← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

🐽 Chapter 71

ဟော်ချန်ယဲ့မှာ နေရောင်၏အပူချိန်ကို မခံစားရသကဲ့သို့ ထိုနေရာတွင် ဖြောင့်မတ်စွာ ရပ်နေဆဲဖြစ်ပြီး ရေကန်ကို မျက်လွှာချ၍ စိုက်ကြည့်နေသည်။

သို့သော် အသေအချာ ကြည့်မည်ဆိုပါက သူ တစ်ခုခုကို စဉ်းစားနေပုံရပြီး အာရုံစိုက်မှုမှာ ငါးမျှားဖော့တံပေါ်တွင် အပြည့်အဝ ရှိမနေသည်ကို တွေ့ရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ငါးတစ်ကောင်မျှ မဖမ်းနိုင်သဖြင့် ကျောက်ကျစ်ဖန် ဟော်ချန်ယဲ့အား မျက်စိမှိတ်ပြကာ အတင်းအဖျင်းများကို စတင် ပြောဆိုလေတော့သည်။

"ဟေး ယောက်ဖ၊ ငါသာ မရှိရင် မင်းက ငါ့ရဲ့ ယွီရှားနဲ့ ညားမှာလို့ ကြားတယ်၊ မင်းက ယွီရှားနဲ့ ငယ်ငယ်ကတည်းက စေ့စပ်ထားတာလား"

ဟော်ချန်ယဲ့ မည်သို့မျှ ပြန်မပြောသော်လည်း သူက ဆက်ပြောနေ၏။

"နောက်တော့ စေ့စပ်ထားတဲ့သူ ပြောင်းသွားတာကို မင်းက ဘာလို့ ဂရုမစိုက်တာလဲ၊ ယွီရွေ့ကျူးရဲ့ ကိုယ်ရည်ကိုယ်သွေးက ငါ့ရဲ့ ယွီရှားရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အများကြီး ကွာတယ်၊ ငါ့ရဲ့ ယွီရှားက ရေနဲ့ လုပ်ထားတာဆိုရင် ယွီရွေ့ကျူးက ဗြောက်အိုးနဲ့ လုပ်ထားတာပဲ၊ စကားနည်းနည်းလေး ပြောလိုက်တာနဲ့ ပေါက်ကွဲသွားတာ၊ တကယ် စိတ်ညစ်စရာပဲ၊ အိမ်ကို လက်ထပ်ခေါ်သွားပြီး နေ့တိုင်း ရန်ဖြစ်နေရရင် ဘယ် လောက်တောင် ပင်ပန်းလိုက်မလဲ"

ဟော်ချန်ယဲ့ သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ ရေကန်ကိုသာ ငုံ့ကြည့်နေကာ လျစ်လျူရှုထားလိုက်သည်။

ကျောက်ကျစ်ဖန် အလွန် တက်ကြွနေသဖြင့် ငါးမျှားတံကိုပင် ဂရုမစိုက်တော့ဘဲ တိုက်ရိုက် လျှောက်လာကာ ခေါင်းကို ခိုးကြောင်ခိုးဝှက်မော့ပြီး တိုးတိုးလေး မေးလိုက်ရာ သူ့လေသံတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်နေ၏။

"ဟေ့၊ မင်းနဲ့ ငါ့ခယ်မလေးနဲ့ ဖြစ်ပြီးပြီလား၊ ဘယ်လိုလဲ၊ ဘယ်လို ခံစားရလဲ"

ဟော်ချန်ယဲ့၏အကြည့်များ ရုတ်တရက် အေးခဲသွားပြီး ကျောက်ကျစ်ဖန်ကို မည်းနက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ကျောက်ကျစ်ဖန်သည် မှားယွင်းနေသည်ကို လုံးဝ သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ ဆက်ပြောနေကာ ပြောလေလေ ပို၍ တက်ကြွလာလေလေ ဖြစ်၏။

