← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

🐽 Chapter 83

ဤမျှကြာသည့်တိုင်အောင် ထိုလက်ထပ်မည့် ကိစ္စနှင့်ပတ်သက်၍ သူ စကားတစ်ခွန်းမျှ မဟခဲ့သလို မည်သည့် အရိပ်အယောင်မျှလည်း မပြခဲ့ပေ။

ဟော်ချန်ယဲ့ကို တစ်ခဏလောက် ဘေးဖယ်ထားပြီး အေးတိအေးစက် ဆက်ဆံခြင်းက သူ့အတွက် ထိုက်တန်သည်ဟု ယွီရွေ့ကျူး ခံစားနေရသည်။

သို့သော်လည်း ဤသို့ စကားနည်းလှသော အမျိုးသားက သူမကို တကယ်ကြီး ထမေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူ နောက်ထပ် နှစ်ရက်လောက်တော့ အောင့်ထားနိုင်ဦးမည်ဟု သူမ ထင်ခဲ့မိသည်။

ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်ရင်း လင်မယားနှစ်ယောက်ကြား ကိစ္စရပ်များကို ချက်ချင်းဆိုသလို ရှင်းလင်းလိုက်သည်က အကောင်းဆုံးဖြစ်ကြောင်း သို့မဟုတ်ပါက ညတွင်းချင်း အရာရာက ပြောင်းလဲသွားနိုင်ကြောင်း ယွီရွေ့ကျူး ခံစားလိုက်ရသည်။

အစောကြီးဖြစ်စေ၊ နောက်ကျမှဖြစ်စေ တစ်ချိန်ချိန်တွင်တော့ သူမ ပြောရမည်ပဲဖြစ်ရာ ဟော်ချန်ယဲ့ကို ဆက်ပြီး မနှိပ်စက်တော့ရန် ယွီရွေ့ကျူး ဆုံးဖြတ်မိသည်။

သူမက ဟော်ချန်ယဲ့ကို မော့ကြည့်ကာ အရင်ဆုံး စကားစပြီး မေးသည်။

"ရှင် ရွာက ဆရာဝန်ချင်ကို အရမ်းသဘောကျတာလား"

အမှောင်ထဲတွင် မီးများ ပိတ်ထားသဖြင့် ပြတင်းပေါက်မှ ဖြာကျနေသော လရောင်မှလွဲ၍ မည်သည့် အလင်းရောင်မျှ မရှိသော်လည်း မတ်မတ် ထိုင်နေသော ယွီရွေ့ကျူး မျက်ဝန်းများကမူ တောက်ပနေခဲ့သည်။

ဟော်ချန်ယဲ့မှာ သူမ စကားစပြောလာသည့်အတွက် ဝမ်းသာရမည် မကသေးခင်မှာပင် ယွီရွေ့ကျူး စကားများကြောင့် မှင်သက်သွားရတော့သည်။

သူ အမြန် မတ်မတ်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်လျက် အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘယ်သူက ပြောတာလဲ၊ အဓိပ္ပာယ်မရှိလိုက်တဲ့ စကားတွေပဲ"

ယွီရွေ့ကျူးက နှာခေါင်းရှုံ့ပြီး သူ့ကို စောင်းငဲ့ကြည့်ကာ ပြောသည်။

"ရွာထဲက လူတိုင်း သိကြတယ်လေ၊ သူ့အမေကသာ သဘောမတူတာ မဟုတ်တာတို့၊ ကျွန်မရဲ့ ငယ်ရွယ်စဉ်ကတည်းက စေ့စပ်ထားတဲ့ကိစ္စသာ မရှိခဲ့ရင် ရှင်တို့နှစ်ယောက်က လက်တောင် ထပ်တော့မလို့ဆို"

"ရှင်က ဆရာဝန်ချင်နဲ့ အဆက်အသွယ်တွေ အများကြီးရှိခဲ့ပြီး သူ့ကို အများကြီး ကူညီခဲ့တယ်မလား၊"

ယွီရွေ့ကျူးမှာ စကားပြောလေ ဒေါသထွက်လေလေ ဖြစ်နေမိသည်။

"ဒီကိုလာခဲ့"

ဟော်ချန်ယဲ့မှာ ဇဝေဇဝါဖြစ်စွာဖြင့် သူ့ ပါးလျသော နှုတ်ခမ်းများကို စေ့ထားလျက် အနားသို့ တိုးသွားသည်။

"အဲဒီလို မဟုတ်ဘူး"

သူ ရှင်းပြရန် ကြိုးစားသော်လည်း ယွီရွေ့ကျူးက သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူမ လက်ချောင်းလေးဖြင့် သူ့ရင်ဘတ်ကို ထိုးကာ စကားတစ်ခွန်းပြောတိုင်း တစ်ချက် ထိုးနေသည်။

"ရှင်က သူ့အပေါ် ခံစားချက်ရှိတယ်၊ သူကလည်း ရှင့်အပေါ် ခံစားချက်ရှိတယ်၊ ရှင်တို့နှစ်ယောက်က အရမ်းကို လိုက်ဖက်တဲ့ စုံတွဲပဲနော်၊ ရှင်တို့ အချစ်ငှက် နှစ်ကောင်ကို ခွဲပစ်လိုက်တာက ဟော့ဒီက ကျွန်မပေါ့"

"ရှင်က သူ့ဂါဝန်ကိုတောင် ချီးကျူးခဲ့သေးတယ် ဟုတ်လား"

"မဟုတ်ရပါဘူး၊ ကိုယ် မလုပ်..."

