← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

🐽 Chapter 65

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

စုန့်အမေက တတွတ်တွတ် ပြောလိုက်သည်။

"အရင်တုန်းက ယွီရွေ့ကျူးဆို မင်းကို ပိုက်ဆံထုတ်ပေး

နေတာပဲလေ။ သူမက မင်းအတွက် ပိုက်ဆံသုံးဖို့ စပြောပြီး သူမရှာသမျှ ပိုက်ဆံတွေအကုန် မင်းကို ပေးခဲ့တာပဲ။ ဒါပေမဲ့ ဒီမြို့က ကောင်မလေးက မင်းကို သူ့အတွက် ပိုက်ဆံသုံးစေချင်သေးတယ်။ သူမက ယွီရွေ့ကျူးလောက် မကောင်းဘူးလို့ ငါ ထင်တယ်"

ယွီရွေ့ကျူးဟူသော နာမည်ကို ဖော်ပြလိုက်သည်နှင့် စုန့်မိခင်မှာ ဗိုက်ပြန်နာလာလေသည်။

စုန့်ချင်းရှန်း ရွံရှာစွာဖြင့် ပြောလိုက်သည်။

"ယွီရွေ့ကျူးနဲ့ ကျီချိုးရှင်းက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ၊ အဲ့ဒါက အများကြီး ကွာခြားတယ်။ မိသားစု နောက်ခံ၊ ယဉ် ကျေးမှုအဆင့်အတန်း၊ အလုပ်အခြေအနေ၊ သူမက ကျီချိုးရှင်းနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ သူမက မြို့နယ်ထဲမှာ အသားနှပ် ရောင်းဖို့ ဆိုင်ခင်းတဲ့အဆင့်အထိ ကျဆင်းသွားပြီ။ ဟေး၊ ဘာမှမပြောနဲ့တော့၊ သားကို ပိုက်ဆံ မြန်မြန်ပေး"

စုန့်မိခင်မှာ အိမ်အတွင်းသို့ တုန်တုန်ယင်ယင်ဖြင့် ဝင်သွားရန် ဖိအားပေးခံလိုက်ရသည်။ သူမ နှစ်ပေါင်းများစွာ စုဆောင်းထားသော မိသားစု ချမ်းသာကြွယ်ဝမှုကို ထုတ်ယူကာ လိပ်ထားသော ငွေစက္ကူကြမ်းများကို ဖြန့်ခင်းလိုက်ရာ အားလုံးမှာ ပမာဏနည်းပါးလှသော အကြွေများသာ။

စုန့်ချင်းရှန်းကို မည်မျှ ပေးရမည်နည်းဟု သူမ တွေဝေနေဆဲ ဖြစ်သော်လည်း စုန့်ချင်းရှန်းသည် သူမကိုဆွဲဖယ်ကာ အလိပ် ကြီးတလိပ်လုံး ယူသွားမည်ဟု သူမ မထင်မှတ်ထားခဲ့ပါပေ။

စုန့်ချင်းရှန်းသည် စိတ်လှုပ်ရှားစွာ လှည့်ထွက်သွားသည်။

"ဟေး အမေ၊ ဒါဆို လုံလောက်ပြီ၊ ဒီလောက်ဆို လုံလောက်ပြီ"

စုန့်အမေက ဒေါသတကြီးနှင့် အလျင်စလို အော်ဟစ်လိုက်သည်။

"ပြန်လာခဲ့၊ ပြန်လာခဲ့၊ ဒီလောက် အများကြီး မယူသွားနဲ့"

သို့သော် စုန့်ချင်းရှန်း မကြားတော့ဘဲ လူလည်းပျောက်ကွယ်သွားပြီ ဖြစ်၏။

ထွက်ခွာသွားသော သူမ၏သား၊ ထိပ်တန်းကျောင်းသား၏ ကျောပြင်ကို ကြည့်ရင်း စုန့်မိခင်အံကြိတ်ကာ တံခါးဘောင်ကိုကိုင်ပြီး မျက်ရည်မထွက်ပဲ ငိုကြွေးနေသော်လည်း သူမ၏ စိတ်အတွင်းတွင် အတွေးတစ်ခုတည်းသာ ရှိ၏။