"ဟေ့၊ မင်းပြောတဲ့ ငါ့ခယ်မလေးလေ၊ အဲ့ဒါက၊ သူနဲ့ စုန့်ချင်းရှန်းနဲ့ မြို့ထဲမှာ အတူတူ နေဖူးတယ်ဆိုတာလေ၊ သူက အရမ်းကျွမ်းကျင်တယ်လို့ ခံစားရလား၊ မင်းတို့နှစ်ယောက် ဘာတွေ ဖြစ်နေကြတာလဲ၊ သူမနဲ့ စုန့်ချင်းရှန်းအကြောင်းကို မင်း သိတယ်လေ၊ ဒါဆို ဘာလို့ မင်းက ဂရုမစိုက်တဲ့ပုံ ပေါက်နေတာလဲ"

ကျောက်ကျစ်ဟွာ၏ စိတ်ထဲတွင်လည်း နှာဗူးထသော အတွေးများရှိနေပြီး ဤရှုပ်ထွေးသော ကိစ္စများကို ပြောလေလေ ပါးစပ်မှာ လေကြောရှည်လာလေလေဖြစ်ကာ ပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေ ဖြစ်၏။

ဟော်ချန်ယဲ့၏ ထူးဆန်းသောစိတ်အခြေအနေနှင့် အန္တရာယ်ကို သူ လုံးဝသတိမထားမိခဲ့ပေ။

"ငါ့မိန်းမသာ မလက်ထပ်ခင်က တစ်ယောက်ယောက်နဲ့ အဲ့ဒီလို ဆက်ဆံရေးမျိုးရှိခဲ့ရင် ငါ သေချာပေါက် ရှက်ပြီး နေရခက်မှာပဲ၊ ဒါ့အပြင်၊ မင်းက ဘာလို့ ငါ့ခယ်မလေးကို ကွာရှင်းမပစ်တာလဲ၊ မင်း တကယ် သူမကို စိတ်ဝင်စားနေတာလား၊ မင်း အဆင်ပြေနေလို့လား ဒါမှမဟုတ် သူမက ပြုစုတာ အရမ်းကောင်းလို့လား"

သို့သော် သူ ဆက်လက်၍ စကားများနေသဖြင့် ဟော်ချန်ယဲ့ ခြေတံရှည်များကို ရုတ်တရက် မြှောက်ကာ သူ့ကို ရေကန်ထဲသို့ ပြင်းထန်စွာ ကန်ချလိုက်လေတော့သည်။

ဗွမ်း။

တည်ငြိမ်နေသော ရေကန်မျက်နှာပြင်သည် ချက်ချင်းပင် ဂယက်ကြီးများ ထသွားလေသည်။ ကျောက်ကျစ်ဖန် ရေထဲတွင် ကူးခတ်ရင်း အော်ဟစ်လိုက်၏။

"အား၊ အု၊ ဖူး၊ ကယ်ပါဦး၊ ငါ ရေမကူးတတ်ဘူး"

ရေကန်မှာ အလွန် ညစ်ပတ်နေ၏။ ကျောက်ကျစ်ဖန် ရေမွန်းကာ အသက်ရှူကျပ်သွားရသည်။ ဟော်ချန်ယဲ့မှာ ခွန်အားကြီးမားသဖြင့် ကန်ခံလိုက်ရသော နေရာမှာ ရေထဲတွင် စိမ်ထားရသော်လည်း ပြင်းထန်စွာ နာကျင်နေဆဲပင် ဖြစ်သည်။

သူ ရေနစ်တော့မည်ဟု ခံစားလိုက်ရပြီး အသက်ရှူ၍မရသကဲ့သို့ ရေကန်အောက်ခြေကိုလည်း ခြေထောက်ဖြင့် နင်း၍မရပေ။ ပိုနစ်မြုပ်သွားသည်ဟုသာ ခံစားရပြီး အသေအလဲ ရုန်းကန်နေသော်လည်း ကမ်းစပ်ရှိ ဟော်ချန်ယဲ့မှာမူ မလှုပ်မယှက် ရှိနေဆဲဖြစ်ကာ ငါးမျှားတံကို အေးစက်စွာ ကိုင်ထားပြီး သူ့ကို ဂရုမစိုက်စွာ ကြည့်နေ၏။

