← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း (၂၉၆)

အချင်းချင်း ဝါးမြိုခြင်း

အစီအစဉ်ကို ဆုံးဖြတ်ပြီးနောက် ရှီရွှမ်းသည် ဒရုန်းကို ပြန်ခေါ်လိုက်၏။ သူသည် ကျားရှန်းနှင့် ပူးပေါင်း ၍ C4 ဗုံးများကို ဒရုန်းတွင် ဂရုတစိုက် ချည်နှောင်ကာ မြို့လယ်ခေါင်ဆီသို့ ပျံသန်းစေလိုက်လေသည်။

ရှီရွှမ်းက ဒရုန်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နေစဉ် လူတိုင်းက လက်တော့ပ် မျက်နှာပြင်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။ ဆယ်မိနစ်ကျော် အချိန်သည် ကုန်လွန်သွားခဲ့ပြီး စက္ကန့်တိုင်းသည်ပင် ထာဝရ ကာလကဲ့သို့ ရှည်လျားလှသည်ဟု ခံစားနေကြရသည်။

နောက်ဆုံးတွင် ဒရုန်းသည် မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်၏ အပေါ်တည့်တည့်၌ ဝဲပျံနေလေသည်။ ရှီရွှမ်း သည် ပေါက်ကွဲမှုအရှိန်နှင့် လွတ်ကင်းစေရန် ဒရုန်း၏ တည်နေရာကို ချိန်ညှိပြီးနောက် ဗုံးများပါ သော ကွန်တိန်နာကို ဖြည်းညင်းစွာ စောင်းပေးလိုက်၏။

C4 ဗုံးများ ပြုတ်ကျသွားသည့်အခါ လူတိုင်း အသက်ရှူပင် မဝံ့ကြတော့ပေ။ ပေါက်ကွဲစေတတ်သော ပစ္စည်းများမှာ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ကျရောက်လုဆဲဆဲမှာပင်၊ ၎င်း၏ နီရဲ တောက်ပနေသော မျက်လုံးအစုံမှာ ပွင့်လာပြီး ပါးစပ်ကို အကျယ်ကြီး ဟလိုက်လေသည်။ ထိုခဏ၌ပင် ၎င်းသည် C4 ဗုံးအားလုံးကို ဝါးမြိုလိုက်တော့၏။

နောက်တစ်စက္ကန့်တွင်မူ ၎င်း၏ မျက်လုံးများမှာ နာကျင်မှုကြောင့် ပြူးကျယ်သွားပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးမှာ ကျွင်းချန်မြို့တစ်ခွင်လုံး ပဲ့တင်ထပ်သွားခဲ့လေတော့သည်။

"ဝုန်း... "

လက်တော့ပ်မျက်နှာပြင်ပေါ်မှ မြင်ကွင်းမှာ တုန်ခါသွားပြီး လူတိုင်းကို ခေတ္တမျှ စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့​လေသည်။

ဟွမ်ချန်က ပထမဆုံး တုံ့ပြန်လိုက်သူ ဖြစ်သည်။ သူသည် မျက်ရည်များ ထွက်လာသည်အထိ အော်ဟစ် ကာ ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေ၏။

"ဟားဟားဟားဟား... ဒီမျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က ငါတို့ သူ့ကို မုန့်ကျွေးနေတယ်လို့ ထင်နေတာ လားမသိဘူး... ဟားဟားဟားဟား..."

