← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

🐽 Chapter 91

သူမရှေ့တွင် ဟန်လုပ်ကာ လျှို့ဝှက်ဆန်းကြယ်ဟန် ဖမ်းနေသော အမျိုးသားကို ကြည့်ရင်း ယွီရွေ့ကျူးမှာ ရယ်ချင်စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။

'ဒီလောကကြီးမှာ တကယ် အမြတ်အစွန်းများတဲ့ နည်းလမ်းဆိုတာ ဘယ်မှာရှိလို့လဲ ပြီးတော့ စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာကို လာသင်ပေးလောက်အောင် ဘယ်သူကများ အဲဒီလောက် သဘောကောင်းနေမှာလဲ'

ထိုအမျိုးသားစကားများက ယွီရွေ့ကျူးအတွက် လုံးဝ ဆွဲဆောင်မှု မရှိခဲ့ပေ။ ကျောက်နာ ဝက်သားနီနှပ်ဆိုင် လည်ပတ်မှုတွင် ပြဿနာများရှိနေကြောင်း သူမ အစကတည်းက သံသယရှိခဲ့ပြီး ဖြစ်သည်။

"ဒီကိစ္စကို ကျွန်မ စိတ်မဝင်စားဘူး"

သူမက တိုတိုတုတ်တုတ်ပင် ပြတ်သားစွာ ပြောချသည်။

သူမရှေ့ရှိ အမျိုးသားမှာ ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိတော့သလို ဖြစ်သွားပြီးနောက် သူ့ မျက်လုံးများ အနည်းငယ် ပြူးကျယ်လာကာ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်သွားတော့သည်။ ဤမျှကောင်းမွန်သော အခွင့်အရေးကို ကမ်းလှမ်းလာပါလျက်နှင့် ယွီရွေ့ကျူးက တကယ်ကြီး ငြင်းဆန်လိုက်သည်ကို သူ မယုံနိုင်သည့်အလားပင်။

သူက မနေနိုင်တော့ဘဲ ထပ်မံ၍ အလေးအနက်ထားကာ အသံကို နှိမ့်၍ လေးလေးနက်နက် ပြောပြန်သည်။

"ငါ ဒီလိုပြောတာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ မကြာသေးခင်က မင်းရဲ့ အရောင်းအဝယ်က ဘေးက ဝက်သားနီနှပ်ဆိုင်ကြောင့် တအား ထိခိုက်နစ်နာနေလို့ပါ၊ အခြေအနေကို ဘယ်လို ပြန်ပြောင်းလဲရမလဲဆိုတာ မင်း မစဉ်းစားဘူးလား၊ ဒီတိုင်းသာ ဆက်သွားနေရင် မင်းရဲ့ ဝက်သားနီနှပ်က ဘယ်လောက်ပဲ အရသာကောင်းနေပါစေ ဈေးနှုန်းကြောင့် မင်းရဲ့ အရောင်းအဝယ်က ပိုပိုပြီးဆိုးလာဖို့ပဲ ရှိတယ်၊ မင်း တကယ် မစိုးရိမ်ဘူးလား"

"ဟင့်အင်း ကျွန်မ မစိုးရိမ်ပါဘူး၊ ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ပစ္စည်းကိုပဲ ရမှာလေ၊ ပစ္စည်းအကြောင်းသိတဲ့ လူတွေက တော့ ဒီဈေးကို ကြီးတယ်လို့ ထင်မှာမဟုတ်ဘူး၊ ကျွန်မရဲ့ ဈေးနှုန်းက အရည်အသွေးကို ကိုယ်စားပြုတယ် အချိန်တန်ရင် လူတိုင်းနားလည်လာမှာပါ၊ ဈေးသက်သာတာကိုပဲ အာရုံ စိုက်တဲ့ ဝက်သားနီနှပ်ဆိုင်က ကျွန်မနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမျိုးမှာ မရှိပါဘူး"

ယွီရွေ့ကျူး တည်ငြိမ်စွာပင် ပြောသည်။

ထိုအမျိုးသားက တစ်ခုခု ပြောချင်ဟန်ဖြင့် သူမကို စူးရဲစွာ ကြည့်နေသည်ကို မြင်သောအခါ သူမ ဘေးဘက်သို့ လှည့်ကြည့်သည်။ ဝင်ပါချင်နေပြီဖြစ်သော ရှဲ့ယင်းယန်က သူမ သွယ်လျသော လက်မောင်းလေးဖြင့် ထိုလူကို ဖမ်းဆွဲကာ ဘေးသို့ အလွယ်တကူပင် တွန်းဖယ်လိုက်တော့သည်။

ရှဲ့ယင်းယန် သူ့ကို တစ်ချက်ကြည့်ပြီး မျက်နှာကို ရှုံ့မဲ့လျက် ပြောသည်။

"နောက်တစ်ခါ တစ်ခုခု လာဝယ်ရင် တန်းစီဖို့ မမေ့နဲ့"

ထိုအမျိုးသား "..."

