အခန်း ၈၆
Vol. 9 Ch. 86
🐽 Chapter 86
သူသည် အဓိပ္ပာယ်နှစ်ခွပါသော စကားများကို တစ်ခါမျှ မပြောဖူးသလို ခံစားချက်များကိုလည်း တိုက်ရိုက် မထုတ်ဖော်ဖူးသဖြင့် အက်ရှသော အသံဖြင့် ပြန်ဖြေသည်။
"...ကိုယ် နမ်းချင်တယ်"
ထိုအခါ ယွီရွေ့ကျူး ပြုံးပြီး သူ့ ခေါင်းကို ပုတ်ပေးရန် လက်ကို မြှောက်လိုက်သည်။
"လိမ္မာလိုက်တာ..."
ထို့နောက် သူမက ဆောင့်ကြောင့်ထိုင်ချပြီး ဟော်ချန်ယဲ့ ပေါင်ပေါ်တွင် ထိုင်လျက် သူ့လည်ပင်းကို သူမ လက်မောင်းများဖြင့် ရစ်သိုင်းဖက်တွယ်တော့သည်။
ထို့နောက် ဟော်ချန်ယဲ့ တုန်ယင်နေသော အကြည့်များအောက်တွင် ယွီရွေ့ကျူးက ခေါင်းကို မော့ကာ သူမ နှုတ်ခမ်းများကို သူ့ နှုတ်ခမ်းများပေါ်သို့ ဖိကပ်လိုက်တော့သည်။
ဟော်ချန်ယဲ့ နှုတ်ခမ်းများက လောင်ကျွမ်းမတတ် ပူလောင်နေသော်လည်း ယွီရွေ့ကျူး နှုတ်ခမ်းများကမူ ရေခဲအလား အေးစက်နေသည်။ ထိုအထိအတွေ့ကြောင့် ဟော်ချန်ယဲ့ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်လိုက်သွားသကဲ့သို့ တုန်တက်သွားကာ သူ့ အသက်ရှူသံများလည်း ပိုမိုမြန်ဆန်လာတော့ သည်။
ယွီရွေ့ကျူးက သူ့ကို ခွေးပေါက်လေးတစ်ကောင်အလား စနောက်ကစားနေသည်။ သူ့ကို နမ်းရှိုက်လိုက်၊ ခေါင်းကို မော့ကြည့်လိုက်၊ သူ့ပါးပြင်ကို ထိတွေ့လိုက်၊ ထို့နောက် ထပ်နမ်းလိုက်နှင့် ခေါင်းကို တစ်ဖန် ပြန်မော့လိုက်လုပ်နေသည်။ ဟော်ချန်ယဲ့ နီရဲနေသော မျက်ဝန်းများနှင့် ပူလောင်နေသော အသားအရေကို သူမ လုံးဝ သတိမထားမိသည့်အလားပင်။
ယွီရွေ့ကျူး သူ့ကို နမ်းရှိုက်တော့မည့် အကြိမ်တိုင်း၌ သဲကန္တာရထဲတွင် ရေငတ်နေသူတစ်ဦး ရေကို တွေ့ရှိသွားသကဲ့သို့ သူ ခေါင်းကို နောက်သို့ ဆုတ်ကာ မျက်လုံးများကို မှိတ်ထားပြီး မျှော်လင့်တကြီးဖြင့် ခန္ဓာကိုယ်များ တုန်ယင်နေလျက် လက်များကို ဘေးတစ်ဖက်တစ်ချက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
အလွန်အကျွံ ထိန်းချုပ်မှု ကင်းမဲ့မသွားစေရန် သူ့ကိုယ်သူ ထိန်းချုပ်နေရသည်။
သို့သော်လည်း သူတို့နှစ်ဦး နှုတ်ခမ်းများ ထိတွေ့လာမည့်အချိန်ကို မျှော်လင့်နေရုံမျှဖြင့် ဟော်ချန်ယဲ့ ရေငတ်နေမှုကို ပြေပျောက်စေရန် အထောက်အကူ မဖြစ်ခဲ့ပေ။
