← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

🐽 Chapter 87

ဟော်ချန်ယဲ့က သူမကို အနားမပေးဘဲ ဆက်တိုက်ဆိုသလို နမ်းရှိုက်နေပြီး သူ့ နှုတ်ခမ်းများက သူမ နှုတ်ခမ်းများပေါ်တွင် ယစ်မူးစွာ အချိန်ကြာမြင့်စွာ ရစ်ဝဲနေတော့သည်။ သူ့ ခန္ဓာကိုယ်လည်း သူမနှင့် နီးကပ်စွာ ထိကပ်နေပြီး သူတို့ အသက်ရှူငွေ့များ ရောယှက်နေကာ သူ့ လက်ဖဝါးကြီးများကလည်း အသားအရေလိုပင် လောင်ကျွမ်းမတတ် ပူလောင်နေသည်။

ယွီရွေ့ကျူးမှာ ထိုအနမ်းများကြောင့် ခေါင်းမူးလာသလို ခံစားရပြီး သူမ နှုတ်ခမ်းများနှင့် လျှာလေးမှာ ထုံကျင်လာကာ စုပ်ယူနမ်းရှိုက်ခံရမှုကြောင့် လျှာဖျားလေးပင် နာကျင်လာတော့သည်။ သူမ မျက်ထောင့်နှင့် နားရွက်များရှိ အနီရောင် မှဲ့လေးနှစ်ခုမှာလည်း ချန်လှပ်မခံခဲ့ရပေ။

ဟော်ချန်ယဲ့ စရိုက်က ကြီးမားသော ခွေးကြီးတစ်ကောင်နှင့် တူသည်ဟု ယွီရွေ့ကျူး ယခင်က ထင်ခဲ့ဖူးသည်။ ပုံမှန်အားဖြင့် စကားနည်းသော်လည်း စနောက်ခံရချိန်တွင် ရှက်သွေးဖြာတတ်သည်။

ယခုမူ သူမ တကယ်ကို ခံစားလိုက်ရသည်။

'သူက တကယ်ပဲ ခွေးတစ်ကောင်လိုပဲ'

သူ့ အဆုံးအစမဲ့သော အနမ်းများသာမက သူမကို တွယ်ကပ်နေရခြင်းကို နှစ်သက်ကာ သူမ မျက်ထောင့်နှင့် နားရွက်များရှိ အနီရောင် မှဲ့လေးများကို စိုစွတ်နေသော နှုတ်ခမ်းနှင့် လျှာလေးဖြင့် လျက်နေသည်မှာ တကယ်ကို ခွေးတစ်ကောင်နှင့် ဘာမှ မကွာခြားလှပေ။

ယွီရွေ့ကျူး ဆက်၍ သည်းမခံနိုင်တော့ချေ။ သူတို့ အသက်ရှူသံများ ရပ်တန့်သွားချိန်ကို အခွင့်ကောင်းယူကာ အသက်ကို နှစ်ချက်သုံးချက်မျှ ရှိုက်ရှူပြီး ဟော်ချန်ယဲ့ ရင်ဘတ်ကို ဖိကာ တားဆီးရန် လက်ကို မြှောက်ရတော့သည်။

"တော်တော့ ဟော်ချန်ယဲ့၊ ဖြည်းဖြည်းနဲ့ မှန်မှန်သွားတာက ပန်းတိုင်ရောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရှင် နားလည်ဖို့ လိုတယ်၊ ဒီနေ့ ရှင် ကျွန်မကို အများကြီး နမ်းပြီးသွားပြီ၊ နောက်ထပ် နမ်းခွင့် မပေးတော့ဘူး"

