← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း (၂၉၇)

တရားဝင် ကြေညာချက်

ယောင်ရန် ထမင်းစားခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ လုံယုက ပြုံး၍ မေးလိုက်လေသည်။

"ရန်ရန်... ဗိုက်ဆာနေပြီလား..."

"အင်း..."

ယောင်ရန်က သူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကျားရှန်းနှင့် အခြားသူများကို ခေါင်းငြိမ့်ပြလိုက်လေ သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝူလျန်နှင့် အခြားစစ်သည်များကို မတွေ့ရသဖြင့် သူမက သိချင်စိတ် ဖြင့် မေးလိုက်၏။

"ဗိုလ်ကြီးဝူနဲ့ စစ်သည်တွေ ဘယ်ရောက်ကုန်ပြီလဲ..."

လုံယုက သူမအား ထမင်းတစ်ပန်းကန် ခူးပေးကာ တူတစ်စုံကို ကမ်းပေးရင်း ပြန်ဖြေလိုက်၏။

"ဝူလျန်က မင်းမနိုးခင်မှာပဲ ရိက္ခာတချို့နဲ့ C4 ဗုံးတွေကို ယူပြီး ထွက်သွားပြီလေ..."

အခြားသော မျိုးရိုးဗီဇပြောင်း ကြွက်တစ်ကောင်မှာ ကြွက်ဘုရင်အဖြစ် ထပ်မံ အဆင့်တက်မလာစေရန် အတွက် ဝူလျန်အနေဖြင့် မျိုးရိုးဗီဇပြောင်း ကြွက်များကို အမြန်ဆုံး နှိမ်နင်းရန် လိုအပ်သည်ကို ယောင်ရန် နားလည်သဖြင့် ခေါင်းငြိမ့်ကာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။

သူတို့ ညစာ စားနေစဉ်မှာပင် ချွမ်ယွမ်ဝေ့သည် တောက်ပသော အပြုံးတစ်ခုနှင့်အတူ ထမင်းစားခန်းထဲ သို့ ရုတ်တရက် ဝင်လာခဲ့လေသည်။ သူသည် လုံယု၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ရေတစ်ဖန် ခွက်ကို ငှဲ့၍ အငမ်းမရ သောက်လိုက်ပြီးနောက် ပြောလိုက်လေ၏။

"ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်... မင်းတို့ ဘယ်ဟာကို အရင်ကြားချင်လဲ..."

ယောင်ရန်က လုံယုနှင့် အခြားသူများကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"သတင်းကောင်းကို အရင်ပြောပါ..."

ချွမ်ယွမ်ဝေ့က ပြောလာလေသည်၊

"ရှီရွှမ်း ပြင်ပေးထားတဲ့ ရေဒီယိုကနေ အစိုးရရဲ့ သတင်းတွေကို ငါ နားထောင်နေတာလေ... အခုလေး တင်ပဲ ကြေညာသွားတာကတော့ အလွန်အမင်း ပူပြင်းတဲ့ ရာသီဥတုက မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး နောက်ရက်အနည်းငယ်အတွင်း အပူချိန်တွေ စတင်ကျဆင်းလာတော့မယ်တဲ့..."

"သတင်းဆိုးကကော ဘာလဲ..." ဟု ဟွမ်ကျိဟွေးက စူးစမ်းစွာ မေးလိုက်သည်။

ချွမ်ယွမ်ဝေ့၏ မျက်နှာမှာ မှောင်ကျသွားပြီး ပြန်ဖြေလိုက်၏။

"ကမ္ဘာတစ်ဝှမ်းလုံးမှာ မြေကမ္ဘာ ကျောက်ဖျာချပ်တွေ အကြီးအကျယ် ရွေ့လျားမှုကြောင့် အင်အားပြင်း ငလျင်တွေ ဖြစ်ပေါ်နေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်... ပထမအကြိမ် ရွေ့လျားမှု က လွန်ခဲ့တဲ့ နှစ်လကတည်းက စခဲ့တာ ဖြစ်ပေမဲ့၊ လွန်ခဲ့တဲ့ တစ်ပတ်က ဟိုင်ချန် ကမ်းခြေကို မဟာဆူနာ မီ ရိုက်ခတ်ပြီးတဲ့နောက်မှ သူတို့ သတိထားမိခဲ့ကြတာ..."

