← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

🐽 Chapter 79

သူ့ စိတ်အစဉ်မှာ ဂနာမငြိမ် ဖြစ်နေရသည်။

ယွီရွေ့ကျူး သူ့ကို ပါးရိုက်ခဲ့သည့် အချိန်ကတည်းက သူ အလွန် ဒေါသထွက်နေခဲ့သဖြင့် သူမကို ရှာရန် ယွီရွေ့ကျူး ဈေးဆိုင်သို့ မသွားခဲ့ခြင်း ဖြစ်သည်။

မူလက သူမကို သင်ခန်းစာပေးရန်အတွက် အေးစက်စက် ဆက်ဆံရန် သူ စီစဉ်ထားခဲ့သော်လည်း ဈေးထဲတွင် တွေ့ဆုံချိန်၌ ယွီရွေ့ကျူးက သူ့ကို ဝင်တိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ထို့အပြင် သူမထံ၌ နောင်တရနေသည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။ မြို့လေးမှာ အလွန်သေးငယ်ပြီး မည်သို့ပင်ဖြစ်စေ ယွီရွေ့ကျူးက သူ့ကို ဈေးထဲတွင် မြင်တွေ့နိုင်မည်ကို သိပါလျက်နှင့် စုန့်ချင်းရှန်းသည် ကျီချိုးရှင်းနှင့်အတူ တမင်သွားခဲ့ခြင်း ဖြစ်သည်။

ယွီရွေ့ကျူး သဝန်တိုနေသော မျက်နှာအမူအရာကို မြင်ရမည်ဟု သူ ထင်ထားခဲ့ပြီး ယွီရွေ့ကျူးနှင့် ကျီချိုးရှင်းတို့အပေါ် သူ့ခံစားချက်များအတွက် ဤဖြစ်ရပ်ကို ဓာတ်ကူပစ္စည်းတစ်ခုအဖြစ် အသုံးပြုရန်ပင် သူ ကြိုတင် စီစဉ်ထားခဲ့သည်။ သို့သော် ယွီရွေ့ကျူးမှာ အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေပြီး ကျီချိုးရှင်းကို ဘာမှမပြောသလို ဘာမှလည်း မလုပ်ခဲ့ပေ။ ထိုအစား သူမက...

စုန့်ချင်းရှန်း မျက်နှာရှုံ့မဲ့သွားကာ သူ့ ပခုံးကို ပွတ်သပ်လိုက်ပြီး နာကျင်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က သူ့ကို တစ်ယောက်တစ်လှည့်စီ ဝင်တိုက်ခဲ့ကြခြင်းပင်။ ယွီရွေ့ကျူး တိုက်သည်မှာ သိပ်မနာသော်လည်း ဟော်ချန်ယဲ့ ဝင်တိုက်မှုကမူ သူ့ကို သံပြားဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ ၎င်းသည် ဝက်သားသည် တစ်ယောက်ဖြစ်ပြီး သူ့တွင် ရှိသမျှမှာ သားရဲတစ်ကောင်ကဲ့သို့ ခွန်အားများသာ ဖြစ်သည်ဟုဆိုရမည်။

မွန်းတည့်ချိန်တွင် ရာသီဥတုက အနည်းငယ် ပူပြင်းအိုက်စပ်နေသည်။

စုန့်ချင်းရှန်းသည် ဝက်သားသည်ဆိုင်ကို အကြိမ်ကြိမ် လှမ်းကြည့်မိပြီး ယွီရွေ့ကျူးမှာ ပင်ပန်းနွမ်းနယ်နေသည်ကို သို့မဟုတ် အတင်းအကျပ် ပြုံးနေရသည်ကို မြင်တွေ့ရရန် မျှော်လင့်မိသည်။

သို့သော် သူမသည် ဘေးမှ လူများနှင့် စကားပြောကာ ရယ်မောနေပြီး သူ့ကို လုံးဝ ဂရုမစိုက်သည့်အလားပင်။ သူမသည် စောစောက သူ့ကို ဝင်တိုက်ခဲ့ခြင်းကိုလည်း ဂရုစိုက်ပုံမရချေ။

စုန့်ချင်းရှန်း လက်သီးကို တင်းကျပ်စွာ ဆုပ်ထားမိကာ စားပွဲပေါ်တွင် လက်ချောင်းများကို ဟိုဟိုဒီဒီ ခေါက်နေပြီး မျက်မှောင်ကြုတ်လျက် သူ့ စိတ်အခြေအနေမှာ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လွယ်နေသည်။