ဟော်ချန်ယဲ့က သူ့ပခုံးကို လာထိုးနေသော ယွီရွေ့ကျူး လက်ကို ဖမ်းဆုပ်ပြီး နက်မှောင်သော မျက်ဝန်းများဖြင့် ယွီရွေ့ကျူးကို စိုက်ကြည့်ကာ ခေါင်းရမ်းပြကာ သူမအနားသို့ ပိုမိုနီးကပ်စေရန် ရှေ့သို့ ကိုင်းညွတ်လာသည်။

ဟော်ချန်ယဲ့မှာ အနည်းငယ် မတရားခံရသလိုပင် ခံစားလိုက်ရတော့သည်။

ညမှာ အေးစက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဟော်ချန်ယဲ့သည် ခန်ပေါ်တွင် ထိုင်လျက် ယွီရွေ့ကျူး လက်လေးကို ဆုပ်ကိုင်ထားပြီး သူ့ အသံမှာ အနည်းငယ်အက်ရှနေသည်။

သူက ယွီရွေ့ကျူးကို စကားတစ်ခွန်းချင်းစီ သေချာစွာ ရှင်းပြသည်။

"လက်ထပ်တော့မလို ဖြစ်ခဲ့တယ် ဆိုတာတွေက လုံးဝ မဟုတ်ဘူး၊ ဆရာဝန်ချင် ရေထဲကျသွားတဲ့အချိန် ကိုယ်က အဲဒီနား ဖြတ်သွားမိလို့ ကယ်တင်ပေးလိုက်ရုံပဲ၊ အဲဒီနားက လူတချို့က ပုံကြီးချဲ့ပြီး ပြောခဲ့ကြပေမဲ့ အရင်ကတည်းက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အသက်ကြီးတဲ့လူတွေ အများကြီးကို ကိုယ် ကယ်ခဲ့ဖူးပါတယ်၊ သူတို့အားလုံးကို ကိုယ်က လိုက်ပြီး လက်ထပ်နေလို့မှမရတာ၊ ပြီးတော့ ဒီကိစ္စကို ကိုယ်က နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ဘူး၊ ဆရာဝန်ချင်က ဘာလို့များ အဲဒီလို တွေးနေရသလဲဆိုတာ ကိုယ်လည်း မသိဘူး"

"ပြီးတော့ ဆရာဝန်ချင်ရဲ့ အမေက ကိုယ်တို့နှစ်ယောက် ပတ်သက်နေတာကို သဘောမတူဘူးဆိုပြီး နာကျင်စရာ စကားတွေ အများကြီးလာပြောခဲ့ဖူးတယ်၊ ကိုယ် ရှင်းပြတာတွေလည်း အချည်းနှီးဖြစ်ခဲ့ပြီး နောက်ဆုံးတော့..."

ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

"နောက်ဆုံးတော့ ကိုယ်တို့ မိသားစုနှစ်စုကြားမှာ ငယ်ရွယ်စဉ်ကတည်းက စေ့စပ်ထားတဲ့ ကိစ္စရှိတာကို သတိရသွားပြီး တစ်ဖက်လူတွေ လာနှောင့်ယှက်တာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်တန့်သွားအောင် မြန်မြန်ဆန်ဆန် လက်ထပ်လိုက်တာက ပိုကောင်းလိမ့်မယ်လို့ ကိုယ် တွေးခဲ့မိတာ"

သို့သော် ငယ်ရွယ်စဉ်ကတည်းက စေ့စပ်ထားခြင်း ဆိုသည့်အရာက ငရဲခန်းတစ်ခုလို စတင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မင်္ဂလာဦးညတွင် သတို့သမီးဖြစ်သူက ပြတင်း ပေါက်မှ ခုန်ချကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ပြုတ်ကျကာ ခေါင်းကွဲသွားသဖြင့် ဆေးခန်းသို့ သွားရောက် ကုသခဲ့ရချိန်တွင် သူ့မှာမူ နာကျင်စရာ စကားများစွာဖြင့် ဆဲဆိုခံခဲ့ရပြီး စိတ်ဓာတ်ကျစရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ အဆုံးတွင်တော့ သူ တွေးထင်ထားသလောက် ဆိုးရွားမနေခဲ့ပေ။

ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တစ်ချက်ကြည့်ပြီးနောက် သူမ လက်ချောင်းလေးများကို တိတ်တဆိတ် ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်မိသည်။

