← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း(၁၉၉)

' ငါက မင်းအဖေပါ' ဆိုသည့် ဖခမည်းတော်၏ မျက်နှာကို ကြည့်ပြီး သူ ဘာမှထပ်မပြောနိုင်တော့ပေ။

' အိမ်ရှေ့စံရာထူးကနေ ဖယ်ရှားခံရတာကိုပဲ လိုချင်တာလေ... ဒါပေမဲ့ ရာထူးကနေ ဖယ်ရှားပြီး ကျနိးနမ်ဂိတ်ကို ကြိုးနဲ့တုပ် ခေါ်သွားမယ်ဆိုရင် ဘာထူးမှာတုန်း ၊ အရှက်လည်း ကွဲရဦးမယ်၊ ဒုက္ခလည်း ရောက်ဦးမယ်'

'ဒီအဘိုးကြီးက တကယ်ကို ရက်စက်တာပဲ'

"သားတော်... အမိန့်ကို နာခံပါမယ်"

ရှောင်ရှန်းသည် စိတ်ဓာတ်ကျစွာဖြင့် စကားလုံးများကို ညှစ်ထုတ်ပြောလိုက်သည်။

သုံးရက်အကြာတွင် ၊

အိမ်ရှေ့စံ၏ ယာဉ်တန်းမှာ စတင်ထွက်ခွာတော့မည်။

စူးဝမ်ချင်းသည် ဆေးဝါးများ၊ ပတ်တီးများ၊ အဆိပ်ဖြေဆေးများနှင့် ဆေးကိရိယာများကို သေချာစွာ စစ်ဆေးနေသည်။

ချန်ချင်းသည် မြို့ပြင်တွင် ထိပ်တန်း တပ်သားသုံးထောင်ကို စစ်ဆေးနေပြီး ၊ တပ်ဖွဲ့မှာ အလွန်တောင့်တင်းသည်။

သို့သော် ဤလုပ်ဆောင်ချက်၏ အဓိကဇာတ်လိုက် ရှောင်ရှန်းမှာမူ သူ၏ အသစ်စက်စက် ယာဉ်ကို သေချာပြင်ဆင်နေသည်။

၎င်းမှာ ဧကရာဇ်မင်း၏ ယာဉ်ထက်ပင် ကြီးမားပြီး မြင်းအကောင် ရှစ်ကောင်ဖြင့် ဆွဲရသော ယာဉ်ဖြစ်သည်။ အတွင်းပိုင်းတွင် ကော်ဇောများ ခင်းထားပြီး အိပ်ရာ၊ ထိုင်ခုံ၊ စာအုပ်စင်နှင့် လက်ဖက်ရည်ကြမ်း ကြိုနိုင်သော မီးဖိုလေးတစ်ခုလည်း ပါရှိသည်။

ယာဉ်၏ အပြင်ဘက်နံရံတွင် ရှောင်ရှန်းက သူ၏ အကြိုက်အတိုင်း ရွှေမှုန့်များသုံးကာ ပျင်းရိစွာဖြင့် ပက်လက်လန်နေသော ငါးဆားနယ်တစ်ကောင်ကို ရေးဆွဲခိုင်းထားသည်။

သူသည် ဤယာဉ်ကို "ငါးဆားနယ်" ဟူ၍ နာမည်လှလှလေးတစ်ခု ပေးထားသေးသည်။

ထွက်ခွာသည့်နေ့တွင် ကောင်းကင်ကြီးမှာ ကြည်လင်နေသည်။

မြို့တော်ရှိ ပြည်သူပြည်သားများမှာလည်း လမ်းဘေးတွင် စုဝေးနေကာ သူ့ကို ပို့ဆောင်ပေးရန် အသင့်ရှိနေကြသည်။

သူတို့သည် ကောင်းကင်တံခါးအကြောင်း မသိကြသော်လည်း ၊ သူတို့၏ အိမ်ရှေ့စံမင်းသားသည် အရေးကြီးသည့်အချိန်တွင် တိုင်းပြည်ကို ကယ်တင်ခဲ့ပြီး ယခုအခါတွင်လည်း တိုင်းပြည်အတွက် အန္တရာယ်ရှိသည့် နေရာသို့ ကိုယ်တိုင်သွားရောက်မည်ကို သိရှိထားကြသည်။

"အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ ၊ အောင်မြင်ပါစေ"

"ဂရုစိုက်ပါ အိမ်ရှေ့စံ ၊ အောင်ပွဲခံပြီး ပြန်လာဖို့ စောင့်နေပါမယ်"

အားပေးသံများဖြင့် ဆူညံနေ၏။

ပြည်သူပြည်သားများ၏ အားပေးသံများကြားတွင် "ငါးဆားနယ်" ယာဉ်အတွင်း၌ ၊ ရှောင်ရှန်းတစ်ယောက် အိပ်ရာပေါ်တွင် ပက်လက်လန်ကာ နားနှစ်ဖက်ကို ပိတ်ထားပြီး စိတ်ပျက်လက်ပျက် ညည်းညူနေလေ၏။

' ဒီခံစားချက်က ဘိုးဘေးကြီးရဲ့ စွမ်းအားကို ခံယူရတာထက် ပိုတောင် ဆိုးနေသေးတယ်...'

