← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

🐽 Chapter 61

စုန့်ချင်းရှန်းမှာ သူ့အိမ်တွင် ဆက်လက်မနေနိုင်တော့ဘဲ ဦးနှောက်အတွင်း တဝီဝီ မြည်နေကာ စိတ်အတွင်း၌ စကားလုံးတစ်လုံးတည်းသာ ရှိလေသည်။

ရိုင်းစိုင်းသည်ဟု ဖြစ်၏။

သူက စုန့်ဖခင်နှင့် စုန့်မိခင်ကို အနည်းငယ်ငြီးငွေ့နေပြီး စုန့်မိခင်မှာ သူ ပြန်လာသည့် အချိန်တိုလေး အတွင်းမှာပင် လူများနှင့် မည်မျှအကြိမ် ရန်ဖြစ်ခဲ့မှန်းမသိပါပေ။ ဤမျှ ရိုးရှင်းသော လမ်းလေးပေါ်တွင်ပင် အခြားသူများကို မသွားခိုင်းဘဲ ရန်ဖြစ်နေခြင်း ဖြစ်၏။

စုန့်မိခင် တစ်စုံတစ်ယောက်နှင့် တစ်ဖန် ပြန်လည် စကားများနေသည့် အသံကို ကြားလျှင် စုန့်ချင်းရှန်းမှာ စိတ်မရှည်စွာ သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင်မူ မနေနိုင်တော့ဘဲ ပြောဆိုလိုက်လေတော့သည်။

"ဒါက လမ်းမဟုတ်ဘူးလား၊ သူတို့ ဒီတိုင်း သွားတာပဲ၊ ကျနော်တို့အပေါ် ဘာသက်ရောက်မှု ရှိလို့လဲ၊ ကျနော်တို့ ကလေးဘဝတုန်းကရော ဒီကနေ အမြဲတမ်းအုတ်စုလိုက်ဖြတ်မသွားခဲ့ဘူးလား၊ ဘေးက စပါးခင်းကို ကျနော်တို့ ငါးကန်အဖြစ် အငှားမချခင်တုန်းကလည်း စပါးရိတ်သူတွေ အသွားအပြန်လုပ်နေတာပဲ၊ အဲ့ဒီတုန်းက ဘာလို့ သူများတွေနဲ့ ပဋိပက္ခ မဖြစ်ခဲ့တာလဲ”

စုန့်ချင်းရှန်းက တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာလေသည်။

"အမေတို့ ကျွန်တော့်အတွက် နေ့တိုင်း ဒီပြဿနာတွေကို လုပ်နေတာပဲ၊ ကျွန်တော် အခု အရေးကြီးတဲ့ အချိန်ရောက်နေပြီဆိုတာ အမေတို့ သိလား၊ အတွင်းရေးမှူးရဲ့သမီးနဲ့ ကျွန်တော်နဲ့က အပြည့်အဝ မသေချာသေးဘူး၊ သူ့မိသားစုက သဘောမတူသေးဘူး၊ အမေရဲ့ ရွာက အနိုင်ကျင့်တဲ့ နာမည်ဆိုးက ပျံ့သွားရင် သူမနဲ့ ကျွန်တော့်ဆက်ဆံရေးကို ထိခိုက်ရုံတင်မကဘူး၊ ကျွန်တော့်အနာဂတ်ကိုတောင် ထိခိုက်လိမ့်မယ်"

