← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

🐽 Chapter 66

သူ့စိတ်မှာ တောင့်တင်းပြီး ရှုပ်ထွေးသော အခြေအနေတွင် ရှိနေဆဲ ဖြစ်၏။ မျက်နှာပေါ်မှ အသားအရေမှာ စောနက ယွီရွေ့ကျူး နမ်းသွားသည့် နေရာမှ စတင်၍ လောင်ကျွမ်းလာကာ သူ လျစ်လျူမရှုနိုင်သော ပူလောင်သည့် ခံစားချက်ကို ထုတ်လွှတ်နေသည်။

ဟော်ချန်ယဲ့ သူ့ပါးပြင်ကို ကိုင်ရန် လက်မြှောက်လိုက်ပေမဲ့ သူ လက်မြှောက်လိုက်သော်လည်း သူ လက်မလှမ်းနိုင်မီမှာပင် ယွီရွေ့ကျူးထံမှ ဆွဲယူခြင်းကို ခံလိုက်ရ၏။ သူမသည် သူ ဆုပ်ကိုင်ထားသော လက်ကို လက်ချောင်းတစ်ချောင်းချင်းစီ ဖြည်ပေးပြီးနောက် သူတို့၏လက်များကို အတူတကွဆုပ် ကိုင်ထားလိုက်သည်။

လက်ဝါးနှင့် ထိတွေ့လိုက်ရသည်မှာ သူ့ ကြမ်းတမ်းသော အသားအရေနှင့် လုံးဝ ကွဲပြားသည့် နူးညံ့မှုနှင့် ပျော့ပျောင်းမှု တစ်ခုပင် ဖြစ်၏။

သူမ လက်များမှာ အလွန် သေးငယ်သဖြင့် သူက အလွယ်တ ကူပင် ဖုံးအုပ်ထားနိုင်သည်။

ဟော်ချန်ယဲ့ ဤအရာများ အားလုံးကို ရှင်းလင်းစွာ သိမြင်နိုင်၏။

ယွီရွေ့ကျူးကို ဆုပ်ကိုင်ထားသော သူ့လက်ကို သူ ငုံ့ကြည့်လိုက်သည်။ ပါးပြင်ပေါ်မှ အပူချိန်မှာ ပြန်လည် ပူနွေးလာပြီး ဤအရာများ အားလုံးကို သူ လျစ်လျူမရှုနိုင်သကဲ့သို့ စစ်မှန်မှုကိုလည်း သံယယဝင်လာမိသည်။

ယွီရွေ့ကျူး၊ သူမက ဘယ်လိုလုပ် ရုတ်တရက်ကြီး သူနဲ့ လက်တွဲရတာလဲ။ ပြီးတော့ သူမက ဘယ်လိုလုပ် ရုတ်တရက်ကြီး သူ့ကို နမ်းရတာလဲ။

"ဘာလဲ၊ ရှေ့ကနေ မသွားသေးဘူးလား "

ယွီရွေ့ကျူး သူတို့နှစ်ယောက်တွဲထားသည့် လက်များကို လှုပ်ယမ်းလိုက်ပြီး မျက်နှာကိုမော့ကာ တမင်သက်သက် ပြောလိုက်သည်။

"ကျွန်မတို့က လင်မယားတွေလေ၊ ဘာလို့ လက်မတွဲရမှာလဲ ဒါက ပုံမှန်ကိစ္စ မဟုတ်ဘူးလား။ ပြီးတော့ ခုနက ရှင့်ကို နမ်းတာက ရှင်က ရုပ်ချောတော့ နမ်းချင်လို့ နမ်းတာလေ၊ ဘာပြဿနာရှိလို့လဲ"

ဟော်ချန်ယဲ့ ခန္ဓာကိုယ်တောင့်တင်းသွားပြီး နှုတ်ခမ်းစေ့ လိုက်သည်။

စုန့်ချင်းရှန်းသည်လည်း ယခင်က သူ့အား ရုပ်ရည်ချောမောပြီး အရည်အချင်းရှိသည်ဟု ပြောဆိုခဲ့သော်လည်း ထိုစဉ်က သိသိသာသာပင် မလိုမုန်းထားလျက် လှောင်ပြောင်သော လေသံဖြစ်၏။