'တကယ်ပဲ ဒီဝက်သားနီနှပ်ဆိုင်က လူနှစ်ယောက်လုံး ရူးနေကြတာလား'

'တစ်ယောက်က ဦးနှောက်မရှိဘူး၊ သူ့စကားကိုလည်း နားမထောင်ဘူး၊ နောက်တစ်ယောက်က ခွန်အားတွေ အရမ်းကြီးပြီး ရိုင်းစိုင်းလိုက်တာ၊ ဒီဆိုင်မှာ ဘယ်လိုလုပ် ဒီလိုရောဂါ သည်နှစ်ယောက် လာဆုံနေရတာလဲ၊ ဒီလို ချောမောလှပတဲ့ မျက်နှာလေးနဲ့ ဒီဝက်သားနီနှပ် ချက်ပြုတ်နည်းက နှမြောစရာပဲ'

ထိုအမျိုးသားက ယွီရွေ့ကျူးကို တစ်ချက်ကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထွက်သွားတော့သည်။

ယွီရွေ့ကျူးနှင့် ရှဲ့ယင်းယန်တို့ကတော့ သိသာစွာပင် ဂရုမစိုက်ကြချေ။ သူမတို့သည် ထုံးစံအတိုင်း ဝက်သားနီနှပ်များကို ဆက်လက် ရောင်းချနေခဲ့သော်လည်း လူရှင်းသွားချိန်တွင် အနီးအနားရှိ ဝက်သားနီနှပ်ဆိုင်ပိုင်ရှင် ကျောက်နာ ရောက်လာသည်။

သူမက ယွီရွေ့ကျူးကို ပြုံးလျက် ကြည့်သည်။

"ခုနက ညီမလေးကို လူတစ်ယောက် လာရှာသွားတယ် မဟုတ်လား၊ သူ့ကို ဘာလို့ စကားဆုံးအောင် ပေးမပြောလိုက်တာလဲ"

ကျောက်နာက ခေါင်းရမ်းလိုက်သည်။

"ညီမလေးရယ်... မကြာသေးခင်က အရောင်းအဝယ်တော် တော် ခက်ခဲနေတယ် မဟုတ်လား၊ အစ်မဆိုင်ကို လူတွေ အများကြီးလာနေတာ အစ်မ မြင်တယ် ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်မရယ်၊ အစ်မ ကောင်လေးရယ်ဆိုရင် လုပ်တောင်မနိုင်တော့ဘူး၊ အလုပ်တွေ အရမ်းများလွန်းလို့ အစ်မ ခါးတွေတောင် နာနေပြီ၊ အရင်တုန်းက ညီမလေးဆိုင် အရောင်းအဝယ် ဘယ်လောက်ကောင်းခဲ့သလဲ ဆိုတာကို အစ်မ တကယ် ခံစားမိသွားပြီ"

ကျောက်နာက လာကြွားနေသဖြင့် ရှဲ့ယင်းယန်မှာ ဒေါသထွက်သွားသည်။ သူမက တစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာပင် ကျောက်နာက သူမတို့ ဝက်သားနီနှပ်အိုးအဖုံးကို ရုတ်တရက် မပြီး ဇွန်းဖြင့် အသားအနည်းငယ်ကို ခပ်ယူကာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

ရှဲ့ယင်းယန်မှာ လန့်သွားပြီး တားဆီးရန် လက်ကိုမြှောက် သည်။

"ဟေ့... ရှင် ဘာလုပ်နေတာလဲ၊ ဘာလို့ လာထိနေတာလဲ၊ ရှင် ဘာလို့ ကျွန်မတို့အိုးကို လာကြည့်တာလဲ၊ ကျွန်မတို့တောင် ရှင့် မီးဖိုချောင်ဘက် မသွားဖူးဘူး၊ ရှင် ဘာလာလုပ်နေတာလဲ"

ယွီရွေ့ကျူးက စကားမပြောဘဲ ကျောက်နာကိုသာ စူးစိုက်ကြည့်နေသည်။

ကျောက်နာက ခေါင်းရမ်းသည်။

"အသားကောင်းပဲ၊ တကယ်ကောင်းတဲ့ အသားပဲ၊ ဒီအသားက လတ်ဆတ်ပုံရပြီး အဆီအသား ရောနေတာလေးကလည်း လှလိုက်တာ၊ အရသာကောင်းပြီး ဖောက်သည်တွေ များနေတာ မဆန်းပါဘူး ဒါပေမဲ့ ညီမလေးရယ်...

