← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

🐽 Chapter 80

ချင်စုလန်တစ်ယောက် မြို့ပေါ်ရှိ ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဈေးကွက်သမဝါယမသို့ ဈေးဝယ်ထွက်လာခဲ့ရာမှ ဟိုဟိုဒီဒီ လျှောက်သွားနေမိသဖြင့် အချိန်အနည်းငယ် လင့်သွားခဲ့သည်။ ညနေစောင်း၍ မြင်းလှည်းဖြင့် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် လှည်းပေါ်ရှိ လူများကို မမျှော်လင့်ဘဲ မြင်လိုက်ရတော့သည်။

ထိုသူများမှာ ရှဲ့ချီ ညီမနှင့် ဟော်ချန်ယဲ့၏ ဇနီးတို့ပင်။

မြို့ပေါ်ရှိ ဈေးဆိုင်ခန်းတစ်ခုတွင် သူမက ဝက်သားနီနှပ် အမြဲရောင်းလေ့ရှိကြောင်း ရွာခံများထံမှ ချင်စုလန် ကြားဖူးသည်။ သမဝါယမသို့ သူမ သွားစဉ်ကလည်း ထိုဆိုင်လေးကို လူတွေ ဝိုင်းအုံနေကြသည်ကို မြင်ခဲ့ရသော်လည်း သွားရောက် နှုတ်ဆက်ခြင်းတော့ မပြုခဲ့ပေ။ သို့သော်လည်း ဤကဲ့သို့ မြင်းလှည်းပေါ်၌ နီးနီးကပ်ကပ် ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ချင်စုလန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ယွီရွေ့ကျူးကို တိတ်တဆိတ် အကဲခတ်နေမိသည်။ တကယ်တမ်းဆိုရလျှင် ယွီရွေ့ကျူးကို သူမ အရင်က မြင်ဖူးသော်လည်း တစ်ကြိမ်သာဖြစ်ပြီး ဝိုးတဝါးမျှသာ မှတ်မိတော့သည်။

သူမ မင်္ဂလာဆောင်သည့် နှစ်ရက်အတွင်းက အိုးကြီးတစ်လုံးကိုတွန်းကာ သားသတ်ရုံဆီသို့ သွားနေသည့် ယွီရွေ့ကျူးကို ချင်စုလန် မြင်ခဲ့ရပြီး လမ်းပေါ်တွင် ပခုံးချင်းယှဉ်ကာ ဖြတ်လျှောက်သွားခဲ့ဖူးသော်လည်း ထိုနောက်ပိုင်းတွင်တော့ သိပ်မတွေ့ဖြစ်တော့ပေ။

ယခုအချိန်တွင်မူ ချင်စုလန်က မျက်နှာကို တည်ထားရင်း ယွီရွေ့ကျူးကို ခိုးကြည့်လိုက်သည်။ အနီးကပ်ကြည့်လိုက်သည့်အခါ ယွီရွေ့ကျူး အသားအရေမှာ အလွန်ဖြူဝင်းနေပြီး ချွေးပေါက်ပင်မရှိလောက်အောင် မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့နေသည်ကို သူမ သတိထားမိသွားသည်။ တစ်ခုခု လိမ်းကျံထား၍များလား သို့မဟုတ် မွေးရာပါ အသားဖြူတာများလားဟု သူမ တွေးနေမိသည်။

ထို့နောက် ချင်စုလန်က နှုတ်ခမ်းကို စေ့ထားကာ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် စကားစလေသည်။

"နင့်က တကယ် လှတာပဲ"

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ဆက်ဆံရေးကြောင့် ချင်စုလန်မှာ စိတ်အနှောင့်အယှက်ဖြစ်ကာ နေရခက်နေသော် လည်း သူမ အပြစ်အရှာဆုံးအမြင်ဖြင့် ကြည့်လျှင်ပင် ယွီရွေ့ကျူးမှာ လှပကြောင်း ဝန်ခံရပေမည်။

သူမ ဆံကေသာမှာ နက်မှောင်ကာ ထူထဲနေပြီး နေဝင်ဆည်း ဆာ အလင်းရောင်ကြောင့် ဆံမျှင်လေးများပေါ်တွင် အလင်း တန်းတစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ ထင်ရကာ အထူးပင် လှပနေတော့သည်။

သူမ၏မျက်လုံးများကလည်း တောက်ပနေကာ စုတ်တံအသေးလေးများကဲ့သို့ ထူထဲပြီး ကော့ညွှတ်နေသော မျက်တောင်လေးများရှိပြီး မျက်ထောင့်တွင် အနီရောင် မှဲ့လေးတစ်ခုရှိနေခြင်းက သူမကို မျက်စိတစ်မှိတ်မျှပင် အကြည့်မလွှဲနိုင်လောက်အောင် အလွန်ဆွဲဆောင်မှု ရှိစေ သည်။

