← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

🐽 Chapter 69

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကြားတွင် လက်ရှိအခြေအနေ မမည်သို့ရှိသည်ကို သူတို့ မသိသလို၊ ပြဿနာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် မမေးရဲကြသောကြောင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့ကာ ထမင်းစားနေလိုက်ကြသည်။

ယွီရွေ့ကျူးသည် သူမ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး ယခင်က ကျောက်ကျစ်ဖန်ကို အသားမစားခိုင်းဘူးဟု ပြောခဲ့သဖြင့် သူမက ကျောက်ကျစ်ဖန်ကို အသားမစားခိုင်းပေ။

အသားပန်းကန်ကို သူမနှင့် ယွီရှားတို့ဘက်တွင် ထားရှိပြီး ကျောက်ကျစ်ဖန်နှင့် အလှမ်းဝေးလေသည်။

ဝက်သုံးထပ်သားမှာ နူးညံ့ပြီး အရသာရှိအောင် နှပ်ထားသဖြင့် ကျောက်ကျစ်ဖန်မှာ အလွန်စားချင်နေပြီး သူ့ တူကို ဆန့်ထုတ်ချင်နေသဖြင့် ယွီရွေ့ကျူး မျက်ခုံးပင့်ကာ သူ့ကို ကြည့်လိုက်လေသည်။

"ခဲအိုက ကျွန်မတို့ယူလာတဲ့ အသားကို မစားဘူးလေ။ ခဲအိုတို့ အိမ်မှာ အသားစားရတာ ရိုးနေပြီလို့ ကျွန်မ ထင်နေတာ။ ဘာဖြစ်လို့လဲ၊ ပုံမှန်ဆိုရင် အလုံအလောက် မစားရဘူးလား"

ကျောက်ကျစ်ဖန် ပြန်ပြောလိုက်၏။

"ဒါဆို ဘယ်လိုလုပ်ရမလဲ၊ ငါ ဒါကို မစားချင်ပါဘူး၊ ဟင်းသီးဟင်းရွက်တွေပဲ စားရတာ ကြိုက်တယ်။ ဒီအသားကို မစားချင်ဘူး"

သူ အကြည့်လွှဲဖို့ အတင်းအကျပ်အားထုတ်ကာ ပဲတောင့်တစ်ကိုက် ကိုက်လိုက်သော်လည်း ဝက်သုံးထပ်သားရဲ့ အရသာက သူ့နှာခေါင်းထဲ တိုက်ရိုက် ဝင်လာပြီး ကျောက်ကျစ်ဖန်ကို သီးမတတ် နှိပ်စက်နေ၏။

ယွီရွေ့ကျူးက သူ့ကို တမင်သက်သက် ဒုက္ခပေးကြောင်း သိသော်ငြား ကျောက်ကျစ်ဖန်က အမှန်ပင် မျက်နှာပျက်မခံနိုင်ချေ။

ထို့ကြောင့် ဤထမင်းစားပွဲမှာ အလွန်နေရခက်လှပေသည်။

ယွီရွေ့ကျူးက သူ့ကို ဂရုမစိုက်ဘဲ လူတိုင်းအတွက် တစ်ယောက်ချင်းစီ ဟင်းခပ်ပေးနေလေသည်။

ယွီရှားသည် သူမ၏မိသားစုဝင်က ခင်ပွန်းဖြစ်သူကို ကျီစယ်နေသည်ဟု လုံးဝ မခံစားရသကဲ့သို့ပင်၊ အင်မတန်ပြုံးရွှင်‌ နေကာ ယွီရွေ့ကျူးကို အအေးစာအချို့ ပေးလိုက်လေသည်။

"နင် ဒါလည်း စားလိုက်ဦး"

အအေးစာအသုပ်မှာ သခွားသီးကို အမျှင်လေးများ လှီးထားခြင်းဖြစ်ပြီး၊ ယွီရှားက အထဲမှာ ခေါက်ဆွဲဖတ်နဲ့ နံနံပင် အနည်းငယ် ထည့်ထား၏။ အချိုနဲ့ အချဉ်အရသာရှိပြီး အစပ်နည်းနည်းပါရှိရာ နွေရာသီ၌ စားလျှင် အထူး ကြွပ်ရွပြီး ခံတွင်းမြိန်စေ၏။