မင်း ရည်မှန်းချက်ကို တကယ်အောင်မြင်ရမယ်နော်၊ ဒီပိုက် ဆံတွေ အကုန်လုံးကို အလဟဿ မဖြစ်စေနဲ့။

ယွီမိသားစုသည် စုန့်မိသားစုနှင့် မျက်နှာချင်းဆိုင် လမ်းပေါ်တွင် ရှိပြီး ထောင့်အနည်းငယ် ချိုးလိုက်ရုံဖြင့် ရောက်ရှိနိုင်၏။

သူတို့ ရောက်လာသောအခါ တံခါးအပြင်ဘက်တွင် စက်ဘီးတစ်စီး ရပ်ထားသဖြင့် အိမ်အတွင်း ဧည့်သည်များ ရှိနေသည်မှာ ထင်ရှားလှသည်။

ယွီရွေ့ကျူး ထိုစက်ဘီးကို စိုက်ကြည့်စဉ် ၎င်းမှာ မူလကိုယ် ပိုင်ရှင်၏ ခဲအိုဖြစ်သူ ပိုင်ဆိုင်သော စက်ဘီးဖြစ်ကြောင်း မှတ်မိသွားသည်။

မူလကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်တွင် အားလပ်ရက် စုဝေးပွဲ ရှိတိုင်း ခဲအိုဖြစ်သူက သူမ အစ်မကို ဤစက်ဘီးဖြင့် တင်လာလေ့ရှိသည်။

မူလကိုယ်ပိုင်ရှင်သည် တစ်ဦးတည်းသော ကလေး မဟုတ်ချေ။ ၈၀ ပြည့်လွန်နှစ်များတွင် တစ်ဦးတည်းသော သားသမီးများမှာ အလွန် ရှားပါးလှပြီး ယွီမိသားစုတွင် သမီးနှစ်ယောက်ရှိသည်။

အစ်မဖြစ်သူ ယွီရှားမှာ ယွီရွေ့ကျူးထက် ခြောက်နှစ် ပိုကြီးပြီး အသက်အရွယ်အရ ဆိုရလျှင် သူမသည် ဟော်ချန်ယဲ့ နှင့် မျိုးဆက်တူနီးပါးဖြစ်ကာ ဟော်ချန်ယဲ့ထက် နှစ်နှစ်သာ ငယ်၏။

မူလက ယွီမိသားစုနှင့် ဟော်မိသားစုကြားရှိ စေ့စပ်မှုမှာ အစ်မဖြစ်သူ ယွီရှား နှင့် ဟော်ချန်ယဲ့ တို့အတွက် ဖြစ်သင့်သော်လည်း မိသားစုနှစ်စုမှာ တောင်တစ်လုံး ခြားနေသဖြင့် အသွားအလာသိပ်မရှိပေ။ ဟော်ဖခင် ကွယ်လွန်ပြီးနောက် တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့သည်။

နောက်ပိုင်းတွင် ဟော်ချန်ယဲ့ လာရှာသောအခါ စေ့စပ်မှုသည် ထိုမိသားစု၏ အငယ်ဆုံးသမီးဖြစ်သော ယွီရွေ့ကျူး ထံသို့ ရောက်သွားပြီး နောက်ဆုံးတွင် မူလကိုယ်ပိုင်ရှင်နှင့် ဟော်ချန်ယဲ့ တို့ကြားရှိ ဆိုးရွားသော ဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