နောက်ဆုံးတွင် ကျောက်ကျစ်ဖန် သူ့ဘာသာသူ ဟိုယက်ဒီယက်ဖြင့် ရေကန်စပ်သို့ ရောက်သွားပြီး ကုန်းပေါ်သို့ တက်လာနိုင်ခဲ့သည်။

သူ့တစ်ကိုယ်လုံး ရေများရွှဲနေပြီး လေတိုက်သည့်အခါ တုန်ရီသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် နွေရာသီဖြစ်နေပြီး အေးခဲနေသော ဆောင်းရာသီ မဟုတ်ပေ။ မဟုတ်ပါက သူ အပြင်ဘက်၌ ရုပ်တရက် အေးခဲသွားနိုင်၏။

သူ အရှက်တကွဲ ရေမွန်းသွားသဖြင့် ချောင်းဆိုးနေပြီး အလွန်ဒေါသထွက်နေ၏။

"မင်း၊ ဟော်ချန်ယဲ့၊ မင်း ငါ့ကို ကန်ရဲတယ်၊ ခွေးကောင်၊ မင်းအမေ၊ ငါ၊ မင်းနဲ့ ယွီရွေ့ကျူး၊ အဲ့ဒါက၊ တကယ်ကို တစ်အိမ်တည်းသားတွေပဲ"

ကျောက်ကျစ်ဖန် အဆက်မပြတ် ဆဲဆိုနေပြီး သေမတတ် ဒေါသထွက်နေသည်။

ဟော်ချန်ယဲ့ ဘာစကားမျှ မပြောဘဲ ငါးမျှားချိတ်ကိုသာ ဂရုတစိုက် ကြည့်နေသော်လည်း ကံမကောင်းစွာဖြင့် ကျောက်ကျစ်ဖန်၏ ယက်ကန်ယက်ကန် လုပ်မှုကြောင့် ငါးများ အားလုံးထွက်ပြေးသွားကြလေပြီ။

သူ ငါးမျှားတံကို သိမ်းဆည်းလိုက်ပြီး ငါးစာကို ပြန်တပ်ကာ လှည့်၍ ကျောက်ကျစ်ဖန် ရှိရာဘက်သို့ လျှောက်သွား၏။

ကျောက်ကျစ်ဖန် ချက်ချင်း သတိဝင်သွားပြီး အော်လိုက်သည်။

"မင်း၊ မင်း ဘာလုပ်မလို့လဲ၊ ဒီနား မလာနဲ့၊ ငါတို့ အနောက်မှာ ယွီမိသားစုရဲ့ ခြံဝင်း ရှိတယ်၊ မင်း လူကို မရိုက်ချင်ပါဘူးနော်၊ ငါ လူခေါ်လို့ရတယ်ဆိုတာ မင်းကို ပြောထားမယ်၊ ငါက မင်းရဲ့ ယောက်ဖလေ၊ လူကို မရိုက်နဲ့၊ လူရိုက်နေတယ်ဟေ့"

“အား”

ဟော်ချန်ယဲ့ ရှားရှားပါးပါး ထိန်းချုပ်မှု ကင်းမဲ့သွားရ၏။

သူနှင့် ကျောက်ကျစ်ဖန်မှာ အတိတ်က ရန်ငြိုးရန်စ လုံးဝ မရှိခဲ့ဘဲ ယွီမိသားစုအိမ်သို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်သဖြင့် ယုတ္တိဗေဒအရ ကောင်းသော အထင်အမြင်ကို ချန်ထားခဲ့ချင်မည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင် သူ ကျောက်ကျစ်ဖန်ကို အောက်၌ အလွယ်တကူပင် ဖိနှိပ်ထားပြီး ကြမ်းတမ်းကာ ခွန်အားကြီးမားသော လက်သီးများက ကျောက်ကျစ်ဖန်၏ ခန္ဓာကိုယ်ကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် ထိုးကြိတ်လေတော့သည်။