ဟွမ်ချန်က မထိန်းနိုင်အောင် ရယ်မောနေစဉ် ရှီရွှမ်းက ဒရုန်းကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကြွက်ဘုရင်ရှိရာနေရာကို ချဲ့ကြည့်လိုက်လေ၏။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မျက်နှာပြင်ပေါ်တွင် သွေးနှင့် အသားစများ ဖုံးလွှမ်းနေသော လောင်ကျွမ်းနေသည့် မြေပြင်ကြီးကို မြင်တွေ့လိုက်ရလေသည်။

ကြွက်ဘုရင်၏ အကြွင်းအကျန်များနှင့်အတူ သေဆုံးနေသော မရေမတွက်နိုင်သော မျိုးရိုးဗီဇပြောင်း ကြွက်များကို မြင်သောအခါ ကျားရှန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

"ကောင်းတယ်... အခု မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် သေသွားပြီဆိုတော့ နောက်တစ်ဆင့်က ကျန်တဲ့ ကြွက်တွေကို အမြစ်ပြတ်အောင် သတ်ဖို့ပဲ..."

သူမက ယောင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ယောင်ရန်... မင်းဆီမှာ C4 ဗုံးတွေ ကျန်သေးလား..."

ယောင်ရန်က ပြန်ဖြေလိုက်လေသည်၊

"ကျွန်မဆီမှာ ကျန်သေးတယ်... ဒါပေမဲ့ အဲဒါတွေက လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းမှာပဲ ရှိတာ..."

ထိုစကားကို ကြားသောအခါ ဝူလျန်က ပြောလိုက်၏။

"မလေးယောင်... ကျွန်တော့်ကို C4 ဗုံးတွေ ရောင်းပေးလို့ ရမလား... ကျွန်တော် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ပေးပါ့မယ်..."

ယောင်ရန်သည် အဘိုးရွှီထံမှ ဝယ်ယူထားသော C4 ဗုံးများနှင့် အခြားသော ပေါက်ကွဲစေတတ်သော ပစ္စည်းများကို သူမ၏ နေရာလွတ်ထဲ၌ အမြောက်အမြား သိမ်းဆည်းထားဆဲ ဖြစ်သည်။ သူမက သဘောတူလိုက်ပြီး ၊

"ဈေးနှုန်းက မျှတမယ်ဆိုရင်တော့ ကျွန်မ ရောင်းပေးဖို့ ဝန်မလေးပါဘူး..."

ဝူလျန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ပြုံး၍ ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့... ကျွန်တော် မျှတတဲ့ ဈေးနှုန်းကို ပေးပါ့မယ်..."

အဓိက တာဝန်ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျွင်းချန်မြို့အတွင်းရှိ မျိုးရိုးဗီဇပြောင်း ကြွက်များကို ဆက်လက် နှိမ်နင်းရန် လိုအပ်နေသေး၏။ သို့သော်လည်း သူတို့၏ ခဲယမ်းမီးကျောက်များနှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများမှာ ကုန်လုနီးပါး ဖြစ်နေသောကြောင့် လုံယု၏ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းသို့ ပြန်၍ ရိက္ခာနှင့် လက်နက်များ ဖြည့်တင်းရန် ဆုံးဖြတ်လိုက်ကြလေသည်။

သူတို့ ပစ္စည်းများ သိမ်းဆည်းပြီး ကျွင်းချန်မြို့စွန်မှ ထွက်ခွာလာချိန်တွင် နေရောင်ခြည်မှာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ဖြာကျလာပြီ ဖြစ်သည်။

မြို့လယ်ခေါင်ရှိ အနက်ရောင် နွယ်ပင်များမှာလည်း မြေအောက်သို့ ဆုတ်ခွာသွားကြသည်ကို မြင်တွေ့ နေရလေသည်။

မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် သေဆုံးသွားခြင်းကြောင့် ကျွင်းချန်မြို့ ပြင်ပရှိ အခြားသော မျိုးရိုးဗီဇ ပြောင်း သတ္တဝါများမှာ ထိုဒေသအတွင်းသို့ စုပြုံဝင်ရောက်လာခဲ့ကြလေ၏။ သူတို့၏ ဘုရင် မရှိတော့ သည့်အတွက် မျိုးရိုးဗီဇပြောင်း ကြွက်များသည် အခြားသော မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်များနှင့် အပင် များ၏ သားကောင်များ ဖြစ်လာကြတော့သည်။

