← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း (၂၉၈)

အလွန်အမင်း ပူပြင်းမှု၏ အဆုံးသတ်

ရှေ့တွင်ရှိသော ထူးဆန်းစွာ တိတ်ဆိတ်နေသည့် မှောင်မိုက်မှုကြီးကို ငေးကြည့်ရင်း၊ ရွှီရူဟန်က တီးတိုး ရေရွတ်လိုက်လေသည်။

"ဒီနေရာမှာ တစ်ခုခု ထူးဆန်းနေတယ်..."

သူ၏ ဘေးတွင် ရပ်နေသော မူရှီးချန်က သူ၏ လက်တော့ပ် မျက်နှာပြင်ကို ကြည့်ကာ ပြောလိုက်လေ ၏။

"ဂြိုဟ်တုက မြို့ထဲမှာ လှုပ်ရှားမှုတွေကို တွေ့ရပေမဲ့ သက်ရှိတွေရဲ့ အရိပ်အယောင်တော့ မတွေ့ရဘူး..."

ရွှီရူဟန်က သိချင်စိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို အသေး စိတ် ကြည့်ရှုလိုက်လေသည်။ အပူလှိုင်း မရှိဘဲ လှုပ်ရှားမှု ရှိနေသည့် အချက်အလက်များကို စစ်ဆေး ပြီးနောက် သူက မေးလိုက်လေ၏။

"ရှီးချန်... ကိုယ်အပူချိန် မရှိဘဲ ဘယ်လို သတ္တဝါမျိုးက လှုပ်ရှားနေနိုင်မှာလဲ..."

မူရှီးချန် မဖြေကြားနိုင်မီမှာပင် ဟွာရှန့်ယန်က ကြားဖြတ်၍ ပြောလိုက်လေသည်။

"အပင်တွေပဲ..."

သူ၏ စကားကြောင့် သူတို့ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး လေးနက်သော အကြည့်များဖြင့် ကြည့်လိုက် ကြ​လေ၏။ အချိန်မဆွဲတော့ဘဲ ရွှီရူဟန်က သူ၏ အဖွဲ့ကို လှည့်​၍အမိန့်ပေးလိုက်လေသည်။

"ဆက်သွားကြမယ်... ဒီည ကျွင်းချန်မြို့မှာ ငါတို့ မနားတော့ဘူး..."

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ကျွင်းချန်မြို့အတွင်းရှိ လှုပ်ရှားမှုမှာ မျိုးရိုးဗီဇပြောင်း အပင်များ ကြောင့် ဖြစ်ရမည်။ မည်သည့် အသံမျှ မထွက်ဘဲ လှုပ်ရှားနိုင်သော ထိုမျိုးရိုးဗီဇပြောင်း အပင်များသည် အလွန် အန္တရာယ်များသော သတ္တဝါများ ဖြစ်ကြပေလိမ့်မည်။

ဤနေရာတွင် စောင့်ဆိုင်းနေပြီး မျိုးရိုးဗီဇပြောင်း အပင်များ၏ တိုက်ခိုက်ခြင်းကို ခံရမည့်အစား၊ ၎င်းတို့ သတိမထားမိမီ အမြန်ဆုံး ထွက်ခွာသွားခြင်းက ပို၍ ကောင်းမွန်ပေသည်။

လူတိုင်းမှာ ပင်ပန်းနွမ်းနယ်နေကြပြီး ရုတ်တရက် အလျင်စလို ဖြစ်နေမှုအပေါ် ဇဝေဇဝါ ဖြစ်နေကြသော် လည်း မည်သူမျှ စောဒက မတက်ကြပေ။ ဟိုင်ချန် အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သူ အုပ်စု သည် ၎င်းတို့၏ ယာဉ်များပေါ်သို့ တက်ရောက်ကာ ကျွင်းချန်မြို့စွန်မှ ထွက်ခွာခဲ့ပြီး ကျွင်းချန် စစ်အခြေ စိုက်စခန်းဆီသို့ ဆက်လက် ဦးတည်လိုက်ကြလေသည်။

