အခန်း ၇၆
Vol. 8 Ch. 76
🐽 Chapter 76
ညမှာ မှောင်မည်းနေပြီး အခန်းထဲတွင် မီးမရှိဘဲ ပြတင်းပေါက်မှ ဝင်လာသည့် လရောင်သာ ရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် ခန္ဓာကိုယ်၏ အာရုံခံစားမှုတိုင်းမှာ ပိုသိသာထင်ရှားလာရ၏။
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး၏ သွားလေးများဖြင့် ကိုက်နေသည့် ခံစားချက်ကိုပင် ရှင်းလင်းစွာ သိရှိနေရသည်။ သူ့ပုခုံးပေါ်တွင် နုညံ့ပြီး စိုစွတ်သော လျှာဖျားလေးနှင့် ထိတွေ့နေသလိုပင် ခံစားနေရ၏။
ဖြစ်နိုင်သည်မှာ ထိုခံစားချက်က စိတ်ကူးယဉ်မှု မဟုတ်ပေ။
ထိုသို့ တွေးမိသည်နှင့် ဟော်ချန်ယဲ့၏ အသက်ရှူသံများမှာ ပို၍ပြင်းထန်လာရသည်။
သူ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လည်စိမှာ လှုပ်ရှားသွားကာ အသက်ရှူသံများမှာလည်း လေးလံနေ၏။ ရေချိုးပြီးခါစ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ့ခန္ဓာကိုယ်ပေါ်တွင် ချွေးစေးများ ပြန်လာကာ နဖူးမှတစ်ဆင့် တဖြည်းဖြည်း စီးကျလာတော့သည်။
ဟော်ချန်ယဲ့ သည်းခံနေရင်း မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို ထပ်ခါတလဲလဲ ဖိစေ့လိုက်မိသည်။ သူက လက်ကို မြှောက်ကာ ယွီရွေ့ကျူး၏ ခေါင်းလေးကို ကိုင်၍ တားလိုက်၏။
"မလုပ်နဲ့ ယွီရွေ့ကျူး မကိုက်နဲ့တော့"
ဟော်ချန်ယဲ့၏ပုခုံးသားကို ကိုက်ထားသော ယွီရွေ့ကျူးမှာ သူ့ပခုံးကို ပွတ်သပ်လိုက်ပြီး သူ နာကျင်နေဟန်ရှိသည်ကို မြင်သောအခါမှ ကျေနပ်စွာ ပြုံးလိုက်တော့သည်။
အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ဖြစ်၏။
သူမက သူ့လက်ကို ဆွဲယူကာ ကလေးလေးတစ်ယောက်လို ချွဲနွဲ့လိုက်သည်။
"ဒါဆိုရင် ကျွန်မ ဘက်ကို တိုးလာလေ၊ စောင်ကိုလည်း အနားကိုယူလာခဲ့၊ ကျွန်မတို့က ကြင်စဦးတွေလေ၊ ရှင် ဒီလိုလုပ်နေတာက ကျွန်မတို့ ဆက်ဆံရေးမကောင်းလို့ လမ်းခွဲထားသလို ဖြစ်နေတာပေါ့"
ဟော်ချန်ယဲ့ သူမကို မကြည့်ရဲသဖြင့် အလိုက်သင့်ပင်ပြန်
ဖြေလိုက်ရ၏။
သူက အသက်ပြင်းပြင်း ရှူချင်စိတ်ကို ထိန်းချုပ်ကာ မျက်လုံးမှိတ်ထားချင်စိတ်ကိုလည်း အောင့်အည်းထားပြီးမှ အိပ်ရာမှ ထလိုက်သည်။
သူကိုယ်တိုင်ပင် စောင်ကို ယွီရွေ့ကျူးရှိရာ ဘက်သို့ ဆွဲယူလိုက်၏။
ရေလို အေးစက်သော ညတွင် ပြန်လည် လှဲလျောင်းလိုက်ပြီးနောက် ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်မှာ အလွန်တရာ တောင့်တင်းနေသည်။