ကျွင်းချန်မြို့အတွင်း၌ ဖြစ်ပွားနေသော သတ္တဝါများအကြား တိုက်ပွဲများကို မသိရှိဘဲ ယောင်ရန်သည် သမ်းဝေလိုက်ကာ သူမ၏ ချစ်သူ၏ ပုခုံးပေါ်သို့ မှီလိုက်လေသည်။

သူမက မျက်လုံးများကို မှိတ်လိုက်ပြီး နွမ်းလျစွာ ပြောလိုက်လေ၏။

"အာယု... ရောက်ရင် ကျွန်မကို နှိုးပေးနော်... ကျွန်မ ခဏလောက် အိပ်လိုက်ဦးမယ်..."

လုံယုသည် သူမ၏ မျက်ဝန်းအောက်ရှိ ညိုမည်းနေသော အရိပ်အယောင်များကို ကြည့်ကာ စိတ် မကောင်း ဖြစ်သွားခဲ့ရလေသည်။ သူသည် သူမကို ပွေ့ဖက်ထားပြီး ပိုမိုသက်တောင့်သက်သာ အနားယူနိုင်ရန် အနေအထားကို ပြင်ပေးလိုက်၏။

သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသော နေရောင်ခြည်ကို မြင်သောအခါ သူက လက်ဝါးဖြင့် ကာ ကွယ်ပေးလိုက်ပြီး ညင်သာစွာ တိုးတိုးလေး ပြောလိုက်လေသည်။

"အိပ်မက်လှလှ မက်ပါစေ ရန်ရန်..."

နောက်ကြည့်မှန်မှတစ်ဆင့် သူတို့၏ အပြုအမူကို ကြည့်ရင်း ဝူလျန်က ခေါင်းကို ခါယမ်းကာ

အကြည့်လွှဲလိုက်၏။ အေးစက်ပြီး ရက်စက်တတ်သော အမျိုးသားတစ်ဦးကို နူးညံ့ပြီး ကြင်နာတတ် သော ချစ်သူတစ်ဦးအဖြစ် ချစ်ခြင်းမေတ္တာက ပြောင်းလဲပေးနိုင်သည်မှာ အံ့သြစရာပင် ဖြစ်သည်။

လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းသို့ အပြန်လမ်းတွင် သူတို့သည် မျိုးရိုးဗီဇပြောင်း တိရစ္ဆာန် အုပ်စုအချို့နှင့် တွေ့ဆုံခဲ့သော်လည်း မည်သည့်သတ္တဝါကမျှ သူတို့ကို အာရုံမစိုက်ကြပေ။

ပဉ္စမမြောက် မျိုးရိုးဗီဇပြောင်း သတ္တဝါအုပ်စုမှာ သူတို့ကို မမြင်သကဲ့သို့ ဖြတ်ကျော်သွားသည်ကို မြင် သောအခါ ဝူလျန်က ခေါင်းကို ကုတ်လိုက်ပြီး သံသယများဖြင့် ရေရွတ်လိုက်လေသည်။

"ဒီကားက ကိုယ်ပျောက်နေလို့လား... အဲဒီ မျိုးရိုးဗီဇပြောင်း သတ္တဝါတွေက ငါတို့ကို ဘာလို့ တစ်ချက် လေးတောင် မကြည့်ဘဲ ဖြတ်သွားရတာလဲ..."

ဝူလျန်၏ စကားကို နားထောင်ပြီးနောက် အက်စ်ယူဗွီ ကားကို မောင်းနှင်နေသော စစ်သည်မှာ ဆွံ့အသွား ရလေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စစ်သည်က မေးလိုက်လေ၏။

"ဗိုလ်ကြီး... အဲဒီ သတ္တဝါတွေက ငါတို့ကို လျစ်လျူရှုသွားတာ ကောင်းတဲ့အချက် မဟုတ်ဘူးလား..."