လမ်းခရီး အခြေအနေမှာ အလွန်အမင်း ဆိုးရွားခြင်း မရှိပါက နောက်ထပ် နှစ်ရက်အတွင်း အခြေစိုက် စခန်းသို့ ရောက်ရှိမည်ဟု ရွှီရူဟန်က ခန့်မှန်းထား၏။

လေးရက် ကြာပြီးနောက် အပူချိန်မှာ စတင် ကျဆင်းလာခဲ့ပေသည်။ ရှစ်ရက်မြောက်နေ့တွင်မူ အပူချိန် မှာ (၄၅) ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားခဲ့လေသည်။ ကောင်းမွန်သော လေဝင်လေထွက် စနစ် ကြောင့် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း အတွင်းရှိ အပူချိန်မှာ (၄၀) ဒီဂရီဆဲလ်စီးယပ်စ်၌ တည်ငြိမ်နေခဲ့လေ၏။

ထိုစဉ်အတွင်း၊ ငလျင်နှင့် မဟာဆူနာမီ ဖြစ်ပွားပြီးနောက် ဟိုင်ချန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ပြေးလာကြသော အသက်ရှင်ကျန်ရစ်သူများသည် ကျွင်းချန်မြို့သို့ စတင် ရောက်ရှိလာကြသည်။ အများစုမှာ ကျွင်းချန် စစ်အခြေစိုက်စခန်း သို့မဟုတ် သေးငယ်သော ပုဂ္ဂလိက စခန်းများဆီသို့ စုပြုံ ရောက်ရှိလာကြခြင်းပင်။

ဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော အသက်ရှင်ကျန်ရစ်သူ အများအပြားသည် စိုက်ပျိုးရေးသိပ္ပံ ဌာန၌ အလုပ်လျှောက်ထားကြပြီး သီးနှံများ စိုက်ပျိုးရန် ဖန်လုံအိမ်များ တည်ဆောက်ရာတွင် ကူညီပေး ခဲ့ကြသကဲ့သို့၊ အချို့မှာလည်း ဆောက်လုပ်ရေး အဖွဲ့များသို့ ဝင်ရောက်ခဲ့ကြလေသည်။ ဤလုပ်သား အင်အားများကြောင့် ကျွင်းချန် စစ်အခြေစိုက်စခန်း၏ ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းမှာ မျှော် မှန်းထားသည်ထက် ပို၍ လျင်မြန်စွာ ပြီးမြောက်ခဲ့လေသည်။

အခြေစိုက်စခန်းမှ ထောက်ပံ့သော အစားအစာနှင့် ရေကြောင့် အသက်ရှင်ကျန်ရစ်သူများသည် နောက် ဆုံးတွင် အသက်ဆက်နိုင်မည့် လမ်းစကို ရရှိခဲ့ကြသည်။ ဆောက်လုပ်ရေး ပစ္စည်းများ ကန့်သတ်ချက် ကြောင့် ယာယီတဲများတွင်သာ နေထိုင်ရသော်လည်း၊ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးသည့်အခါ ရိက္ခာများ ဝယ်ယူရန် သို့မဟုတ် အိမ်များ ငှားရမ်းရန် အသုံးပြုနိုင်မည့် အမှတ်များကို ရရှိခဲ့ကြသည်။

ရရှိသော လုပ်ခမှာ နည်းပါးပြီး အစားအစာမှာလည်း ဗိုက်ဆာရုံမျှသာ ကာကွယ်ပေးနိုင်သော်လည်း၊ အခြေစိုက်စခန်း၏ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ သူတို့အတွက် မျှော်လင့်ချက်နှင့် အနာဂတ်အတွက် ကြိုးပမ်းအားထုတ်မှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။

အပူချိန် တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ (၈၀) ဒီဂရီကျော်သော အပူဒဏ်ကို ခံစားခဲ့ရသော အသက်ရှင်ကျန်ရစ်သူများမှာ (၄၅) ဒီဂရီကို ပိုမို သည်းခံနိုင်လာကြလေသည်။ နောက်ထပ် မည်သည့် ဘေးအန္တရာယ်များ ကျရောက်လာမည်ကို သိရှိထားကြသဖြင့် သူတို့သည် ကြိုတင် ပြင်ဆင်နိုင်ရန် အခွင့်အရေးကို အရယူကာ ကြိုးစား အလုပ်လုပ်ကြ၏။

