွင် ဖြစ်စေ၊ ကာကွယ်ရေးတွင် ဖြစ်စေ ထူးခြားပြောင်မြောက်သော တိုက်ခိုက်မှု စွမ်းအားများကို ပိုင်ဆိုင်ထားရမည်သာ ဖြစ်လေသည်။

မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က အခြား မျိုးရိုးဗီဇပြောင်း ကြွက်များကို စားသောက်နေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်ရင်း သူမက ပြောလိုက်လေသည်။

"သူက ဒဏ်ရာတွေကို သက်သာစေဖို့ မျိုးရိုးဗီဇပြောင်း ကြွက်တွေကို စားသောက်နေတာပဲ... သူ အပြည့် အဝ ပြန်ပြီး မသက်သာလာခင် ကျွန်မတို့ သူ့ကို သတ်ရမယ်... မဟုတ်ရင် ကျွန်မတို့ရဲ့ ကြိုးစားမှုတွေ အလဟဿ ဖြစ်သွားလိမ့်မယ်..."

သူမ ပြောသည်ကို ကြားပြီးနောက် ရှီရွှမ်းသည် အခြားနေရာများကို ကင်းထောက်ရန် ဒရုန်းကို ထိန်းချုပ် လိုက်ရင်း ပြောလိုက်လေ၏။

"လောလောဆယ်တော့ ကျွန်တော်တို့ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် အနားကို ကပ်သွားလို့ မရနိုင်ဘူး ထင်တယ်..."

"မြို့လယ်ခေါင် တစ်ခုလုံးကို မျိုးရိုးဗီဇပြောင်း ကြွက်တွေ ဝိုင်းထားတာ ပြည့်နှက်နေတာပဲ... ကျွင်းချန် မြို့ ထဲက မျိုးရိုးဗီဇပြောင်း ကြွက်အများစုက လောလောဆယ် မြို့လယ်ခေါင်မှာ စုဝေးနေကြတယ်လို့ ကျွန်တော် ထင်တယ်... သူ့ကို သတ်ဖို့အတွက် ကျွန်တော်တို့ အရင်ဆုံး အနားကပ်သွားလို့ရမယ့် နည်းလမ်း ကို ရှာဖို့ လိုတယ်..."

သူ၏ ရှင်းပြချက်ကို နားထောင်ရင်း လုံယုသည် ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။

"အာရွှမ်း... မင်းရဲ့ ဒရုန်းက အလေးချိန် ဘယ်လောက်အထိ သယ်နိုင်လဲ..."

ရှီရွှမ်းက ပြန်ဖြေလေ၏။

"အများဆုံး ငါးကီလို အထိပဲ ရမယ်..."

ထိုစကားကို ကြားသောအခါ ဝူလျန်၏ မျက်ဝန်းများ လင်းလက်သွားလေသည်။ သူသည် လုံယုဘက်သို့ လှည့်ကာ မေးလိုက်၏။

"ခေါင်းဆောင်လုံ... ခင်ဗျားက မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်ဖို့ ကောင်းကင်ပေါ်ကနေ ဖောက်ခွဲ ရေးပစ္စည်းတွေ ချပစ်ဖို့ စဉ်းစားနေတာလား..."

လုံယုက ခေါင်းငြိမ့်ပြလေသည်။

"ဟုတ်တယ်... သူ့အနားကို ကပ်သွားလို့ မရနိုင်ဘူး ဆိုတော့၊ ဖောက်ခွဲရေးပစ္စည်းတွေက သူ့ကို ဒဏ်ရာရ စေနိုင်မှန်း သိထားတဲ့အတွက်၊ သူ ပြန်လည် မသက်သာလာခင် သူ့ကို သတ်ဖို့ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး အခွင့်အရေးပဲ..."

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အကုန်သုံးပြီးသွားပြီလေ... သူ့ကို သတ်ဖို့အတွက် လုံလောက်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်ကနေ ရနိုင်မှာလဲ..."

စစ်သည် တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောလေသည်။

ယောင်ရန်က သူ့ကို ကြည့်ကာ ပြန်ဖြေလိုက်လေ၏။

"ကျွန်မဆီမှာ နည်းနည်း ကျန်နေသေးတယ်..."

ထို့နောက် သူမသည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်ကာ ၎င်းကို အကာအကွယ်ယူလျက် သူမ၏ နေရာ လွတ်ထဲမှ စီဖိုးဗုံး အချို့ကို ဆွဲထုတ်လိုက်လေသည်။

ထိုဗုံးများကို မြေပြင်ပေါ်၌ ချထားလိုက်ရင်း ယောင်ရန်သည် ကျားရှန်းဘက်သို့ လှည့်ကာ မေးလိုက်လေ သည်။

"အစ်မကျား... ဒီပမာဏက မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်ဖို့ လုံလောက်ပါ့မလား..."

ကျားရှန်းသည် ခဏမျှ တွက်ချက်ကြည့်လိုက်ပြီးမှ ပြောလေ၏။

"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအရ ဆိုရင်တော့၊ ဒီ စီဖိုးဗုံး ပမာဏက လုံလောက်သင့်တယ်... ဒါပေမဲ့ သူ့ရဲ့ ခေါင်းတည့်တည့်ကို ကျဖို့တော့ လိုတယ်... မဟုတ်ရင် သူ့ရဲ့ ကာကွယ်နိုင်စွမ်းက ဘယ်လောက်တောင် ထူထဲလဲ ဆိုတာ တွက်ကြည့်ရင်၊ သူ့ကို သတ်နိုင်ဖို့ မလွယ်မှာ ကို ငါ စိုးရိမ်မိတယ်..."

သူမ၏ အဖြေကြောင့် လူတိုင်းသည် ရှီရွှမ်းဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

သူတို့၏ မျှော်လင့်နေသော အကြည့်များကို ခံစားမိလိုက်သဖြင့် သူက ပြုံးလိုက်ကာ ပြောလေ၏။

"စိတ်မပူပါနဲ့... ဒီ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ရဲ့ ခေါင်း ပွင့်ထွက်သွားအောင် ကျွန်တော် ဖောက်ခွဲပေး ပါ့မယ်..."

All Chapters