ထိုစကားက အခြား မည်သည့်အရာထက်မဆို ပို၍ ထိရောက်မှု ရှိခဲ့သည်။ ဟော်ချန်ယဲ့မှာ မျက်လုံးများ နီရဲကာ တောင်းပန်တိုးလျှိုးနေဆဲဖြစ်သော်လည်း ယွီရွေ့ကျူး စကားကို ကြားသောအခါ သူ့ လည်စိမှာ လှုပ်ရှားသွားပြီး နက်မှောင်သော မျက်ဝန်းများက သူမ နှုတ်ခမ်းများထံတွင် စူးစိုက်နေသော်လည်း နှေးကွေးစွာ၊ စိတ်မပါ့တပါဖြင့်နှင့် နှမြောတသစွာဖြင့် ခေါင်းညိတ်ကာ အသံအုပ်အုပ်လေးဖြင့် ပြောသည်။

"အင်း"

ထိုသည်မှာ ဝုတ်ဟု အော်နေသော ခွေးပေါက်လေးတစ်ကောင်အလားပင်။

သူ့ မျက်နှာပေါ်တွင် နစ်နာနေသလို အရိပ်အယောင်လေးကိုပင် ယွီရွေ့ကျူး မြင်လိုက်ရသေးသည်။

ယွီရွေ့ကျူး "..."

'နေပါဦး သူတို့နှစ်ယောက်ထဲမှာ တကယ် နစ်နာရမယ့်သူက ဘယ်သူလဲ'

သူမက နှုတ်ခမ်းကို ကိုင်လျက် နာကျင်မှုကြောင့် ညည်းမိသွားသည်။

သူမ နှုတ်ခမ်းများက နာကျင်မှုကြောင့် ပူလောင်နေပြီး မကြည့်ဘဲနှင့်ပင် ရောင်ရမ်းနေပြီမှန်း သူမ သိသည်။

ဟော်ချန်ယဲ့သည် သူမ စနောက်သမျှကို လိမ္မာစွာ ခံယူနေခဲ့ရာမှ ရုတ်တရက်ဆိုသလို ခွေးတစ်ကောင်အလား သူမကို တွယ်ကပ်လာခဲ့သည်။

ဤအမျိုးသား အမူအကျင့်က မြန်ဆန်လွန်းစွာ ပြောင်းလဲသွားသည်။ သူ မှားသွားမှန်း သိသောကြောင့် ဟော်ချန်ယဲ့က သူ့နက်မှောင်သော မျက်ဝန်းများဖြင့် ယွီရွေ့ကျူးကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောသည်။

"အိမ်မှာ လိမ်းဆေး နည်းနည်းရှိတယ်... လိမ်းမလား"

ထိုစကားပြောပြီးမှသာ သူ့ အသံက မယုံနိုင်လောက်အောင်ကို အက်ရှနေမှန်း သတိထားမိသွားသည်။

ယွီရွေ့ကျူးက ငြင်းလိုက်သည်။

"အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ညဘက် ကောင်းကောင်းအိပ်လိုက်ရင် ရပါပြီ"

"ကောင်းပြီလေ အိပ်ရအောင်"

သူမက အဝတ်အစားလဲလိုက်ပြီး ခန်ပေါ်သို့ ပြန်တက်သွားသည်။ အစောပိုင်းက နားလည်မှုလွဲခြင်းကြောင့် အလယ်တွင် ချထားခဲ့သော စောင်ကို ပြန်လည် ရွှေ့ပြောင်းပြီးဖြစ်သည်။

ယွီရွေ့ကျူးက လက်ယပ်ခေါ်ရာ ဟော်ချန်ယဲ့က ချက်ချင်းပင် သဘောပေါက်သွားသည်။ သူက စောင်ကို မကာ ယွီရွေ့ကျူး အိပ်ရာဘေးသို့ ဆွဲယူသွားပြီး စောင်နှစ်ထည်ကို ယှဉ်လျက် ချထားသည်။

ဟော်ချန်ယဲ့က အောက်သို့ ငုံ့ကြည့်ရာ သူ့ရင်ထဲရှိ လေးလံနေသော ဝန်ထုပ်ဝန်ပိုးကြီးက အဆုံးတွင်တော့ လွင့်စင်သွားပြီး မှိုင်းညို့နေသော သူ့ စိတ်အခြေအနေကလည်း ကြည်လင်သွားတော့သည်။