ယွီရွေ့ကျူးက ယခင်ကနှင့် ကွာခြားသွားသလိုပင်။ သူမနှင့် ပတ်သက်၍ သူ နားမလည်နိုင်သော ဝေဝါးသည့် ခံစားချက်တစ်ခုကို ခံစားရသည်။

ထိုခံစားချက်က မငြိမ်မသက်ဖြစ်စေပြီး စုန့်ချင်းရှန်းကို အလွန် မသက်မသာဖြစ်စေသော စိတ်အနှောင့်အယှက်ကို ပေးစွမ်းနေသည်။

သူ ဝန်မခံချင်သော်လည်း ၎င်းမှာ စိုးရိမ်ပူပန်မှုဖြစ်ကြောင်း သူ ကောင်းစွာ သိသည်။

ယခင်က သူ ဘာပဲလုပ်လုပ် ယွီရွေ့ကျူးက သူ့နောက်ကို တစ်ကောက်ကောက် လိုက်နေမည်ဖြစ်ပြီး သူမကို ဘယ်တော့မှ ခါချ၍ ရမည်မဟုတ်ချေ။ သူ လှည့်ကြည့်လိုက်ပါက မည်သို့ပင်ဖြစ်စေ သူမကို အမြဲတမ်း မြင်တွေ့နိုင်မည်ဟု ထင်ရသည်။

ယွီရွေ့ကျူး ငယ်ငယ်က ရွာထဲရှိ ကလေးများ အနိုင်ကျင့်ခြင်းကို ခံရချိန်တွင် သူမသည် ငိုယိုကာ သူ့ထံသို့သာ ပြေးလာပြီး သူမအတွက် လက်စားချေပေးရန် တောင်းဆိုလေ့ရှိသည်။

သို့သော် ယခုတော့...

စုန့်ချင်းရှန်း အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာကာ သူ့ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီး လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။

ယမန်နေ့က ဈေးထဲတွင် သူ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်လည် အမှတ်ရသွားသည်။

သူနှင့် ကျီချိုးရှင်းတို့ လက်ချင်းချိတ်ထားခဲ့သော်လည်း ယွီရွေ့ကျူးနှင့် ထိုဝက်သားသည်တို့ကလည်း လက်ချင်းချိတ်ထားခဲ့ကြသည်။

သူမက သူ့ကိုမှလွဲ၍ ဘယ်သူ့ကိုမှ လက်မထပ်ဘူး၊ သူ့လိုလူမျိုးကိုပဲ အမြဲတမ်းချစ်သွားမှာဖြစ်ပြီး တခြားဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူးလို့ ယခင်က ပြောခဲ့ဖူးသည်။

သို့သော် သူမသည် ထိုဝက်သားသည် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူတို့ လက်များမှာ တစ်ခုနှင့်တစ်ခုဖိကပ် ထားကြသည်။

မကြာသေးမီက သူမသည် အလွန်စိတ်မရှည်ဖြစ်နေပြီး သူ့အား လုံးဝ မတွေ့ချင်သည့်အလားပင်။

'ဒါဆို ယွီရွေ့ကျူးက အဲဒီ အဓိပ္ပာယ်မရှိတဲ့ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကြောင့် တကယ်ပဲ အဲဒီဝက်သားသည်ကို သဘောကျသွားတာလား'

ထိုအတွေးက စုန့်ချင်းရှန်း စိတ်ထဲသို့ ဖြတ်ပြေးသွားသည့် အခိုက်အတန့်တွင်ပင် ၎င်းကို အလျင်အမြန် ဖယ်ချမိသည်။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

သူ ခပ်ပြင်းပြင် သက်ပြင်းချပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ယွီရွေ့ကျူးကို ထပ်ငုံ့ကြည့်မိပြန်သည်။

သူမက ပြုံးနေပြီး သူမ အသားအရေမှာ ဖြူဝင်းနေသည်။ အဝေးမှနေ၍ပင် စုန့်ချင်းရှန်းသည် သူမ မျက်နှာပေါ်ရှိ အမူအရာကို မှန်းဆနိုင်သည်။

သူမ မျက်လုံးများမှာ တောက်ပနေမည်ဖြစ်ပြီး မျက်လုံးထောင့်ရှိ အနီရောင်မှဲ့လေးမှာ သူမ အပြုံးနှင့်အတူ အနည်းငယ် ပင့်တက်သွားမည်မှာ သေချာသည်။