အသုပ်တစ်ပုံကြီးကို ယွီရွေ့ကျူး၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး ယွီရှားမှာ ခံစားချက်အလွန်ကောင်းမွန်နေပြီး သူမကို အလေးအနက် တိုက်တွန်းလေသည်။

"များများစားနော် ကျူးအာ၊ နင် အသုပ်စားရတာ အကြိုက် ဆုံး မဟုတ်ဘူးလား"

ကြီးလာသည့်အခါ ဂျစ်ကန်ကန်နိုင်လာသည့် ညီမလေးက လက်ထပ်ပြီးပြန်လာသည့်အခါ သူမအပေါ် သဘောထား အများကြီး ပိုကောင်းလာပြီး ဒေါသလည်း အများကြီး ပြေလျော့သွားသည့်အတွက် ယွီရှား စိတ်ထဲမှာ အရမ်းပျော်နေမိ၏။

သို့သော် ယွီရွေ့ကျူးကတော့ ဒုက္ခရောက်နေပြီ ဖြစ်၏။

သူမ နံနံပင် မစားပေ။

သူမ နံနံပင်ကို ဖြည်းဖြည်းချင်း ရွေးထုတ်ကာ တုံ့ဆိုင်းနေသော်လည်း ယွီမိခင်က မျက်စောင်းထိုးကြည့်ပြီး သူမအား နောက်ပြောင်လိုက်လေသည်။

"ဘာလို့ လက်ထပ်ပြီးမှ အကြိုက်ပြောင်းသွားတာလဲ၊ ပြီးတော့ နံနံပင်လည်း မစားတော့ဘူးလား၊ ပိုပြီး ဖြုန်းတီးလာတာပဲ"

ယွီမိခင်သည် ဤစကားကို ဖြစ်သလို ပြောလိုက်ခြင်းဖြစ်သော်လည်း ဟော်ချန်ယဲ့ ချက်ချင်းခေါင်းမော့လာကာ သူ၏ မျက်နှာအမူအရာ အနည်းငယ် ရပ်တန့်သွားပြီး ယွီရွေ့ကျူးကိုနောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်လေသည်။

ယွီရွေ့ကျူး နှာခေါင်းရှုံ့လိုက်ပြီး အစားအစာများကို သူမ၏ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။

ဟော်ချန်ယဲ့၏အကြည့်ကို သတိပြုမိသဖြင့် သူမက ရွေးထုတ်ထားသော နံနံပင်များကို ဟော်ချန်ယဲ့၏ ပန်းကန် လုံးထဲသို့ တိုက်ရိုက်ထည့်လိုက်၏။

"ရှင့်အတွက် စား"

ယွီမိခင်မှာ တုန်လှုပ်သွားရသည်။

"သမီးရယ်၊ သမီး ရွေးထုတ်ထားတဲ့ဟာတွေကို ဘယ်လိုလုပ် ချန်ယဲ့ကို ပေးနိုင်ရတာလဲ"

ဟော်ချန်ယဲ့ ဒေါသထွက်ပြီး ယွီရွေ့ကျူးနှင့် ရန်ဖြစ်မည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ ဟော်ချန်ယဲ့ ဘာမျှမပြောဘဲ ယွီရွေ့ကျူးကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမ ရွေးထုတ်ထားသော နံနံပင်များကို ဖြည်းညင်းစွာ စားလိုက်၏။

ယွီမိခင်ပင်လျှင် ဤသည်ကို အံ့သြသွားရသည်။

ယွီရွေ့ကျူးက ထမင်းတစ်ဝက်ခန့် ကျန်သည့်ပန်းကန်ကို လက်ထဲတွင် ကိုင်ထားပြီး ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဟော်ချန်ယဲ့၏အရှေ့သို့ တိုက်ရိုက်တွန်းပေးလိုက်သည်ကို ထိုင်နေသူတိုင်းက ကြည့်နေကြလေသည်။