စစ်သားတစ်ယောက်ကဲ့သို့ပင် ခုတင်ပေါ်တွင် တောင့်တောင့်ကြီး လှဲနေမိ၏။
သူ လုံးဝ မလှုပ်ရဲပေ။ ယွီရွေ့ကျူးနှင့် သူ့ကြား အကွာအဝေးမှာလည်း အလွန်ပင် နီးကပ်လွန်းလှသည်။
မင်္ဂလာဆောင်သည့် ညက ဟော်ချန်ယဲ့သာဆိုလျှင် ယွီရွေ့ကျူးနှင့် ဤမျှ ရင်းနှီးစွာ လှဲလျောင်းနေရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်မိမည် မဟုတ်ပေ။
လက်မောင်းကို အနည်းငယ် လှုပ်လိုက်ရုံဖြင့် တစ်ဖက်လူ၏ လက်မောင်းကို ထိတွေ့နိုင်သလို ခံစားရသည်။ အသားအ ရေ၏ အေးမြပြီး နုညံ့သော အထိအတွေ့မှာ ညဉ့်နက်ပိုင်းတွင် ပိုမိုထင်ရှားနေ၏။
အသက်ရှူသံကိုပင် ရှင်းလင်းစွာ ကြားနေရသည်။
နှစ်ဖက်စလုံးမှ ထွက်ပေါ်လာသည့် အသက်ရှူသံများဖြစ်စေ၊ ခပ်စူးစူး ဟောက်သံဖြစ်စေ အကုန်ကြားနေရ၏။
နေ့ရောညပါ ရနေကျဖြစ်သော သင်းပျံ့သည့် ရနံ့မှာလည်း နီးကပ်လွန်းလှသဖြင့် ပို၍ပင် မွှေးပျံ့နေတော့သည်။
ဟော်ချန်ယဲ့မှာ ပန်းစည်းတစ်ခုထဲတွင် ပိတ်မိနေသလို ခံစားရပြီး ယွီရွေ့ကျူး၏ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာနံ့များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။
ဟော်ချန်ယဲ့ သူထံမရှိသည့်အရာများအား လျှောက်မတွေးဘဲ အမြန်အိပ်ပျော်သွားရန် မိမိကိုယ်ကို သတိပေးနေမိသည်။
သို့သော် ယနေ့ညတွင်မူ သူ့ခေါင်းမှာ ပို၍ ကြည်လင်နေပြီး အိပ်ချင်စိတ် လုံးဝမရှိဘဲ ဦးနှောက်နှင့် ဦးရေပြားများပင် ထုံကျဉ်နေ၏။ သူ လုံးဝ အိပ်မပျော်နိုင်ပေ။ မျက်လုံးမှိတ်ထားသော်လည်း သူ အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်ကို မိမိကိုယ်ကိုယ် သိနေသည်။
ပက်လက်လှဲနေရင်း အသက်ရှူသံများမှာ မငြိမ်မသက် ဖြစ်နေကာ ဆုပ်ကိုင်ထားသော လက်ချောင်းများမှာလည်း တစ်ခုနှင့်တစ်ခု ပွတ်သပ်နေမိ၏။
တောက်~
ယွီရွေ့ကျူး၏ တောင်းဆိုချက်ကို ဘာကြောင့် သဘောတူပြီး စောင်ကို ရွှေ့ပေးလိုက်မိပါလိမ့်။ ဘာကြောင့် အိပ်ရာမဝင်ခင် သူတို့ကြားက စောင်ကို ဖယ်ရှားလိုက်မိပါလိမ့်။ ယခုမူ သူ အနေရခက်ပြီး ဘာလုပ်ရမှန်း မသိသည့် အခြေအနေသို့ ရောက်ရှိနေရချေပြီ။
ဟော်ချန်ယဲ့ကို ပိုတောင့်တင်းသွားစေသည့် အချက်မှာ စောင်၏တစ်ဖက်တွင် လှဲနေသော ယွီရွေ့ကျူးက သူ့ဘက်သို့ တိုးကပ်လာခြင်း ဖြစ်၏။
နုညံ့သော အထိအတွေ့က သူ့လက်မောင်းကို လာထိသည့်အခါ ဟော်ချန်ယဲ့မျက်နှာမှာ ချက်ချင်းနီမြန်းသွားပြီး လက်ကို အမြန် ပြန်ရုပ်လိုက်သည်။
"ယွီရွေ့ကျူး၊ မင်း လျှောက်မလှုပ်နဲ့လေ"