"အမေက စိုက်ပျိုးရေးနဲ့မွေးမြူရေး ဦးစီးဌာနရဲ့ အလုပ်လေးကို ကြွားနေသေးတယ်၊ ကြွားစရာ ဘာရှိလို့လဲ၊ လစာမပြောနဲ့၊ အပိုဝင်ငွေတောင် မရှိဘူး၊ တကယ်လို့ အတွင်းရေးမှူးရဲ့ သမီးနဲ့သာ ဆက်ဆံရေးအတည်ပြုနိုင်ရင် သူ့မိသားစုက ကျွန်တော့်ကို အလုပ်တစ်ခုပေးလိမ့်မယ်၊ ဒါမှမဟုတ် အတွင်းရေးမှူးဟောင်းရဲ့နေရာကို ဆက်ခံခိုင်းလိမ့်မယ်၊ အဲ့ဒီအခါကျရင် ရှေ့ဆက်ရမယ့် နေ့ရက်တွေက တကယ်ကို အလားအလာ ကောင်းသွားပြီ၊ အခုက ဘာလဲ၊ အမေတို့က တကယ်ကို အမြင်ကျဉ်းပြီး ဗဟုသုတ မရှိဘူး၊ မသိနားမလည်ဘူး၊ ရိုင်းစိုင်းတယ်”

စုန့်ချင်းရှန်းအသံသည် အခန်းအတွင်း ပဲ့တင်ထပ်သွားပြီး မနက်ခင်း လယ်အလုပ်မရှိသဖြင့် အိမ်တွင် ဆေးလိပ်သောက်နေသော စုန့်ဖခင်မှာ ဤစကားကို ကြားလျှင် သူ့ဆေးတံပင် ပြုတ်ကျမတတ်လန့်သွားလေ၏။

မူလကမူ စုန့်မိခင် ပြုလုပ်ခြင်းမှာ မှန်ကန်သည်ဟု သူ ထင် မြင်ခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်မှ ဆူညံသံများကို ကြားရစဉ် အခန်းအတွင်း၌ ရှိနေတုန်းပင်၊ သူက တိတ်တိတ်လေး ခေါင်းညိတ်၍ ဤသည်မှာ ဤသို့ဖြစ်သင့်သည်၊ အခြားသူများက အဘယ်ကြောင့် သူ့အိမ်သို့ လာရသနည်းဟု တွေးတောနေခဲ့၏။

သို့သော် မိသားစု၏အသက်သွေးကြော ဖြစ်သော သားဖြစ်သူ စကားကို ကြားပြီးနောက်တွင်မူ စုန့်ဖခင်မှာ သူ့မကောင်း သော လေသံနှင့် လွန်ကဲသော စကားများကို ဆုံးမရန် အချိန်ပင် မရလိုက်ဘဲ လန့်၍မတ်တတ်ရပ်လိုက်မိသည်။

သက်ကြီးရွယ်အိုများမှာ ဤသို့ ရှုပ်ထွေးလှည့်စားမှုများကို လုံးဝ နားမလည်ကြပါပေ။ မြို့အတွင်းရှိ မည်သည့်ဌာနများတွင် အပိုဝင်ငွေ မရှိသည်ကို သူတို့ မသိရှိကြပေ။ သူတို့ ရွှေပန်းကန်လုံး ရရှိထားခြင်းမှာ လွန်စွာကြီးကျယ်သော ကိစ္စဟုသာ ထင်မြင်ကြခြင်းဖြစ်၏။

သို့မဟုတ်လျှင် သူတို့ နေရာတိုင်း၌ ကြွားဝါနေကြမည် မဟုတ်ပါပေ။

သို့သော် စုန့်ချင်းရှန်း စကားကို နားထောင်ပြီးနောက် သူ့တွင် ပိုမိုကောင်းမွန်သော အနာဂတ်ရှိနိုင်သည်ကို သူ သဘော ပေါက်သွားလေသည်။ ယခုမူ စုန့်ဖခင်မှာ စိုးရိမ်ပူပန်လာရချေပြီ။

"ဒါဆိုရင် ဘာလို့ သား၊ မင်းက စောစောက မပြောရတာတုန်း၊ မင်းအမေက အပြင်မှာ လူတွေနဲ့ ရန်ဖြစ်နေတုန်းပဲ၊ ဒါက ပြဿနာကြီးပဲ၊ မင်းအလုပ်ကို ထိခိုက်ပြီး မကောင်းဖြစ်လိမ့်မယ်"