အသက်ရှင်ကျန်ရစ်သူများမှာ မနားမနေ အလုပ်လုပ်နေကြစဉ်၊ ရွှီရူဟန်၏ အဖွဲ့နှင့် ဟိုင်ချန်မှ အသက် ရှင်ကျန်ရစ်သူ အုပ်စုသည် အမြောက်အမြားသော ရိက္ခာများကို ထောက်ပံ့ပေးပြီးနောက် ကျွင်းချန် စစ်အခြေစိုက်စခန်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ သူတို့၏ ပံ့ပိုးမှုကြောင့် အခြေစိုက်စခန်း ရှိ လူတိုင်းမှာ အသက်ရှူပေါက် ရရှိခဲ့ပြီး ရိက္ခာများကို ပိုမို စုဆောင်းနိုင်ခဲ့ကြလေသည်။

ရွှီချီဖန်၏ ဧည့်ခန်းတွင် ထိုင်နေသော ရွှီပေါ်ယာသည် သူ၏ ဒုတိယမြောက်သားကို မျက်ရည်ဝိုင်းလျက် ကြည့်ကာ ပြောလိုက်လေသည်။

"မင်း ဘေးကင်းတာကို မြင်ရတာ ဝမ်းသာတယ်ကွာ... အဆက်အသွယ် ပြတ်သွားပြီးကတည်းက မင်း တစ်ခုခု ဖြစ်သွားမှာကို အဖေ တကယ် စိုးရိမ်နေခဲ့တာ..."

အမြဲတမ်း တည်ကြည်သော သူ၏ ဖခင် မျက်ရည်ကျနေသည်ကို မြင်သောအခါ ရွှီချီဖန်မှာ အားကိုးရာမဲ့ သလို ခံစားလိုက်ရလေသည်။ သူက သူ၏ တူဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ရူဟန်... မင်းရဲ့ အဘိုးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ရွှီရူဟန်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"ဒုတိယဦးလေး... မိသားစုချင်း ကျေးဇူးတင်နေဖို့ မလိုပါဘူး... ဒါက ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပဲ လေ..."

စွမ်းဆောင်ရည် ပြည့်ဝသော သူ၏ တူကို ကြည့်ရင်း ရွှီချီဖန်က သက်ပြင်းချလိုက်သည်။

"မင်းက အရာရာမှာ တော်ပေမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကျရင်တော့ အရမ်း နှေးကွေးလွန်း တာပဲ..."

သူ၏ စကားကြောင့် ရွှီပေါ်ယာ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး ရုတ်တရက် ဆိုလိုက်လေသည်။

"ငါ မင်းကို သတိပေးလိုက်မယ် ရွှီချီဖန်... ငါက ငါ့ရဲ့ မြေးချွေးမကို ရွေးချယ်ပြီးပြီ၊ သူမကလွဲလို့ တခြား ဘယ်သူ့ကိုမှ လက်မခံနိုင်ဘူး..."

ထိုစကားကို ကြားသောအခါ ရွှီချီဖန်က သူ၏ ဖခင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် မေးလိုက် လေသည်။

"အဖေ... ယောင်မိသားစုက အဲဒီ မိန်းကလေးကို အဖေ့ရဲ့ မြေးချွေးမအဖြစ် ခေါ်လာနိုင်မယ်လို့ အဖေ တကယ် ယုံကြည်နေတာလား..."

ရွှီပေါ်ယာက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်၏။

"မင်း ဘာကို ဆိုလိုတာလဲ... မင်း ရှောင်ရန်နဲ့ တွေ့ခဲ့လို့လား..."