၎င်းက သူ့ ဂနာမငြိမ်ဖြစ်မှုကိုသာ ပိုမို ပြင်းထန်လာစေပြီး သူ့ကို ပိုမို ပူလောင်လာစေကာ ယွီရွေ့ကျူး နှုတ်ခမ်းများအပေါ် တပ်မက်မှုများကို အဆမတန် ကြီးထွားလာစေတော့သည်။
ထွက်ခွာသွားတော့မည့် ယွီရွေ့ကျူး နှုတ်ခမ်းလေးများကို သူက အသည်းအသန် လိုက်လံ ဖမ်းဆုပ်ရင်း ခေါင်းကို နောက်သို့ ဆုတ်မိသည်။
သို့သော်လည်း ယွီရွေ့ကျူးမှာ ပို၍ စနောက်နေဟန်ရှိသည်။ သူက ဆရာဝန်ချင်ကို နားလည်မှုလွဲစေခဲ့သောကြောင့် သူ့ကို တမင်တကာ အပြစ်ပေးနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဟော်ချန်ယဲ့မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အလွန် ဆိုးရွားစွာ ခံစားနေမိသည်။
သူက ယွီရွေ့ကျူးကို မကြည့်ဘဲ မနေနိုင်တော့ဘဲ အက်ရှသော အသံဖြင့် ခေါ်လာသည်။
"ယွီရွေ့ကျူး..."
ယွီရွေ့ကျူး လက်ချောင်းများက သူ့ ဆံနွယ်များကြားသို့ တိုးဝင်ကာ ညင်သာစွာ ပွတ်သပ်ပေးသည်။ ထိုခေါ်သံကို ကြားသောအခါ သူမက စိတ်အခြေအနေကောင်းစွာဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ ရှင် နမ်းချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ရော့လေ... ကျွန်မ ရှင့်ကို အကြိမ်ပေါင်းများစွာ နမ်းခဲ့ပြီးပြီပဲ"
သို့သော် ဟော်ချန်ယဲ့က မည်သည့်အရာကိုမျှ ပြန်မပြောဘဲ အသက်ကိုသာ ပြင်းပြင်းရှူနေပြီး သူ့ နက်မှောင်သော မျက်ဝန်းများက မင်ရည်ကဲ့သို့ နက်မှောင်နေကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။
သူ့မျက်နှာမှာ အလွန်နီရဲနေပြီး အသားအရေကလည်း အလွန်ပူလောင်နေသည်။ ဤမျက်နှာထားနှင့် ပေါင်းစပ်လိုက်သောအခါ ယွီရွေ့ကျူးသည် သူမက သူ့ကို အနိုင်ကျင့်လိုက်သလို ရှင်းပြမရနိုင်အောင် ခံစားရသည်။
'ဒါပေမဲ့ ငါက သူ့ကို ဘယ်လိုလုပ် အနိုင်ကျင့်ရက်မှာလဲ ဒါက ရှင်းရှင်းလင်းလင်းကို ငါ့ရဲ့ ပထမဆုံး အနမ်းလေ ပြီးတော့ အနမ်းတစ်ပွင့်တည်းနဲ့လည်း အားမရသေးဘူး၊ တော်တော် လောဘကြီးတာပဲ'
ယွီရွေ့ကျူးက နှုတ်ခမ်းလေး ဆူကာ ပြောသည်။
"အင်းပါ အင်းပါ၊ ဒါဆို နောက်တစ်ခါ ထပ်နမ်းရအောင်..."