ယာဉ်တန်းသည် မိုင်တစ်ရာခန့် ရောက်ရှိပြီးနောက် လမ်းမှာ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့သည်။

" ငါးဆားနယ်" ယာဉ်တွင် အထူးပြုပြင်ထားသော တုန်ခါမှုတားဆီးစနစ်သည် အံ့သြဖွယ်ကောင်းလောက်အောင် အလုပ်လုပ်နေခဲ့ပြီး ယာဉ်ကို ယခင်ကထက် တည်ငြိမ်စေသည်။

ရှောင်ရှန်းသည် ယာဉ်ပေါ်တွင် အေးအေးလူလူ အိပ်ပျော်ရင်း လိုက်ပါလာသည်။

မည်မျှ ကြာသွားမှန်း မသိ၊ ယာဉ်မှာ ရုတ်တရက် တုန်ခါသွားပြီး အပြင်ဘက်တွင် တိုက်ခိုက်သံများကို ကြားလိုက်ရသဖြင့် သူ နိုးလာခဲ့သည်။

"အိမ်ရှေ့စံကို ကာကွယ်ကြ"

ချန်ချင်း၏ အသံမှာ မိုးခြိမ်းသံအလား ဟိန်းထွက်လာသည်။

"လူသတ်သမားတွေ"

ထို့နောက် မြှားပစ်သံများနှင့် တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ယာဉ်၏ အပြင်ဘက်တွင် ရုတ်ချည်းဆိုသလို တိုက်ပွဲ တစ်ခု ဖြစ်ပွားခဲ့သည်။ ဝတ်ရုံနက် လူပေါင်းများစွာက တောအုပ်ထဲမှ ထွက်လာကြပြီး ဓားပြများအသွင် ဆောင်ထားသော်လည်း အလွန် ကျွမ်းကျင်သော လုပ်ကြံသူများပင် ဖြစ်သည်။

ချန်ချင်း၏ တပ်ဖွဲ့မှာ အံ့အားသင့်သွားသော်လည်း အချိန်မီ ခုခံနိုင်ခဲ့သည်။ စူးဝမ်ချင်းသည် ဓားကို ဆွဲထုတ်ကာ ယာဉ်ကို ကာကွယ်ထားသည်။

ချန်ချင်းသည် ရန်သူအဖွဲ့ကို ဖြိုခွင်းရန် ပြင်ဆင်နေချိန်တွင် "ငါးဆားနယ်"ယာဉ်၏ ပြတင်းပေါက်မှာ ရုတ်တရက် ပွင့်လာသည်။

ရှောင်ရှန်းသည် ဆံပင်များ ရှုပ်ပွနေလျက် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး အိပ်ချင်မူးတူးဖြင့် အော်ဟစ်လိုက်သည်။

"ဘာလို့ ဆူညံနေတာလဲ၊ ကောင်းကောင်း အိပ်ခွင့်မပေးနိုင်ဘူးလား"

ဤအော်သံမှာ မာန်ပါပြီး သူ၏ အိပ်စက်မှုကို အနှောင့်အယှက်ပေးမှုအတွက် ဒေါသများလည်း ပါဝင်နေသည်။

သူ၏ အသံနှင့်အတူ သာမန်လူများ မသိနိုင်သော စွမ်းအားတစ်ခုလည်း ပျံ့နှံ့သွားခဲ့သည်။

စစ်သည်တစ်ယောက်ကို တိုက်ခိုက်နေသည့် လုပ်ကြံသူမှာ ရုတ်တရက် ရပ်တန့်သွားပြီး ၊ သူ၏ မျက်လုံးများမှာ ဝေဝါးသွားကာ မိမိ၏ အပေါင်းအသင်းကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

"‌ဖြန်း"

သွေးများ ပန်းထွက်သွားသည်။

ထိုအဖြစ်အပျက်မှာ အစသာ ရှိသေးသည်။

တိုက်ပွဲအတွင်း ကျွမ်းကျင်သူ လုပ်ကြံသူများမှာ ရုတ်တရက် အရူးများကဲ့သို့ ဖြစ်သွားကြပြီး တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြသည်။

တိုက်ပွဲမှာ ရုတ်တရက် ရှုပ်ထွေးသွားသည်။

ချန်ချင်းနှင့် စူးဝမ်ချင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းနေကြသည်။

သူတို့သည် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေသည့် လုပ်ကြံသူများကို ကြည့်လိုက်ရင်း ၊

ထို့နောက် အော်ဟစ်ပြီးနောက် ပြတင်းပေါက်ပိတ်ကာ ပြန်အိပ်ရန် ပြင်နေသည့် အိမ်ရှေ့စံမင်းသားကို ပြန်ကြည့်မိလိုက်သည်။

ဤသည်ကို မြင်ပြီးနောက် သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

' ဒါက.. ဒဏ္ဍာရီထဲက "ဘုရင်တစ်ပါး ဒေါသထွက်ရင် လူသန်းပေါင်းများစွာ သေဆုံးရမယ်" ဆိုတာလား...'

.....

တောအုပ်ကြားရှိ လမ်းမကြီးပေါ်တွင် သွေးနံ့များနှင့် ဆေးရနံ့များ ရောထွေးနေပြီး ၊ စက်ဆုပ်ဖွယ်ကောင်းသော ထူးဆန်းသည့် အနံ့ဆိုးတစ်ခု ဖြစ်ပေါ်လာ၏။

တိုက်ပွဲမှာ ထင်ထားသည်ထက် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။

ချန်ချင်း၏ တပ်သားသုံးထောင်မှာ အပြည့်အဝ မဖြန့်ကျက်လိုက်ရသေးခင်မှာပင် ၊ ဝတ်ရုံနက် လုပ်ကြံသူများမှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

အချို့မှာ သေဆုံးသွားကြပြီး ၊ အချို့မှာ ရူးသွပ်သွားကြကာ မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်လို့နေ၏။

All Chapters