ရွှီရူဟန်နှင့် ယောင်ရန်တို့ကို တွေ့ဆုံပေးရန် ပြောခဲ့စဉ်က လုံယု၏ စူးရှသော အကြည့်ကို သတိရကာ ရွှီချီဖန် တုန်လှုပ်သွားလေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ရှင်းပြလိုက်၏။

"အဖေ... ရှောင်ရန်မှာ အခု ချစ်သူ ရှိနေပြီ... သူက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားဟောင်း တစ် ယောက်ပဲ၊ ရုပ်ချောပြီး အရည်အချင်းလည်း ရှိတယ်... သူက သူမရဲ့ ဘေးမှာ နေ့တိုင်း ရှိနေတာဆိုတော့ ရွှီရူဟန်အတွက် အခွင့်အရေး မရှိနိုင်တော့ဘူး... အဖေ တခြားတစ်ယောက်ကိုပဲ မြေးချွေးမအဖြစ် ရှာ လိုက်ပါတော့..."

ထိုစကားကို ကြားသောအခါ ရွှီပေါ်ယာက မျက်ဝန်းများ ဝင်းလက်သွားကာ စိတ်လှုပ်ရှားစွာ မေးလိုက် လေသည်။

"ရှောင်ရန်က ဒီအခြေစိုက်စခန်းမှာ ရှိနေတာလား..."

ရွှီချီဖန်က သူ၏ ဖခင်မှာ အဓိက ပြဿနာကို အာရုံမစိုက်ကြောင်း တွေးမိသော်လည်း ပြန်ဖြေလိုက်၏။

"မဟုတ်ပါဘူး... ဒါပေမဲ့ သူမနဲ့ သူမရဲ့ ချစ်သူက ဒီမှာ အိမ်ရာနေရာတွေ ရယူထားပြီးပြီ... ပထမအဆင့် တည်ဆောက်ရေး ပြီးသွားရင်တော့ အခြေစိုက်စခန်းကို လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်..."

ရွှီချီဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွှီပေါ်ယာက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက် လေသည်။

"ဒါဆို မင်းလည်း ရှောင်ရန် အခု ဘယ်မှာလဲဆိုတာ မသိဘူးပေါ့..."

ခဏမျှ စဉ်းစားပြီးနောက် ရွှီချီဖန်က ပြန်ဖြေလိုက်၏။

"ဝူလျန် ပြောပြတာကတော့ သူမက ကျွင်းချန်မြို့စွန်နားက သူမချစ်သူရဲ့ နေရာမှာ အဖွဲ့နဲ့အတူ နေနေ တာတဲ့..."

ထိုစကားကို ကြားသောအခါ ရွှီရူဟန်က မျက်ခုံးပင့်လိုက်ပြီး အေးစက်သော အသံဖြင့် မှတ်ချက်ပေး လိုက်လေသည်။

"ကျွင်းချန်မြို့နားမှာ နေထိုင်ရဲတယ်ဆိုတော့ သူတို့က တကယ် သတ္တိရှိတာပဲ... မြေအောက်မှာ မျိုးရိုး ဗီဇပြောင်း အပင်ကြီး တစ်ပင် ပုန်းအောင်းနေတာကို သူတို့ မသိကြဘူးလား..."

ရွှီချီဖန်က ရယ်မောကာ ပြန်ပြောလိုက်၏။

"သူမရဲ့ ချစ်သူနဲ့ အဖွဲ့သားတွေရဲ့ အရည်အချင်းနဲ့ဆိုရင် သူတို့ အဆင်ပြေမှာပါ... ဝူလျန်ရဲ့ အစီရင်ခံစာ အရ ဆိုရင် သူတို့က နောက်ဆုံး တာဝန်မှာ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်ဖို့ ကူညီပေးခဲ့ကြတာ တဲ့... အခြေစိုက်စခန်းကလည်း ရှောင်ရန်နဲ့ သူမရဲ့ အဖွဲ့ကို သူတို့ရဲ့ စွမ်းဆောင်မှုအတွက် ရိက္ခာတွေ အများကြီး ပေးဖို့ ကြွေးကျန် ရှိနေသေးတယ်လေ..."

All Chapters