သို့သော် ယွီရွေ့ကျူး မှာမူ မတူညီသောပုံစံရှိ၏။ သူမ ပြော ဆိုသည်မှာ အလွန်လေးနက်ပြီး ပွင့်လင်းပုံရကာ လိုက်ဖက်ညီလှသည်ဟု သူ ခံစားလိုက်ရသည်။

သူမသည် အမာရွတ်ရှိသော ဤမျက်နှာကို စင်စစ်ကြည့်ကောင်းသည်ဟု ထင်မြင်နေသကဲ့သို့ ရှိသည်။

သို့ရာတွင် ဤသည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယွီရွေ့ကျူး သဘောကျသည်မှာ စုန့်ချင်းရှန်းကဲ့သို့ စိတ်သဘောထားကောင်းပြီး၊ နူးညံ့သိမ်မွေ့ကာ၊ လူချစ်လူခင်ပေါများလျက်၊ ရန်လိုမှုမရှိဘဲ ယဉ်ကျေးသော ပုံစံမျိုး ဖြစ်ရမည်မှာ ထင်ရှားလှ၏။

ဤရုတ်တရက် အနမ်းကြောင့် ဟော်ချန်ယဲ့ အနည်းငယ် ရှုပ်ထွေးသွားသည်။ ယွီရွေ့ကျူးသည် သူ့ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ဆွဲခေါ်သွားပြီး ခြံအတွင်းသို့ ဝင်တော့မည်ဖြစ်သော အချိန်မှာပင် တံခါးအတွင်းမှ လူတစ်ယောက် ထွက်လာသည်။

"ပြတင်းပေါက်ကနေ တံခါးဝမှာ လူတစ်ယောက်ကိုမြင်တယ်လို့ ကိုယ် ပြောသားပဲ၊ မင်းတို့နှစ်ယောက် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ ဘာလို့ ဒီမှာ ရပ်နေပြီး အထဲမဝင်ကြတာလဲ။ မင်းတို့မိဘတွေ စောင့်နေတာ ကြာလှပြီ"

ဆေးလိပ်သောက်နေသည့် အမျိုးသားက ခြံထဲမှာ ရပ်နေပြီး မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်ကာ အရပ်ရှည်ရှည်ဖြင့် ဟော်ချန်ယဲ့ကို မျက်လုံးပင့်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ဟော်ချန်ယဲ့ လက်ထဲမှ အသားတုံးကြီး နှစ်တုံးကို မြင်သည့်အခါ သူက ရွံရှာစွာနဲ့ မျက်လုံးလန်ပြလိုက်၏။

"ငါ မိဘအိမ် ပြန်တုန်းကတော့ ဒီပစ္စည်းတွေကို ဝယ်ခဲ့တာပဲ၊ ဒါပေမဲ့ မင်းအစ်မနဲ့ အတူ မိဘအိမ် ပြန်တုန်းကတော့ ပစ္စည်းတွေ အများကြီး ယူလာခဲ့တယ်လေ"

"အာ၊ ငါ မေ့သွားတယ်၊ မင်းက ဝက်သားရောင်းတာဆိုတော့ ဒေသထွက် ပစ္စည်းတွေကို သုံးတာပေါ့။ တခြား ဘာမှ ယူလာစရာ မလိုဘဲ အသားပဲ ယူလာတာလေ၊ ဟားဟား”

ယွီရွေ့ကျူး၏ ခဲအိုဖြစ်သူကို ကျောက်ကျစ်ဖန်ဟု ခေါ်ပြီး သူမ၏ အစ်မဖြစ်သူ ယွီရှား နှင့် သူတို့နှစ်ဦးလုံးမှာ စက္ကူစက်ရုံမှ ဝန်ထမ်းများ ဖြစ်ကြသည်။ လင်မယားနှစ်ယောက် လုံး အလုပ်လုပ်သော မိသားစုဖြစ်သည့်အတွက် ရွာအတွင်းရှိ လူများကို အားကျစေရန်လုံလောက်၏။

ဤသည်မှာ တည်ငြိမ်သော လစာနှင့် ခိုင်မာသော အလုပ်အ ကိုင်ကို ကိုယ်စားပြုသည်။

သို့သော် သူတို့၏ နေထိုင်မှု အခြေအနေနှင့် လစာများကို ပြောရမည်ဆိုလျှင် သူတို့သည် တစ်လလျှင် ယွမ်ဆယ်ဂဏန်းအနည်းငယ်သာရရှိကြပြီး သူတို့နှစ်ဦးလုံး၏ပေါင်း စပ်ဝင်ငွေမှာ ၁၀၀ ခန့်သာ ရှိသည်။