တွေးကြည့်လျှင် ဤကံကြမ္မာမှာ အတော်လေး ထူးဆန်းသည်ဟု ထင်ရဆဲပင်။

ယွီရွေ့ကျူးသည် သူမ၏ မေးစေ့ကို ပွတ်သပ်ကာ စက်ဘီးကို တစ်ချက်ကြည့်လိုက်ပြီး ဟော်ချန်ယဲ့၏အကူအညီဖြင့် ၂၈ တန်းပေါ်မှ ဆင်းလာကာ အော်ပြောလိုက်သည်။

"သွားကြစို့ ဟော်ချန်ယဲ့၊ အထဲဝင်ရအောင်"

သူမ အရှေ့သို့ ခြေလှမ်းနှစ်လှမ်း အရင်လျှောက်သွားသော် လည်း ဟော်ချန်ယဲ့မှာ အနည်းငယ် ရပ်တန့်သွားပြီး သူမ၏ အနောက်တွင် ကျန်ရစ်ခဲ့၏။

ယွီမိသားစု၏ ခြံငယ်လေးကို ကြည့်ရင်း ဟော်ချန်ယဲ့၏ ကြမ်းတမ်းပြီး ကျယ်ဝန်းသော လက်ဝါးသည် သူ့နဖူးရှေ့ရှိ ကြေမွနေသော ဆံပင်များကို မသိစိတ်မှ ဖမ်းဆုပ်ကာ အနည်းငယ် ရှည်လျားသော မည်းနက်သည့် ဆံပင်များအား သူ့မျက်ခွံပေါ်ရှိ အမာရွတ်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားစေသည်။

မင်္ဂလာမဆောင်မီက ယွီမိသားစုအိမ်သို့ လာခဲ့သည်မှာ ထင်ရှားသော်လည်း ဤတစ်ကြိမ်တွင်မူ ယခင်အကြိမ်နှင့် ခံစားချက် မတူညီပါပေ။

ဟော်ချန်ယဲ့ သည် ယခင်က ပါးပြင်ထက်ရှိ အမာရွတ်ကို ဤမျှ ဂရုမစိုက်ခဲ့သော်လည်း ယခုအချိန်တွင်မူ အကြောင်းပြချက်မရှိဘဲ အနည်းငယ် ခုခံချင်စိတ်ဖြစ်နေ၏။

စုန့်မိသားစုမှ စုန့်မိခင်၏ ကြောက်လန့်နေသော အသွင်အပြင်နှင့် စုန့်ချင်းရှန်းက မိမိကိုအရည်အချင်းရှိသူဟု အပြုံးဖြင့် ချီးကျူးခဲ့သော စကားများကို သူ တွေးမိသည်။

ပါးလွှာသော နှုတ်ခမ်းများကို ပိုမိုတင်းတင်းစေ့ထားမိပြီး ဟော်ချန်ယဲ့၏ မည်းနက်သော မျက်လုံးများမှာ လေးလံနေကာ လက်ဝါးများကို အလိုအလျောက်ဆုပ်ကိုင်မိသည်။

နံနက်ပိုင်းက အထူးတလည် ဖြတ်ထားသော အသားတုံးရှည်ကြီး နှစ်တုံးကိုကိုင်ကာ ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်ပြီး အတွင်းသို့ဝင်ရန် ပြင်ဆင်နေသော ယွီရွေ့ကျူး၏ အနောက်သို့ နေရခက်စွာ လိုက်သွားသည်။

အရှေ့မှ ယွီရွေ့ကျူး ရုတ်တရက် ရပ်တန့်သွား၏။

ဟော်ချန်ယဲ့ မျက်လုံးပင့်ကြည့်လိုက်ရာ သူမ သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။

"ဘာလို့ ရုတ်တရက် ဆံပင်တွေ အကုန်ဖုံးထားရတာလဲ၊ မပူဘူးလား၊ အကုန်လုံး ကပ်နေတာပဲ"