ဤတစ်ကြိမ်တွင် သူမ နှုတ်ခမ်းများက ဟော်ချန်ယဲ့ နှုတ်ခမ်းများနှင့် ထိတွေ့သွားချိန်တွင် ယွီရွေ့ကျူးသည် အွန်လိုင်းတွင် မြင်တွေ့ခဲ့ဖူးသော လမ်းညွှန်ချက်များအတိုင်း သေချာစွာ လိုက်နာကာ သူမ၏ နှုတ်ခမ်းများကို တုံ့ဆိုင်းစွာ ဖွင့်ဟလိုက်ပြီး နီရဲသော လျှာဖျားလေးဖြင့် ဟော်ချန်ယဲ့ နှုတ်ခမ်းသားတစ်လျှောက် ညင်သာစွာ ထိတွေ့လိုက်သည်။ နှစ်ချက်သုံးချက်မျှ လျှာဖြင့်လျက်ပြီးနောက် သူမက အနမ်းကို အဆုံးသတ်ရန် ပြင်လိုက်သည်။
သို့သော် မမျှော်လင့်ဘဲ သူမက ရိုးရှင်းလှသော အစပြုသူ လမ်းညွှန်သင်ခန်းစာကို ဟော်ချန်ယဲ့က ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့သည်။
ယွီရွေ့ကျူး အဆုံးမသတ်ရသေးခင်မှာပင် သူမ ခါးတစ်ဝိုက်တွင် ရုတ်တရက် ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။
ထိုသည်မှာ ဟော်ချန်ယဲ့ လက်က သူမကို ရစ်သိုင်းဖက်တွယ်လိုက်ခြင်း ဖြစ်သည်။ ကြမ်းတမ်းပြီး ပူနွေးနေသော သူ့ လက်ဖဝါးကြီးက ညှပ်ကုပ်တစ်ခုအလား ယွီရွေ့ကျူးကို ထိုနေရာတွင် ခိုင်မြဲစွာ ထိန်းချုပ်ထားသဖြင့် သူမ ရုန်းထွက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
သူ့ အားအင်မှာ အလွန်ကြီးမားလှသော်လည်း သူမခါးကို ဆုပ်ကိုင်ထားသော လက်က အလွန်အကျွံ အားမသုံးမိစေရန် ထိန်းချုပ်ထားပုံရပြီး သွေးကြောများနှင့် ကြွက်သားများပင် တင်းမာနေလောက်အောင် ထိန်းချုပ်ထားသည်။
သူက ခေါင်းကို နောက်သို့ ဆုတ်လာဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ အလွန်တက်ကြွနေပြီး သူမ နောက်စေ့ကို ကာကွယိရန် ကျန်လက်တစ်ဖက်ကိုပင် အသုံးပြုလာခဲ့သည်။ ဤအရာသည် ကာကွယ်ရန်သာမက လုံလောက်ပြီဟု ခံစားရ၍ ဖယ်ခွာချင်နေသော ယွီရွေ့ကျူးကို မလှုပ်ရှားနိုင်စေရန် တားဆီးရန်အတွက်ပါ ဖြစ်သည်။
ယွီရွေ့ကျူးမှာ အံ့သြသွားပြီး တစ်ခုခု ပြောချင်ခဲ့သော်လည်း သူမ နီရဲသော နှုတ်ခမ်းလေးများ ပွင့်ဟသွားသည်နှင့်တပြိုင်နက် ဟော်ချန်ယဲ့က အခွင့်အရေးကို အရယူကာ တိုးဝင်လာတော့သည်။
သူမ လုပ်သလို သူကလည်း အတုခိုးကာ အလိုအလျောက်ပင် သူမ နှုတ်ခမ်းများနှင့် လျှာဖျားလေးကို လိုက်လံရှာဖွေတော့သည်။ ဟော်ချန်ယဲ့ ကိုယ်အပူချိန်မှာ လောင်ကျွမ်းမတတ် ပူလောင်နေပြီး သူ့ ပါးလျသော နှုတ်ခမ်းများမှ နွေးထွေးမှုက အနမ်းမှတစ်ဆင့် ကူးစက်လာသဖြင့် ယွီရွေ့ကျူးမှာ အလိုအလျောက် မျက်လုံးများ မှိတ်ကျသွားကာ သူမ အသက်ရှူသံများ မြန်ဆန်လာတော့သည်။