ယွီရွေ့ကျူးက မျက်တောင်ခတ်ကာ သူ့ကို အပြစ်ကင်းစင်စွာ ပြုံးပြလိုက်၏။
"ကျွန်မက ဘာဖြစ်လို့လဲ၊ ရှင့်ကြည့်ရတာ အနေရခက်နေသလိုပဲ၊ အမြဲတမ်းလည်း ချွေးတွေထွက်နေတော့ ရှင့်အသား အရေက ဘယ်လောက် ပူနေလဲလို့ ထိကြည့်တာပါ၊ ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ပြင်းထန်နေရတာလဲ"
"ရှင်က အရမ်းဆိုးတာပဲ"
ယွီရွေ့ကျူးက သူ့ပေါ်သို့ စိတ်ဆိုးမာန်ဆိုးဖြင့် ဖိချလိုက်သည်။ သူမ၏ ကြောင်မျက်လုံးလေးများက သူ့ကို စိုက်ကြည့်နေပြီး ပန်းရောင်ဂါဝန်မှာ သူမ၏ လှုပ်ရှားမှုကြောင့် အနည်းငယ် လျော့ကျနေကာ လှပသော ညှပ်ရိုးလေးများမှာ သူမ၏ အသက်ရှူသံနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေရာ အသက်ရှုရှားလောက်သည့် အလှတရားအား ပေးစွမ်းနေ၏။
သူမ လက်ညှိုးလေးက သူမ ကိုက်ခဲ့သည့် ဟော်ချန်ယဲ့၏ ပုခုံးပေါ်သို့ ထောက်ထားပြီး မျက်လုံးလေးများ ပြူးကာ စိုက်ကြည့်နေသည်။
"ဘာလဲ၊ ထိတာတောင် မခံနိုင်ဘူးလား၊ ကျွန်မက ထိမှာပဲ၊ ဟော်ချန်ယဲ့၊ ရှင်က မင်္ဂလာဆောင်တုန်းကလို ကျွန်မကို စောင်နဲ့ ပြန်ထုတ်ထားချင်သေးတာလား"
သူမက အမှန်တကယ်ပင် ရဲတင်းလွန်းလှသည်။
အခြားလူများကဲ့သို့ သူ့ကို မကြောက်သည့်အပြင် လက် သည်းလေးများဖြင့် သူ့ကို ကုတ်ခြစ်နေသည့် သားရဲငယ်လေး တစ်ကောင်ကဲ့သို့ သူ့အပေါ်တွင် စိတ်ကြိုက်နိုင်ထက် စီးနင်း လုပ်နေတော့သည်။
ဟော်ချန်ယဲ့ မျက်လုံးမှိတ်လိုက်ပြီး အသံခပ်အက်အက်ဖြင့် တိုးတိုးလေး ပြောလိုက်၏။
"မဟုတ်ပါဘူး၊ ကိုယ် အဲ့ဒီလို မတွေးပါဘူး"
မသင့်တော်သော်လည်း ထိုအချိန်တွင် ဟော်ချန်ယဲ့မှာ ကွယ်လွန်သွားပြီဖြစ်သော သူ့မိဘများကို ရုတ်တရက် သတိရသွားသည်။
သူတို့လည်း အစပိုင်းတွင် ဤသို့ပင် ဖြစ်ခဲ့ကြမည်မှာ သေချာလှ၏။
ထိုစဉ်က သူ့အဒေါ်က သူ့ဖခင်ကို ဘယ်လို ခေါ်ခဲ့ပါလိမ့်။
မယားကြောက် လို့ ထင်တာပဲ။
သူ့ လက်ချောင်းဖျားများ တဖြည်းဖြည်း ဆန့်တန်းသွားကာ ယွီရွေ့ကျူး ဝမ်းဗိုက်အောက်ပိုင်းဆီသို့ ညင်သာစွာ သက်ဆင်းလာသည်။
ယွီရွေ့ကျူး ခါးသိမ်သိမ်လေးကို ဟော်ချန်ယဲ့ သတိထားမိခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ပုံမှန်အားဖြင့် သူမ အဝတ် အစားများ ဝတ်ဆင်ထားသည့်အခါတိုင်း ခါးတစ်ဝိုက်တွင် နေရာလွတ်များ အမြဲကျန်နေတတ်ပြီး စကတ်ဝတ်ဆင်ထားချိန်တွင်မူ ခါးလေးမှာ ပိုမိုတင်းကျပ်သွားကာ မယုံနိုင်စရာကောင်းလောက်အောင်ပင် သေးသွယ်ကျစ်လျစ်သွားသည်။