ထိုမျှလောက် အုတ်အော်သောင်းနင်း ဖြစ်ပြီးနောက် အတော်လေး မိုးချုပ်နေပြီ ဖြစ်သည်။ ဟော်ချန်ယဲ့ လည်စိမှာ လှုပ်ရှားသွားပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလျက် စောင်ပေါ်တွင် လှဲလျောင်းနေသည်။

ရာသီဥတုမှ။ ပူအိုက်နေသဖြင့် စောင်များ မလိုအပ်တော့ပေ။ သူတို့ကြားရှိ နားလည်မှုလွဲခြင်းကို ရှင်းလင်းပြီးနောက် ယွီရွေ့ကျူးသည် အမြဲတမ်းလိုလိုပင် သူ့ ဘေးတွင် လာလှဲသည်။

သူမ နူးညံ့သော လက်မောင်းလေးများက သူ့ကို ဖက်တွယ်ထားပြီး သူမ ဖြူဝင်းသော မျက်နှာလေးက သူ့ မျက်နှာနှင့် ထိကပ်နေသည်။

ဟော်ချန်ယဲ့ ခန္ဓာကိုယ်မှာ နွေးနေဆဲဖြစ်ပြီး အသားအရေကလည်း ပူလောင်နေဆဲဖြစ်ရာ ယွီရွေ့ကျူးက သူ့ကို ဖိကပ်လာသည်နှင့် သူမ အလိုအလျောက်ပင် မျက်မှောင်ကြုတ်မိသည်။

"ဟော်ချန်ယဲ့ ဘာလို့ ဒီလောက် ပူနေတာလဲ"

ဟော်ချန်ယဲ့ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်နေဆဲဖြစ်ပြီး လည်စိမှာလည်း အလိုအလျောက် လှုပ်ရှားနေကာ သူ့ နက်မှောင်သော မျက်ဝန်းများမှာ အနည်းငယ် တုန်ယင်နေလျက် သူ့ ရင်ခွင်ထဲရှိ ယွီရွေ့ကျူးကို စူးစိုက်ကြည့်မိသည်။

အစောပိုင်းက အနမ်းမှာ ဟော်ချန်ယဲ့ ယခင်က တစ်ခါမျှ မကြုံဖူးသလို အထူးသဖြင့် တစ်ဖက်လူက ယွီရွေ့ကျူး ဖြစ်နေသဖြင့် အသစ်အဆန်းဖြစ်ကာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

နှစ်ပေါင်းများစွာ လူပျိုဘဝဖြင့် နေထိုင်လာခဲ့ပြီးနောက် ဤသည်မှာ သူတို့ နှစ်ဦးကြား ပထမဆုံးအကြိမ် ရင်းနှီးခဲ့ကြခြင်း ဖြစ်သည်။ သူ့ စိတ်ကို ထိန်းချုပ်ရန် မည်မျှပင် ကြိုးစားသော်လည်း ဟော်ချန်ယဲ့ စိတ်ထဲတွင် အစောပိုင်းက အရာများသာ ထပ်ခါတလဲလဲ ပေါ်လာတော့သည်။

သူ့ နှုတ်ခမ်းများကို အလိုအလျောက် တင်းတင်းစေ့ထားမိသည်။ ယွီရွေ့ကျူး နှုတ်ခမ်းများမှ နွေးထွေးမှုနှင့် အထိအ တွေ့ကို သူ ခံစားနေရဆဲဖြစ်ပြီး ပိုမိုရင်းနှီးကာ ထိုးဖောက်ဝင်ရောက်လာသော ရစ်နွယ်မှုများကိုပါ ခံစားနေရဆဲဖြစ်သည်။

သူမထံမှ ချိုမြိန်သော ရနံ့များ သင်းပျံ့နေပြီး အနံ့ခံရသည်ထက် နမ်းရှိုက်ရသည်က ပို၍ ချိုမြိန်သည်။