ခဲအိုကျောက်ကျစ်ဖန်မှာ ငွေကြေးအများအပြား သုံးစွဲတတ်ပြီး ဆေးလိပ်နှင့် အရက်အချို့ကို ဝယ်ယူတတ်ကာ ထို့နောက်တွင် ဆန်းသစ်သော အရာအချို့ကို ဝယ်ယူတတ်၏။

ထို့ကြောင့် ဟော်ချန်ယဲ့ ယူလာသော အသားနှစ်တုံးကို အဘယ်ကြောင့် အထင်သေးနေရသနည်း။

ဤခေတ်ကာလ၊ ဤဆင်းရဲနွမ်းပါးသော တောင်ပေါ်ရွာလေးတွင် ပွဲတော်ရက်များမှလွဲ၍ မည်သူက အသားစားရန်ဆန္ဒရှိမည်နည်း။

ဝက်သားဆိုင် ဖွင့်ထားတာကိုတောင် အထင်သေးနေသေးတယ်။

ယွီရွေ့ကျူးသည် သူ့ကို မျက်လုံးလန်ပြလိုက်ပြီး ဟိုချန်ယဲ့ကို အိမ်ထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားလေသည်။

"ကျွန်မတို့ အသားကိုရွံတယ်ဆိုရင် နေ့လယ်ချက်စားတဲ့အခါ ရှင် မစားနဲ့ ရှင့်မှာ ကျောရိုးရှိတယ်ဆိုရင် မစားနဲ့"

ကျောက်ကျစ်ဖန် ဒေါသထွက်သွားလေသည်။

"နင့်ခဲအိုကို ဘယ်လိုတွေ လာပြောနေတာလဲ ယွီရွေ့ကျူး။ နင် လက်ထပ်ပြီးကတည်းက ဒေါသတွေ ကြီးလာတယ်။ နင့်ကို ဘာမှ ပြောလို့မရဘူးပဲ"

သူသည် လက်ဟန်ခြေဟန်ပြ၍ စိုက်ကြည့်ကာ လူကြီးတစ်ဦးကဲ့သို့ ယွီရွေ့ကျူးကို ဆုံးမတော့မည့် အမူအရာ ရှိ၏။

သို့သော် ယွီရွေ့ကျူးသည် သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ဟော်ချန်ယဲ့ကသာ သူ့ကို အေးစက်သောမျက်နှာဖြင့် နောက်လှည့်ကြည့်လိုက်သည်။

ဟော်ချန်ယဲ့မှာ အရပ်ရှည်ပြီး မျက်လုံးများမှာ မည်းနက်နေကာ အမာရွတ်များနှင့် အေးစက်သော အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ကြောက်ရွံ့ဖွယ် ကောင်းလှ၏။

ကျောက်ကျစ်ဖန်သည် လေလျော့သွားသော ပူဖောင်းတစ် လုံးကဲ့သို့ ချက်ချင်းလူကြီးတစ်ဦးအဖြစ် ဟန်ဆောင်လိုသော ခွန်အားများ ပျောက်ကွယ်သွားကာ ခြေထောက်များပင် တုန်ရီနေတော့သည်။

ထို့နောက် ဟော်ချန်ယဲ့ သည် သူ့ အကြည့်ကို ရုပ်သိမ်းလိုက်သည်။

သူသည် ယွီရွေ့ကျူးနှင့် အတူတကွ ဆုပ်ကိုင်ထားသော လက်များကို ငုံ့ကြည့်ကာ ညင်သာစွာညှစ်လိုက်ရာ အရှေ့တွင် ဖြောင့်တန်းစွာ လျှောက်သွားနေသော ယွီရွေ့ကျူးက သူ့ကို နောက်လှည့်ကြည့်လာသည်။

ယွီရွေ့ကျူး "ဘာလုပ်နေတာလဲ"

“ဘာမှမလုပ်ပါဘူး"