သို့သော် ယခုအချိန်တွင်မူ သူ့ လက်ဖဝါးဖြင့် တစ်လက်မချင်း တိုင်းတာနိုင်ပြီး နူးညံ့ပျော့ပျောင်းနေသော သူမ အသားအရေကို ထိတွေ့ရင်း သူမ ခါးအတိုင်းကို မရမီ တစ်ပတ်ပြည့်အောင် ခဲယဉ်းစွာ ပတ်လိုက်ရသောအခါတွင် ထိုအတိုင်းမှာ မည်မျှတိုင် သေးသွယ်နေကြောင်း ဟော်ချန်ယဲ့တစ်ယောက် လက်တွေ့ သိသွားရတော့သည်။
'သူက ပုံမှန်ဆို အစားကောင်းကောင်းစားပြီး သရေစာစားရတာကိုတောင် ကြိုက်သေးတာ၊ ဘာလို့ ဒီလောက်တောင် ပိန်ပါးနေရတာလဲ'
'ကြောင်ပေါက်လေးတစ်ကောင်လို အစားနည်းလွန်းလို့များလား'
ယွီရွေ့ကျူး ကိုယ်အပူချိန်နှင့် သေးသွယ်သောခါး အထိအတွေ့ကို ခံစားနေရဆဲဖြစ်သည့်အလား သူ့ လက်ချောင်းထိပ်များမှာ ပူနွေးနေဆဲပင်။
ဟော်ချန်ယဲ့ ပါးလွှာသော နှုတ်ခမ်းများမှာ တင်းကျပ်စွာ ပိတ်မိသွားသည်။ သူမ ခါးအတိုင်း ရရှိပြီးနောက်တွင် သူ သက်ပြင်းချသော်လည်း စိတ်သက်သာရာ ရမသွားခဲ့ချေ။ ထိုအစား သူ့ ရင်ထဲတွင် ပို၍ပင် မွန်းကျပ်လာရသည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်တိုင်းတာရမည့် အရာများမှာ ပိုခက်ခဲကာ နှုတ်မှ ထုတ်ပြောရန်ပင် အလွန်ခက်ခဲနေသောကြောင့် ဖြစ်သည်။
သူမရင်ဘတ်နှင့် တင်ပါးတို့ကိုလည်း သူ ဆက်လက် တိုင်းရဦးမည်ဖြစ်သည်။ တစ်ခုချင်းစီတိုင်းမှာ တိုင်းတာရန် အလွန်တရာ ခက်ခဲလှပြီး မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိနိုင်အောင် ဖြစ်နေရသည်။ ၎င်းတို့အားလုံးမှာ အလွန်တရာ ကိုယ်ရေးကိုယ်တာဆန်လွန်းပြီး မရေမရာဖြစ်ကာ အလွန်အမင်း ရင်းနှီးထိတွေ့ရမည့် အစိတ်အပိုင်းများ ဖြစ်နေသည်။
ဟော်ချန်ယဲ့ ပြင်းထန်စွာ သက်ပြင်းချပြီးနောက်မှ သူ့ကိုယ်ပေါ်တွင် ချွေးများ ရွှဲနစ်နေကာ နဖူးပေါ်ရှိ ဆံပင်များပင် စိုစွတ်နေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
ဟော်ချန်ယဲ့ မျက်လုံးများကို မှိတ်ထားရင်း ဆက်လက်တိုင်းတာရန် အရှုံးပေးချင်စိတ်များ ပေါ်လာစဉ် သူ့ လက်ချောင်းများမှာ တုန်ရီနေသည်။ သို့သော် သူ အတိုင်းအတာ တစ်ခုကို တိုင်းတာပြီးခဲ့ပြီ ဖြစ်သလို အဝတ်စကိုပင် ဝယ်ယူထားပြီး ဖြစ်သည်။
သူ အချိန်အတော်ကြာအောင် တွေဝေနေခဲ့ပြီးနောက် အဆုံးတွင်တော့ အံ့ကိုတင်းတင်းကြိတ်ကာ ခေါင်းကိုငုံ့လျက် ယွီရွေ့ကျူးအနားသို့ တိုးကပ်သွားလေသည်။