"ပြီးတော့ မင်းနဲ့ မြို့ထဲက အတွင်းရေးမှူးရဲ့သမီးနဲ့ အခြေ အနေက အခု ဘယ်လိုနေလဲ၊ မင်း အားရင် သူ့ကို အိမ်ခေါ်လာခဲ့လေ၊ ငါတို့ ကြည့်ရအောင်၊ သူမက ငါတို့လို ကျေးလက်က လူတွေကို အထင်သေးနေလို့လား၊ ဒါမှမဟုတ် ဘာလဲ”

စင်စစ် စုန့်ဖခင်မှာ စုန့်ချင်းရှန်း၏မြို့အတွင်းမှ ရည်းစားဆိုသူကို ယခင်က အနည်းငယ်မကျေနပ်ခဲ့ပါပေ။ မည်သို့ပင်ဖြစ်စေ ယွီရွေ့ကျူးမှာ သူတို့အတွက် အိမ်အလုပ်များကို အလျင်အမြန် လုပ်ကိုင်ပေးပြီး စုန့်ချင်းရှန်းကို ကျွဲလိုနွားလို ပြုစုစောင့်ရှောက်ပေးခဲ့သကဲ့သို့၊ လူကြီးလင်မယားအပေါ် သူမ သဘောထားမှာလည်း လေးစား၍အလွန်နှိမ့်ချကာ သူတို့နှစ်ဦးကို အလွန်သက်သောင့်သက်သာ ဖြစ်စေခဲ့၏။

မြို့အတွင်းရှိ အတွင်းရေးမှူး၏သမီးအလှည့် ရောက်သော အခါ သူမက စုန့်ချင်းရှန်းနှင့်တွဲနေသည်မှာ အချိန်တစ်ခု ရှိနေပြီဖြစ်သော်လည်း မိသားစုက သဘောမတူသေးဟုကြားရပါသည်။

စုန့်ဖခင်နှင့် စုန့်မိခင်မှာ သဘာဝကျစွာပင် နေရခက်ရချေ၏။ သူတို့မိသားစု၏မွေးနေ့ရှင်လေးမှာ နာမည်ကြီး တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်သည့်အပြင် ထိပ်တန်းကျောင်းသား ဖြစ်သည်။ ထိုပြင် ရွှေပန်းကန်လုံးလည်းရှိ၍ ရုပ်ရည်လည်း ချောမောလှ၏။ ယွီရွေ့ကျူးကဲ့သို့ ကောင်မလေးမျိုးပင် စုန့်ချင်းရှန်းကို သူမနှင့်အတူရှိပေးရန် တောင်းပန်ရန်ပင် အပြေး အလွှားလာရခြင်းဖြစ်ပေသည်။ မြို့မှ ကောင်မလေးမှာလည်း ပိုင်ဆိုင်မှုကောင်းမွန်သော်လည်း သူမနှင့် သူမမိသားစုက စုန့်ချင်းရှန်းကို အထင်သေးရန် မည်သည့်အရည်အချင်း ရှိပါသနည်း။

ထိုပြင် ဤမျှကြာမြင့်သည်တိုင် လုံးဝ မသေချာသေးဘဲ သဘောလည်း မတူသေးရာ၊ တာတုန်းရွာသို့ လာရောက်၍ သူတို့နှစ်ဦးကိုတွေ့ဆုံရန်မှာ ပြောဖွယ်ရာပင် မရှိတော့ပါပေ။

သို့သော် ယခု စုန့်ချင်းရှန်း ဤသို့ပြောသည်ကို ကြားလျှင် တစ်ဖက်မိသားစုမှာ စုန့်ချင်းရှန်း၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် ပတ်သက်နေသည်ကို သိရှိလိုက်ရသဖြင့် စုန့်ဖခင်မှာ သူ့မကျေနပ်မှုများကို အနည်းငယ် လျှော့ချလိုက်ပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကိုပင် တိုးတက်စေလိုလာသည်။

