← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း(၁၉၇)

ဧကရာဇ် ရှောင်ယွမ်မှာ ထိုင်ခုံအလယ်တွင် ထိုင်နေပြီး အမတ်ချုပ်သစ်၊ စစ်သူချုပ်ကြီး ချန်ချင်း၊ မင်းသမီး ရှောင်နီရှန်းနှင့် အမတ်အချို့လည်း ရှိနေသည်။

လူတိုင်း၏ အကြည့်များက စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသော ရှောင်ရှန်းဆီသို့ စုပြုံရောက်ရှိလာသည်။

သူတို့၏ အကြည့်ထဲတွင် မျှော်လင့်ချက် နှင့် မှီခိုအားထားသော အရိပ်အယောင်များ ရှိနေခဲ့သည်။

သူတို့၏ အမြင်တွင် ဤအိမ်ရှေ့စံမင်းသားမှာ အပျင်းကြီးသူ တစ်ယောက် မဟုတ်တော့ဘဲ၊ တစ္စေမျက်နှာဖုံးရှင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည့် " ကမ္ဘာမြေသို့ ဆင်းသက်လာသော အမတ' ဟု သတ်မှတ်ခံထားရသည့် ကယ်တင်ရှင်ကြီးပင်။

အမတ်ချုပ်ကြီးက ရှေ့ဆုံးမှ စတင်ပြောလိုက်သည်။

"အိမ်ရှေ့စံမင်းသား၊ အခု အခြေအနေတွေက အရမ်း အရေးကြီးနေပြီ....တိုင်းပြည်နဲ့ ပြည်သူတွေ စိတ်အေးချမ်းစေဖို့ တစ်ခုခုတော့ လုပ်ဆောင်ရတော့မယ်"

ချန်ချင်းကလည်း လေးနက်စွာဖြင့် ဝင်ပြောလိုက်သည်။

"အရှင့်သား ကြိုက်သလို ခိုင်းစေနိုင်ပါတယ်၊ ကျွန်တော်မျိုးတို့ စစ်သည်တွေကလည်း အသက်စွန့်ပြီး တာဝန်ထမ်း‌ဆောင်ဖို့ အသင့်ပါပဲ"

ရှောင်နီရှန်းကလည်း သူ့ကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး အနည်းငယ် မျှော်လင့်နေပုံရသည်။

ရှောင်ရှန်း တစ်ယောက် ခေါင်းရှုပ်နေ၏။

' ငါက ဘာစီမံချက် ထုတ်ပေးရမှာတုန်း၊ ငါ့ဟာငါတောင် အိပ်ဖို့ စီမံကိန်းကြီး ဆွဲနေရတာ..'

' ကောင်းကင်ပြိုလာရင် အရပ်ရှည်တဲ့သူက ထိန်းမှာပေါ့... ခမည်းတော် မထိန်းနိုင်ရင်တောင် ဘိုးဘေးကြီး ရှိသေးတာပဲ မဟုတ်လား'

' သူ့ကိုပဲ အကူအညီတောင်းလိုက်‌လေ ၊ တံခါးကို လက်ဖျစ်တစ်ချက်တီးပြီး ပြန်ပိတ်ခိုင်းလိုက်ရင် ပြီးနေပြီပဲ မဟုတ်လား'

သူ့ စိတ်ထဲတွင် အရူးအမူး ကန့်ကွက်နေသော်လည်း မျက်နှာပေါ်တွင်မူ လေးနက်သော အမူအရာကို ထိန်းသိမ်းထားဆဲပင်။

သူသည် စာကြည့်ခန်းထဲတွင် လမ်းလျှောက်နေပြီး နံရံပေါ်တွင် ချိတ်ထားသော မြေပုံနှင့် စားပွဲပေါ်ရှိ စစ်ရေးသဲမြေပုံကို တစ်ချက် ကြည့်လိုက်မိသည်။

"ကောင်းကင်တံခါး... ကောင်းကင်တံခါး..."