"ဟိုင်ချန်မြို့ကတော့ အခုဆို ပင်လယ်အောက်ကို ရောက်သွားပြီ၊ ပင်လယ်ရေမျက်နှာပြင်ကလည်း ဆက်ပြီး မြင့်တက်နေတာမို့လို့ ရေတွေက ကုန်းတွင်းပိုင်းအထိ ပိုပြီး တိုးဝင်လာနေတယ်... မကြာခင်မှာ ကုန်းမြေတွေ ပိုပြီး ပင်လယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူတို့ ခန့်မှန်းထားကြတယ်..."

သူ စကားအဆုံးတွင် အခြားသူများမှာ ထိတ်လန့်တကြား ဖြစ်သွားကြသော်လည်း ယောင်ရန်ကမူ သူမ ၏ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်လေသည်။

အတိတ်ဘဝတွင် သူမသည် ကျွင်းချန် စစ်အခြေစိုက်စခန်းသို့ မပြောင်းရွှေ့မီ ဟိုင်ချန်မြို့၌ သုံးနှစ်ကြာ နေထိုင်ခဲ့ဖူးလေ၏။ ထိုစဉ်က ဟိုင်ချန် အခြေစိုက်စခန်းကို မဟာဆူနာမီ ရိုက်ခတ်စဉ်တွင် လူပေါင်းများ စွာ သေဆုံးခဲ့ရလေသည်။ သူမသည် သတင်းကို ကြိုတင်ကြားသိခဲ့ရသဖြင့် ဆူနာမီ မတိုက်ခတ်မီ နှစ်နာရီအလို၌ ထိုနေရာမှ ကံကောင်းထောက်မစွာ ထွက်ခွာနိုင်ခဲ့ခြင်းပင်ဖြစ်၏။

သို့သော်လည်း ထိုကဲ့သို့သော ကပ်ဘေးကြီးမှာ သူမ၏ အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ် စတင်ပြီး သုံးနှစ်ကျော်မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုမူ တစ်နှစ်ပင် မပြည့်သေးဘဲ ဟိုင်ချန်မြို့မှာ မဟာဆူနာမီ ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရလေပြီ။

ယောင်ရန်သည် သူမ၏ ထမင်းပန်းကန်ကို တင်းတင်းဆုပ်ထားရင်း တွေးနေမိလေ၏။

*ငါ ပြန်လည်မွေးဖွားလာခြင်း ကနေ ဖြစ်ပေါ်လာတဲ့ လိပ်ပြာအကျိုးသက်ရောက်မှုက ကြီးမားတဲ့ လှိုင်း လုံးကြီးတွေကို ဖန်တီးလိုက်ပုံရတယ်...*

အနာဂတ်ကို တွေးတောရင်း ယောင်ရန်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုံယုက လက်ကမ်း၍ သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ် ပေးလိုက်လေ၏။

သူက သူမကို စိတ်သက်သာရာရအောင် လုပ်ပေးရင်း ချွမ်ယွမ်ဝေ့ကို ကြည့်ကာ မေးလိုက်လေသည်။

"အစ်ကိုချွမ်... ပင်လယ်ရေက ကုန်းတွင်းပိုင်း ဘယ်လောက်အထိ တိုးဝင်လာမလဲဆိုတာကိုကော အစိုးရ က ကြေညာထားတာ ရှိလား..."

ချွမ်ယွမ်ဝေ့က ခေါင်းခါရင်း ပြန်ဖြေလိုက်၏။

"အဲဒါကိုတော့ သူတို့ မပြောထားဘူး... အသက်ရှင်ကျန်ရစ်သူတွေ အနေနဲ့ နီးစပ်ရာ အခြေစိုက်စခန်း တွေကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ပဲ တိုက်တွန်းထားတာ..."