ထိုမျှနူးညံ့သော အထိအတွေ့မျိုးကို ဟော်ချန်ယဲ့ တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ယွီရွေ့ကျူးက ဖယ်ခွာသွားပြီ ဖြစ်သော်လည်း သူ့ စိတ်ထဲတွင် အစောပိုင်းက အနမ်းကြောင့် တဆစ်ဆစ် ကျင်နေဆဲဖြစ်ကာ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်၍မရအောင် တုန်ယင်နေတော့သည်။

ဆုပ်ကိုင်ထားသော သူ့ လက်ချောင်းထိပ်များမှာ တုန်ယင်နေပြီး ဟော်ချန်ယဲ့ တစ်ကိုယ်လုံးမှာ တောင့်တင်းနေသည်။ ရုတ်တရက် အနမ်းက သူ့ အာရုံကြောများကို လှုံ့ဆော်ပေးခဲ့သဖြင့် လုံးဝ နိုးကြားနေဆဲဖြစ်ကာ မှတ်ဉာဏ်များကိုပင် ပြန်လည် စမြုံ့ပြန်မိသည်။

သူ့ နက်မှောင်သော မျက်ဝန်းများက ရင်ခွင်ထဲရှိ ယွီရွေ့ကျူး နှုတ်ခမ်းများထံတွင် စူးစိုက်နေပြီး သူ့ မျက်လုံးများတွင် ပြင်းပြသော တပ်မက်မှုများက အရောင်လက်နေသည်။

အစောပိုင်းက အနမ်းမှာ ယခု ဟော်ချန်ယဲ့အတွက် မလုံ လောက်တော့ပေ။ သူက ပိုလောဘကြီးလာကာ ပိုလိုချင်မိသည်။

လရောင်အောက်တွင် ယွီရွေ့ကျူး နီရဲသော နှုတ်ခမ်းလေးများမှာ အနည်းငယ် ပွင့်ဟနေပြီး ပုလဲလုံးလေးများအလား သွားလေးများနှင့် နီရဲသော လျှာဖျားလေးကို မြင်နိုင်သည်။ အစောပိုင်းက သူတို့ မည်သို့ ရစ်နွယ်ခဲ့ကြသည်ကို တွေးမိရုံမျှဖြင့် ဟော်ချန်ယဲ့ အသက်ရှူသံများ လေးလံလာရသည်။

သူမ နှုတ်ခမ်းများက ယခင်ကထက် များစွာ ပိုမို ရောင်ရမ်းနေပြီး မူလကတည်းက ပြည့်ဖောင်းနေသော ပုံစံလေးမှာ ပို၍ ဆွဲဆောင်မှုရှိကာ အရောင်မှာလည်း ပိုမို နီရဲလာပြီးအလွန်အ မင်း တောက်ပလွန်းနေသယောင်ရှိသည်။

ဟော်ချန်ယဲ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ လက် ချောင်းများကို အလိုအလျောက် မြှောက်မိသည်။ကြမ်းတမ်း ပြီး အသားမာတက်နေသော လက်ချောင်းထိပ်များက ယွီရွေ့ကျူး၏ နူးညံ့ပြီး ပါးလျသော နှုတ်ခမ်းလေးများကို ထိတွေ့လိုက်သည်။

သူမ အေးစက်နေသော နှုတ်ခမ်းလေးများပေါ်သို့ ကျရောက်လာသော ပူလောင်နေသည့် အသားအရေကြောင့် သူမမှာ တဆစ်ဆစ် ကျင်တက်သွားသလို ခံစားနေရသည်။