ဝူလျန် မဖြေခင်မှာပင် လုံယုက ပြောလိုက်လေသည်။

"ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခု ဖြစ်လာရင် အမြဲတမ်း အကြောင်းပြချက် ရှိတတ်တယ်... အခု အဲဒီ သတ္တဝါတွေက ငါတို့ကို လျစ်လျူရှုထားတယ်ဆိုရင် လူသားတွေကို စားတာထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခု ရှိနေလို့ပဲ ဖြစ်ရမယ်..."

"သူတို့ သွားနေတဲ့ လမ်းကြောင်းအရ ဆိုရင် အဲဒီ သတ္တဝါတွေရဲ့ ပန်းတိုင်က ကျွင်းချန်မြို့ပဲ ဖြစ်ရမယ်... ဒါပေမဲ့ လူသားတွေရဲ့ အသားထက် ပိုပြီး ဆွဲဆောင်မှုရှိတာ ဘာရှိနိုင်မလဲ..."

လုံယု၏ စကားကို ကြားသောအခါ ဝူလျန်က တွေးတောနေမိသည်။ ထို့နောက် သူ၏ မျက်လုံးများ ဝင်းလက်သွား၏။ သူသည် နောက်ကြည့်မှန်မှတစ်ဆင့် လုံယုကို ကြည့်လိုက်ရာ လုံယုက ခေါင်းငြိမ့်ပြ သည်ကို တွေ့လိုက်ရသည်။

လုံယု၏ အတည်ပြုချက်ကို ရရှိပြီးနောက် ဝူလျန်၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားလေ သည်။ သူက လက်ကို တင်းတင်းဆုပ်လိုက်ပြီး ပြောလိုက်၏။

"အဲဒီ သတ္တဝါတွေက ဘုရင်သစ်ကို ရွေးချယ်ဖို့အတွက် အချင်းချင်း တိုက်ခိုက်ပြီး ဝါးမြိုနေကြတာပဲ..."

စစ်သည်မှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝူလျန်က အမိန့်ပေးလိုက်လေသည်။

"မြန်မြန်မောင်း... ငါတို့ ကျွင်းချန်မြို့ကို အမြန်ဆုံး ရှင်းလင်းရမယ်..."

"ဟုတ်ကဲ့ ဗိုလ်ကြီး..."

စစ်သည်က ခေါင်းငြိမ့်ကာ လီဗာကို အားကုန်နင်းလိုက်တော့၏။

ယောင်ရန်မှာ အိပ်ပျော်နေပြီး ဝူလျန်မှာလည်း အတွေးများဖြင့် အလုပ်ရှုပ်နေသောကြောင့် ကျန်ရှိသော ခရီးစဉ်တစ်လျှောက် တိတ်ဆိတ်နေခဲ့ပေတော့သည်။

လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းသို့ ပြန်ရောက်သောအခါ လုံယုသည် ယောင်ရန်ကို မနှိုးဘဲ သူမ၏ အခန်းသို့ ပွေ့ချီသွားခဲ့လေသည်။ သူသည် သူမ၏ မျက်နှာ၊ လက်နှင့် ခြေထောက်များကို ဂရု တစိုက် သုတ်ပေးပြီးနောက် တစ်ကိုယ်ရေသုံး လေအေးပေးစက်ထဲသို့ ရေနှင့် ရေခဲများ ဖြည့်ကာ ဖွင့် ပေးလိုက်၏။

သူမ အဆင်ပြေပြေ အနားယူနိုင်ရန် စီစဉ်ပေးပြီးနောက် လုံယုသည် တံခါးကို ညင်သာစွာ ပိတ်၍ တိတ် တဆိတ် ထွက်လာခဲ့လေသည်။

ယောင်ရန် ပြန်နိုးလာသည့် အချိန်တွင်မူ ညနေစောင်းနေပြီ ဖြစ်၏။ သူမသည် ရေချိုးပြီး အဝတ်အစား အသစ်လဲကာ ထမင်းစားခန်းသို့ ဦးတည်လိုက်လေတော့သည်။

All Chapters