သူ့ လက်ချောင်းထိပ်များ သူမ အသားအရေနှင့် ထိတွေ့သွားချိန်တွင် သူ့ လက်ချောင်းများ အနည်းငယ် တုန်ယင်နေကြောင်း ဟော်ချန်ယဲ့ သတိပြုမိသည်။ သူ့ ပါးပြင်ပေါ်မှ အပူချိန်မှာ ပို၍ပို၍ ပူလောင်လာကာ နားရွက်ဖျားများပင် ရဲတက်လာသဖြင့် လက်ကို မြှောက်ကာ ပွတ်သပ်ပစ်ချင်စိတ်များပင် ပေါ်လာရသည်။
ထိုသို့ကြားကပင် သူ့ လက်ကို စိတ်မရှည်စွာ မြှောက်ပြီး နားရွက်ဖျားကို ကြမ်းတမ်းစွာ ဆွဲလိမ်မိသည်။ ထိုသို့လုပ်ဆောင်ရာတွင် သူ သုံးစွဲလိုက်သော ခွန်အားမှာ ယွီရွေ့ကျူးအား ထိတွေ့စဉ်ကနှင့် လုံးဝကို ကွာခြားသည်။
ထို့နောက် ဟော်ချန်ယဲ့ တတ်နိုင်သမျှ စိတ်အေးအေးထားကာ ပါးလွှာသော နှုတ်ခမ်းများကို စေ့ထားရင်း တစ်ကိုယ်လုံးမှာ တောင့်တင်းနေသည်။ သူ့ကြမ်းတမ်းသော လက်ဖဝါးသည် ယွီရွေ့ကျူး ကျောပြင်ပေါ်သို့ ကျရောက်သွားပြီး သူမ ရင်ဘတ်ဆီသို့ ဖြည်းညင်းစွာ တိုင်တာသည်။
ဟော်ချန်ယဲ့သည် ယွီရွေ့ကျူး အသားအရေကို တိုက်ရိုက်မထိမိစေရန်နှင့် တတ်နိုင်သမျှ ညင်သာစွာ လှုပ်ရှားနိုင်ရန် အစွမ်းကုန် ကြိုးစားမိသည်။ လေထဲတွင် ရပ်တန့်နေသော သူ့ လက်ချောင်းများသည် ယွီရွေ့ကျူး ရင်ဘတ်အထက်သို့ ကျရောက်သွားပြီးနောက် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တော့သည်။
သူသည် ယွီရွေ့ကျူးကို လက်မောင်းထဲတွင် ရစ်ပတ်ထားကာ ဖက်ထားသည့် ကိုယ်နေဟန်ထားမျိုးဖြင့် သူ့ လက်ချောင်းထိပ်များက သူမ ကျောပြင်မှတစ်ဆင့် ရင်ဘတ်ဆီသို့ ဖြည်းညင်းစွာ လိုက်လံထိတွေ့လေသည်။
ဤညှဉ်းပန်းနှိပ်စက်မှုကဲ့သို့သော အခြေအနေကို အဆုံးသတ်နိုင်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားနေသော်ငြား ဟော်ချန်ယဲ့ မျက်လုံးထဲတွင်မူ အရာအားလုံးမှာ မယုံနိုင်လောက်အောင် နှေးကွေးသွားသည်။ သူ့ ဆန့်တန်းထားသော လက်ချောင်းများသည် ပါးလွှာသော အဝတ်စမှတစ်ဆင့် ယွီရွေ့ကျူး အရေပြားမှ နွေးထွေးမှုကို ခံစားနေရပြီး ဖော်ပြမတတ်သော ခံစားချက်ကိုပါ ခံစားနေရသည်။
ဟော်ချန်ယဲ့သည် အလိုအလျောက်ပင် လက်ချောင်းထိပ်များကို ကွေးကာ ပြန်ရုပ်သိမ်းချင်သွားပြီး သူ့ ပါးလွှာသော နှုတ်ခမ်းများမှာ တင်းကျပ်စွာ ပိတ်စေ့သွားကာ အသက်ရှူသံများမှာလည်း ပို၍ပို၍ မြန်ဆန်လာတော့သည်။
သို့သော် ထိုလှုပ်ရှားမှုမှာ ပို၍ပင် ရင်းနှီးသော အထိအတွေ့ကို ဖန်တီးပေးသလိုဖြစ်သွားရပြီး ယွီရွေ့ကျူး၏ မသက်မသာဖြစ်နေသော အိပ်စက်သည့် ကိုယ်နေဟန်ထားကြောင့် သူနှင့် ပိုမိုပွတ်တိုက်မိသွားရာ သူ့ လက်ဖဝါးနှင့် လက်ချောင်းများမှာ အလွန်သိသာထင်ရှားသော အရာတစ်ခုကို ဆုပ်ကိုင်မိသွားသည်။