ဟော်ချန်ယဲ့သည် သူ့ပါးလွှာသော နှုတ်ခမ်းစေ့ ကာ ယွီရွေ့ကျူးကို ကြည့်နေရာမှ ခေါင်းကို လွှဲလိုက်သော်လည်း ပါးပြင်များမှာ ပူနွေးလာသည်။

သူမ လက်ဝါးလေးနှင့် ထိတွေ့လိုက်ရသော အပူချိန်မှာ စင်စစ် အစစ်အမှန်ဖြစ်ပြီး သူမလိုပင် နွေးထွေးကာ နူးညံ့လှသည်။

သို့သော် ဤတစ်ခေါက် သူ ပြန်လာခြင်းမှာ ယွီရွေ့ကျူးကို ကွာရှင်းရန်လာခဲ့ခြင်း မဟုတ်ပါလော။

အဘယ်ကြောင့် မိမိအပေါ် ဤမျှချစ်ခင်ယုယနေရသနည်း။

သူ့ပါးစပ်မှ ဘာစကားမျှ မထွက်နိုင်ဘဲ သူ့အိတ်ကပ်ထဲရှိ စာရွက်စာတမ်းများမှာ ရုတ်တရက် လေးလံလာပြီး ပူနွေးလာသကဲ့သို့ပင်။

ယွီရွေ့ကျူးထိတွေ့ခဲ့သော ဟော်ချန်ယဲ့ ပါးပြင်ပေါ်ရှိ နေရာမှာလည်း ခေတ္တမျှ ယားယံသွားလေသည်။

ယွီမိသားစု၏ ခြံငယ်လေးမှာ မကြီးမားဘဲ ခြံထဲသို့ ဝင်ပြီးနောက် ညာဘက်တွင် ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတစ်ခု ရှိကာ ၎င်းမှာ ဟော်ချန်ယဲ့၏အိမ်အပြင်အဆင်နှင့် ဆင်တူပြီးကျေးလက်ဒေသရှိလူများမှာ ဤကဲ့သို့ပင် အိမ်ဆောက် လေ့ရှိကြသည်။

လေးထောင့်ပုံစံ ခြံဝင်းရှေ့တွင် တရုတ်ဇီးပင်ကြီးတစ်ပင်ကိုလည်း စိုက်ပျိုးထားပြီး စိမ်းလန်းစိုပြေသော သစ်ကိုင်းများနှင့် အရွက်များသည် ပြတင်းပေါက်အထိ ဆန့်တန်းနေ၏။

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ စောစီးစွာ ရောက်ရှိလာကြသဖြင့် အစားအစာများ မချက်ပြုတ်ရသေးမီ ယွီဖခင်နှင့် မိခင်တို့က နှုတ်ဆက်ကြသည်။ ယွီရွေ့ကျူးသည် အနီရောင် အစက်အပြောက်လေးများပါသည့် စကတ်ကို ဝတ်ဆင်ထားပြီး အလွန်ကြည့်ကောင်းနေသည်ကို မြင်သောအခါ သူတို့မှာ ခေတ္တမျှ ကြောင်အမ်းသွားကြသည်။

ယွီရွေ့ကျူးကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ မင်္ဂလာဆောင်နေ့တွင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်က သူမသည် ဟော်ချန်ယဲ့ ကို လက်မထပ်ရန် ငိုယိုကာအစာငတ်ခံ ဆန္ဒပြခဲ့သော်လည်း မင်္ဂလာဆောင်နေ့တွင်မူ ရုတ်တရက် တည်ငြိမ်သွားပုံရကာ စကားမပြောသလို ပြဿနာလည်းမရှာတော့ပေ။

ထိုအချိန်က ယွီမိခင်မှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားခဲ့ရသော်လည်း ယွီဖခင်က ဘာမှ မဖြစ်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

ထောင်ဟွာရွာတွင် လူတိုင်းက ပျော်ပျော်ပါးပါး နောက်ပြောင်နေကြသည့် တက်ကြွမှုနှင့်ကွဲပြားစွာ တာတုန်းရွာတွင်မူ ဆေးခန်းသို့သွားရောက်ရခြင်းမှာ မင်္ဂလာဦးညတွင် သူမတို့နှစ်ဦးရန်ဖြစ်ကြပြီး ယွီရွေ့ကျူးက အိမ်တွင်းအကြမ်းဖက်ခံရသဖြင့် ဆေးခန်းသို့ ရောက်သွားခြင်းဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။

All Chapters