သူမသည် မြို့ထဲရှိ တောက်ပသော ဈေးဆိုင်များတွင် ရေတွက်မရနိုင်သော လူအများဆီမှ သဘောကျချီးကျူးခြင်းကို ခံရသည့် အပြည့်အဝ ပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့် တူလှသည်။

သူ့ မှောင်မည်းကာ စိုစွတ်နေသော အငှားအခန်းလေး အရိပ်အောက်တွင် အဝတ်လျှော်၊ ထမင်းဟင်းချက်ကာ အမြဲတမ်း အလုပ်ရှုပ်နေပြီး သူမ နာမည်နှင့် မျက်နှာကို ဘေးပတ်ဝန်း ကျင်ရှိလူများက အမြဲတမ်း မေ့လျော့နေတတ်သည့် ထိုမိန်းကလေး မဟုတ်တော့ပေ။

စုန့်ချင်းရှန်း သူမကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အလျင် အမြန် အကြည့်လွှဲလိုက်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနမှာ အမှန်တွင် သိပ်ပြီး အလုပ်မရှုပ်ပေ။ သူသည် အတွင်းရေးမှူး သမီးနှင့် အဆက်အ သွယ် ရှိနေသောကြောင့် ဌာနက သူ့ကို အလုပ်တာဝန်များ ပေးအပ်ခဲသဖြင့် သူမှာ အတော်လေး အေးအေးလူလူ ရှိနေလေသည်။

ထိုအချိန်တွင် စားပွဲပေါ်၌ ရိုးရှင်းသော စာအုပ်များနှင့် ကိရိယာများ ပြန့်ကျဲနေသည်။

စုန့်ချင်းရှန်းသည် မှတ်စုစာအုပ်ထဲတွင် ဟိုခြစ်ဒီခြစ် လုပ်နေပြီး လက်တစ်ဖက်ဖြင့် ပါးကိုထောက်ထားကာ လက်ချောင်းများက မျက်လုံးထောင့်ရှိ မှဲ့လေးကို ညင်သာစွာ ပွတ်သပ်နေရင်း သူ့ရင်ထဲမှ မငြိမ်မသက်ဖြစ်မှုများမှာ တဖြည်းဖြည်း လျော့ကျသွားလေသည်။

သူ မွန်းကျပ်နေသော လေများကို မှုတ်ထုတ်လိုက်သည်။

'မဟုတ်သေးဘူး'

'ယွီရွေ့ကျူးက အဲဒီဝက်သားသည်ကို သဘောကျသွားမှာ လုံး၀ မဟုတ်ဘူး'

ထိုလူက ရုပ်ရည်ကြမ်းတမ်းပြီး ငြီးငွေ့ဖွယ်ကောင်းကာ စိတ်မဝင်စားစရာကောင်းသည့် ကိုယ်ရည်ကိုယ်သွေး ရှိသည်။ မျက်နှာတွင်လည်း အမာရွတ်တစ်ခု ရှိပြီး သူ့လိုမျိုး ပို၍ အလားအလာရှိကာ လေးစားဖွယ်ကောင်းသော အလုပ်အ ကိုင်မျိုးလည်း မရှိချေ။

သူနှင့် နှိုင်းယှဉ်ပါက ထိုဝက်သားသည်မှာ အများကြီး နိမ့်ကျနေသည်။ ယွီရွေ့ကျူးတွင် မျက်လုံးရှိသည်။ သူမက ထိုဝက်သားသည်ကို မည်သို့စိတ်ဝင်စားနိုင်မည်နည်း။

စုန့်ချင်းရှန်း စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပစ်ပြီး သက်ပြင်းတစ်ချက်ချလိုက်ရာ သူ့ ယုံကြည်မှုများ ပြန်လည်ရောက်ရှိလာသည်။

ယွီရွေ့ကျူး စိတ်သဘောထားအရ သူက သူမကို အချိန်အတော်ကြာ လျစ်လျူရှုထားလိုက်ပါက သူမ သေချာပေါက် နောင်တရပြီး ထိတ်လန့်သွားမည်သာ ဖြစ်သည်။ ဘယ်သူသိနိုင်မလဲ၊ ကျီချိုးရှင်းကြောင့် မကြာခင်မှာ သူမက သူ့ကို လာရှာကောင်း ရှာနိုင်သည်။

စုန့်ချင်းရှန်း ပြတင်းပေါက်အပြင်ဘက်ရှိ ယွီရွေ့ကျူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ မျက်နှာကို တစ်ဖက်သို့ လှည့်သွားပြီး သူမကို ဆက်မကြည့်တော့ပေ။

...