"ကျွန်မ စားလို့ မကုန်တော့ဘူး၊ ရှင် စားလိုက်"

ယွီရွေ့ကျူး ခေါင်းကိုအသာငုံ့ကာ ဗိုက်ကို ပွတ်လိုက်၏။ သူမ အလွန် ဗိုက်တင်းနေပြီဟုခံစားရသည်။

“အင်း"

ဒီတစ်ကြိမ်တော့ ဟော်ချန်ယဲ့က အေးအေးဆေးဆေးပင် လက်ခံလိုက်ပြီး မှားယွင်းသည်ဟုမခံစားရပေ။ မည်သို့ဖြစ်စေ သူ မစားလျှင် ဖြုန်းတီးရာကျမည်သာ။

ထို့ကေကာင့် ယွီမိသားစုမှ လူအချို့မှာ ဟော်ချန်ယဲ့က ယွီရွေ့ကျူး စားလက်စ ထမင်းတစ်ဝက်ကို မရွံမရှာဘဲ စားလိုက်သည်ကို အံ့သြတကြီးနဲ့ ငေးကြည့်နေကြ၏။

မဟုတ်သေးဘူး။

ဒီနှစ်ယောက်က မင်္ဂလာဦးညတုန်းက ဆေးခန်းသွားပြီး ရန်ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ အပြင်ကလူတွေက ဒီနှစ်ယောက် ကွာရှင်းတော့မယ်လို့ ပြောနေကြတာ၊ ဒါပေမယ့် သူမတို့က ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံဖြစ်နေရတာလဲ၊ အဲ့ဒီလိုပုံလည်း မပေါ်ပါဘူး။

ကွာရှင်းတော့မယ့်လင်မယားသာဆို တစ်ယောက်ရဲ့စားကြွင်း စားကျန်ကို တစ်ယောက်က စားမှာတဲ့လား။

ယွီမိခင်မှာ အလွန်တုန်လှုပ်သွားပြီး သူမ အနည်းငယ်ရှုပ် ထွေးသွားကာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ လက်ထပ်ပြီးနောက် သူမတို့၏ဘဝကို မည်သို့ ဖြတ်သန်းကြသနည်းဟု စဉ်းစားလာမိသည်။

သူမ မတုံ့ပြန်နိုင်သေးမီ ထမင်းစားပြီးနောက် ဟော်ချန်ယဲ့သည် စားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများကို ရှင်းလင်းပြီး စားပွဲကို သုတ်လိုက်၏။

ထို့နောက် သူသည် သူမကို အထူးတလည် ရှာတွေ့ပြီး မေးခွန်းနှစ်ခု မေးလိုက်သည်။

"ကျွန်တော် မေးချင်တာက၊ ယွီရွေ့ကျူးမှာ စိတ်ရောဂါ တစ်ခုခုရှိလား"

ယွီမိခင် ဤစကားကို ကြားသောအခါ အလွန်စိတ်တိုသွားလေသည်။

"မင်းမှာ ဘာပြဿနာ ရှိနေလို့လဲ။ ငါတို့ရဲ့ ရွေ့ကျူးက ဒေါသနည်းနည်းရှိပြီး ဂျစ်ကန်ကန်နိုင်တာပဲ ရှိတာ။ ဘယ်လိုလုပ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနိုင်မှာလဲ၊ မင်း ဘာကို ဆိုလိုတာလဲ”

ဟော်ချန်ယဲ့ နှုတ်ခမ်းကို စေ့ကာ တိုးတိုးလေးတောင်းပန်လိုက်ပြီးနောက် မျက်လုံးပင့်ကြည့်ကာ ယွီမိခင်ကို သူ၏ မည်းနက်သော မျက်လုံးများဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်လေသည်။

"ဒါဆို ယွီရွေ့ကျူး အရင်က မိုးကြိုးပစ်တာကို ကြောက်တတ်လား”

All Chapters