သိပ်ကို လှပလွန်းလှသည်။

ချင်စုလန်လည်း သူမကိုယ်သူမ အနည်းငယ် မနာလိုဖြစ်နေကြောင်း ဝန်ခံမိပြီး မလိုလားသော ဝန်တိုစိတ်များ တဒိတ် ဒိတ် ခံစားမိသည်။

"အာ ကျေးဇူးတယ်ပါတယ်"

ယွီရွေ့ကျူး ပြန်ပြောလိုက်သည်။

သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အပြန် အလှန် မြှောက်ပင့်သည့် စကားဝိုင်းကို စတင်

တော့သည်။

"ရှင်က ဆရာဝန်ဖြစ်သလို အရည်အချင်းတွေ အပြည့်ရှိတာပဲ ပြီးတော့ ရှင့်အဝတ်အစားတွေကလည်း သိပ်လှပြီး အမြင်ရှိလိုက်တာ"

မကြည်လင်သော မျက်နှာထားဖြင့် သူမကို ခိုးကြည့်နေခဲ့သော ချင်စုလန်ပင်လျှင် ထိုစကားကို ကြားသောအခါ ပါးပြင်များ ရဲတက်သွားတော့သည်။ ထို့နောက် ယွီရွေ့ကျူးက တကယ်ကို စကားပြောကောင်းသည်ဟု တွေးလိုက်ရင်း သူမက မသိမသာပင် ရင်ကို ကော့မိသည်။

သူမ အဝတ်အစားများ...

ချင်စုလန်သည် ပြီးခဲ့သည့်အကြိမ်က ဟော်ချန်ယဲ့ ချီးကျူးခဲ့ဖူးသည့် သစ်ခွပန်းပွင့်လေးများ ပါဝင်သော လတ်ဆတ်ပြီး ကျက်သရေရှိသည့် အဖြူရောင် ဂါဝန်လေးကိုပင် ဝတ်ဆင်ထားသည်။

သူမကိုယ်တိုင်ကလည်း ထိုဂါဝန်လေးကို သဘောကျနေပြီးဖြစ်ကာ ယွီရွေ့ကျူးက ထိုသို့ပြောလိုက်သည့်အတွက် ပို သဘောကျသွားတော့သည်။

ယွီရွေ့ကျူးကို သဘောကောင်းသူတစ်ယောက်ဟုထင်သွားသောကြောင့်လားမသိ ချင်စုလန်မှာ သူမ အပြုအမူအပေါ် သိပ်ပြီး ဆန့်ကျင်လိုစိတ် မရှိတော့ပေ။

ပြန်တွေးကြည့်လေ ယွီရွေ့ကျူးအတွက် စိတ်မကောင်းဖြစ်လေပင်။ အဆုံးတွင် အိမ်ထောင်ကျသွားသော်လည်း သူမခင်ပွန်းက သူမကို မချစ်ဘဲ သူ့ နှလုံးသားထဲတွင် အခြားတစ်ယောက် ရှိနေသည်ကိုပင် သူမက လုံးဝ ရိပ်မိမနေပေ။

ဤအချက်ကို တွေးမိသည်နှင့် ချင်စုလန် မျက်ဝန်းများထဲတွင် သနားကြင်နာမှုများ ပြည့်နှက်သွားတော့သည်။

သူမက ရုတ်တရက် ယွီရွေ့ကျူးကို မေးလိုက်သည်။

"အရင်တုန်းက ဟော်ချန်ယဲ့အတွက် နင် ဓားတစ်ချောင်း ဝယ်ပေးလိုက်တယ်လို့ ကြားတယ် ဟုတ်လား၊ မကြာသေးခင်က သူ အဲဒီဓားကို သုံးနေတာ ငါ မြင်လိုက်တယ်"

ယွီရွေ့ကျူးက မျက်တောင်လေး ပုတ်ခတ်လုပ်လျက် ပြန်ဖြေသည်။

"အယ်... ဟုတ်တယ်၊ ကျွန်မပေးလိုက်တာ"

ချင်စုလန်က သူမကို တစ်ချက်ကြည့်ပြီး တုံ့ဆိုင်းမိကာ အဆုံးတွင် သက်ပြင်းတစ်ချက်ချလျက် လေးလေးနက်နက် ပြောလေသည်။