စုန့်ချင်းရှန်း မျက်မှောင်ကြုတ်လိုက်၏။

"အဲ့ဒါကို မစဉ်းစားနဲ့တော့၊ ချိုးရှင်းနဲ့ ကျွန်တော့်ကိစ္စကို ကျွန်တော်ဒီမှာပဲ ကိုင်တွယ်ဖြေရှင်းမယ်၊ တကယ်လို့ သူမ နောင်ကျရင် ကျွန်တော်တို့ တာတုန်းရွာကို တကယ်လာခဲ့ရင် အမေတို့ သူမကို ယွီရွေ့ကျူးကို ဆက်ဆံသလိုမျိုး မဆက် ဆံနဲ့၊ အမေတို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဖျက်ဆီးလိုက်ရင် ကျွန်တော် ဒီစောက်ရမ်းဆိုးတဲ့ စိုက်ပျိုး ရေးနဲ့ မွေးမြူရေးဦးစီးဌာနမှာပဲ တစ်သက်လုံးနေရလိမ့်မယ်”

စုန့်ဖခင်မှာ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်လေ၏။ စုန့်မိခင်မှာမူ အပြင်ဘက်တွင် လူများနှင့် ရန်ဖြစ်နေဆဲပင်ဖြစ်ပြီး သူမအသံကျယ်ကြီးမှာ ယခုအချိန်တွင် အထူးသဖြင့် နားစည်ကွဲမတတ် ဖြစ်နေရပါသည်။

စုန့်ဖခင် ထိုင်မနေနိုင်တော့ဘဲ မျက်နှာပျက်သွားလေတော့ ၏။

"မင်းအမေလို အဖွားကြီးတွေက ဂဏာမငြိမ်ဘူး၊ နေ့တိုင်း လူတွေနဲ့ ရန်ဖြစ်နေတာပဲ၊ ပတ်ဝန်းကျင်က အိမ်နီးချင်းတွေ အကုန်လုံးနဲ့ပဲ၊ ဒီတာတုန်းရွာက သူမကို ဆက်ပြီး လက်ခံနိုင်ပါ့မလားတောင် ကြောက်ရတယ်၊ ကိုယ့်သားအကြောင်း ဘယ်လို တွေးရမလဲဆိုတာကိုလည်း မသိဘူး"

စုန့်ချင်းရှန်းက စုန့်ဖခင်၏စကားနှင့် လုပ်ရပ် မညီညွတ်သည်အား ဂရုစိုက်မနေတော့ပဲ တိုက်ရိုက် မတ်တတ်ရပ်လိုက်လေသည်။

"ထားလိုက်တော့၊ ကျွန်တော် သွားမယ်၊ အဖေတို့ အိမ်မှာ အေးအေးဆေးဆေး နားနေပါ၊ လူတွေနဲ့ အမြဲတမ်း ရန်မဖြစ်ပါနဲ့၊ ကျွန်တော်နဲ့ ကျီချိုးရှင်းကိစ္စက အပြည့်အဝ မသေချာသေးဘူး၊ အဖေတို့ အကုန်လုံး ရိုးရိုးသားသားနေကြပါ၊ ဘာကိစ္စနဲ့မှ ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်စေနဲ့”

“ဟုတ်ပါပြီ မွေးနေ့ရှင်လေးရဲ့”

စုန့်ချင်းရှန်း စိတ်တိုနေသော စိတ်အခြေအနေဖြင့် အပြင်သို့ ထွက်သွားပြီး တံခါးမှ ခြေလှမ်းလိုက်သည့် အခိုက်အတန့်တွင် သူ့မျက်နှာပေါ်၌ ငြိမ်းချမ်း၍ နူးညံ့သော အမူအရာဖြင့် ပြည့်နှက်နေပြီ ဖြစ်လေသည်။