ယွီရွေ့ကျူးသည် အနီးအနားရှိ မည်သည့် အဆောက်အအုံတွင် စုန့်ချင်းရှန်း အလုပ်လုပ်နေသည်ကို မသိသလို၊ သူ သူမကို ချောင်းကြည့်နေသည်ကိုလည်း မသိသည့်အပြင် သူ့ မကောင်းသော ရည်ရွယ်ချက်များကိုမူ ပိုလို့ပင်မသိနိုင်ချေ။

သူမသည် အလုပ်များလွန်းနေပြီး သူမစိတ်ထဲတွင် ဝက်သားနှပ်ရောင်းကာ ငွေရှာရန်သာ ပြည့်နှက်နေသဖြင့် စုန့်ချင်းရှန်းအကြောင်း တွေးရန် အချိန်မရှိပေ။ ယွီရွေ့ကျူးသည် စုံ့ချင်းရှန်းကို မျက်စိနောက်စရာကောင်းသဖြင့် သူမ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားစေရန်ပင် ဆန္ဒရှိနေမိသည်။

ထိုညနေခင်းတွင် သူမသည် ရှဲ့ယင်းယန်နှင့်အတူ ပြန်လာခဲ့သည်။ ရှဲ့ယင်းယန်မှာ မြန်ဆန်ကာ သန်မာသဖြင့် သူမ အိတ်ကြီးများကို မပင်မပန်းဘဲ သယ်ဆောင်ပေးခဲ့သည်။

မြင်းလှည်းပေါ်တွင် သူမနှင့်အတူ ထိုင်ရသဖြင့် ယွီရွေ့ကျူးမှာ တစ်ယောက်တည်း မဟုတ်တော့သည့်အလား လုံခြုံသလိုပင် ခံစားရသည်။

'အရမ်းကောင်းတာပဲ ဟော်ချန်ယဲ့က ရှဲ့ယင်းယန်ကို သူ့အဖော်အဖြစ် ထည့်ပေးလိုက်တာ မှန်သွားတယ်'

သို့သော် ပုံမှန်အားဖြင့် ယွီရွေ့ကျူး တစ်ယောက်တည်းသာ စီးလေ့ရှိသော အပြန်ခရီးတွင် ယခုအခါ ရှဲ့ယင်းယန်ပါ ပါဝင်လာခဲ့ပြီး မြို့ထဲတွင် ဈေးဝယ်ပြီးခါစပုံပေါ်သော မိန်းကလေးတစ်ဦးကလည်း ပိုက်ဆံပေးပြီးနောက် လှည်းပေါ်သို့ တက်လာသည်။

ယွီရွေ့ကျူး ထိုမိန်းကလေးကို ခပ်ရေးရေး ရင်းနှီးနေသလို ခံစားရသော်လည်း သူမကို အရင်က ဘယ်မှာ မြင်ဖူးသလဲဆိုတာ မမှတ်မိတော့ပေ။ တစ်ဖက်တွင်မူ ရှဲ့ယင်းယန်က သူမကို တိတ်ဆိတ်စွာ ဦးစွာ နှုတ်ဆက်လေသည်။

"ဆရာဝန်ချင် ရှင်လည်း ဒီမြင်းလှည်းနဲ့ ပြန်မှာလား"

ဆရာဝန်ချင်တဲ့လား ?

ယွီရွေ့ကျူးသည် သူတို့ မင်္ဂလာဦးညက ဟော်ချန်ယဲ့နှင့်အတူ ဆေးခန်းသို့ သွားစဉ်က ဤဆရာဝန်ချင်ကို တွေ့ခဲ့ရကြောင်း သတိရသွားသည်။ သူမကို အရင်က ဘယ်မှာ မြင်ဖူးသလဲဆိုတာ သူမ ပြန်မစဉ်းစားနိုင်မီမှာပင် သူမ မျက်နှာချင်းဆိုင်မှ ဆရာဝန်ချင်က သူမကို ဦးစွာလှမ်းကြည့်လာသည်။

All Chapters