"တကယ်တော့ ခံစားချက်တွေလိုမျိုး ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ အရာတချို့ရှိတယ်လို့ ငါထင်တယ်၊ မိန်းမတွေအနေနဲ့ အမြဲတမ်း အဲဒီလောက်ကြီး စိတ်အားထက်သန်ပြနေဖို့ မလိုဘူးလေ၊ မကြာသေးခင်က မြို့ပေါ်မှာ ဝက်သားနီနှပ်ရောင်းလို့ နင် ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့မယ်ဆိုတာ ငါသိပါတယ်၊ ဒါကြောင့် နင် ပစ္စည်းတွေ အများကြီး ဝယ်နိုင်ပေမဲ့ တစ်ဖက်လူက အဲဒါတွေကို လိုချင်မှ လိုချင်မှာလေ၊ အဲ့တာအပုင် စိတ်အားထက်သန်တဲ့ ခံစားချက်တွေဆိုတာ ရောင်းစားလို့ရတဲ့ အရာမှ မဟုတ်တာ၊ အချိန်အများစုမှာတော့ တစ်ဖက်လူရဲ့ အစစ်အမှန် နှလုံးသားကို နင် ရနိုင်မှာ မဟုတ်ဘူး"

ထိုရှည်လျားလှသော စကားများတွင် တစ်ခုခုတော့ မှားယွင်းနေပြီဟု ယွီရွေ့ကျူး ခံစားမိသည်။

သူမက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ မေးသည်။

"အင်း... အဲ့တော့ ဘာဖြစ်လဲ"

ချင်စုလန်က သက်ပြင်းချပြီး "ဒါကြောင့် ဟော်ချန်ယဲ့အတွက် နင် ဓားတစ်ချောင်း ဝယ်ပေးခဲ့ပြီး ပိုက်ဆံတွေ သုံးခဲ့ပေမဲ့ အချစ်ကိုတော့ အဲဒီလိုမျိုး ဝယ်လို့ မရနိုင်ဘူးလို့ ငါထင်တယ်"

သူမ စကားပြောအပြီးတွင် မြင်းလှည်းပေါ်၌ သေမတတ် တိတ်ဆိတ်မှုကြီးက ကြီးစိုးသွားတော့သည်။

မြင်းလှည်းလေးမှာ ယိမ်းထိုးလှုပ်ခါနေသည်။ ရှဲ့ယင်းယန် မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရသည်။ သူမ တစ်ခုခု ပြောချင်နေပုံရသော်လည်း အောင့် အည်းထားလိုက်ရပြီး သူမ အသံမှာ တင်းမာကာ နာကျင်နေပုံရသည်။

သူမသည် ယခုအချိန်အထိ တိတ်ဆိတ်စွာ နေလာခဲ့ပြီး လူလုံးဝ မရှိသည့်အလား ယွီရွေ့ကျူးဘေးတွင် ထိုင်နေခဲ့သော် လည်း ယခုအခါတွင်မူ သူမ အကြည့်များက ယွီရွေ့ကျူးနှင့် ချင်စုလန်တို့ကြားတွင် ဟိုဟိုဒီဒီ ကူးလူးလျက်ရှိသည်။

'ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ'

ယွီရွေ့ကျူးကမူ တိတ်ဆိတ်လျက်ပင်ရှိသည်။

သူမက မျက်လွှာကို တိတ်တဆိတ် ချလိုက်ပြီး နက်နက်နဲနဲ တွေးတောနေကာ အတန်ကြာပြီးနောက်မှ ချင်စုလန်အား မေးသည်။

"ရှင်က ဟော်ချန်ယဲ့နဲ့ အရမ်းရင်းနှီးတာလား"

ချင်စုလန် အံ့သြသွားပုံရသည်။

"နင် မသိဘူးလား"

သူမ တစ်ခဏမျှ စကားစဖြတ်လိုက်သည်။

"ငါ့အမေကသာ သဘောမတူခဲ့တာမျိုး မရှိခဲ့ဘူးဆိုရင် ရုတ်တရက်ကြီး နင်နဲ့ စီစဉ်ပေးတဲ့ မင်္ဂလာပွဲသာ မရှိခဲ့ဘူးဆိုရင် ဟော်ချန်ယဲ့နဲ့ ငါက အခုလောက်ဆို လက်ထပ်ပြီးလောက်ပြီ ငါတို့အကြောင်းကို ရွာထဲက လူတိုင်း သိကြတယ်"

ချင်စုလန်သည် အတော်လေး ယုံကြည်မှုရှိသွားဟန်ဖြင့် သူမ စကတ်လေးကို ကိုင်ထားသည်။

"နင့်ရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ဟော်ချန်ယဲ့အပေါ်မှာ ပိုက်ဆံတွေ အလောတကြီးသွားမသုံးဖို့ ငါ ပြောခဲ့တဲ့ အကြောင်းရင်းက သူ့နှလုံးသားက နင့်ဆီမှာ လုံးဝ မရှိလို့ပဲ"