သူသည် ထိုစကားလုံးများကို တတွတ်တွတ် ရေရွတ်နေသည်။

' တစ်တိုင်းပြည်လုံးက ငါ့ကို မျှော်လင့်နေကြတယ်၊ ငါကတော့ အိပ်ချင်တာပဲ သိတယ်'

'ဒီအထက်လောကက ကောင်တွေကလည်း နတ်ဘုရားအဖြစ် ကောင်းကောင်း လုပ်မစားဘဲ လူ့လောကကို ဆင်းလာပြီး ပြဿနာ ရှာနေတာ... စိတ်ပျက်ဖို့ကောင်းလိုက်တာ'

သူသည် စိတ်တိုတိုဖြင့် စားပွဲပေါ်ရှိ အန်စာတုံးဘူးထဲမှ အနက်ရောင် အန်စာတုံးတစ်ခုကို ကောက်ကိုင်ကာ ကစားနေမိသည်။

"ရန်သူက အလင်းမှာ ၊ ငါတို့က အမှောင်ထဲမှာ... မဟုတ်ဘူး၊ ရန်သူက ကောင်းကင်ဘုံမှာ ငါတို့က မြေကြီးပေါ်မှာ၊ ဒါကို ဘယ်လို တိုက်ကြမတုန်း"

"သူတို့ ဘယ်အပေါက်ကနေ ထွက်လာမယ်ဆိုတာတောင် မသိရဘူး"

ရှောင်ရှန်း တစ်ယောက် စိတ်ထဲက ဒေါသများမှာ မထိန်းချုပ်နိုင်တော့ဘဲ ညည်းညူမိလိုက်သည်။

"ဒီအထက်လောကက ကောင်တွေ၊ တကယ်ပဲ ဘယ်အပေါက်ကနေ ဝင်လာမှာတုန်းကွ"

စကားမဆုံးခင်မှာပင် သူ့လက်ထဲက အန်စာတုံးကို လွှတ်ချလိုက်ရာ ၊ အန်စာတုံးမှာ လေထဲတွင် တစ်ပတ် လည်သွားပြီး ပြုတ်ကျသွားလေ၏။

"ဖက် "

စာကြည့်ခန်းအတွင်း ရှင်းလင်းပြတ်သားသော အသံတစ်သံကို ကြားလိုက်ရသည်။

အနက်ရောင် အန်စာတုံးသည် သဲမြေပုံ၏ နေရာတစ်နေရာသို့ တိကျစွာ ကျရောက်သွားသည်။

လူတိုင်း၏ အကြည့်များက ထိုအန်စာတုံးဆီသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

ထိုအန်စာတုံး ကျရောက်သွားသော နေရာမှာ သာရှမင်းဆက်၏ တောင်ဘက်အစွန်ဆုံး နယ်စပ်ခံတပ်တစ်ခု ဖြစ်သည်။

ချန်ချင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထိုနေရာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။

သူသည် သဲမြေပုံဆီသို့ အပြေးသွားပြီး လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"အိမ်ရှေ့စံမင်းသား ၊ ဒီနေရာ... ဒီနေရာက ကျန်းနမ်ဂိတ်ပဲ "

ရှောင်ရှန်း အံ့ဩသွားပြီး မေးလိုက်သည်။

"ကျန်းနမ်ဂိတ်က ဘာဖြစ်လို့လဲ"

"လွန်ခဲ့တဲ့ နှစ်တစ်ရာက အထက်လောကက ပုဂ္ဂိုလ်တစ်ယောက်ဟာ အာကာသကို စုတ်ဖြဲပြီး အောက်ကို ဆင်းသက်လာလို့ ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်ခဲ့ဖူးတယ်"