ယွီရွေ့ကျူး ခေါင်းမော့လိုက်ရာ သူမ၏ဖြူဖွေးသော မျက် နှာလေးမှာ သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေပြီး ဝိုင်းစက်ကာ တောက်ပသော မျက်ဝန်းများမှာလည်း တဖျတ်ဖျတ်ခတ်နေသဖြင့် ဆွဲဆောင်မှုရှိကာ နူးညံ့လှသည်။

ဟော်ချန်ယဲ့ ရှောင်လွှဲရန် အကြောင်းပြချက်တစ်ခုကို ဝေဝါးစွာ ရှာဖွေလိုရုံသာ ဖြစ်သော်လည်း ယွီရွေ့ကျူး ရုတ်တရက် စကားပြောလာသည်ကို ကြားလိုက်ရသည်။

"ဟော်ချန်ယဲ့၊ ကိုင်းပြီး ခေါင်းငုံ့လိုက်ပါဦး"

ဟော်ချန်ယဲ့သည် အခြားသူများ သူနှင့်ပတ်သက်၍ဝင်ရောက်စွက်ဖက်သည်ကို လုံးဝမကြိုက်သလို သူ့ကို ဤကဲ့သို့ အမိန့်ပေးသော လေသံဖြင့် မည်သူမျှ စကားမပြောရဲသဖြင့် သူ ဒေါသထွက်သင့်သည်။

သို့သော် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ခန္ဓာကိုယ်သည် ယွီရွေ့ကျူး၏စကားကို လျင်မြန်စွာ နားထောင်ကာ အနည်းငယ် ကိုင်းညွတ်ပြီး ယွီရွေ့ကျူး ရှိရာဘက်သို့ ခေါင်းငုံ့ကာ သူမကို မျက်တောင်မခတ်ဘဲ မည်းနက်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"မင်း ဘာလုပ်မလို့လဲ"

သူသည် ကိုင်းညွတ်ထားသော အနေအထားကို ထိန်းသိမ်းထားပြီး အရပ်ရှည်ကာ သန်မာသော ခန္ဓာကိုယ်၊ အေးစက်ပြီး ရိုင်းစိုင်းသော မျက်နှာသွင်ပြင်များဖြင့် ယွီရွေ့ကျူး၏ အရပ်နှင့် ညီအောင် ညှိကာ ခေါင်းငုံ့ပြီး သူမကို အထက်စီးမှ ငုံ့ကြည့်နေသည်။

ယွီရွေ့ကျူး ဘာစကားမျှ မပြောဘဲ နှုတ်ခမ်းထောင့်များတွင် ပြုံးလိုက်ကာ စိတ်ဝင်တစားဖြင့် လက်ကို ဆန့်ထုတ်ပြီး သူ့ပါးပြင်ပေါ်သို့ တင်လိုက်လေသည်။

ပိန်ပိန်ပါးပါးဖြင့် ဖြူဖွေးကာ အနည်းငယ် အေးစက်နေသော လက်ချောင်းထိပ်လေးများက သူ့မျက်နှာပေါ်ရှိ ထူလွန်းသော ကြေမွနေသည့် ဆံပင်များကို အလွန် ညင်သာစွာ ဖယ်ရှားပေးလိုက်ပြီး မူလက ဖုံးကွယ်ထားသော ရှေ့မှဆံနွယ် အနည်းငယ်ကိုသာ ချန်ထားခဲ့လေသည်။

အဝေးမှကြည့်လျှင် အမာရွတ်ကို ရှင်းလင်းစွာမြင်နိုင်သော် လည်း အလွန် သိသာထင်ရှားခြင်းမရှိပေ။

"ဒါဆို အဆင်ပြေပြီ၊ ဖုံးထားစရာမလိုပါဘူး။ ရှင့်မျက်နှာပေါ်က ဒီအမာရွတ်ကို သူတို့ အကုန်လုံး မြင်ဖူးပြီးသားပဲ မဟုတ်လား။ ရှင်က ဘာလို့ ရှက်နေရတာလဲ"