သဲအိတ်ခန့် အရွယ်အစားရှိသော လက်သီးများမှာ လျင်မြန်ပြီး ရက်စက်ကာ ကျောက်ကျစ်ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးပေါက်များကဲ့သို့ ကျရောက်လာပြီး လက်သီးနှင့် အသားတို့ တိုက်မိသည့် အသံများ ထွက်ပေါ်လာကာ တစ်ချက်ပြီးတစ်ချက် ထိုးကြိတ်သဖြင့် ကျောက်ကျစ်ဖန်မှာ အော်ဟစ် ငိုကြွေးကာ သနားခံရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

ဟော်ချန်ယဲ့၏ မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေပြီး မျက်လွှာချထားကာ စိတ်ခံစားမှု အပြောင်းအလဲ သိပ်မရှိသော်လည်း ကျောက်ကျစ်ဟွာ၏ ရှုထောင့်မှ ကြည့်လျှင်မူ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဟော်ချန်ယဲ့၏ မျက်လုံးများမှာ အလွန်အေးစက်နေပြီး သူ့ကို တိုက်ရိုက် ကြည့်လိုက်လျှင်ပင် တုန်ရီသွားလောက်အောင် ဖြစ်ရ၏။

အသားရောင် အမာရွတ်များမှာ အောက်ဘက်ထောင့်မှ ကြည့်လျှင် အလွန် သိသာထင်ရှားနေပြီး ရိုင်းစိုင်းကာ ရက်စက်သော အငွေ့အသက်များက သူ့မျက်နှာဆီသို့ ဖြာထွက်လာသဖြင့် ကျောက်ကျစ်ဖန်က သူ့ကို ဖိထားပြီး ရိုက်နှက်နေသူမှာ သားရဲတစ်ကောင်နှင့် တူသည်ဟုပင် ထင်မှတ်သွားလေသည်။ မဟုတ်ပါက မည်သူက ဤမျှလောက် ကြီးမားသော ခွန်အားမျိုး ရှိနိုင်မည်နည်း။

သူသည် သိသာထင်ရှားစွာပင် အရွယ်ရောက်ပြီးသူ တစ်ဦးဖြစ်သော်လည်း ဟော်ချန်ယဲ့၏ ဖိနှိပ်ရိုက်နှက်ခြင်းကို ခံနေရပြီး လုံးဝ မခုခံနိုင်ဘဲ လှုပ်ပင် မလှုပ်နိုင်ကာ အားနည်းသော ညည်းတွားသံကိုသာ ပြုနိုင်လေသည်။

ကျောက်ကျစ်ဖန်သည် သူ ရိုက်သတ်ခံရတော့မည်ဟု ခံစားလိုက်ရပြီး အလွန် ကြောက်လန့်သွားသဖြင့် မျက်ရည်များပင် ထွက်လာလေသည်။

သူ အလျင်စလို သနားခံကာ ငိုယိုအော်ဟစ်လေတော့၏။

"ငါ တကယ် မှားမှန်း သိပါပြီ၊ အိုး၊ ငါ မှားသွားပါပြီ၊ နောက် ဘယ်တော့မှ မပြောတော့ပါဘူး၊ အား၊ အား၊ ခုနက ငါပြောခဲ့တာတွေက၊ ဟော်ချန်ယဲ့၊ ငါ့ကို မရိုက်ပါနဲ့တော့၊ နာလွန်းလို့ သေတော့မယ်"

ဟော်ချန်ယဲ့ ဖြည်းညင်းစွာ ရပ်တန့်လိုက်ပြီး ကျောက်ကျစ်ဟွာကို အထက်စီးမှ ငုံ့ကြည့်ကာ ပါးလွှာသော နှုတ်ခမ်းများကို အေးစက်စွာ စေ့ထား၏။ သူ့မျက်လုံးများတွင် မည်သည့် စိတ်ခံစားမှုမျှ မရှိပေ။