သူက ခေတ္တမျှ ရပ်လိုက်ပြီး ဆက်ပြောလေသည်။

"တကယ်တော့ သူတို့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို လူထုကို အကုန်မပြောဘဲ ဝှက်ထား ကြတယ်လို့ ငါ ခံစားနေရတယ်... မဟုတ်ရင် လူတွေကို အခြေစိုက်စခန်းထဲဝင်ဖို့ ဒီလောက်အထိ အတင်းအကျပ် တိုက်တွန်းနေမှာ မဟုတ်ဘူး... ငလျင်တွေနဲ့ မဟာဆူနာမီအပြင် နောက်ထပ် ပိုပြီး အန္တရာယ်များတဲ့ အရာတစ်ခုခု ဖြစ်လာတော့မယ့်အတိုင်းပဲ..."

ထိုစကားကို ကြားသောအခါ လုံယု၏ မျက်ဝန်းများမှာ ခဏမျှ လှုပ်ခတ်သွားသော်လည်း သူသည် အချိန် အတော်ကြာ တိတ်ဆိတ်နေခဲ့လေသည်။ ထို့နောက် ရှီရွှမ်းက မေးလိုက်လေသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ ကျွင်းချန် စစ်အခြေစိုက်စခန်းကို ဝင်ဖို့ စဉ်းစားသင့်ပြီလား..."

လုံယုက ခေါင်းခါလိုက်ပြီး၊

"မလိုသေးဘူး... ငါတို့မှာ သတင်းအချက်အလက် မပြည့်စုံသေးသလို နားမလည်နိုင်တဲ့ အရာတွေလည်း အများကြီး ရှိနေသေးတယ်... အခုလောလောဆယ် ဒီမှာပဲ နေတာက ပိုပြီး စိတ်ချရတယ်... သူတို့ ဘာ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားလဲဆိုတာကို သိရမှပဲ ကျွင်းချန် စစ်အခြေစိုက်စခန်းကို ဝင်ဖို့ စဉ်းစား ကြတာပေါ့..."

ကျားရှန်းကလည်း လက်မြှောက်၍ ၊

"ကျွန်မလည်း ခေါင်းဆောင်ရဲ့ သဘောထားကို ထောက်ခံပါတယ်... အခုလောလောဆယ် ဒီမှာပဲ နေတာ က ပိုကောင်းပါတယ်... ဘယ်သူ့စကားကိုမှ နားထောင်နေစရာ မလိုသလို၊ ငါတို့ဆီမှာ နှစ်အတော်ကြာ သုံးလို့ရတဲ့အထိ ရိက္ခာနဲ့ ရေလည်း အလုံအလောက် ရှိတာပဲလေ..."

ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြကာ၊

"နောက်ထပ် သတင်းတစ်ခုလည်း ရှိသေးတယ်... စိုက်ပျိုးရေးသိပ္ပံဌာနကနေ အကြီးစား လူသစ်စု ဆောင်းရေး အစီအစဉ်တစ်ခုကို စတင်လိုက်ပြီတဲ့... အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ သူတွေနဲ့ ဒုက္ခသည်တွေကို ဦးစားပေး ခေါ်ယူနေတာလေ... လူတိုင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် အသစ် တီထွင်ထားတဲ့ မျိုးစေ့တွေကိုလည်း လူထုဆီကို ဖြန့်ဝေပေးဖို့ စီစဉ်နေကြတယ်..."

"စိုက်ပျိုးရေးသိပ္ပံဌာနရဲ့ သတင်းတွေအပြင် ရူပဗေဒနှင့်သိပ္ပံဌာနကလည်း ကြေညာချက်တချို့ ထုတ်ပြန် ထားသေးတယ်... တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ လူသားတွေအားလုံး မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်နေ တယ်တဲ့... စွမ်းအားရရှိထားတဲ့ သူတွေကို အခြေစိုက်စခန်းထဲဝင်ပြီး စစ်တပ်အတွက် အလုပ်လုပ်ဖို့ ဖိတ် ခေါ်နေတယ်၊ သူတို့အတွက် လုပ်ခလစာတွေ၊ အိမ်ရာတွေနဲ့ မိသားစုဝင်တွေအတွက် စစ်တပ်ရဲ့ အကာ အကွယ်တွေ ပေးမယ်လို့လည်း ပြောထားတယ်..."