ထိုစကားကို ကြားသောအခါ ယွီရွေ့ကျူးက ခပ်ဟဟရယ် မောမိပြီး ထိုချစ်စရာကောင်းသော ကောင်မလေးကိုမော့ ကြည့်လေသည်။

"သူ့နှလုံးသားက ရှင့်ဆီမှာ ရှိနေတာလို့ ရှင် ဆိုလိုချင်တာလား"

"ဟုတ်တယ်"

ကိစ္စရပ်များက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ အနည်းဆုံးတော့ ယွီရွေ့ကျူးအနေဖြင့် သူမ အိမ်ထောင် သက်တမ်းတစ်လျှောက်လုံး အမှောင်ထဲတွင် ကျန်ရစ်မနေစေရန် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရန် ချင်စုလန် ဝန်မလေးတော့ပေ။

ချင်စုလန်က ယွီရွေ့ကျူးကို သနားကရုဏာသက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ခိုင်မာပြတ်သားစွာ ပြောသည်။

"သူ ငါ့ကို သဘောကျတယ်၊ နင်တို့ လက်ထပ်ပြီးသွားရင် တောင် သူ့နှလုံးသားက နင့်ဆီမှာ တစ်ခါမှ မရှိခဲ့ဘူး၊ အရင်ကလည်း သူ ငါ့ကို အမြဲ ကူညီပြီး ကယ်တင်ခဲ့သလို နင်တို့ လက်ထပ်ပြီးတဲ့နောက်မှာလည်း သူ မပြောင်းလဲသွားပါဘူး၊ အခု ငါ ဝတ်ထားတဲ့ ဒီဂါဝန်ကလေ..."

သူမက ဂါဝန်အောက်နားစကို ဆွဲယူပြီး မေးစေ့ကို အနည်း ငယ်မော့ကာ ပြောသည်။

"ငါ သူနဲ့ ပထမဆုံး စတွေ့တုန်းက ဝတ်ခဲ့တဲ့ ဂါဝန်နဲ့ ဆင်တူတယ်၊ အရင်တုန်းက ငါ အသားသွားဝယ်တော့ ဒီဂါဝန်လေးက ဘယ်လောက်တောင် လှသလဲဆိုတာကိုတောင် သူက ချီးကျူးခဲ့သေးတယ်"

လေထုကြီးတစ်ခုလုံး တစ်ခဏမျှ အေးခဲသွားသကဲ့သို့ ရှိလေသည်။

ဘေးတွင် ထိုင်နေသော ရှဲ့ယင်းယန်မှာ အသက်ပင် ဝဝမရှူရဲတော့ဘဲ ဒူးပေါ်မှ လက်ချောင်းများကို တင်းကျပ်စွာဆုပ် ကိုင်ထားလျက် သူမ မျက်လုံးများမှာလည်း စိုးရိမ်တကြီးဖြင့် ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။

သို့သော်လည်း ယွီရွေ့ကျူးကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲဖြစ်သည်။

"ဒါက တကယ်ကို လှပါတယ်၊ ဒါဆို ရှင်ကလည်း သူ့ကို သဘောကျတာပေါ့ ဟုတ်လား"

ထိုမေးခွန်းကို အမေးခံရချိန်တွင် ချင်စုလန်မှာ မျက်နှာများ ရဲတက်သွားကာ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

"ငါ... ငါ ထင်တာပဲ"

သူမက ၎င်းကို ဝန်ခံရန် တုံ့ဆိုင်းနေသော်လည်း သူမ ပါးပြင်များမှာ နေဝင်ဆည်းဆာကဲ့သို့ နီမြန်းနေခဲ့သည်။

"ရှင့်အမြင်က မဆိုးပါဘူး"

ယွီရွေ့ကျူးက သူမကို စူးစိုက်ကြည့်ရင်း စကားတစ်ခွန်းတည်းဖြင့်သာ ပြန်ဖြေပြီးနောက် တိတ်ဆိတ်သွားတော့သည်။

မြင်းခွာသံများက လမ်းတစ်လျှောက်တွင် ခွာသံခပ်ပြင်းပြင်း ထွက်ပေါ်နေပြီး နေဝင်ဆည်းဆာ ရောင်ခြည်များက သူမတို့ ဆံကေသာများပေါ်သို့ ရွှေရောင်လွှမ်းမိုးလျက်ရှိသည်။ ရှဲ့ယင်းယန်က ယွီရွေ့ကျူး စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။

All Chapters