"ကိုယ် အမှန်တရားကိုပဲ ပြောနေတာပါ၊ လိမ်ညာတဲ့စကား တစ်ခွန်းမှ မပါပါဘူးကွာ၊ အစကနေ အဆုံးအထိ ဆရာဝန်ချင်နဲ့ ဘယ်လို ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမှ မရှိခဲ့ဘူး၊ အရင်က ကိုယ် ဒဏ်ရာရလို့ ဆေးသွားယူတဲ့အချိန်ရယ် ဆေးရုံမှာ ဆေးဘက်ဆိုင်ရာ အငြင်းပွားမှု တချို့ကို ဝင်တားပေးခဲ့တာရယ်ပဲ ရှိတယ်၊ အဲဒါပါပဲ"

ဆရာဝန်ချင်နှင့် သူတို့ ဆက်ဆံရေးအပေါ် ဤမျှလောက် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော အတွေးမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဟော်ချန်ယဲ့မှာ ဘာပြောရမည်မှန်းပင် မသိတော့ပေ။

"ဆရာဝန်ချင်က လူကောင်းတစ်ယောက်ပါ၊ ရွာထဲက တစ် ယောက်ယောက် ခေါင်းကိုက်ဖျားနာဖြစ်လို့ ဆေးဖိုးမတတ်နိုင်ရင်တောင် အကြွေးပေးထားပြီး လိုက်မတောင်းတတ်ဘူး၊ ဒါပေမဲ့ မိန်းမတစ်ယောက်နဲ့ ပတ်သက်တဲ့ သူမရဲ့ ဆက်ဆံရေးအပေါ်တော့ တစ်ခုခု အထင်လွဲနေတာ သေချာတယ်"

"ရေထဲကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာထဲက လူတချို့က ကောလဟာလတွေ ဖြန့်ကြသလို ဆရာဝန်ချင်ရဲ့ မိသားစုကလည်း သိပ်သဘောမကောင်းတဲ့အတွက် နားလည်မှုလွဲမှာကို ရှောင်ရှားဖို့ ကိုယ်က ဆရာဝန်ချင်နဲ့ ပုံမှန်အားဖြင့် အဆက် အသွယ် မလုပ်ပါဘူး၊ ဆရာဝန်ချင်က သားသတ်ရုံကို အသားလာဝယ်ရင်တောင် ရှဲ့ချီကပဲ အသားလှီးပေးပြီး သူ့ကို ဂရုစိုက်ပေးတာပါ"

ဟော်ချန်ယဲ့ သူ့လက်သီးကို ဆုပ်လိုက်ပြီး စကားအဆုံးတွင် ထပ်လောင်းပြောသည်။

"ကိုယ် ကျိန်ရဲပါတယ်၊ ကိုယ် လုံးဝ မလိမ်ပါဘူးကွာ"

ယွီရွေ့ကျူးက လက်ကို ပြန်ရုပ်ရန် ကြိုးစားရင်း သူမ လက် ချောင်းများကို နှစ်ချက်သုံးချက်မျှ ရုန်းဖယ်လိုက်သော် လည်း ဟော်ချန်ယဲ့ အားက ကြီးလွန်းနေသဖြင့် တစ်စက် ကလေးမျှပင် မရွေ့လျားနိုင်ခဲ့ပေ။

သူမက ဟော်ချန်ယဲ့ကို ဒေါသတကြီးဖြင့် စူးရဲစွာ ကြည့်ပြီးနောက် သူမ လက်ချောင်းများကို အားကုန်သုံးကာ ရုတ်တရက် ဆွဲထုတ်လိုက်တော့သည်။

"ဒါဆို အဝတ်အစား ကိစ္စကရော ဘာလဲ၊ နားလည်မှုလွဲမှာကို ရှောင်ဖို့ အချင်းချင်း သိပ်မတွေ့ဘူးလို့ ရှင် အခုလေးတင် ပြောခဲ့တယ် မဟုတ်လား၊ ဒါဆို ဘာလို့ သူ့အဝတ်အစားကို ချီးကျူးရတာလဲ၊ ရှင် သူ့ကို ပထမဆုံး စတွေ့တုန်းက သူ ဝတ်ထားတဲ့ ဂါဝန်နဲ့ ဆင်တူနေတော့ အဲဒါက သင်္ကေတတစ်ခုလို အဓိပ္ပာယ်ရှိနေတာပေါ့"

ယွီရွေ့ကျူးက သူ့ကို မျက်ခုံးတစ်ဖက် ပင့်ပြသည်။

"အဲ့တာအပြင် ရှင်က အဲဒီလောက်တောင် စကားချိုချိုတွေ ပြောတတ်ပြီး လူတွေကို ချီးကျူးတတ်မှန်း ကျွန်မ မသိခဲ့ဘူး"

"မဟုတ်ပါဘူးကွာ"

ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်လျက် ရှင်းပြသည်။

"ဆရာဝန်ချင်ရဲ့ ဂါဝန်ကို ကိုယ် ချီးကျူးခဲ့တာ မဟုတ်ပါဘူး၊ အဲဒါ ဘယ်ကဝယ်တာလဲလို့ ကိုယ်က လှမ်းမေးခဲ့ရုံတင်ပါ"

"ရှင်က ဘာလို့ အဲဒါ သွားမေးရတာလဲ"

All Chapters