ဟော်ချန်ယဲ့မှာ အလွန် ပါရမီပါသော ကစားသမားတစ်ယောက် ဖြစ်ပုံရသည်။ ယခင်က မိန်းကလေးများနှင့် ဆက်ဆံရာတွင် သူ၌ အတွေ့အကြုံ အလွန်နည်းပါးသည်ဟု ကြားဖူးခဲ့ပြီး လွန်ခဲ့သော တစ်မိနစ်ခန့်ကပင် သူမ စနောက်ကစားခြင်းကို ခံနေရသူ မဟုတ်ပါလား
သို့သော်လည်း ယခုအချိန်တွင်မူ သူ့ လှုပ်ရှားမှုများက အလွန်ကို ရန်လို တိုက်ခိုက်နေပုံရသည်။ သူ၏ အသက်ရှူသံတိုင်း၊ ထိတွေ့မှုတိုင်းက ယွီရွေ့ကျူးကို တဆစ်ဆစ် ကျင်တက်သွားစေသော ခံစားမှုကို ပေးစွမ်းနေသည်။
'တစ်ခုခုတော့ မှားနေပြီ'
ယွီရွေ့ကျူး ထိုသို့ ခံစားလိုက်ရသည်။
'ဒုက္ခပါပဲ၊ ဒီနေရာမှာ အတွေ့အကြုံ လုံးဝမရှိတဲ့သူက ဘယ်သူလဲ၊ ငါ့မှာက အနည်းဆုံးတော့ အွန်လိုင်းကနေ ရထားတဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ အခြေခံရှိသေးတယ်၊ ဒါပေမဲ့ ဟော်ချန်ယဲ့မှာကတော့...၊ ဘယ်လိုတောင် ဒီလောက်မြန်မြန် တတ်သွားရတာလဲ'
တစ်လက်မချင်း တစ်လက်မချင်း သူက သူမကို သိမ်းပိုက်လာသည်။
အုပ်စိုးထားမှုမှ သီသီလေး လွတ်မြောက်သွားသော ယွီရွေ့ကျူး၏ နီရဲသော နှုတ်ခမ်းလေးများမှာ ချက်ချင်းဆိုသလိုပင် ထပ်မံ၍ လိုက်လံ ဖမ်းဆုပ်ခံရပြန်သည်။
ဟော်ချန်ယဲ့မှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ အသားအ ရေများက နီရဲနေဆဲဖြစ်ကာ ပူလောင်နေပြီး သူ့ အသက်ရှူငွေ့များကပင် ယွီရွေ့ကျူးကို လောင်ကျွမ်းစေမည့်အလား ခံစားရသည်။
သူ့ မျက်ဝန်းများမှာ နက်မှောင်ကာ စူးစိုက်နေပြီး ယွီရွေ့ကျူးထံတွင် အာရုံရောက်နေကာ သူမ၏ နှုတ်ခမ်းများနှင့် လျှာလေး ထုံကျင်သွားသည်အထိပင် နမ်းရှိုက်နေတော့သည်။
သူမ နားရွက်ဖျားလေးကို နမ်းရှိုက်ရင်း သူ မောဟိုက်နေခဲ့သည်။
ယွီရွေ့ကျူးသည် သူ ဤအရာအားလုံးကို အစကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်မည်ဟုပင် သံသယ၀င်မိတော့သည်။
သူ့ နှုတ်ခမ်းများနှင့် လျှာဖျားလေး နမ်းရှိုက်ခြင်းကို ခံလိုက်ရသော သူမ နားရွက်ဖျားပေါ်ရှိ အနီရောင် မှဲ့လေးမှာ သွေးကဲ့သို့ နီရဲသော အရောင်သို့ ပြောင်းလဲသွားတော့သည်။
ယွီရွေ့ကျူးမှာ ယားယံလာသဖြင့် ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ယခင်က အလွန် လိမ္မာစကားနားထောင်ခဲ့သော ဟော်ချန်ယဲ့သည် ယခုအခါတွင်မူ သူမ ခါးကို ဆုပ်ကိုင်ကာ သူမကို စိုက်ကြည့်ရင်း တောင်းပန်တိုးလျှိုးလာသည်။
"ယွီရွေ့ကျူး..."
ထို့နောက် သူက အားမရသေးသည့်အလား မျက်လုံးများကို မှိတ်ကာ လည်စိများ လှုပ်ရှားလျက် သူမ နှုတ်ခမ်းများကို ဆက်လက် နမ်းရှိုက်နေပြီး သူမအပေါ်သို့ အရိုအသေပေးတော့မည့်အလား တိုးကပ်နေတော့သည်။