ယွီရွေ့ကျူးက သူမ စိတ်ထဲတွင် စိတ်ဝင်တစားဖြင့်မတွေးဘဲ မနေနိုင်ပေ။ ရုပ်ဆိုးသည့် ချွေးမကလည်း သူမယောက္ခမကို တွေ့ရမှာ ကြောက်နေသည့်ဟန်နှင့်ပင် တူနေလေသည်။

ဟော်ချန်ယဲ့ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ မျက်နှာလွှဲကာ ပြောလိုက်သည်။

"မရှက်ပါဘူး"

"အိုကေ၊ အိုကေ၊ မရှက်ဘူးပေါ့"

ယွီရွေ့ကျူးက သူ့မျက်နှာကို လွှတ်ပေးပြီး ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။

"အရမ်း ကြည့်ကောင်းတာပဲ၊ ဘာလို့ ဖုံးထားရမှာလဲ၊ အဲ့ဒါက ရှင့်ရဲ့ ထူးခြားချက်ပဲလေ၊ တခြားသူတွေတောင် လိုချင်နေသေးတာ"

ဟော်ချန်ယဲ့က သူမကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူမက လေးနက်နေပုံပေါ်ပြီး မျက်နှာမှာ လှောင်ပြောင်တဲ့ အရိပ်အ ယောင် လုံးဝမရှိတာကို မြင်လိုက်ရတော့ သူ့နှလုံးသားက ခေတ္တမျှ ရပ်တန့်သွားကာ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။

ကံကောင်းထောက်မစွာဖြင့် ယွီရွေ့ကျူးသည် သူ့တုံ့ပြန်မှုကို မလိုချင်ပါပေ။ သူမသည် ဘယ်ပြန်ညာပြန်ကြည့်ကာ ဟော်ချန်ယဲ့၏ မြင့်မားသော နှာတံကို ကြည့်လိုက်စဥ် သူ့အေးစက်ပြီး လွယ်ကူပုံရသော ပါးလွှာသည့် နှုတ်ခမ်းများကို ကြည့်လိုက်သည်။

ထို့နောက် သူ၏ထက်မြက်သော မျက်နှာသွင်ပြင်များ နှင့် လှပသော မက်မွန်ပွင့်မျက်လုံးများကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ့ပါးပြင်ကို မနမ်းဘဲ မနေနိုင်‌တော့ချေ။

စင်စစ် ဂျုံရောင် အသားအရေမှာ နမ်းလိုက်လျှင် အနည်း ငယ်ကြမ်းတမ်း၏။ အခွင့်အရေးရရှိပါက ဟော်ချန်ယဲ့ကို သူ့အသားအရေကို ပိုမိုဂရုစိုက်ရန် ဖျောင်းဖျရမည်။ သို့သော် ဤသည်ကလည်း ကောင်းမွန်လှသည်။ အရိုင်းဆန်သော အလှတရားပင်။

သူမ သေသေသပ်သပ်နမ်းပြီး အမြန်လွှတ်ပေးလိုက်သော် လည်း ဟော်ချန်ယဲ့၏ မျက်ဝန်းများမှာ ချက်ချင်းကျုံ့သွားပြီး အနည်းငယ် တုန်ခါသွားကာ သူ့ အေးစက်သော ပါးလွှာသည့် နှုတ်ခမ်းများပင် အလွန်အမင်း တုန်လှုပ်မှုကြောင့် အနည်းငယ် ပွင့်ဟသွား၏။

သူ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာတွင် မယုံနိုင်စရာ အမူအရာများ ပြည့်နှက်နေကာ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး "တဝီဝီ" ပင် မြည်သွားသကဲ့သို့ ရှိတော့သည်။

ခုနက ယွီရွေ့ကျူး ပြုမူခဲ့သည်ကို သူ မယုံကြည်နိုင် ဖြစ်နေ၏။

သူမ... သူမ... သူမ.. သူ့ကို နမ်းလိုက်တာလား ?

All Chapters