"နောက်ဆုံးမှာတော့ ဘိုးဘေးဧကရာဇ်နဲ့ အဲဒီခေတ်က ဂိုဏ်းပေါင်းစုံက စွမ်းအားရှင်တွေ ပူးပေါင်းပြီး နေရာမှာတင် သတ်ဖြတ်နိုင်ခဲ့တယ်"

ချန်ချင်း၏ အသံမှာ တုန်ယင်နေသည်။

"သူ ဆင်းသက်လာတဲ့ နေရာကလည်း ကျန်းနမ်ဂိတ်ရဲ့ အပြင်ဘက် မိုင်သုံးဆယ်အကွာက 'ယွင်ရှန်းချိုင့်ဝှမ်း'ပဲ... အဲဒီနေရာမှာ ဘိုးဘေးဧကရာဇ်က အမြင့်ဆုံး နတ်ဘုရားစွမ်းအားကို အသုံးပြုပြီး ပိတ်ဆို့ထားတဲ့ နေရာတစ်ခု ရှိတယ်"

စာကြည့်ခန်းထဲတွင် တိတ်ဆိတ်သွားသည်။

ဧကရာဇ် ရှောင်ယွမ်အပါအဝင် လူတိုင်း ရှောင်ရှန်းကို နတ်ဘုရားတစ်ပါးအလား စိုက်ကြည့်နေကြသည်။

'နတ်ဘုရားပမာ တွက်ချက်မှု ..မဟုတ်ဘူး၊ ဒါက တွက်ချက်မှု မဟုတ်ဘဲ ကြိုတင်သိမြင်နိုင်စွမ်းပဲ ၊ ထပ်ပြောရရင် ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ သတင်းစကားပဲ'

လူတိုင်း၏ ကြောက်ရွံ့မှု နှင့် ကြည်ညိုလေးစားသော အကြည့်များအောက်တွင် ရှောင်ရှန်းတစ်ယောက် သူ၏ညာဘက်လက်ကို ငုံ့ကြည့်နေမိသည်။

သူ၏ ရိုးရှင်းသော လက်ဖဝါးကို ငုံ့ကြည့်ရင်း၊ ဦးနှောက်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာလေ၏။

' ငါ့ရဲ့ "စကားတစ်ခွန်းကနေ ဥပဒေဖြစ်လာတယ်" ဆိုတဲ့ စွမ်းရည်က... ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား...'

......

စာကြည့်ခန်းထဲရှိ လေထုမှာ တင်းမာကာ လေးလံနေသည်။

လူတိုင်း၏ အကြည့်များက သဲမြေပုံပေါ်တွင် ငြိမ်သက်စွာ ရှိနေသည့် အနက်ရောင် အန်စာတုံးငယ်လေးဆီသို့ စုပြုံရောက်ရှိသွားပြီးနောက်၊

မသိမသာ ဆွဲငင်မှု ရှိနေသော အန်စာတုံး၏ ပိုင်ရှင်ဖြစ်သူ ရှောင်ရှန်းဆီသို့ ရောက်ရှိသွားပြန်၏။

ထိုအကြည့်များထဲတွင် ထိတ်လန့်တုန်လှုပ်မှု၊ ကြည်ညို လေးစားမှု နှင့် "ဒါကြောင့်ကိုး" ဆိုသည့် ရုတ်တရက် သဘောပေါက်သွားသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

'နတ်ဘုရားလို တွက်ချက်နိုင်စွမ်းတဲ့လား...'

'မဟုတ်ဘူး ၊ ဒါက သာမန်လူသားတွေရဲ့ ဉာဏ်ပညာနယ်ပယ်ထက်ကို ကျော်လွန်နေပြီ'

'ဒါ ရှင်းနေတာပဲ မဟုတ်လား ၊ အိမ်ရှေ့စံကနေ တစ်ဆင့် သာရှမင်းဆက်အတွက် ကောင်းကင်ဘုံက ပေးလိုက်တဲ့ သတိပေးချက်ပဲ ဖြစ်ရမယ်'

All Chapters