"မိုးလေဝသနဲ့ ဘူမိရူပဗေဒသိပ္ပံဌာနကလည်း လေထုထဲက အပြောင်းအလဲတွေကြောင့် ကမ္ဘာ့နေရာ တချို့မှာ ရာသီဥတု ပုံစံတွေ ပြောင်းလဲနေတယ်လို့ ကြေညာထားတယ်... သဘာဝဘေးအန္တရာယ်တွေက အနည်းဆုံး နှစ်အနည်းငယ်လောက်အထိ ဆက်ဖြစ်နေဦးမှာမို့လို့ လူတိုင်း အစားအစာတွေကို တတ်နိုင် သမျှ စုဆောင်းထားကြဖို့ တိုက်တွန်းထားတယ်... ရုတ်တရက် ရွာချလာမယ့် အက်စစ်မိုးတွေနဲ့ ထူထပ် လှတဲ့ မြူနှင်းတွေကိုလည်း သတိထားကြဖို့ သတိပေးထားတယ်..."

ထိုစကားကို ကြားသောအခါ ဟွမ်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။

"အက်စစ်မိုးနဲ့ မြူနှင်းတွေပဲဟာ... ငါတို့ အရင်ကလည်း ကြုံဖူးတာပဲ၊ နောက်တစ်ခါ ဖြစ်လာလည်း ပြဿနာမရှိပါဘူး..."

ချွမ်ယွမ်ဝေ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်လေသည်။

"အစ်ကိုဟွမ်... မိုးလေဝသနဲ့ ဘူမိရူပဗေဒသိပ္ပံဌာနက ပြောတာက နောက်ပိုင်းရွာမယ့် မိုးတွေ အားလုံးက အက်စစ်မိုးတွေပဲ ဖြစ်လိမ့်မယ်တဲ့... ထူထပ်တဲ့ မြူနှင်းတွေကလည်း အက်စစ်ဓာတ် အလွန်မြင့်မား နေလို့ အနည်းဆုံးတော့ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ဆိုထားတယ်..."

ထိုစကားကြောင့် ဟွမ်ချန်မှာ ဆွံ့အသွားရတော့၏။ သူသည် အက်စစ်မိုးတစ်ကြိမ် ရွာခြင်းကို သည်းခံနိုင် သော်လည်း၊ နှစ်ပေါင်းများစွာ ထိုဒဏ်ကို ခံစားရမည်ဟု တွေးလိုက်ရသောအခါ အားကိုးရာမဲ့သလို ခံစား လိုက်ရလေတော့သည်။

ဟွမ်ချန်၏ စိတ်ပျက်နေသော မျက်နှာကို မြင်သောအခါ ရှီရွှမ်းက ပြောလိုက်လေသည်၊

"အစိုးရက သတိပေးထားမှတော့ ငါတို့ လုပ်နိုင်တဲ့ အကောင်းဆုံး အရာက အခုကတည်းက ကြိုတင်ပြင် ဆင်ထားဖို့ပဲ..."

လူတိုင်းက သဘောတူကြောင်း ခေါင်းငြိမ့်ကြလေသည်။ သူတို့သည် ရှေ့လျှောက် ကြုံတွေ့ရမယ့် ဘေး အန္တရာယ်များအတွက် ရိက္ခာများနှင့် မည်ကဲ့သို့ ကြိုတင်ကာကွယ်မှု လုပ်ရမလဲဆိုသည်ကို ဆွေးနွေးရင်း ညစာကို အဆုံးသတ်လိုက်ကြလေသည်။

လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းအတွင်းရှိ လူတိုင်းမှာ ရိက္ခာများ စုဆောင်းရန် အလုပ်ရှုပ်နေ ကြစဉ်၊ ရွှီရူဟန်နှင့် အခြားသူများမှာမူ ရှစ်ရက်ကြာ ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ကျွင်းချန်မြို့စွန်သို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။

All Chapters