ရုတ်တရက် ထိတွေ့မှုကြောင့် ယွီရွေ့ကျူး အံ့သြသွားပြီး ဟော်ချန်ယဲ့ကို မော့ကြည့်လိုက်ရာ မင်ရည်ကဲ့သို့ နက်မှောင်နေသော သူ့မျက်ဝန်းများနှင့် အကြည့်ချင်းစုံလေသည်။ သူ့ လည်စိမှာ လှုပ်ရှားနေပြီး သူမကို စူးစိုက်ကြည့်နေကာ အသက်ရှူငွေ့များက ပူနွေးဆဲပင်။

အဆုံးတွင် ဟော်ချန်ယဲ့မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ သူမ နှုတ်ခမ်းများကို နမ်းရှိုက်ရန် ခေါင်းကို ငုံ့လိုက်ကာ ဆက်လက် လုပ်ဆောင်ချင်မိတော့သည်။

သို့သော်လည်း ယွီရွေ့ကျူးက သူမ လက်ချောင်းများဖြင့် သူ့ နှုတ်ခမ်းများကို ပိတ်ဆို့ကာ ငြင်းပယ်လာသည်။

ဟော်ချန်ယဲ့အတွက် စည်းမျဉ်းတချို့ ချမှတ်သင့်သည်ဟု ယွီရွေ့ကျူး ခံစားမိသည်။ သူမကို နမ်းချင်လျှင် သူမ စကားကို နားထောင်ရမည်။ သူမ အိပ်ချင်ပြီဟု ပြောခဲ့ပြီးဖြစ်သော်လည်း ယခု သူက ထပ်နမ်းချင်နေပြန်သည်။

ဤနှုန်းအတိုင်းသာဆိုလျှင် ဟော်ချန်ယဲ့က သူမကို တစ်ညလုံး နမ်းနေလောက်ပြီး မနက်ဖြန်တွင် သူမ နှုတ်ခမ်းများ ဘာဖြစ်သွားမည်နည်း။

ယွီရွေ့ကျူးက ခေါင်းရမ်းပြပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ သူ့ကို အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်သည်။

"ဟင့်အင်း၊ မနမ်းရတော့ဘူးလို့ ကျွန်မ ပြောထားတယ်လေ၊ ရှင် ကျွန်မကို ဘယ်တော့မှ ထပ်မနမ်းချင်တော့ဘူးလား ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့မှာ တောင့်တင်းသွားတော့သည်။

အရပ်ခြောက်ပေကျော်မြင့်ပြီး ယွီရွေ့ကျူးကို ရင်ခွင်ထဲတွင် ဖုံးထားနိုင်စွမ်းရှိသော လူသန်ကြီးသည် သူမ စကားများကြောင့် ကြီးထွားလာကာ ထိန်းချုပ်၍မရတော့သော သူ့ ဆန္ဒများကို ဖိနှိပ်ရန် ရုန်းကန်နေရသည်။

သူ့ ခေါင်းက အောက်သို့ ကျသွားပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကယ ယွီရွေ့ကျူးကို ဖက်တွယ်ပြီး သူမ ပခုံးပေါ်တွင် သူ့ ဆံပင်ပွယောင်းယောင်း ခေါင်းကို တင်ထားလျက် သူ့ မသက်မသာ ဖြစ်နေမှုများကို သက်သာစေရန် ကြိုးစားရှာသည်။

ယွီရွေ့ကျူးသည် မြေပြင်ပေါ်ရှိ ထူးဆန်းသော ခံစားချက်ကို သတိထားမိခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ နီးကပ်သော အကွာအဝေးတွင်မူ သူမ ပိုရှင်းလင်းစွာ ခံစားနေရသည်။

သူမ ဗိုက်ကို ဖိကပ်ထားသော ခန္ဓာကိုယ်မှာ အလွန် သိသာထင်ရှားစွာပင် သူမကို ပွတ်တိုက်နေသည်။

ယွီရွေ့ကျူးက အကြည့်များကို မသိမသာ မြှင့်လာရာ သူ့ကိုယ်သူ ထိန်းချုပ်ရန် ရုန်းကန်နေရသော ဟော်ချန်ယဲ့ကို တွေ့လိုက်ရသည်။

All Chapters