ညီမလေးက ငယ်သေးတော့ မသိဘူး၊ ဒီမြို့ပတ်ဝန်းကျင်က လူအများစုက ရွာတွေက လာကြတာ၊ ဒီလိုအသားမျိုးကို ဝယ်စားနိုင်တဲ့သူ တော်တော်ရှားတယ်၊ လူအများစုက သူတို့ တအားစားချင်နေတဲ့ အချိန်မျိုး ဒါမှမဟုတ် ပွဲတော်ရက်တွေမှာပဲ ဝယ်စားကြတာ၊ အဲဒီတော့ အသားကို ဒီလောက်အရည် အသွေးမြင့်အောင် လုပ်နေတော့ရော ဘာထူးမှာလဲ"

သူမ ယွီရွေ့ကျူးကို စူးစိုက်ကြည့်လာသည်။

"ညီမလေး ယောက်ျားက ဝက်မွေးတယ်ဆိုတာကို အစ်မ သိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဝက်သားတွေ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ လုပ်အားခတွေ အားလုံးက အရင်းအနှီးတွေချည်းပဲလေ၊ တကယ်တမ်း အမြတ်ကျန်တာက အနည်း အကျဉ်းလေးပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်မတို့ဆိုင်က အသားက ညီမလေးဆိုင်ကလောက် မကောင်းပေမဲ့ ဈေးက ပိုသက်သာတော့ လူတွေက သဘောကျကြတယ်လေ"

"တချို့အချိန်တွေမှာ ဈေးကြီးတဲ့ ပစ္စည်းတွေက ကောင်းတယ်ဆိုပေမဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ဝယ်ယူနိုင်စွမ်းကိုလည်း ထည့်စဉ်းစားရမယ်၊ ညီမလေးက အစ်မညီမအရွယ်လောက် ငယ်သေးလို့သာ အစ်မက ပြောပြတာပါ၊ အားလုံးက ညီမလေး အကျိုးအတွက်ချည်းပဲ"

သူမက ယွီရွေ့ကျူးကိုဘေးသို့ ဆွဲခေါ်သွားကာ အသံကို နှိမ့်ပြီး သူမ မျက်နှာပေါ်တွင် ပုံမှန် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းလျက် အလွန်ရိုးသားဟန်ဖြင့် ထပ်ပြောသည်။

"တကယ်တော့ ခုနက ညီမလေးကို လာဆက်သွယ်သွားတဲ့ လူက အစ်မကိုလည်း ဆက်သွယ်ထားတယ်၊ သူ့မိသားစုက ခြံကြီးတစ်ခြံပိုင်တယ် ပြီးတော့ နေ့တိုင်း ဈေးသက်သာတဲ့ ဝက်သားတွေ အများကြီးရောင်းတယ်၊ ဒါပေမဲ့ သူက တည် ငြိမ်တဲ့ လုပ်ငန်းလည်ပတ်မှုရှိတဲ့ စီးပွားရေးသမားတွေကိုပဲ ပစ္စည်းပေးတာ၊ အသေးစား စီးပွားရေးသမားတွေကို ဝက်သားမရောင်းဘူး"

"ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်မတို့ ဝက်သားနီနှပ်ဆိုင်ကလည်း သူ့ဆီကနေပဲ ဝက်သားဝယ်တာ၊ ညီမလေး ကိုယ်ပိုင် ဝက်သားတွေကို သုံးနေစရာမလိုတော့ဘူး၊ အဲဒါတွေ အကုန် လုံးက အရင်းတွေချည်းပဲလေ၊ သူ့ဝက်သားကိုပဲ တိုက်ရိုက်သုံးလိုက် အရသာကလည်း အတူတူလောက်ပဲ ဒါပေမဲ့ ဈေးက ဈေးကွက်ထဲက ဝက်သားဈေးရဲ့ တစ်ဝက်ပဲရှိတော့ တကယ် တန်တယ်"

ကျောက်နာက ဈေးနှုန်းကိုပြသရန် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြလိုက်ပြီး အနည်းငယ် သတိထားနေဟန်ဖြင့် တစ်ခြားသူများကြားသွားမည်ကို စိုးရိမ်သည့်အလား ပတ်ဝန်းကျင်ကိုပင် ဝေ့ကြည့်သေးသည်။