တံခါးမဖွင့်မီမှာ ရွာသားများနှင့် အိမ်နီးချင်းများကြားမှ ပဋိပက္ခကို မည်သို့ ဖြေရှင်းရမည်နည်းဟု စဉ်းစားနေစဉ်၊ တံခါးကို ဖွင့်လိုက်ပြီးနောက် စုန့်မိခင် ဒေါသတကြီးအော်ခေါ်လိုက်သည့် နာမည်ကို သူ ကြားလိုက်ရ၏။

"ယွီရွေ့ကျူး"

စုန့်ချင်းရှန်း မျက်နှာပေါ်ရှိအပြုံးမှာ ရပ်တန့်သွားပြီး သူ မျက် လုံးပင့်၍ လမ်းဆုံဘက်သို့လှမ်းကြည့်လိုက်ရာ ယွီရွေ့ကျူးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ အလွန်အံ့သြသွားပြီး မယုံကြည်နိုင်လောက်အောင် မျက်မှောင်ကြုတ်သွားလေသည်။

ဤသည်မှာ ယွီရွေ့ကျူး ဖြစ်ပါသလော။ သူ့မိခင်နှင့် ရန်ဖြစ်ပြီး သူ့မိခင်ကို ဒေါသထွက်၍သေမတတ် ဖြစ်အောင် ပြုလုပ်ခဲ့သည့်သူမှာ ယခင်က သူတို့မိသားစုစကားကိုနာခံခဲ့သည့် ယွီရွေ့ကျူး အမှန်ပင်ဖြစ်ပါသလား။

နေရောင်မှာ အနေတော်ဖြစ်ပြီး ယွီရွေ့ကျူး ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးစွာကျရောက်နေသည်။ ဆံပင်များမှာ အလွန်ပွယောင်း၍ နူးညံ့နေကာ မည်းနက်သော ဆံနွယ်များက တွဲကျနေပြီး သူမမျက်နှာလေးကို ဖြူဖွေး၍ သေးငယ်စေကာ လက်ဝါးအရွယ် မျက်နှာလေးတွင် ချွန်မြသော မေးစေ့လေးတစ်ခုရှိ၏။

စုန့်မိခင်က စုန့်ချင်းရှန်းကို တစ်စုံတစ်ခုစွပ်စွဲ၍ ငိုယိုကာ ရန်ဖြစ်နေဆဲပင်။

သူမက စိတ်ဝင်စားဖွယ်ရာကောင်းသည့် စကားများကို ကြားလိုက်ရသကဲ့သို့ပင်၊ ယွီရွေ့ကျူး၏နီမြန်း၍ ပြည့်ဖြိုးသော နှုတ်ခမ်းများမှာ အနည်းငယ်ကော့တက်နေပြီး သူမ၏ လှပသော ကြောင်မျက်လုံးလေးများမှာ အနည်းငယ် အပေါ်သို့ ပင့်နေကာ ဝိုင်းစက်၍တောက်ပနေပါသည်။ သူမမျက် တောင်များမှာ စုတ်တံလေးတစ်ခုကဲ့သို့ဖြစ်ပြီး လူတို့၏ စိတ်နှလုံးကို ယားယံစေ၏။

စုန့်ချင်းရှန်း အနည်းငယ်ကြောင်အမ်းသွားပြီး ယွီရွေ့ကျူးကို ငေးကြည့်နေမိကာ ဝန်ခံရန် အနည်းငယ်ဝန်လေးနေလေသည်။

မျက်နှာသွင်ပြင်က ဆင်တူသော်လည်း စိတ်နေသဘောထားမှာ လုံးဝကိုကမ္ဘာမြေကြီး ပြောင်းလဲသွားသကဲ့သို့ဖြစ်နေ၏။

All Chapters