သူ ခံစားချက်မဲ့စွာဖြင့် လက်သီးများကို ဆုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း ဒီစကားတွေ ထပ်ပြောတာကို ငါ သိရရင်၊ ဒီလောက် ပေါ့ပေါ့ပါးပါးလေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး"

ရှူး။

ကျောက်ကျစ်ဟွာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်သံယို ဖြစ်နေသော ပွန်းပဲ့ဒဏ်ရာများကို ပွတ်သပ်ရင်း မျက်ရည်မထွက်ဘဲ ငိုချင်နေ၏။

ဒါကို ပေါ့ပေါ့ပါးပါးလို့ ခေါ်သေးတာလား။ သူ နာလွန်းလို့ သေတော့မလိုပဲ။

ဟော်ချန်ယဲ့မှာ အလွန် ကြောက်စရာကောင်းပြီး နောင်ကျလျှင် သူတို့အကြောင်း ဘာမျှ မပြောရဲတော့ပေ။ မည်သို့ဆိုဆို သူက ဤမျှအထိ ရိုက်နှက်နိုင်ကာ ရူးသွပ်နေသည်မို့ တစ်နေ့လျှင် အိမ်တံခါးကို ပိတ်ထားလျက် သူ့အား ဖိနှိပ်ထားမည်ကို အမှန် ကြောက်နေမိသည်။

ကျောက်ကျစ်ဖန် ကြောက်လန့်သွားသည်။

ဟော်ချန်ယဲ့ ယခင်က စစ်သား လုပ်ခဲ့ဖူးပြီး ဤသို့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုး ရှိနေခြင်းအား သူက နောက်ကျမှ တွေးမိတော့သည်။ စက်ရုံအလုပ်သမားဖြစ်သည့် သူ့အနေနှင့် သေချာပေါက် ယှဉ်နိုင်မည်မဟုတ်။

သူ ပိုလို့တောင် ငိုချင်သွားလေသည်။

သူ အိမ်ပြန်ပြီး အဝတ်အစား လဲချင်သော်လည်း ဟော်ချန်ယဲ့ မလှုပ်သေးသည်ကို မြင်သောအခါ သူ မထွက်ခွာရဲသလို အခြားသူများ၏ လှောင်ပြောင်ခြင်းကိုလည်း ကြောက်ရွံ့နေမိသည်။

သူ့ခန္ဓာကိုယ်မှာ နာကျင်နေဆဲဖြစ်ပြီး အချိန်အတော်ကြာ အရိုက်ခံရပြီးနောက် သူ မတုံ့ပြန်နိုင်တော့သဖြင့် ထိုနေရာတွင် ပုစွန်ဆိတ်လေးကဲ့သို့ ကွေးကွေးလေးနေကာ ညည်းညူနေရုံသာ တတ်နိုင်လေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟော်ချန်ယဲ့မှာ အတော်လေးတည် ငြိမ်နေ၏။ သူ့ဘေးနားတွင် ရေတစ္ဆေနှင့်တူသော လူတစ်ယောက် အဆက်မပြတ် ညည်းတွားနေသည်ကို သတိမထားမိသကဲ့သို့ပင် ငါးစာကို အကြိမ်အနည်းငယ် ပြောင်းကာ ငါးအများအပြားကို ဖမ်းမိလေသည်။

ရေပုံးငယ်အတွင်းရှိ ငါးသိုင်းလေးများမှာ ခုန်ပေါက်နေကြပြီး အကြီးဆုံးမှာ လူကြီးတစ်ဦး၏ လက်ဝါးတစ်ဝက်ခန့်သာ ရှိသော်လည်း ဤသို့သော ငါးငယ်လေးများမှာ ကြော်စားလျှင် အလွန် အရသာရှိလှသည်။

ဟော်ချန်ယဲ့ လုံလောက်ပြီဟု ခံစားရသည့်အချိန်မှသာ မတ်တတ်ရပ်ကာ ငါးမျှားတံကို သိမ်းဆည်းပြီး အိမ်သို့ ပြန်လာခဲ့သည်။

All Chapters