ထို့နောက်မှ သူမက ဆက်ပြောသည်။

"အစ်မတို့ဆိုင်က အမြဲတမ်းဈေးနှိမ်ပြီး ရောင်းနေတာတောင်အမြတ်ရနေသေးတာက ဒီလောက် အရည်အသွေးကောင်းတဲ့ ဝက်သားတွေ ရနေလို့ပေါ့၊ ညီမလေး စမ်းကြည့်သင့်တယ်လို့ အစ်မ ထင်တယ်၊ တစ်ခါလောက် စမ်းကြည့်လိုက်တာနဲ့ ဘယ်လောက်ကောင်းလဲဆိုတာ ညီမလေး သိသွားလိမ့်မယ်၊ တကယ်ကို တန်တဲ့ အရောင်းအဝယ်ပဲ"

ကျောက်နာ စကားများတွင် သွေးဆောင်ဖြားယောင်းမှုများ အပြည့်ပါဝင်နေပြီး သူမ မျက်ဝန်းများက တောက်ပနေကာ ယွီရွေ့ကျူးကို စူးစိုက်ကြည့်နေသည်။

ယွီရွေ့ကျူး တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြုံးလာသည်။

"အင်း... ဟုတ်ကဲ့ပါ၊ ကျွန်မ ပြန်ရောက်ရင် စဉ်းစားကြည့်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် အစ်မ"

"အို ရပါတယ် ရပါတယ် တို့တွေက အိမ်နီးချင်းတွေပဲဟာ၊ နောက်ပိုင်း ညီမလေး ဆိုင်ဖွင့်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရမှာပေါ့"

သူမ သဘောတူသည်ကို မြင်သောအခါ ကျောက်နာ ဝိုင်းစက်နေသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုပေါ် လာတော့သည်။ သူမက ယွီရွေ့ကျူး၏ ပခုံးကို ပုတ်ကာ ပြုံးရွှင်စွာဖြင့် ထွက်သွားတော့သည်။

ဘေးနားတွင် နားထောင်နေခဲ့သော ရှဲ့ယင်းယန်မှာ ကျောက်နာ ထွက်သွားသောအခါ သိချင်စိတ်ပြင်းပြကာ အံ့သြနေသော မျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့ပေ။

သူမက ယွီရွေ့ကျူးကို အလန့်တကြား မေးလိုက်သည်။

"အစ်မရွေ့ကျူး တကယ်ပဲ အဲဒီလောက် အရည်အသွေးကောင်းတဲ့ အသားရှိတာလား၊ အဲဒီလူရဲ့ အိမ်ကနေတဲ့လား ဒုက္ခပါပဲ၊ ခုနက ကျွန်မက သူ့ကို မ,ပြီး လွှင့်ပစ်လိုက်သေးတာ သူက ကျွန်မတို့ကို ဈေးကောင်းပေးပါဦးမလား"

ယွီရွေ့ကျူး "..."

'ဒီကောင်မလေး တုံးလိုက်တာ သူမက အဲဒါကို ဘယ်လိုလုပ် တကယ် ယုံသွားရတာလဲ'

ကျောက်နာ ၀က်သားနီနှပ်တွင် တစ်ခုခု မှားယွင်းနေကြောင်း ယွီရွေ့ကျူး အစကတည်းက သတိထားမိခဲ့ပြီး အစစ်အမှန် ဝက်သားကောင်းဖြင့် ပြုလုပ်ထားခြင်း မဟုတ်ကြောင်း သူမ ခန့်မှန်းမိခဲ့သော်လည်း ကျောက်နာ ဤမျှလောက် ယုတ်မာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမက ယွီရွေ့ကျူးကိုပါ အတူတူ ဆွဲချချင်နေသေးသည်။

ကျောက်နာ ဝက်သားနီနှပ်ကို ယခု သွားတိုင်ကြားခြင်းက အန္တရာယ်များသည်။ ပထမအချက်မှာ သူမ၌ သက်သေအထောက်အထား မရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ကျောက်နာက သူမနှင့် စကားလာပြောရန် ဤမျှဝေးသော နေရာအထိ လာခဲ့သဖြင့် အသားကို အရည်အသွေးပိုကောင်းသည်များနှင့် ယာယီ အစားထိုးထားခြင်းမျိုး ရှိ၊ မရှိ မည်သူက သိနိုင်မည်နည်း။

ထို့အပြင် အစောပိုင်းက သူမထံ လာရောက်ခဲ့သော အမျိုး သားမှာ ဝိုင်းစက်ဖိုရဲနေပြီး ကျောက်နာနှင့် အနည်းငယ်ဆင်တူနေသဖြင့် သူက ဆွေမျိုးတစ်ယောက်များဖြစ်နေမလားဟု တွေးမိသည်။

All Chapters